KBZPay Shopper Loan & KBZPay Personal Loan – Terms & Conditions

KBZPay Shopper Loan (စျေးဝယ်ချေးငွေ)

၁။ လိုက်နာဆောင်ရွက်ရမည့်စည်းကမ်းသတ်မှတ်ချက်

KBZPay စျေးဝယ်ချေးငွေကို မြန်မာနိုင်ငံသားများအတွက်သာလျှင် ဖော်ဆောင်ပေးထားခြင်း ဖြစ်ပြီး ချေးငွေပြန်လည်ပေးဆပ်မှုအား ငွေချေးယူသူ၏ KBZPay Wallet Account မှတစ်ဆင့် ပေးဆပ် ရမည်ဖြစ်ပါသည်။

KBZPay Wallet Account မှတစ်ဆင့် KBZPay အရစ်ကျချေးငွေအား ရယူမည့် ငွေချေးယူသူသည် ဤချေးငွေဝန်ဆောင်မှုနှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်အားလုံးအား လိုက်နာပါမည်ဟု ငွေချေးယူသူက သဘောတူညီပါသည်။

၂။ သက်တမ်းကာလ

ချေးငွေသက်တမ်းမှာ ချေးရင်းငွေ စတင်ထုတ်ပေးသည့်နေ့ရက် (     ) မှစ၍ (    ) လ ဖြစ်ပြီး ချေးငွေအများဆုံး ခွင့်ပြုပေးမည့်ပမာဏမှာ (     ) အထိဖြစ်သည်။

 ၃။ အသုံးပြုရာတွင် လိုက်နာရမည့်အချက်များ

ငွေချေးယူသူအနေဖြင့် အောက်ပါတို့ကိုဆောင်ရွက်ခြင်းမပြုရ –

က။   ငွေချေးယူသူသည် မိမိ၏ KBZPay Wallet Account ကို အသုံးပြု၍ ချေးငွေရယူပြီး အခြား သူတစ်ပါးအား ပစ္စည်းဝယ်ယူစေခြင်း မပြုလုပ်ရပါ။ အကယ်၍ ပြုလုပ်ခဲ့ပါက ထိုသို့ပြုလုပ်သည့်အတွက်  ပေါ်ပေါက်လာသော ပြန်လည်ပေးဆပ်ရမည့် ချေးငွေပမာဏ၊ အတိုးနှင့် အခကြေးငွေများအားလုံးအတွက် ငွေချေးယူသူမှ တာဝန်ယူ၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။ ငွေချေးယူသူအနေဖြင့် မိမိ၏ KBZPay Wallet Account အား အခြားသူများကို သုံးစွဲစေခြင်းကြောင့်သော်လည်းကောင်း၊ ငွေချေးယူသူ၏ ပေါ့လျော့မှုကြောင့် ငွေချေးယူသူ၏ KBZPay Wallet Account အား အလွဲသုံးစားပြုလုပ်မှုကြောင့်သော်လည်းကောင်း ဖြစ်ပေါ်လာသော မည်သည့်အကျိုးဆက်အတွက်မဆို ငွေချေးသူနှင့်သာသက်ဆိုင်မည်ဖြစ်ပြီး ဘဏ်တွင် တာဝန်ရှိမည်မဟုတ်ပါ။

ခ။    ငွေချေးယူသူက လူမွဲစာရင်းကြေညာရန်လျှောက်ထားသည်ဆိုလျှင် လူမွဲစာရင်းကြေညာရန် လျှောက်ထားမှုအား ရုပ်သိမ်းခြင်းမရှိဘဲ ချေးငွေရယူခြင်းမပြုရ သို့မဟုတ် ငွေချေးယူသူ၏ မြွက်ဟချက်ကို ရရှိပြီးဖြစ်သော်လည်း ငွေချေးယူသူအနေဖြင့် ပြန်လည်ပေးဆပ်ရမည့် ပမာဏကို အပြည့်အဝ ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိဟု ငွေချေးယူသူကရိုးသားစွာမျှော်မှန်းထားခြင်း မရှိလျှင် ချေးငွေရယူခြင်းမပြုရ။

ဂ။ ငွေချေးယူသူသည် စက်ပိုင်းဆိုင်ရာအား ဆန့်ကျင်မှုဖြစ်စေခြင်း (သို့မဟုတ်) KBZPay Wallet Mobile Application အား ချေးငွေဝန်ဆောင်မှုလုပ်ငန်းအားပြိုင်ဆိုင်ရန်အတွက် ဒီဇိုင်းထုတ်ခြင်း၊ တုပပြုလုပ်ခြင်း အလားတူညီသည့် သဘောတရားများ၊ အသွင်သဏ္ဍာန်များ၊ လုပ်ငန်းဆောင်ရွက်ခြင်းများအား ပုံစံထုတ်ခြင်း၊ တုပပြုလုပ်ခြင်းများ မဆောင်ရွက်ရပါ။

ဃ။   ငွေချေးယူသူ၏ KBZPay Wallet Account တွင် ကျန်ရှိနေသည့် စုစုပေါင်း ကြွေးကျန်များအား အပြည့်အဝ ပြန်လည်ပေးဆပ်ခြင်း မပြုမီအချိန်အထိ ငွေချေးယူသူ၏ လက်ရှိအသုံးပြုနေသည့် လက်ကိုင်ဖုန်းမှ  KBZPay Wallet Mobile Application ကို ဖျက်လိုက်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းမပြုရ။

င။    ငွေချေးယူသူသည် ကမ္ဘောဇဘဏ်၏ကြိုတင်ခွင့်ပြုချက်မရှိဘဲ ရက်စေ့ရောက်နေပြီဖြစ်သော အရစ်ကျချေးငွေပြန်လည်ပေးဆပ်မှုအတွက် ချေးငွေထုတ်ပေးသည့် ကမ္ဘောဇဘဏ်သို့ ထုတ်ပြန်ပေးထား သော မည်သည့်အမြဲတမ်းညွှန်ကြားချက်များကိုမဆို သို့မဟုတ် ငွေချေးယူသူ လိုက်နာရန် သတ်မှတ်ထားသည့် ချေးငွေပြန်လည် ပေးချေမှုဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များအား ဖျက်သိမ်းခြင်း သို့မဟုတ် ပြောင်းလဲခြင်း မပြုရ။

၄။ ငွေချေးယူသူ၏တာဝန်များ

ငွေချေးယူသူမှ ဤသဘောတူညီချက်ပါ ချေးငွေရယူရာတွင် သက်ဆိုင်ရာအခွန်အခများအား ဘဏ်သို့ ပေးချေရန်တာဝန်ရှိပြီး ကမ္ဘောဇဘဏ်ထံမှ ရယူသည့် မည်သည့်ချေးငွေအတွက်မဆို ဤသဘောတူညီချက်ပါ စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ အသုံးပြုသွားမည် ဖြစ်ကြောင်းငွေချေးယူသူမှ ဝန်ခံကတိပြုပါသည်။

၅။ ချေးငွေကန့်သတ်ချက်

က။   ချေးငွေနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်၏ဌာနတွင်း မူဝါဒများ ပေါ်တွင်လည်းကောင်း၊ လျှောက်လွှာ တင်စဉ် ငွေချေးယူသူကဖော်ပြခဲ့သည့် အချက်အလက်များပေါ်တွင် မူတည်၍လည်းကောင်း ချေးငွေပမာဏ ကန့်သတ်ချက်ကို သတ်မှတ်ပေးသွားမည်ဖြစ်သည်။ ငွေချေးယူသူနှင့် ကိုက်ညီသည့် ရရှိနိုင်မည့် ချေးငွေ ပမာဏကန့်သတ်ချက်ကို KBZPay Wallet Mobile Application မှတဆင့် ဖော်ပြပေးသွားမည်ဖြစ်သည်။ ငွေချေးယူသူ လျှောက်ထားသော ချေးငွေအား ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်းနှင့် ချေးငွေပမဏတို့အား ကမ္ဘောဇ ဘဏ်၏ ချေးငွေကော်မတီ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပြီး ဘဏ်မှအကြောင်းပြချက် တစုံတရာ မပေးဘဲ ချေးငွေငြင်းပယ်ခြင်းအား ပြုလုပ်နိုင်ပါသည်။

