KBZPay Market တွင် “10.10 Shopping Spree” Campaign၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ

KBZPay Market တွင် “10.10 Shopping Spree” Campaign သည် ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁) ရက်နေ့  မှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၀) ရက်နေ့ အထိ ဖြစ်ပါသည်။ 

၂) KBZPay Level 2 နှင့် Youth Account Customer များသာ ယခု Campaign တွင် ပါဝင်၍ ဝယ်ယူမှုများပြုလုပ်နိုင်မည်ဖြစ်ပြီး  KBZPay Level 1 (သို့) Level 1.5 Customerများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ဤCampaign တွင် ပါဝင်၍ဝယ်ယူနိုင်မည်ဖြစ်ပါသည်။ ဤ Campaign တွင် ပါဝင်လိုသည့် KBZPay Customerများအနေဖြင့် ၎င်းတို့၏ KBZPay အပ်ပလီကေးရှင်းအား 5.8.3 နှင့် အထက် ဗားရှင်းသို့ အဆင့်မြှင့်ထားရန်လိုအပ်ပါသည်။ 

၃) ဤ Campaign ၏ ရည်ရွယ်ချက်မှာ KBZPay အပ်ပလီကေးရှင်း 5.8.3 ဗားရှင်း နှင့်အထက် အသုံးပြုသည့် KBZPay Level 2နှင့် Youth Account Customer များမှ KBZPay Marketမှတဆင့် Merchant များထံတွင် ဝယ်ယူမှုများပြုလုပ်ပြီး KBZPay ဖြင့် အောင်မြင်စွာ ငွေပေးချေခြင်းအတွက် အထူးလျှော့စျေးများ ရရှိစေရန်နှင့် ပို့ဆောင်ခလျှော့စျေး ခံစားခွင့်ရရှိစေရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်းဖြစ်သည်။ 

၄) ဤ “10.10 Shopping Spree” Campaign တွင် ပါဝင်သော အစီအစဉ်များမှာ  ပို့ဆောင်ခလျှော့ဈေးအစီအစဥ် အပြင် Campaign ကာလအတွင်း Hottest Deals in Town , Mega Price Drop နှင့်  Crazy Offers အစီအစဥ် များ ပါဝင်သွားမည် ဖြစ်ပါသည်။ ပို့ဆောင်ခလျှော့စျေးအစီအစဉ်များအတွက် ဤ Campaign ကာလအတွင်း အောက်တိုဘာလ (၅) ရက်နေ့၊ (၆)ရက်နေ့၊ (၇)ရက်နေ့နှင့် အောက်တိုဘာလ (၈) ရက်နေ့ များတွင်  သုံးသောင်းခွဲ (၃၅,၀၀၀) ကျပ်နှင့် အထက် အောင်မြင်စွာ ဝယ်ယူပေးချေသည့် ပထမဆုံးအော်ဒါ (၂၀၀) အတွက်ပို့ဆောင်ခ တစ် ထောင့်ငါးရာ (၁၅၀၀)ကျပ် လျော့ဈေးရရှိမည့် အစီအစဉ်ဖြစ်ပါသည်။ 

၅) ဤ “10.10 Shopping Spree” Campaign ကာလအတွင်း Hottest Deals in Town အစီအစဉ်ကို နှစ်ကြိမ် (၂) ကြိမ်ပြုလုပ်ပါမည်။ အောက်တိုဘာလ (၁) ရက်နေ့ တွင် ည (၈) နာရီ တ္ငင် တစ်ကြိမ်၊ အောက်တိုဘာလ (၁၀) ရက်နေ့ ည(၈) နာရီတ္ငင် တွင် တစ်ကြိမ် ပြုလုပ်မည်ဖြစ်ပြီး တိုက်ရိုက်လျှော့စျေးများဖြစ်သည့်အတွက် ည (၈) နာရီထိုးသည်နှင့် တပြိုင်နက် သတ်မှတ်ထားသော ပစ္စည်းများသည် မူရင်းစျေးများမှ အထူးလျှော့စျေးများအဖြစ်သို့ ပြောင်းလဲသွားမည်ဖြစ်ပြီး ထို အထူးလျှော့စျေးများ အတိုင်းတိုက်ရိုက်ဝယ်ယူရမည်ဖြစ်သည်။ 

