၁။ KBZPay သည် ၂၀၂၅ ခုနှစ် ဇွန်လ (၁၆) ရက်နေ့ မှ ၂၀၂၅ ခုနှစ် ဇွန်လ (၁၈) ၂၀၂၅ ခုနှစ် ရက်နေ့ အထိကို “ဘယ်မှာမှ မရနိုင်တဲ့ လျှော့စျေး ကို ရယူနိုင်မယ့် Huawei Authorized Store Mini Appp”” အစီအစဉ်ကာလအဖြစ် သတ်မှတ်ထားပါသည်။
၂။ ယခုအစီအစဉ်တွင် KBZPay Level 1.5၊ KBZPay Level 2 နှင့် Youth Account အသုံးပြုသူများသာ ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1 အသုံးပြုသူများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။
၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay Level 1.5 ၊ KBZPay Level 2နှင့် Youth Account အသုံးပြုသူများ အားလုံးသည် ဤအစီအစဉ် ကာလအတွင်း KBZ Pay Mini Apps အောက်တွင် ရှိသော Huawei Authorized Store Mini App တွင် Huawei Fit 4 Series Smart Watch (Normal သို့ Pro) ကို ဝယ်ယူခြင်းအတွက် ကျပ် ၁သိန်း (ကျပ် ၁၀၀,၀၀၀) ကို လျော့ဈေးရယူနိုင်မှာ ဖြစ်ပါတယ်။ ထို့သို့လျော့ဈေးရယူရန်အတွက် ပထမဦးစွာ Huawei Authorized Store Mini Apps ထဲသို့ဝင်ရောက်ကာ ကျပ် ၁သိန်း (ကျပ် ၁၀၀,၀၀၀) တန် ကူပွန်ကိုရယူရမှာဖြစ်ပါသည်။
၄။ ဤအစီအစဉ်ကာလအတွင်း Huawei Authorize Store Mini Apps မှ ရရှိထားသော ၁သိန်းကျပ် (ကျပ်၁၀၀,၀၀၀) တန် ကူပွန် ကို အသုံးပြုသူ၏ KBZPay ရှိ Huawei Authorize Store Mini App တွင် Huawei Fit 4 Series Smart Watch (Normal သို့ Pro) ဝယ်ယူခြင်းအတွက်သာလျှင် အသုံးပြုနိုင်မည်ဖြစ်ပါသည်။ ဤ အစီအစဥ်တွင် KBZPay Account သို့မဟုတ် KBZPay Youth Account တစ်ခုအတွက် ကျပ် ၁သိန်း (၁၀၀,၀၀၀) တန် ကူပွန်ရရှိခံစားခွင့်ကို (၁) ကြိမ်သာ ရရှိနိုင်မည် ဖြစ်ပါသည်။
၅။ Huawei Fit 4 Series Smart Watch (Normal သို့ Pro) ဝယ်ယူခြင်းတွင် နေ့စဉ် (ပစ္စည်း နှင့် လျော့ဈေးကူပွန်) အရေအတွက် ကန့်သတ်ချက်များရှိပါသည်။ သတ်မှတ်အရေအတွက် ထက်ကျော်လွန်သော ဝယ်ယူခြင်းများအတွက် ဤအစီအစဉ်မှရရှိသော လျော့ဈေးကူပွန်ကို အသုံးပြုနိုင်မည်မဟုတ်ပါ။ အသုံးပြုသူမှ ရရှိထားသော ကူပွန်အား ဤအစီအစဉ်ကာလအတွင်း သာလျှင် အသုံးပြုနိုင်မည်ဖြစ်ပြီး အစီအစဉ်ကာလ ကုန်ဆုံးသည်နှင့်တစ်ပြိုင်နက်ဤအစီအစဉ်အရ အသုံးပြုသူမှ ရရှိထားသော ကူပွန်သည်လည်း အလိုအလျောက်ပျက်ပြယ်သွားမည်ဖြစ်ပြီး အသုံးပြုနိုင်တော့မည်မဟုတ်ပါ။
၆။ ဤအစီအစဉ်အရ အသုံးပြုသူအနေဖြင့် ရရှိထားသော ကူပွန်ကို အခြားသူတစ်ဦးဦးအား တစ်နည်းနည်းဖြင့်လွှဲပြောင်းခြင်း၊ ရောင်းချခြင်း၊ ငွေကြေးဖြင့်လဲလှယ်ခြင်းတို့ပြုလုပ်ခွင့်မရှိပါ။ အဆိုပါ အချက်များအား အသုံးပြုသူအနေဖြင့် လုပ်ဆောင်ခြင်းကြောင့် အငြင်းပွား မှုတစ်စုံတစ်ရာ ဖြစ်ပေါ်လာ ပါက KBZ မှတာဝန်ယူ ဖြေရှင်းပေးမည်မဟုတ်ဘဲ အသုံးပြုသူနှင့်သာ သက်ဆိုင်မည်ဖြစ်သည်။
၇။ ဤအစီအစဉ်အရ ပါဝင်ခွင့်ရရှိသော Youth Customer များအနေဖြင့် မိမိတို့ရရှိထာားသောကူပွန်အား အသုံးပြု၍ Huawei Authorize Store Mini App မှတဆင့် Huawei Fit 4 Series Smart Watch (Normal သို့ Pro) ဝယ်ယူရာတွင် မိဘ(များ) သို့မဟုတ် တရားဝင် အုပ်ထိန်းသူ(များ)၏ သဘောတူညီချက်ကို ရယူ၍ ဝယ်ယူနိုင်မည်ဖြစ်သည်။
၈။ ဤအစီအစဉ်အရ အသုံးပြုသူအနေဖြင့် ရရှိထားသော ကူပွန်ကို KBZ မှ မည်သည့်အခါတွင်မျှ ငွေကြေးဖြင့်လဲလှယ်ပေးမည်မဟုတ်ဘဲ အသုံးပြုသူမှလည်း ထိုကဲ့သို့လဲလှယ်ပေးရန် တောင်းဆိုပိုင်ခွင့် မရှိပါ။
၉။ ဤအစီအစဥ်တွင် ပါဝင်ရန် KBZPay Applicationရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။
၁၀။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။
၁၁။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြု လုပ်ပိုင်ခွင့်ရှိသည်။
၁၂။ ဤအစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZ တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
၁၃။ KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။
၁၄။ KBZ အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့် မရှိသည်ကို သိရှိသဘောတူပါသည်။
၁၅။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် Huawei ၏ စည်းမျဉ်း စည်းကမ်းနှင့် သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။
၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။
၁၇။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မှတ်ယူခြင်းမရှိစေရပါ။
၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။