ချေးငွေပမာဏကန့်သတ်ချက်ကိုတိုးမြှင့်ပေးရန် ငွေချေးယူသူမှ မည်သည့်အဆိုပြုမှုကိုမဆို ၄င်း၏ KBZPay Wallet Account  မှတဆင့် တောင်းဆိုလာမှသာလျှင် ကမ္ဘောဇဘဏ်ကစဉ်းစားသုံးသပ် ပေးသွားမည် ဖြစ် သည်။ ထိုသို့တောင်းဆိုမှုအတွက် လိုအပ်သော အထောက်အထားများ၊ အချက်အလက်များအား ငွေချေးယူသူ သို့  ကမ္ဘောဇဘဏ်ကတောင်းခံလာဖွယ်ရှိမည်ဖြစ်ပြီး ရရှိလာသော ထိုအထောက်အထား အချက်အလက်များ အား ကမ္ဘောဇဘဏ်ကသုံးသပ်၍ စဉ်းစားသွားမည်ဖြစ်သည်။ ဘဏ်သည်ဌာနတွင်းသုံးသပ်မှု အပေါ် အခြေပြု ပြီး ထိုသို့သော တောင်းဆိုလာမှုကို ငြင်းပယ်ပိုင်ခွင့်ရှိသည်။ ငွေချေးယူသူသည် ချေးငွေကန့်သတ်ချက်ကို တိုးမြှင့်ခြင်းမပြုရ။ ငွေချေးယူသူ၏ KBZPay Wallet Account အား ရပ်စဲခြင်း ခံရလျှင် ငွေချေးယူသူ၏ ချေးငွေ ကန့်သတ်ချက်အား ဖျက်သိမ်းမည်ဖြစ်သည်။ ငွေချေးယူသူ၏ ယခင်ကာလများကအသုံးပြုခဲ့သည့် အသုံးစရိတ်များ၊ ချေးငွေသမိုင်းကြောင်း နှင့် ငွေပေးချေမှု ပုံစံတို့အပေါ်တွင် အခြေပြုပြီး ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို ချေးငွေပမာဏကန့်သတ်ချက်ကို လျှော့ချခြင်း၊ ချေးငွေသက်တမ်းတိုးပေးခြင်း ပြုလုပ်နိုင်သည့် အခွင့်အရေး အပြည့်အဝ ရှိမည်ဖြစ်သည်။

ခ။    ကမ္ဘောဇဘဏ်သည် ငွေချေးယူသူ၏ KBZPay Wallet Account အား မည်သည့်ကြိုတင် အကြောင်း ကြားမှုမျိုးကိုမဆို ပြုလုပ်ခြင်းမရှိဘဲ ၎င်း၏တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် မည်သည့်အချိန်တွင်မဆို သတ်မှတ် ထားသည့် ချေးငွေပမာဏကို ရုပ်သိမ်းပိုင်ခွင့်၊ ပြန်လည်တောင်းခံပိုင်ခွင့် အပြည့်အဝရှိသည်။

၆။ ကြိုတင်ငွေ

က။   ငွေချေးယူသူသည် Shopper Loan အတွက် ခွင့်ပြုထားသော ချေးငွေအား  (၁) ငွေသား ကြိုတင် ထုတ်ယူခြင်း နှင့်/သို့မဟုတ် (၂) Merchant သို့မဟုတ် ATM စက်များမှငွေသားထုတ်ယူရန်အတွက် ချေးငွေကန့်သတ်ချက်ကို အသုံးပြုခြင်းမရှိစေရ။

ခ။ ငွေချေးယူသူသည် ရရှိသော ချေးငွေပမာဏတစ်ခုလုံးကို ဤစာချုပ်တွင် ရေးသားဖော်ပြထားသော/သတ်မှတ်ထားသော ရည်ရွယ်ချက်မှတပါး အခြားမည်သည့်ရည်ရွယ်ချက်အတွက်မျှ အသုံးပြုခွင့်မရှိပါ။

၇။ အချက်အလက်အကာအကွယ်ပေးခြင်း နှင့် ထုတ်ဖော်ပြောဆိုမှုမပြုခြင်း                          

က။   သက်ဆိုင်ရာဥပဒေနှင့်အညီ  KBZPay ချေးငွေစာရင်း ထူထောင်ရန် ရည်ရွယ်ချက်ဖြင့် KBZPay Wallet Account အသုံးပြုသူ၏ အမည်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာသတ်မှတ်ဖော်ပြမှုများ (မှတ်ပုံတင်အမှတ်၊ ပတ်စ်ပို့ နံပါတ်၊ ယာဉ်မောင်းလိုင်စင်အမှတ် စသည်)၊ အီးမေးလ်လိပ်စာ၊ အိမ်လိပ်စာ၊ လက်ကိုင်ဖုန်း အမှတ် နှင့်/ သို့မဟုတ် အခြားသောဆက်သွယ်ရမည့် သတင်းအချက်အလက်များ အပါအဝင် အထွေထွေ အချက်အလက် များအား ကမ္ဘောဇဘဏ်ကစုစည်းထားရှိမည်။ ကမ္ဘောဇဘဏ်သည် ၎င်းကပေးနေသည့်ဝန်ဆောင်မှုများ ထိရောက်မှုရှိစေရေးအတွက် Merchant များထံမှ အသုံးပြုသူနှင့်သက်ဆိုင်သည့် အချက်အလက်များကိုလည်း စုစည်းထားရှိမည်။  ထိုသို့သောစုစည်းထားရှိမှု၊ အတည်ပြုမှု၊ စာရင်းစစ်ခံမှုနှင့် နောက်ဆုံးအခြေအနေနှင့် ကိုက်ညီသော စာရင်းပိုင်ရှင်၏သတင်း အချက်အလက်များအား ထိန်းသိမ်းထားမှုသည် စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည့် လုပ်ငန်းစဉ်ဖြစ်ပြီး၊ ကမ္ဘောဇဘဏ်သည် Borrower ဖြစ်သူ၏ အချက် အလက်များအား ရယူပြီး စာရင်းပိုင်ရှင်နှင့် ကိုက်ညီမှုရှိစေရေးအတွက် လိုအပ်သည့် ဆောင်ရွက်ချက် များ အား မည်သည့် အချိန်တွင်မဆို ဆောင်ရွက်ပိုင်ခွင့်ရှိသည်။

ခ။    KBZPay Wallet Account Registration ပြုလုပ်ချိန်တွင်ဖြစ်စေ၊ အခြားသောအချိန်တွင်ဖြစ်စေ၊ ကန့်သတ်ချက်အား တွက်ဆနိုင်ရန်အတွက် ကမ္ဘောဇဘဏ်ကတောင်းခံသည့် အထက်ဖော်ပြပါ ပုဂ္ဂိုလ်ရေး ဆိုင်ရာအချက် အလက်များအား ပေးအပ်ပါမည်ဟု ငွေချေးယူသူက သဘောတူညီ အတည်ပြုသည်။ ထို့အပြင် ငွေချေးယူသူသည် ယခုကဲ့သို့ ၎င်းတို့၏ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များအား ကမ္ဘောဇဘဏ်က တောင်းခံရယူခြင်းသည် သက်ဆိုင်ရာဥပဒေအရ ဆီလျော်သည်၊ လိုအပ်သည်၊ ခွင့်ပြုနိုင်သည်ို့ကို နားလည်ပြီး အသိအမှတ်ပြုပါသည်။

