“ အလှတရားကို Cherry K Aesthetic Clinic မှာရှာဖွေပြီး ၃၀,၀၀၀ ကျပ်လျှော့စျေးရယူပါ ” အစီအစဥ်၏ စည်းမျဉ်းစည်းကမ်း  သတ်မှတ်ချက်များ

KBZPay သည်“အလှတရားကို Cherry K Aesthetic Clinic မှာရှာဖွေပြီး ၃၀,၀၀၀ ကျပ်လျှော့စျေးရယူပါ အစီအစဥ်ကာလကို ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ (၈) ရက်မှ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာ (၁၄) ရက် အထိ သတ်မှတ်ထား ပါသည်။

၂။ KBZPay Level 1.5 ၊ Level 2  နှင့် Youth Account အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1 အသုံးပြုသူများသည် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ 

၃။ ဤအစီအစဥ် ၏ရည်ရွယ်ချက်မှာ KBZPay Level 1.5 ၊       Level 2 အသုံးပြုသူများ နှင့် Youth Account အသုံးပြုသူများ အားလုံးသည်      Cherry K Aesthetic Clinic တွင်အစီအစဥ်ကာလအတွင်း အလှအပရေးရာကုသမှုများအား စုစုပေါင်းငွေကျပ် နှစ်သိန်း   (၂၀၀,၀၀၀)   ကျပ်ဖိုးနှင့်အထက်ဝယ်ယူပြီး Cherry K Aesthetic Clinic ၏ KBZPay QR (သို့မဟုတ်)   KBZPay MMQR ကို scan ဖတ်ပြီး                                    အောင်မြင်စွာ ငွေပေးချေခြင်းဖြင့် လက်ငင်းလျှော့စျေး   ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

၄။ ဤ အစီအစဥ် တွင်ပါဝင်လိုသူများသည်  ဤအစီအစဉ် ကာလအတွင်း Cherry K Aesthetic Clinic တွင်ငွေပေးချေမှုတစ်ကြောင်းသည် စုစုပေါင်းငွေ   နှစ်သိန်း      (၂၀၀,၀၀၀)      ကျပ်ဖိုးနှင့်အထက်       ဝယ်ယူရန်လိုအပ်ပြီး Cherry K Aesthetic Clinic ၏ KBZPay QR Code (သို့မဟုတ်)   KBZPay MMQR ကို scanဖတ်၍            ငွေပေးချေပါက  သုံးသောင်း (၃၀,၀၀၀)      ကျပ် လျှော့စျေးအား      ချက်ချင်း ရရှိမည်ဖြစ် ပြီး ပေးချေရမည့်ငွေပမာဏမှ ထိုလျှော့စျေး သုံးသောင်း (၃၀,၀၀၀)      ကျပ်အား နှုတ်ယူ၍ ကျန်ရှိသော ငွေပမာဏကိုသာပေးချေရမည်ဖြစ်သည်။

၅။ ဤ အစီအစဥ် တွင်ပါဝင်သူများသည် KBZPay Account တစ်ခုဖြင့် အစီအစဥ် ကာလ အတွင်း တစ် (၁)ကြိမ်သာ ပါဝင်နိုင်ပါသည်။ သတ်မှတ်ချက်နှင့် ပြည့်မှီသည့်ဝယ်ယူပေးချေမှုများ အတွက်  အစီအစဥ် ကာလ အတွင်း လျှော့စျေးပေးမည့်      အကြိမ် အရေအတွက်သည် ဦးရာလူစနစ်ဖြင့် တစ်နေ့လျှင် (၁၀) ကြိမ်အထိ သတ်မှတ်ထားပါသည်။အစီအစဥ် ကာလအတွင်း      ပြန်အမ်းငွေပေးမည့်  အကြိမ်အရေအတွက် ကန့်သတ်ချက်ရှိသောကြောင့် ကန့်သတ်ချက် ကျော်လွန်ပြီးနောက် ဝယ်ယူပေးချေမှုပြုလုပ်သည့် KBZPay အသုံးပြုသူများအနေဖြင့်  လျှော့စျေး  ပမာဏအားရရှိနိုင်မည်မဟုတ်ပါ။

၆။ ဤ အစီအစဥ် ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ အစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၇။     ဤအစီအစဥ် တွင်ပါဝင်ရန် KBZPay Application ရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၈။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၉။  ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၀။ ဤ အစီအစဥ် နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၁။ KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ် အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၂။     KBZ အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်း ကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက် တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၃။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့်    Cherry K Aesthetic Clinic           ၏ စည်းမျဥ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၄။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၅။  KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။