မီနီဂိမ်း

မီနီဂိမ်း

You can now play fun and relaxing Mini Games in KBZPay. You can find the Mini Game Icon in KBZPay Application under My Services and play the games.
Let’s see what games are available….

Magic Rings

ဒီဂိမ်းကတော့ ပဉ္ဓလက်ဆန်တဲ့ မှော်ကွင်းလေးတွေကို အရောင်တူအောင်ဆက်ပြီး ဆော့ရတဲ့ ဂိမ်းပါ။ ကွင်းအရွယ်အစားက အကြီး၊ အသေး နဲ့ အလတ်ဆိုပြီး ၃ မျိုးရှိမှာဖြစ်ပြီး ကွင်းအရောင်ကလည်း ၇ ရောင်ရှိမှာဖြစ်ပါတယ်။ အဲ့လိုအရွယ်မတူ အရောင်မတူတဲ့ ကွင်းတွေကို ပဟေဠိဆန်ဆန် ဖြေရှင်းပြီး အမှတ်များများရယူရမှာဖြစ်ပါတယ်။ တစ်ခါလောက် ဆော့ကြည့်ပြီးတာနဲ့ ဖုန်းကိုလက်ကမချပဲ ဆော့ချင်နေမှာ အသေချာပါပဲ။

Thunder Fighter

Thunder Fighter 3D ဂိမ်းကတော့ ကိုယ်တွေ ငယ်ငယ်က ဆော့ခဲ့ဖူးတဲ့ ‘ကျု့ ကျု့ ကျု့’ နဲ့ ပစ်ရတဲ့ Arcade ဂိမ်းကို ပြန်လည် အသက်သွင်းထားတဲ့ ဂိမ်းတစ်ခုဖြစ်ပါတယ်။ ကြယ်တာရာတိုက်ပွဲထဲမှာ ရန်သူယာဉ်တွေကို တိုက်ခိုင်အနိုင်ယူရမှာဖြစ်ပြီး နောက်ဆုံးဆရာကြီးတွေကို ပစ်ချဖို့ လက်နက်တွေကို အဆင့်မြှင့်တင်ရမယ် အဲ့လို အဆင့်မြှင့်တင်ဖို့အတွက် ဒင်္ဂါးတွေ များများရှာရတဲ့ ဂိမ်းအမျိုးအစားလေးပဲဖြစ်ပါတယ်။

Super Pets

Puzzle ဂိမ်းဆိုတဲ့အတိုင်း အရောင်တူ တိရစ္ဆာန်အကောင်လေးတွေကို တွဲဆက်ပြီး ဖယ်ထုတ်ရှင်းလင်းပစ်ရတဲ့ ဂိမ်းအမျိုးအစားဖြစ်ပါတယ်။ အတန်းရှည်ရှည်ဆက်နိုင်လေ ဆော့ရပိုလွယ်လေဖြစ်တဲ့အပြင် အထက်အောက် ဘေးဘယ်ညာ ဘယ်နေရာမဆို အရောင်တူ အကောင်တူ ဆိုတာနဲ့ ချိတ်ဆက်နိုင်တဲ့အတွက် မျက်စိရှင်ရှင်ထားဖို့တော့ လိုမယ်နော်။ ရွေ့စရာအကွက်မရှိတော့လို့ အခက်တွေ့နေရင်တောင် ပါဝါတွေသုံးပြီး အခက်အခဲတွေကျော်လွှားပစ်လို့ရပါတဲ့အတွက် ဒီဂိမ်းကို ဆော့ရတာ ပျော်ဖို့လည်းကောင်းပြီး ဦးနှောက်ကြည်စေမှာပါ။

Ninja rush

Ninja Rush တွင် နင်ဂျာကစားသမားတစ်ဦးသည် ၄င်း၏ အလှည့်တွင် Sensei ကတ်များကိုလှန်ကာ အခြားကစားသမားကို အမြန်တိုက်ခိုက်ရမှာဖြစ်ပါတယ်။ သဲချိန်စက်ကို မကုန်ဆုံးစေဘဲ နင်ဂျာကြယ်ပွင့်များကို အောင်မြင်စွာ ဆွတ်ခူးနိုင်လျှင် အနိုင်ရရှိနိုင်မှာဖြစ်ပါတယ်။ သို့သော်၊ လမ်းညွှန်ကတ်များ အချိန်မရွေး အမြန်တက်လာနိုင်သောကြောင့် နင်ဂျာများသည် ဂိမ်းဆော့နေစဉ်အတွင်း အလွန်အာရုံစိုက်ရန် လိုအပ်ပါသည်။