ဂ။    KBZPay Wallet Account ပိုင်ရှင်ဖြစ်သူ ငွေချေးယူသူမှ ပေးသော သတင်းအချက်အလက် အားလုံး သည် တိကျ၊ မှန်ကန်မှုရှိပြီး နောက်ဆုံးအခြေအနေနှင့် ကိုက်ညီမှုရှိသည်ဟု မှတ်ယူမည်ဖြစ်သည်။ ငွေချေးယူသူသည် မှားယွင်းသော ကိုယ်ရေးအချက်အလက်များအားပေးခြင်း၊ စာရွက်စာတမ်းအတုများ ပြုလုပ်၍ ချေးငွေလျှောက်ထားခြင်း၊ ချေးငွေပေးဆပ်မှုကို နှစ်လဆက်တိုက်ပျက်ကွက်ခြင်း၊ လူမွဲစာရင်းဝင်မှ ထိန်ချန်ထားခြင်းများပြုလုပ်ပါက ကမ္ဘောဇဘဏ်သည် ငွေချေးယူသူ၏ KBZPay Wallet Account အား ငွေချေးယူသူသို့ မည်သည့်ကြိုတင်အသိပေးအကြောင်းကြားမှုကိုမျှ ပြုလုပ်ခြင်းရှိမည်မဟုတ်ဘဲ ငွေချေးယူသူ ၏ KBZPay Wallet Accountကို အလိုအလျောက်ပိတ်သိမ်းသွားမည်ဖြစ်ပြီး ငွေချေးယူသူအား အမည်ပျက် စာရင်းတင်သွင်းသွားမည်ဖြစ်သည်။ ငွေချေးယူသူအနေဖြင့် ကမ္ဘောဇဘဏ်သို့ပေးပို့ထားသော သတင်းအချက်အလက်များ သည် မှားယွင်းပေးပို့သည်ဟုထင်မြင်ယူဆပါက ကမ္ဘောဇဘဏ်သို့ စာဖြင့်ရေးသားပေးပို့ရမည်။

ဃ။   KBZPay Wallet Account ပိုင်ရှင်ဖြစ်သူသည် အမျိုးမျိုးသော ပစ္စည်းရောင်းချသူများ သို့တည်းမဟုတ် Credit Bureau Agency ကဲ့သို့သော ဗဟိုအာဏာပိုင်အဖွဲ့များက တရားဝင်အရင်းအမြစ်များမှနေ၍ KBZPay Wallet Account ပိုင်ရှင်ဖြစ်သူ၏ အကြောင်းအရာဖော်ပြချက်အား အတည်ပြုပိုင်ခွင့်နှင့်ပတ်သက်ပြီး ကမ္ဘောဇဘဏ်အား လုပ်ပိုင်ခွင့်ပေးထားသည်။ ငွေချေးယူသူဖြစ်သူသည် စာရင်းအရ ခံစားပိုင်ခွင့် ရှိသည်များအား ရရှိခံစားရာတွင် လိုအပ်လာဖွယ်ရှိသည့် စာရင်းဆိုင်ရာအသေးစိတ်အချက် အလက်များ နှင့်/ သို့မဟုတ် ငွေချေးယူသူက ပေးအပ်ထားသည့် စာရင်းပိုင်ရှင်နှင့် သက်ဆိုင်သည့် သတင်း အချက်အလက် အားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းအား ဖလှယ်ခွင့်၊ မျှဝေပေးခွင့်နှင့်ပတ်သက်ပြီး ငွေချေးယူသူ က မိမိတို့အားလုပ်ပိုင်ခွင့်ပေးထားသည်။ ထိုသတင်းအချက်အလက်များအား အသုံးပြုခြင်း၊ မျှဝေခြင်းများအတွက် KBZPay Wallet Account ပိုင်ရှင်က ကမ္ဘောဇဘဏ်အား ကန့်သတ် ထိမ်းချုပ်ထားမှုမရှိပါ။

ငွေချေးယူသူမှ ဤသဘောတူညီချက်အရ ကမ္ဘောဇဘဏ်သို့ ထုတ်ဖော်ပြောဆိုထားသည့် ပုဂ္ဂိုလ်ရေးအချက် အလက်များအား သက်ဆိုင်ရာအစိုးရအာဏာပိုင်များနှင့် ကမ္ဘောဇဘဏ်နှင့်ပတ်သက်သော အခြားမည်သည့် ပုဂ္ဂိုလ်တို့ကိုမဆို ကမ္ဘောဇဘဏ်မှအခါအားလျော်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိပါသည်။

င။    ငွေချေးယူသူ၏ KBZPay Wallet Account ဖြင့် ငွေလွှဲပြောင်းပေးမှုနှင့်ပတ်သက်သည့် အခြေအနေ အား သုံးသပ်နိုင်ရန် KBZPay Wallet Account ပိုင်ရှင်ဖြစ်သော ငွေချေးယူသူ၏ သတင်းအချက်အလက်များ အား လိုအပ်မည့်အခြားသော ကုမ္ပဏီများထံသို့ တရားဝင် လွှဲပြောင်းပေးရဖွယ်ရှိသည့် နှင့်/သို့မဟုတ် ကမ္ဘောဇ ဘဏ်နှင့် KBZPay Wallet Account ပိုင်ရှင်ဖြစ်သူ ငွေချေးယူသူတို့အကြား ရာဇဝတ်ကြောင်းအရဖြစ်စေ၊ တရားမမှုကြောင်းအရဖြစ်စေ ဖြေရှင်းရမည့် ကိစ္စရပ်များပေါ်ပေါက်လာပါက လိုအပ်လာလျှင် ထိုသတင်း အချက်အလက်များကို လွှဲပြောင်း ပေးရနိုင်ဖွယ်ရှိသည် ဆိုသည်ကို KBZPay Wallet Account ပိုင်ရှင်ဖြစ်သူ ငွေချေးယူသူမှ သိရှိနားလည်ပြီးသဘောတူသည်။

စ။    ကမ္ဘောဇဘဏ်သည် ချေးငွေဝန်ဆောင်မှုလုပ်ငန်းအရည်အသွေး ကောင်းမွန်မှု ရှိစေရေးအတွက် မည်သည့်အချိန်တွင်မဆို ငွေချေးယူသူနှင့်ကမ္ဘောဇဘဏ်အကြား ဖုန်းဖြင့်ဆက်သွယ်ပြောဆိုမှုကို ကြပ်မတ် စောင့်ကြည့်ခြင်း နှင့်/သို့မဟုတ် မှတ်တမ်းတင်ထားရှိခြင်းတို့အား ပြုလုပ်နိုင်သည်ကို ငွေချေးယူသူမှ သိရှိသဘောတူပါသည်။

ဆ။ ငွေချေးသူကထပ်မံဝန်ခံသည်နှင့်သဘောတူသည်။

အထက်ပါအပိုဒ်(ဒေတာကာကွယ်မှု့နှင့် ထုတ်ဖော်ခြင်းဆိုင်ရာ သတင်းအချက်အလက်) တွင် ဖော်ပြထားသည့် သတင်းအချက်အလက်များအပြင် ငွေချေးယူသူ၏ သတင်း အချက်အလက် (ငွေချေးယူသူ၏ ဆက်သွယ်ရန်အချက်အလက်များအပါအဝင်)များကို ကမ္ဘောဇဘဏ်မှ ၎င်း၏ အခြားထုတ်ကုန်များနှင့် ဝန်ဆောင်မှု့များအား အသိပေးရန်နှင့် ရောင်းချရန်အတွက် ကမ်းလှမ်းရာတွင် အသုံးပြုနိုင်မည်ကို ငွေချေးယူသူအနေဖြင့် သိရှိသဘောတူပြီး ငွေချေးယူသူအနေဖြင့်လည်း ထိုဝန်ဆောင်မှု နှင့်ပတ်သက်သော သတင်းအချက် အလက်များကို အတိအလင်းဆက်သွယ်တောင်းခံနိုင်မည်ဖြစ်သည်။

ဇ။ ငွေချေးယူသူသည် ၎င်း၏လိပ်စာ၊ ဖုန်းနံပါတ်၊ အလုပ်ရှင်အမည်၊ အီးမေးလ်လိပ်စာနှင့် မှတ်ပုံတင်များတွင် အပြောင်းအလဲရှိပါက ဘဏ်သို့ချက်ချင်းအကြောင်းကြားရန်သဘောတူသည်။

ဈ။ ငွေချေးယူသူသည် ဘဏ်၌ သူ/သူမ၏အသေးစိတ်အချက်အလက်များကို မိတ္တူကူးယူနိုင်ရန် စာရေး၍တောင်းဆိုနိုင်သည်။ ထိုတောင်းဆိုမှုအတွက် အခကြေးငွေပေးရမည်။

