၁။ KBZPay Agent Promotion ကာလသည် ၂၀၂၀ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ လ (၃၁) ရက်နေ့အထိဖြစ်ပါသည်။


၂။ KBZPay Agent Promotion သည် KBZPay ကိုယ်စားလှယ်များအားလုံးအတွက် စည်းမျဉ်းစည်းကမ်းများနှင့်အညီ သတ်မှတ်ထားသောပရိုမိုးရှင်းကာလအတွင်းသာအကျုံးဝင်မည် ဖြစ်ပါသည်။


၃။ ဆုကြေးသတ်မှတ်ပုံမှာ တစ်နေ့တာအတွင်း OTC/Cash out (Customer ၏ကိုယ်ပိုင်အကောင့်တွင်းမှငွေသားထုတ်ယူခြင်း) ၃ ကြောင်းကို လုပ်ဆောင် ရမည်ဖြစ်ပါသည်။ လုပ်ဆောင်ရမည့် OTC/Cash Out အကြောင်းရေတိုင်းအတွက် အနည်းဆုံးပမာဏမှာ (၃၀,၀၀၀) ကျပ်ပြုလုပ်ရမှာဖြစ်ပြီး သတ်မှတ်ထားသည့်အတိုင်းပြီးမြောက်ခြင်းများအတွက် ဆုကြေးငွေ (၁,၅၀၀ )ကျပ်ကို အကျိုးခံစားခွင့်ရရှိမည်ဖြစ်ပါသည်။ ထိုဆုကြေးငွေကို ရယူနိုင်ရန်အတွက် ပရိုမိုးရှင်းကာလ ၁၇ ရက် အတွင်း Customer onboarding L2 ဖွင့်လှစ်ခြင်းအကောင့်(၁) ကောင့် အနည်းဆုံးပြုလုပ်မှသာ အကျုံးဝင်မည်ဖြစ်သည်

ဥပမာ တစ်နေ့လျှင် (OTC/ Cashout ၃ ကြောင်း x ၃၀,၀၀၀ = ၉၀,၀၀၀ ကျပ်) = ဆုငွေ ၁,၅၀၀ ကျပ်
တစ်နေ့လျှင် (OTC/ Cashout ၃ ကြောင်း x ၃၀,၀၀၀ = ၉၀,၀၀၀ ကျပ်) x ၂ ကြိမ် = ဆုငွေ ၃,၀၀၀  ကျပ်

မှတ်ချက် ။ ။ ပရိုမိုးရှင်းကာလ(၁၇) ရက်အတွင်း Customer onboarding L2 အနည်းဆုံး အကောင့် (၁) ကောင့်ဖွင့်လှစ်ထားခြင်းရှိရပါမည်။

၄။ Cash Out အတွက်အဓိပ္ပာယ်ဖွင့်ဆိုရာတွင် Registered cash out ကိုသာသတ်မှတ်ထားပြီး Unregistered cash out လုပ်ဆောင်ချက်မှာ အကျုံးမဝင်ပါ။L2 customer onboarding အဓိပ္ပာယ်ဖွင့်ဆိုရာတွင် အနည်းဆုံး cash in 1000 ဖြည့်တင်းမှုပြုလုပ်ပေးရပါမည်။


၅။ လုပ်ဆောင်ချက်အကြောင်းရေများနှင့် ပတ်သက်ပြီး မသမာမှုများတွေ့ရှိပါက OTC/Cash out (၃) ကြောင်း လုပ်ဆောင်သော်လည်း လုပ်ငန်းစဉ်တစ်ခုပြီးစီးမှုဟု မသတ်မှတ်ပါ။


၆။ သတ်မှတ်ချက်များပြည့်မှီမှသာ မိမိ၏ OTC/Cash out များလုပ်ဆောင်ထားသော အရေအတွက်အလိုက် ဆုကြေးငွေကိုခံစားရမည်ဖြစ်ပါသည်။


၇။ မိမိအကောင့်သို့အပြန်အလှန်ငွေလွှဲခြင်း၊ဘဏ်အကောင့်မှ လွှဲခြင်း နှင့် အလားတူ မသမာသည့် လုပ်ဆောင်ချက်များတွေ့ရှိပါက လုပ်ငန်းစဉ်တစ်ခုပြီးမြောက်သည်ဟု မသတ်မှတ်ပါ။


၈။ KBZPay ဝန်ထမ်းများသည် campaign တွင်ပါဝင်သူကိုယ်စားလှယ်များအားဆက်သွယ်ပြီး OTP, PIN သို့မဟုတ် Account နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည်မဟုတ်ပါ။


၉။ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay က ပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။


၁၀။ ဆုရရှိသူများသည် မိမိ၏ ဆုကို တစ်ခြားသူအားလွှဲပြောင်းခွင့်မရှိပါ။

၁၁။ ဆုရရှိသူများနှင့် KBZPay တို့အကြားပေါ်ပေါက်သည့် မည်သည့်အငြင်းပွားမှုမဆိုရှိခဲ့လျှင် KBZPay တစ်ဦးတည်း၏အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။


၁၂။ KBZPay သည် မည်သည့်အချိန်တွင်မဆို မည်သည့်ကြိုတင်အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့်နှင့်/သို့မဟုတ် ဆုကြေးကိုရုပ်သိမ်းခွင့်နှင့်/သို့မဟုတ် ပယ်ဖျက်ခွင့်နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအားပြောင်းလဲခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။


၁၃။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၄။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ဥပဒေများ ကအစိုးရပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။


၁၅။ KBZ ဘဏ်သည် COVID-19 ဖြစ်ပေါ်မှုကြောင့် ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကို မဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။