၆) Mega Price Drop လျှော့စျေးအစီအစဥ်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၁) ရက်နေ့မှ ၂၀၂၅ ခုနှစ် အော်တိုဘာလ (၁၀) ရက်နေ့အထိဤ Campaign ကာလအတွင်း (၁၀) ရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး သတ်မှတ်ထားသောပစ္စည်းများအား တိုက်ရိုက်လျှော့စျေးများဖြင့် ဝယ်ယူရရှိနိုင်မည် ဖြစ်ပါသည်။ 

၇) Crazy Offers အစီအစဉ်သည် ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၃) ရက်နေ့ နှင့် ၂၀၂၅ ခုနှစ် အောက်တိုဘာလ (၄) ရက်နေ့ များတွင် (၂) ရက်တိုင်တိုင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး သတ်မှတ်ထားသော ပစ္စည်းများအား ထို (၂) ရက်လုံးတွင် တိုက်ရိုက်လျှော့စျေးများဖြင့် ဝယ်ယူရရှိနိုင်မည် ဖြစ်ပါသည်။ 

၈) ဤ “10.10 Shopping Spree” Campaign ကာလအတွင်း Hottest Deals in Town , Mega Price Drop နှင့်  Crazy Offers အစီအစဥ် များ ပါဝင်သည့် ပစ္စည်းများအား လျှော့စျေးများ အတိုင်းတိုက်ရိုက်ဝယ်ယူရမည်ဖြစ်ပြီး ကူပွန်ကုဒ်အသုံးပြု၍ ဝယ်ယူရန် မလိုအပ်ပါ။

၉) Customer များသည် KBZPay Application mini icon၊ KBZPay Home page banner၊ KBZPay Facebook၊ Viber၊ KBZPay Market Official Account (5.8.3 version နှင့်အထက် အသုံးပြုသည့် KBZPay Customer များအတွက်) တို့မှတဆင့် “10.10 Shopping Spree” Campaign တွင် Merchant များ၏ဆိုင်များမှ ကုန်ပစ္စည်းများကို ဝယ်ယူနိုင်မည်ဖြစ်သည်။

၁၀) ဤ “10.10 Shopping Spree” Campaignတွင် ပါဝင်သော Merchant ဆိုင်များရှိ ကုန်ပစ္စည်းအရေအတွက် ရရှိနိုင်မှုသည် ကန့်သတ်ချက်များရှိနိုင်ပါသဖြင့် Customer များမှ အမြန်ဝယ်ယူရန်လိုအပ်ပါသည်။ KBZPay မှ Customer ထံသို့ order အတည်ပြုချက်ပေးပို့ထားခြင်း မရှိသော Customer ၏ order များကို အောင်မြင်စွာ ဝယ်ယူထားသော order အဖြစ် သတ်မှတ်မည်မဟုတ်ဘဲ ထို order များကို Merchant ဖက်မှ အချိန်မရွေး Cancel ခြင်းပြုလုပ်နိုင်မည်ဖြစ်သည်။ ထို order များကို KBZPay မှလည်း Customer ထံသို့ ပို့ဆောင်ပေးရန် တာဝန်ရှိမည်မဟုတ်ပါ။

၁၁) KBZPay Market သည် Merchant များမှ ၎င်းတို့၏ ကိုယ်ပိုင်စတိုးဆိုင်များကဲ့သို့ စီမံခန့်ခွဲနိုင်သည့်  Marketplace ဖြစ်သည့်အတွက် Merchant များဘက်မှ Cancel သည့် ပစ္စည်းများကို KBZမှ တာဝန်ယူမည်မဟုတ်ပါ။ သို့သော် Merchant ဘက်မှ Cancel ခြင်းသည် ကျိုးကြောင်းဆီလျော်သော သို့မဟုတ် ယုံကြည်ရလောက်သော အကြောင်းပြချက်မရှိသည့် Cancel ခြင်းမျိုးဖြစ်ပါက ထို Merchant များကို KBZPay Market ရဲ့ စည်းမျဉ်းစည်းကမ်းများအတိုင်း Cancel ခြင်းနှင့် အခြားစည်းကမ်းချိုးဖောက်မှုများကို အရေးယူသွားမည်ဖြစ်သည်။