ည။ ငွေချေးယူသူသည် ကမ္ဘောဇဘဏ်မှ ချေးငွေရယူခြင်းနှင့်စပ်လျဉ်းပြီး မိမိတို့နှင့်သက်ဆိုင် သည့် ချေးငွေဆိုင်ရာသတင်းအချက်အလက် များ၊မှတ်တမ်းများ၊ ဘဏ်စာရင်းဆိုင်ရာအချက်အလက်များ စသည့် မည်သည့်သတင်းအချက်အလက်များကိုမဆို ချေးငွေလျှောက်ထားမှုဆိုင်ရာ လိုအပ်ချက်အရသော်လည်းကောင်း၊စည်းမျဉ်းဆိုင်ရာ လိုအပ်ချက်အရသော်လည်းကောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊မြန်မာ့ချေးငွေသတင်း အချက်အလက်ဌါန နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပေးပို့ရန်ညွန်ကြားလာသော အဖွဲ့အစည်းများထံသို့ ဖုန်း၊အီးမေးလ်၊စာတိုပေးပို့ခြင်း (သို့) အခြားဆက်သွယ်ရေးလမ်းကြောင်းများအသုံးပြုပြီး ကျွန်တော်တို့၏ခွင့်ပြုချက် တောင်းခံရန်မလိုဘဲ လုပ်ငန်းလိုအပ်ချက်အတိုင်း အလျဉ်းသင့်သလိုဘဏ်မှ အသိပေးထုတ်ပြန်နိုင်သည်ဟု သဘောတူပါသည်။

၈။ ကြော်ငြာခြင်း

အချို့သော KBZPay Wallet Account ပိုင်ရှင်များ၏ အကျိုးကိုဖြစ်ထွန်းစေမည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုများအား ကမ္ဘောဇဘဏ်ကကြော်ငြာနိုင်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ကမ္ဘောဇဘဏ်သည် ငွေချေးယူသူအတွက် ကိုယ်စားလှယ်အဖြစ်သော်လည်းကောင်း၊ အပ်နှင်းခြင်းခံရသူအဖြစ်လည်းကောင်း ဆောင်ရွက်ခြင်းမဟုတ်ဘဲ၊ ဥပဒေကခွင့်ပြုထားသည့် အတိုင်းအတာအထိ ထိုသို့သောဝန်ဆောင်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုများအတွက် သက်ဆိုင်ရာ Merchant နှင့် လွှဲပြောင်းမှုဆိုင်ရာစီမံခန့်ခွဲမှု ကိုပြုလုပ်နိုင်သည်။ ထိုသို့ သော ဝန်ဆောင်မှုလုပ်ငန်း၊ ဝန်ဆောင်မှုများအားဝယ်ယူသွားသည်ဆိုလျှင် ထိုသို့သောလွှဲပြောင်း ပေးပို့ရမှု အတွက် ကမ္ဘောဇဘဏ်သည် သက်ဆိုင်ရာ Merchant ထံမှ ဝန်ဆောင်ခ၊ အခကြေးငွေ ရရှိရမည်ဆိုသည်ကို ငွေချေးယူသူကသိရှိနားလည်ထားရမည်ဖြစ်သည်။ ဝယ်ယူသွားသည့် ဝန်ဆောင်မှုလုပ်ငန်း၊ ဝန်ဆောင်မှုသည် မိမိ၏သဘောဆန္ဒအလျောက်သာလျှင် ဖြစ်သည်။

၉။   အခွန်အခ

ဤသဘောတူညီချက်ပါ ချေးငွေနှင့်ပတ်သက်၍ ပေးဆောင်ရမည့် သက်ဆိုင်ရာအခွန်အခများအား ပေးဆောင် ရန်အတွက် ငွေချေးယူသူ တစ်ဦးတည်းသာလျှင်တာဝန်ရှိမည်ဖြစ်သည်။ အကယ်၍ သက်ဆိုင်ရာဥပဒေအရ ကမ္ဘောဇဘဏ်အနေဖြင့် ကျသင့်ငွေကိုကောက်ခံပြီး သက်ဆိုင်ရာအာဏာပိုင်တို့ထံသို့ ထိုသို့သော ပေးချေမှု မျိုးကိုပြုလုပ်ရမည်ဆိုပါက ကမ္ဘောဇဘဏ်သည် ငွေချေးယူသူ၏ KBZPay Wallet Account တွင် ကြွေးစာရင်း ဖော်ပြီး ထိုအတိုင်းဆောင်ရွက်ရမည်ဖြစ်သည် သို့မဟုတ် ငွေချေးသူထံ မှ ကြိုတင် ကောက်ခံနိုင်သည်။

၁၀။ ချေးငွေရှင်းတမ်း

ငွေချေးယူသူသည် ၎င်းတို့၏ KBZPay Wallet Mobile Application တွင် ချေးငွေရှင်းတမ်းကို ကြည့်ရှု နိုင်သည်။ ထိုရှင်းတမ်းအတွင်း ပြန်လည်ပေးဆပ်ပြီးဖြစ်သော ငွေပမာဏ၊ ပေးချေမှုကာလ၊ ပေးဆပ်ရန် ကျန်ရှိငွေပမာဏနှင့် လစဉ်ပေးဆပ်ရမည့်ရက်စေ့ရောက်သည့်နေ့များအား ဖော်ပြပေးထားသည်။

၁၁။ ပြန်လည်ပေးဆပ်မှု

က။   အတိုးနှုန်း၊ လျှောက်လွှာပုံစံကြေး၊ ကျသင့်ငွေများနှင့် စည်းကမ်းသတ်မှတ်ချက်များအား KBZ Pay က စိစစ်ပြင်ဆင်ပိုင်ခွင့်ရှိသည်ကို ငွေချေးယူသူက သဘောတူသည်။

ခ။    KBZPay Wallet Mobile Application တွင်ဖော်ပြပေးထားမည်ဖြစ်သော ပေးဆပ်ရန်ရက်စေ့ရောက် သည့်နေ့မတိုင်မီ သို့မဟုတ် စေ့ရောက်သည့်နေ့တွင် ငွေချေးယူသူက ပေးဆပ်ရမည့်ပမာဏကို ပေးဆပ်ရမည် ဖြစ်သည်။ ပေးဆပ်မှုအားလုံးကို KBZPay Wallet account မှတဆင့် ငွေချေးယူသူမှ ရွေးချယ်ထားသော ကမ္ဘောဇဘဏ်သို့ လွှဲပြောင်းခြင်းဖြင့် ပေးဆပ်မှုပြုလုပ်ရမည်ဖြစ်သည်။

ဂ။    ပေးဆပ်ရမည့်နေ့ရက်မစေ့ရောက်မီတွင် ငွေချေးယူသူသည် မိမိတစ်ဦးတည်းသဘောဖြင့် ပေးဆပ်ရမည့် ကမ္ဘောဇဘဏ်ကို ရွေးချယ်နိုင်သည်။

ဃ။   ချေးငွေရှင်းတမ်းးတွင် ထည့်သွင်းပေးထားသည့် မြီစားစာရင်းပေးချေရမည့် ပမာဏအား ငွေချေးယူသူ၏ KBZPay Wallet Account၊ KBZ Bank account   မှ တိုက်ရိုက်နှုတ်ယူခွင့်ကို ငွေချေးယူသူက ကမ္ဘောဇဘဏ်အား ခွင့်ပြုပေးရန်အတွက် ကမ္ဘောဇဘဏ်သည် ၎င်း၏ တစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်နိုင်ရမည်။

