ပေါင်းစည်းချိတ်ဆက်မှုများနှင့် KBZPay

ငွေပေးချေမှုတွေအားလုံးချောမွေ့လွယ်ကူစေဖို့ ပေါင်းစည်းပေးချေမှု နဲ့ MMQR ကို ဖေဖော်ဝါရီလ ၂၅ ​ရက် ၂၀၂၅ ခုနှစ် မှာ စတင်ပြီး မိတ်ဆက်ခဲ့ပြီဖြစ်ပါတယ်။
MMQR ဆိုတာ မိုဘိုင်းပိုက်ဆံအိတ်နဲ့ ငွေပေးချေတဲ့အခါတိုင်းမှာ အသုံးပြုနိုင်ပြီး ပေါင်းစည်းပေးချေမှု စနစ်နဲ့ ပြုလုပ်ထားတဲ့ QR ဖြစ်တာကြောင့် သုံးစွဲသူတွေရော ရောင်းချသူတွေကြားမှာပါ အဆင်ပြေချောမွေ့မှုများစွာကို ပိုမို ရရှိစေမှာ ဖြစ်ပါတယ်။

ပေါင်းစည်းပေးချေမှု စနစ်နဲ့ ပြုလုပ်ထားတဲ့ MMQR ရဲ့ အဓိက အကျိုးကျေးဇူးတွေကတော့ Customer တွေက မည်သည့် မိုဘိုင်းပိုက်ဆံအိတ်ကို မဆို အသုံးပြုပြီး ငွေပေးချေနိုင်မှာ ဖြစ်တဲ့အတွက် KBZPay အသုံးပြုတဲ့ Customer များ အနေနဲ့လည်း ဆိုင်တိုင်းမှာ KBZPay မိုဘိုင်းပိုက်ဆံအိတ်တစ်ခုတည်းနဲ့ ငွေအလွယ်တကူ ဆက်လက် ပေးချေနိုင်မှာ ဖြစ်ပါတယ်။

တိုးတက်ခေတ်မီစွာပြောင်းလဲနေတဲ့ခေတ်ကြီးမှာ ငွေသားအသုံးပြုမှုမှသည် ခေတ်မီဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေကြေးအသုံးပြုမှုစနစ်ကိုပြောင်းလဲတိုးတက်ဖို့အတွက် MMQR ဟာပေါင်းစည်းချိတ်ဆက်ပေးသွားမှာ ပဲဖြစ်ပါတယ်။