၁၂) ဤ Campaignအရ Customer များအား ပေးသော ဝန်ဆောင်မှု အဆက်ပြတ်ခြင်း၊ နည်းပညာ ချို့ယွင်းမှုဖြစ်ပေါ်ခြင်း သို့မဟုတ် မဝင်ရောက်နိုင်ခြင်းတစ်ခုခုအတွက် KBZသည် Customer အပေါ် သို့မဟုတ် မည်သည့်တတိယပုဂ္ဂိုလ်များအပေါ်မဆို တာဝန်ရှိမည် မဟုတ်သည်ကို Customerအနေဖြင့် သဘောတူပါသည်။

၁၃) Merchant ဆိုင်များရှိ “10.10 Shopping Spree” Campaignတွင် ပါဝင်သော ကုန်ပစ္စည်းအား သတ်မှတ်မြို့နယ်များမှ ဝယ်ယူသော Customer များ၏ ဝယ်ယူမှုများအတွက် သက်ဆိုင်ရာ နေရာသို့ပို့ဆောင်ရာတွင် သတ်မှတ်ထားသည့်ရက်အတွင်းပေးပို့နိုင်ရန်အတွက် KBZPay နှင့် Merchant များသည် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်သွားမည် ဖြစ်သော်လည်း KBZPay နှင့် Merchant များအနေဖြင့် ထိန်းချုပ်၍မရသော မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့် သတ်မှတ်ရက် အတွင်းမပေးပို့နိုင်ခဲ့ပါက KBZPay နှင့် Merchant များတွင် မည်သည့်တာဝန်မျှမရှိပါ။ 

၁၄) KBZPay နှင့် Merchantများအနေဖြင့် ထိန်းချုပ်၍မရသော မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့် အချိန်မှီပေးပို့နိုင်ခြင်းမရှိခဲ့သည့် ကုန်ပစ္စည်းများအား KBZPay နှင့် Merchant များသည် သင့်လျော်သည့် အချိန်တစ်ခုတွင် ဝယ်ယူထားသည့် Customer များထံသို့ ပြန်လည်ပို့ဆောင်ပိုင်ခွင့် သို့မဟုတ် ထိုပစ္စည်းအတွက် Customer အား ငွေပြန်အမ်းခြင်းတို့အား KBZPay နှင့် Merchantများ၏ ဆုံးဖြတ်ချက်တို့ဖြင့် ပြုလုပ်ဆောင်ရွက်ခွင့်ရှိမည်ဖြစ်သည်။

၁၅) Customer မှ ဝယ်ယူထားသော ကုန်ပစ္စည်းအား Cancel ပြုလုပ်ခြင်း၊ Merchant ထံသို့ ကုန်ပစ္စည်းအား ပြန်လည်ပေးပို့ခြင်း၊ လိမ်လည်မှုကိစ္စနှင့် အရည်အချင်းမပြည့်မီသော ထုတ်ကုန်များနှင့် ပတ်သက်သည့် ပြဿနာများရှိပါက Customer မှ ပစ္စည်းများအား လက်ခံရရှိပြီးချိန်မှစ၍ (၄၈) နာရီအတွင်း KBZPay Market မှ တဆင့် Merchant များသို့တင်ပြရမည်ဖြစ်သည်။ Merchant သည် အမှန်တကယ် ပြန်လည်လဲလှယ်ပေးရန် လိုအပ်သော ကုန်ပစ္စည်းများ လဲလှယ်ခြင်း သို့မဟုတ် ငွေပြန်အမ်းရန်ခြင်းများအားဆောင်ရွက်ပေးရမည်ဖြစ်ပြီး အငြင်းပွားမှုများဖြစ်ပေါ်လာပါက KBZPay Market၏  ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

၁၆) ဤ Campaign ကာလအတွင်းသာလျှင် KBZPay အပ်ပလီကေးရှင်း 5.8.3 version နှင့်အထက် အသုံးပြုသော KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ရပ်စဲသည် သို့မဟုတ် ပြီးဆုံးသွားသည် နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။  

၁၇) KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကိုမျှတောင်းခံမည်မဟုတ်ပါ။

၁၈) ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်း ပြုလုပ် ပိုင်ခွင့်ရှိသည်။

၁၉) ဤ Campaign နှင့်ပတ်သက်၍ KBZPay Customerများ နှင့် KBZ တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ KBZPay Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှု မရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

၂၀) KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့်နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၂၁) KBZ အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customerများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိ သဘောတူပါသည်။ 

၂၂) KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၂၃) ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ် ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၄) KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay Customer များအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည်ဟု မှတ်ယူခြင်း မရှိစေရပါ။၂၅) ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။