င။ ပေးချေမှုပြုလုပ်သည့်အချိန်တွင် KBZPay Wallet Account စာရင်းပိုင်ရှင်ဖြစ်သူက မိမိတို့ ကမ္ဘောဇဘဏ်အား ပြန်လည်ပေးဆပ်မှုအတွက်ညွှန်ကြားချက်ပေးခြင်းများ ရှိလင့် ကစား KBZPay Wallet Account ငွေစာရင်းပိုင်ရှင်ထံမှ ကမ္ဘောဇဘဏ်ကရသော မည်သည့်ပေးချေမှု သို့မဟုတ် ပေးချေမှုအားလုံးအတွက်ကိုမဆို အခ/ကုန်ကျစရိတ်ရှိသည်ဆိုလျှင် ယင်းတွင် ဦးစွာထည့်သွင်းပြီး နောက် အတိုး၊ ပေးချေရမည့်မူလချေးငွေ ပြန်လည်ပေးဆပ်မှုအဖြစ်လက်ခံရယူသွားမည်ဖြစ်သည်။

စ။  ငွေချေးယူသူသည် ချေးငွေပြန်လည်ပေးဆပ်ရာတွင် ပေးဆပ်ရမည့်ပမာဏထပ်ပို၍ ပေးဆပ်နိုင်ပါသည်။ ထိုသို့ ပို၍ပေးဆပ်သောပမာဏအား ချေးငွေသက်တမ်းလျော့ချခြင်းဖြင့် နောက်လာမည့် အရစ်ကျပေးဆပ်ခြင်းများအား အကျိုးသက်ရောက်စေမည်။

ဆ။ မည်သို့ပင်ဆိုစေကာမူ ဘဏ်အနေဖြင့် ငွေချေးယူသူမှ မည့်သည့်ကြွေးကျန်များအတွက်မဆို ပေးချေသော မည်သည့် လစဉ်ပေးချေမှု အပေါ်ထပ်တိုးပေးချေမှု နှင့်/သို့ လုံခြုံစိတ်ချအပ်ငွေ / ကနဦးပေးချေမှု အပေါ်တွင် ချိန်ညှိနိုင်ရန် အခွင့်အာဏာရှိသည်။

၁၂။ နောက်ကျကြေး

က။   ချေးငွေရှင်းတမ်းတွင် ဖော်ပြထားသည့် ပေးဆပ်ရမည့်ရက်စေ့ရောက်သည့်နေ့တွင် ပေးဆပ်မှု အား ကမ္ဘောဇဘဏ်ကလက်ခံရရှိခြင်းမရှိလျှင် ကမ္ဘောဇဘဏ်ကသတ်မှတ်ဆုံးဖြတ်သည့်အတိုင်း နောက်ကျကြေး ကို ကောက်ခံသွားမည်ဖြစ်သည်။ လက်ရှိအားဖြင့် နောက်ကျကြေးကို ငွေချေးယူသူ၏ ပျက်ကွက်မှုနှင့် သက်ဆိုင်ရာအခွန် (ရှိသည်ဆိုလျှင်) အတွက် တစ်ကြိမ်လျှင် ၂၀၀၀ ကျပ်အား ပုံသေသတ်မှတ်ထားသည်။ နောက်ကျကြေးကောက်ခံမှုသည် ကမ္ဘောဇဘဏ်၏တစ်ဦးတည်း ဆုံးဖြတ်ချက်အရ ကွဲပြားသွားမည်ဖြစ်ပြီး အလားတူကွဲပြားခြားနားမှုကို ငွေချေးယူသူထံသို့ အချိန်နှင့်အမျှ အသိပေး အကြောင်းကြားသွားမည်ဖြစ်သည်။

ခ။    နောက်ကျကြေးကို တစ်နှစ်လျှင် ၁၂% ဖြင့် တွက်ချက်သွားမည်ဖြစ်ပြီး ကြွေးကျန် ပေါ်နေသည့် လစဉ်ပြန်လည်ပေးဆပ်ရမည့် ငွေပမာဏအား ပေးဆပ်မှုမပြုလုပ်မချင်း နောက်ကျကြေးအား နေ့စဉ် တွက်ချက် ကောက်ခံသွားမည် ဖြစ်သည်။

ဂ။    ငွေချေးယူသူက လစဉ်အရစ်ကျ ပြန်လည်ပေးဆပ်မှုအတွက် KBZPay Wallet Account မှတဆင့် အရစ်ကျငွေပမာဏအား ငွေချေးယူသူမှ ကမ္ဘောဇဘဏ်သို့ လွှဲပြောင်းမှု ပြုလုပ်ခဲ့သော်လည်း ငွေချေးယူသူ၏ KBZPay Wallet Account မှ မည်သည့်ပမာဏကိုမဆို ဖြတ်တောက်ခြင်းမပြဘဲ ငွေလွှဲပြောင်းမှု ပျက်ပြား သွားသည့် အတွက် အကျိုးဆက်အနေဖြင့် ပေးချေရန်ရက်စေ့ရောက်သည့်နေ့တွင် ပေးချေရမည့် ပမာဏကို ကမ္ဘောဇဘဏ်က ရရှိခြင်းမရှိဟုဆိုလျှင် ငွေချေးယူသူက KBZPay Wallet Account မှတစ်ဆင့် ပေးချေရန် နောက်ထပ်ကြိုးပမ်းမှုပြုလုပ်သည်ဖြစ်စေ၊ ပြုလုပ်ခြင်း မရှိသည်ဖြစ်စေ ဤအပိုဒ် ၁၂ အရ ကမ္ဘောဇဘဏ် သည် နောက်ကျကြေးကောက်ခံပိုင်ခွင့်ရှိသည်။

ဃ။   အပိုဒ် ၁၂။ ဂ။ ကိုမထိခိုက်စေဘဲ ငွေချေးယူသူက လစဉ်အရစ်ကျ ပြန်လည်ပေးဆပ်မှုအတွက် KBZPay Wallet Account မှတဆင့် အရစ်ကျငွေပမာဏအား ငွေချေးယူသူမှ ကမ္ဘောဇဘဏ်သို့ လွှဲပြောင်းမှု ပျက်ပြားသွားသော်လည်း ငွေချေးယူသူ၏ KBZPay Wallet Account မှ သက်ဆိုင်ရာပမာဏကို ဖြတ်တောက် သွားသည်ဆိုလျှင် ကမ္ဘောဇဘဏ်မှ ငွေချေးယူသူ၏ KBZPay Wallet Account သို့ ထိုသို့ငွေလွှဲပြောင်းမှု ပျက်ပြယ်ပြီးသည်နောက် အလုပ်ဖွင့်ရက်(၇)ရက်အတွင်း သို့မဟုတ် ကမ္ဘောဇဘဏ်၏ တစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့် ပြုလုပ်သည့် ပိုမိုရှည်ကြာမည့်ရက်အတွင်း ပြန်လည်ထည့်သွင်းပေးသွားမည်ဖြစ်သည်။ သို့ရာတွင် ထိုသို့သော ပျက်ပြယ်သွားသည့်ငွေလွှဲပြောင်းမှု သို့မဟုတ် မည်သည့်ပေးရန်ပမာဏမဆိုအား ပြန်လည် ထည့်သွင်းပေးခြင်း/ကြွေးဖော်ခြင်းများအတွက် ကမ္ဘောဇဘဏ်တွင်တာဝန်မရှိစေရ။

၁၃။ ကြိုတင်ငွေပေးချေခြင်း

ဇယား(က)တွင် ဖော်ပြထားသော အသေးစိတ်အချက်အလက်များအရ ငွေချေးယူသူမှ ရရှိသောချေးငွေများကို ကြိုတင်ငွေပေးချေခြင်းနှင့် တစ်စိတ်တစ်ပိုင်း ကြိုတင်ငွေပေးချေခြင်းဆိုင်ရာ  အခကြေးငွေများအားလုံးသည် သက်ဆိုင်လိမ့်မည်ဖြစ်ကြောင်း ငွေချေးယူသူမှ နားလည်ပြီး သဘောတူသည်။

၁၄။ ဖျက်သိမ်းခြင်း

က။   ငွေချေးယူသူဘက်မှဖျက်သိမ်းခြင်း – ငွေချေးယူသူသည် ကမ္ဘောဇဘဏ်သို့ စာဖြင့်ရေးသား အကြောင်းကြားပြီး မည်သည့်အချိန်တွင်မဆို ပေးဆပ်ရန်ကျန်ရှိသည့် ကြွေးမြီး၊ ငွေရင်း၊ အတိုး၊ စရိတ်စကနှင့် အခြားသောအခကြေးငွေများအပါအဝင် ကြွေးကျန်အားလုံးကို ပေးဆပ်၍ ဤသဘောတူညီချက်ကို ရပ်စဲနိုင် သည်။ ထိုသို့သဘောတူညီချက်အား ရပ်စဲရာတွင် ငွေချေးယူသူ၏ KBZPay Wallet Account နှင့် သက်ဆိုင် သည့် စုစုပေါင်းကြွေးကျန်အားလုံးကို ပေးချေမှုအား ကမ္ဘောဇဘဏ်က ရရှိပြီးနောက်မှသာလျှင် ရပ်စဲခြင်းသည် အကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။ မည်သို့ဖော်ပြစေကာမူ၊ ငွေချေးယူသူသည် သဘောတူစာချုပ် သက်တမ်းမပြည့်မီ ချေးငွေအားစောလျင်စွာပေးဆပ်လိုပါက ချေးငွေပေးဆပ်မှုကာလ (၆)လ ပြည့်ပြီးမှ သာလျှင် ပေးဆပ်မှုကို ပြုလုပ်နိုင်မည်ဖြစ်သည်။

ခ။    ကမ္ဘောဇဘဏ်ဘက်မှဖျက်သိမ်းခြင်း – ကမ္ဘောဇဘဏ်သည် ငွေချေးယူသူသို့ အကြောင်းကြားစာကို ပို့ပြီးသည်နှင့် ချက်ချင်းဤသဘောတူညီချက်ကိုရပ်စဲနိုင်သည် သို့မဟုတ် မည်သည့်အချိန်တွင်မဆို KBZPay ချေးငွေ ဝန်ဆောင်မှုအား အသုံးပြုမှုကိုကန့်သတ်နိုင်သည်။ ကမ္ဘောဇဘဏ်က ဤသဘောတူညီချက်အား ရပ်စဲသည်ဆိုလျှင် ငွေချေးယူသူ၏ KBZPay Wallet Account နှင့်သက်ဆိုင်သည့် စုစုပေါင်း ကြွေးကျန် အားလုံးသည် ချက်ချင်းရက်စေ့ရောက်မည်ဖြစ်ပြီး ချက်ချင်းပေးချေမှု ပြုလုပ်ရမည် ဖြစ်သည်။

၁၅။ ပျက်ကွက်မှုဖြစ်စဉ်

က။ အောက်တွင်ဖော်ပြထားသည့်အတိုင်း ပျက်ကွက်မှုဖြစ်စဉ်ဖြစ်ပေါ်သည်ဆိုလျှင် ငွေချေးယူသူ ၏ KBZPay Wallet Account နှင့်ပတ်သက်ပြီး ပေးဆပ်ရန်ရှိသည့် ကြွေးကျန်စုစုပေါင်းသည် ချက်ချင်း ပေးချေရန် ရက်စေ့ရောက်မည်ဖြစ်ပြီး ဘဏ်သည် ၎င်း၏တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ငွေချေးယူသူ၏ KBZPay Wallet Account ကို ရပ်စဲပိုင်ခွင့်ရှိကာ အောက်ပါ အတိုင်းဆောင်ရွက်ပိုင်ခွင့်ရှိသည် –

o   KBZPay Wallet Account ပိုင်ရှင် ပေးချေရမည်ဖြစ်သော စုစုပေါင်းကြွေးကျန်ကို ကောက်ခံရန်အတွက် ကြွေးမြီကောက်ခံရေးဌာနဖြစ်သည့် အခြားသောအုပ်စုနှင့် ဆက်သွယ်ခြင်း

o   မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထားသည်နှင့်အညီ ပေးရန်ရှိသည့်ပမာဏအား ပေးဆပ်မှုမရှိသည့်ကိစ္စနှင့်ပတ်သက်သည့် သတင်းအချက်အလက်ကို အစီရင်ခံခြင်း၊ တရားရေးစရိတ်အပါအဝင် ကမ္ဘောဇဘဏ်မှကျခံရမည့် အထက်ဖော်ပြပါ ကိစ္စရပ်ကို ဆောင်ရွက်ရခြင်းကြောင့်ပေါ်ပေါက်လာရသော ကျိုးကြောင်းဆီလျော်မှု ရှိသော ကုန်ကျစရိတ်နှင့်အသုံးစရိတ်အားလုံးသည် ငွေချေးယူသူ၏ KBZPay Wallet Account နှင့်သက်ဆိုင်သည့် ပေးရန်ရှိသည့် ကြွေးကျန်စုစုပေါင်း၏ အစိတ်အပိုင်းဖြစ်ခြင်း

ခ။  ဤသဘောတူညီချက်အတွက် အောက်ဖော်ပြပါဖြစ်စဉ်များအား “ပျက်ကွက်မှု” ဖြစ်စဉ်ဟု မှတ်ယူရမည် ဖြစ်သည် –

o   ချေးငွေပေးဆပ်မှုပြုလုပ်ရမည့် မည်သည့်ပမာဏကိုမဆို ပေးချေရမည့် ရက်စေ့ရောက်သည့် နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း ပေးချေရန်ပျက်ကွက်ခြင်း

o   ဤသဘောတူညီချက်ပါ စည်းကမ်းသတ်မှတ်ချက်များအားလိုက်နာ ရန်ပျက်ကွက်ခြင်း

o   တိုက်ရိုက်မြီစားဆိုင်ရာညွှန်ကြားချက်များ၊ e-mandate သို့မဟုတ် အခြားသော ပေးချေမှု များ နှင့်/သို့မဟုတ် ငွေချေးယူသူလျှောက်ထားသည့် ကမ္ဘောဇဘဏ်သို့ ပေးအပ် ထားသော မည်သည့်ပေးချေမှုဆိုင်ရာအမြဲတမ်းအမိန့်ကိုမဆို လေးစားလိုက်နာမှု မရှိခြင်း

o   ငွေချေးယူသူ၏ KBZPay Wallet Account နှင့်ပတ်သက်ပြီး ငွေချေးယူသူကပေးအပ်သည့် မည်သည့်သတင်းအချက်အလက်မဆိုသည် မှားယွင်းပြီး လမ်းလွဲသွားခြင်း

o   ငွေချေးယူသူနှင့်ကမ္ဘောဇဘဏ်အကြားရှိနိုင်သည့် အခြားသော မည်သည့်သဘောတူညီချက် ကိုမဆို ဖောက်ဖျက်ခြင်း

o   ငွေချေးယူသူအတွက် လူမွဲစာရင်းကြေညာပေးရန်လျှောက်ထားမှုကို ထုတ်ပြန် လိုက်ခြင်း သို့မဟုတ် မည်သည့်မြီရှင်ကမဆို ငွေချေးယူသူ၏မည်သည့် ပိုင်ဆိုင်ပစ္စည်းမဆိုအား သိမ်းပိုက်ရန် မည်သို့သောကြိုးပမ်းမှုကိုမဆိုပြုလုပ်ခြင်း

ဂ။    မည်သည့်ပျက်ကွက်မှုဖြစ်စဉ်နှင့်မဆို ဆက်နွယ်ပြီး သက်ဆိုင်ရာဥပဒေအရ ကမ္ဘောဇဘဏ်ကရွေး ခြယ်သော မည်သည့်တရားစီရင်ပိုင်ခွင့်နယ်တွင်မဆို မည်သည့်တရားစွဲဆိုမှုသာဖြစ်သည်ဟု ကန့်သတ်ထားမှု မရှိသော်လည်း ယင်းတို့အပါအဝင်ဖြစ်သည့်၊ ကမ္ဘောဇဘဏ်ကလျော်ကန် သင့်မြတ်သည်ဟုယူဆသည့် မည်သည့်ဆောင်ရွက်ချက်ကိုမဆို ငွေချေးယူသူအပေါ်သို့ ကမ္ဘောဇဘဏ်အနေဖြင့် ဆောင်ရွက်ပိုင်ခွင့်ရှိသည်။

ဃ။   အထက်တွင်ဖော်ပြထားမှုများအား ထိခိုက်မှုမရှိစေဘဲ၊ ပျက်ကွက်မှုဖြစ်စဉ်ပေါ်ပေါက်ပြီ ဆိုသည်နှင့် ကမ္ဘောဇဘဏ်သည် ၎င်းတစ်ဦးတည်း၏ဆုံးဖြတ်ချက်ဖြင့် အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည် –

o    ပျက်ကွက်မှုဖြစ်သည့် KBZPay Wallet Account ပိုင်ရှင်အား ပေးထားသည့် မည်သည့် ဝန်ဆောင်မှု ကိုမဆို ပေးရန်ငြင်းဆိုခြင်း သို့မဟုတ် မည်သည့်ဝန်ဆောင်မှုမျိုးကိုမဆို ရပ်စဲခြင်း

o    ကမ္ဘောဇ ဘဏ် နှင့် KBZPay တို့က ဆောင်ရွက်လျက်ရှိသော မည်သည့်ငွေစာရင်း၊ wallet သို့မဟုတ် အခြားငွေပေးချေမှုလုပ်ငန်းများ တွင်ပေါ်နေသော မည်သည့် ကြွေးကျန်ကိုမဆို KBZPay ကတိုက်ရိုက်မြီစားအဖြစ်ဆောင်ရွက်ခြင်း KBZPay အနေဖြင့် KBZ ဘဏ် နှင့် KBZPay တို့တွင် ဆောင်ရွက်လျက်ရှိသော မည်သည့်ငွေစာရင်း၊ wallet သို့မဟုတ် ငွေပေးချေခြင်းအတွက် အသုံးပြုသည့် အခြား platform ပေါ်တွင်ရှိသည့် လက်ကျန်ငွေပမာဏမှ တိုက်ရိုက်နှုတ်ယူနိုင်ခြင်း။

င။    ပျက်ကွက်မှုဖြစ်သည့် KBZPay Wallet Account ပိုင်ရှင်၊ ငွေချေးယူသူသည် ဘဏ်၏ဝန်ထမ်းဖြစ်သည်ဆိုပါက ပျက်ကွက်မှုဖြစ်စဉ်ဖြစ်ပေါ်သည်နှင့် ကမ္ဘောဇဘဏ်သည် မိမိတစ်ဦးတည်း၏ ဆုံးဖြတ်ချက်ဖြင့်                 (၁) ထိုဝန်ထမ်း ချေးငွေ ပေးချေရန်ရှိသော မည်သည့်ပမာဏအတွက်မဆို (ဝန်ထမ်း၏ရပိုင်ခွင့်အဖြစ် သတ်မှတ်ထားသည့် လစာ၊ အခ၊ ဝန်ဆောင်ခ၊ ဆုကြေး၊ အကျိုးအမြတ် သို့မဟုတ် အခြားသော ရပိုင်ခွင့်ဟု သတ်မှတ်ထားသည့် မည်သည့် ခေါင်းစဉ်အောက်မှမဆို) နှုတ်ယူခွင့်ရှိခြင်း (၂) ထိုသို့နှုတ်ယူရာတွင် သက်ဆိုင် ရာ သတ်မှတ်ပြဌာန်းထားသည့် ဥပဒေနှင့်အညီ ချေးငွေ ပမာဏပေါ်တွင် ရှိနေသော စုစုပေါင်းကြွေးကျန် ပမာဏအား နှုတ်ယူခွင့်ရှိပြီး ထိုနှုတ်ယူလိုက်သောပမာဏကို  KBZPay သို့ လွှဲပြောင်းပေးခြင်းအား ဆောင်ရွက်ပိုင်ခွင့်ရှိသည်။

စ။ ကမ္ဘောဇဘဏ်လီမိတက်မှ အရစ်ကျသုံးစွဲခွင့်ပြုသည့် ‌ချေးငွေအရင်းနှင့် ကျသင့်သော အတိုးများကို ချေးငွေရယူထားသူမှ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်သဖြင့် တရားစွဲဆိုတောင်းခံရသော ကိစ္စများပေါ်ပေါက်လာပါက တရားစွဲဆိုမှုကုန်ကျမည့် စရိတ်များအတွက် ငွေချေးယူသူတွင် တာဝန်ရှိကြောင်းကို သိရှိသဘောတူပါသည်။

ဆ။ ချေးငွေရယူထားသူသည် ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ပေးဆပ်ရန်ကျန်ရှိသည့် ကြွေးမြီ၊ ငွေရင်း၊ အတိုး၊ စရိတ်စကနှင့် အခြားအခကြေးငွေများအပါအဝင် ကြွေးကျန်အားလုံးကို ချေးငွေရယူထားသူ၏ အမွေစားအမွေခံများ၊ ကိုယ်စားလှယ်လွှဲအပ်ထားသူများနှင့် ဆက်ခံသူတစ်ဦးဦးထံမှ တောင်းခံမည်ကို သိရှိသဘောတူပါသည်။

ဇ။ အောက်ဖေါ်ပြပါ အခြေအနေများထဲမှ တစ်ချက် (သို့မဟုတ်) တစ်ချက်ထက်ပို၍ ဖြစ်ပေါ်ပါက ကမ္ဘောဇဘဏ်အနေဖြင့် ငွေချေးယူသူမှ ပေးဆပ်ရန်ကျန်ရှိသေးသည့် ချေးငွေအားလုံးနှင့်အတူ ပေးချေခြင်းမပြုရသေးသည့်ချေးငွေလက်ကျန်အပြည့်အဝကို ကျသင့်ငွေများ၊ အခများ၊ ဒဏ်ကြေးများ၊ အတိုးများနှင့် အရင်းများကို ချေးငွေသက်တမ်းစေ့ရောက်ခြင်းမရှိမီ တောင်းခံပိုင်ခွင့်ရှိသည်။

(က) ချေးငွေယူသူမှ ဤသဘောတူညီချက်နှင့်အညီ ပေးဆပ်ရန်ကျန်ရှိသေးသော ချေးငွေပမာဏအား ပေးဆပ်မှု မပြုလုပ်ခြင်း၊

(ခ) ချေးငွေယူသူမှ ဤသဘောတူညီချက်အတိုင်း လိုက်နာရမည့် ၎င်း၏တာဝန်များအား မလိုက်နာခြင်း၊

(ဂ) ဤသဘောတူညီချက်အရ ချေးငွေယူသူအတွက် သတ်မှတ်ထားသော ကိုယ်စားပြုမှု၊ အာမခံချက် (သို့) ထုတ်ပြန်ချက်များ ကို မမှန်မကန်တင်ပြခြင်း (သို့)လွဲမှားစွာတင်ပြခြင်း။

၁၆။ တိုက်ရိုက်မြီစားညွှန်ကြားချက်ကို အလေးမထားခြင်း

ငွေချေးယူသူသည် ပမာဏအပြည့်အဝကိုအလေးထားခြင်းမရှိဘဲ မည်သည့်တိုက်ရိုက်မြီစားပေးချေမှုမျိုးကို မဆို ကမ္ဘောဇဘဏ်သို့လွှဲပေးသည်ဖြစ်စေ သို့တည်းမဟုတ် ထိုသို့သောလွှဲပြောင်းမှုကိုဖြစ်ပေါ်စေသည် ဖြစ်စေ ထိုသို့သော ပေးချေမှုတစ်ခုစီအတွက် ဌာနတွင်းအုပ်ချုပ်မှုစရိတ်ကိုကာမိစေရန်ဆောင်ရွက်သည့် အနေဖြင့် သင့်တင့်လျောက်ပတ်သည့်ပမာဏကို ကမ္ဘောဇဘဏ်က ငွေစာရင်းပိုင်ရှင်အားကျခံစေနိုင်သည်။ ထို့အပြင် သက်ဆိုင်ရာဥပဒေများအရ ကမ္ဘောဇဘဏ်သည် ငွေချေးယူသူအား သင့်တော်သလို အရေးယူဆောင် ရွက်ပိုင်ခွင့်ရှိသည်။ လက်ရှိအားဖြင့် ငွေလွှဲ ပြောင်းမှုတစ်ခုချင်းစီအတွက် ကောက်ခံသည့် အခမှာ ကျပ် ၂၀၀၀/ ဖြစ်သည်။ သာမန် ဖြစ်ရိုးဖြစ်စဉ် မဟုတ်သော ငွေပေးချေမှုများ အပေါ်တွင် အခကြေးငွေ ကောက်ခံမှုကို ကမ္ဘောဇဘဏ်မှ အချိန်နှင့် တပြေးညီ ပြောင်းလဲနိုင်သည်။

၁၇ ။ ငွေချေးသူသေဆုံးခြင်း

ငွေချေးယူသူမှ ကမ္ဘောဇဘဏ်သို့ငွေပေးချေခြင်းသည် လိုအပ်သောငွေပမာဏနှင့် မပြည့်မှီပါက ကမ္ဘောဇဘဏ် အား ငွေချေးယူသူ သေဆုံးခြင်းအတွက် ရထိုက်ခွင့်ရှိသည့် အာမခံငွေဖြင့် ပြန်လည်ပေးရမည်ဖြစ်သည်။ (ထိုကိစ္စရပ်မျိုးတွင် ကမ္ဘောဇဘဏ်မှသည် ငွေချေးယူသူကိုယ်စား အကျိုးခံစားခွင့်ရှိသူအဖြစ် ကိုယ်စားပြုသည်)။

၁၈။   ရပ်စဲခြင်း    

အကြောင်းပြချက်တစ်စုံတစ်ရာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကမ္ဘောဇဘဏ်သည် ဘဏ်၏ချေးငွေ ဝန်ဆောင်မှုအား ငွေချေးယူသူကအသုံးချပိုင်ခွင့်ကို ရပ်စဲနိုင်သည်။ ကမ္ဘောဇဘဏ်အနေဖြင့်ထိုသို့ရပ်စဲမှုကို ပြုလုပ်သည်ဆိုပါက ဤသဘောတူညီချက်အရလည်းကောင်း၊ သက်ဆိုင်ရာဥပဒေအရ လည်းကောင်း မည်သည့် အခွင့်အရေးကိုမျှ ဆုံးရှုံးမှုမရှိစေရ။

၁၉။ ကြွေးမြီလွှဲပြောင်းခြင်း

ကမ္ဘောဇဘဏ်သည် ငွေချေးယူသူ၏ ကြွေးကျန်စာရင်းနှင့်ရက်စေ့ရောက်နေပြီဖြစ်သော ကြွေးမြီများအား တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ ငွေချေးယူသူဟုသာ ကန့်သတ်ထားမှုမရှိဘဲ ကမ္ဘောဇဘဏ် ကရွေးချယ်သည့် မည်သည့်အခြားသောအုပ်စုထံသို့မဆို လွှဲပြောင်းခြင်း၊ တာဝန်ပေးခြင်းနှင့် မည်သည့်နည်းလမ်းဖြင့်မဆို ရောင်းခြင်းများ ပြုလုပ်ပိုင်ခွင့်ရှိသည်။ ထိုသို့ရောင်းချမှု၊ တာဝန်ပေးအပ်မှု သို့မဟုတ် လွှဲပြောင်းပေးမှုများရှိနေလင့်ကစား၊ ကမ္ဘောဇဘဏ်သည် ထိုသို့သော ဝယ်ယူသူ၊ တာဝန်ပေးခြင်း ခံရသူ၊ မြီရှင် နှင့် ပူးတွဲ၍ဖြစ်စေ၊ သီးခြားစီဖြစ်စေ ငွေချေးယူသူထံမှကြွေးကျန် များအား ပြန်လည်ရရှိနိုင်ရေး အတွက် ငွေချေးယူသူအား တိုက်ရိုက်တရားစွဲနိုင်ခွင့်ရှိသည်။

၂၀။ ပြုပြင်မွမ်းမံခြင်း

ကမ္ဘောဇဘဏ်သည် ဤသဘောတူညီချက်ပါ ချေးငွေနှင့်ပတ်သက်၍ သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများအား ကမ္ဘောဇဘဏ်၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ပြောင်းလဲပိုင်ခွင့်ရှိပြီး KBZPay Wallet Account ပိုင်ရှင်ဖြစ်သည့် ငွေချေးယူသူအား ပေးထားသည့် မူဝါဒ၊ သွင်ပြင်လက္ခဏာနှင့် အကျိုးအမြတ်များ အား သက်ဆိုင်ရာဥပဒေအရ ငွေချေးယူသူထံသို့ အသိပေးပြီး မည်သည့်အချိန်တွင်မဆို ပြင်ဆင်ပိုင်ခွင့်ရှိသည်။ ထိုသို့အသိပေးချက်အား ထုတ်ပြန်ပေးပြီးသည်နောက် ငွေချေးယူသူအနေဖြင့် KBZPay Wallet Mobile Application အား ဆက်လက်၍အသုံးပြုခြင်းသည် ထိုသို့သောအပြောင်းအလဲ ပြုလုပ်ခြင်းကို သဘောတူ သည်ဟု မှတ်ယူရမည်။ ငွေချေးယူသူအနေဖြင့် ဤသဘောတူညီချက်တွင် ပြုလုပ်သည့် မည်သည့် အပြောင်းအလဲကိုမဆို လက်ခံသဘောတူခြင်းမရှိပါက အပိုဒ် ၁၄။ က။ အရ ငွေချေးယူသူအနေဖြင့် ဤသဘောတူညီချက်ကို ရပ်စဲနိုင်သည်။ ငွေချေးယူသူအနေဖြင့် ကျခံရမည်ဖြစ်သော အခအားလုံးအတွက် လည်းကောင်း၊ ဤစာရင်းအရ တာဝန်ရှိသော ကတိကဝတ်များအတွက်လည်းကောင်း KBZPay  ချေးငွေကို ပြီးပြတ်သည်အထိ ရှင်းလင်းပြီးသည်အထိ တာဝန်ရှိမည်ဖြစ်သည်။

၂၁။ ကိုယ်စားပြုခြင်းနှင့်အာမခံခြင်းများ

KBZPay Wallet Account ပိုင်ရှင်ဖြစ်သည့် ငွေချေးယူသူသည် အောက်တွင်ဖော်ပြထားသည့်အတိုင်း ဤသဘောတူညီချက်ကို လက်မှတ်ရေးထိုးသည့်နေ့မှစ၍ ကမ္ဘောဇဘဏ် အား ကိုယ်စားပြုပြီး အာမခံသည် –

က။   KBZPay Wallet Account ပိုင်ရှင်ဖြစ်သည့် ငွေချေးယူသူသည် ဤသဘောတူညီချက်အား လက်မှတ်ရေးထိုးရန် လုပ်ပိုင်ခွင့် အပြည့်အဝရှိသူဖြစ်သည်။

ခ။    ဤသဘောတူညီချက်အား KBZPay Wallet Account ပိုင်ရှင်က လက်မှတ်ရေးထိုး၊ ဆောင်ရွက်၊ အကောင်အထည်ဖော်၊ အထမြောက်အောင် ဆောင်ရွက်ခြင်းသည် မည်သည့်သက်ဆိုင်ရာ ဥပဒေများအရ လည်းကောင်း၊ KBZPay Wallet Account ပိုင်ရှင်ဖြစ်သူက သဘောတူလက်မှတ်ရေးထိုးထားသည့် စာချုပ်များ နှင့် လည်းကောင်း ဝိရောဓိဖြစ်မှု၊ ချိုးဖောက်မှု၊ သို့မဟုတ် ချိုးဖောက်မှုကိုဖြစ်စေမှု သို့မဟုတ် ပျက်ကွက်မှုကိုဖြစ်စေမှုများမရှိပါ။

၂၂။ ငွေချေးယူသူနှင့်ဆက်သွယ်ခြင်း

က။   ဤသဘောတူညီချက်တွင်ပြုလုပ်သည့် အပြောင်းအလဲများနှင့်ပတ်သက်ပြီး အသိပေး အကြောင်း ကြားမှု အပါအဝင် အသိပေးအကြောင်းကြားမှု၊ ထုတ်ဖော်ပြောဆိုမှုနှင့် အခြားသော ဆက်သွယ်မှု အားလုံး (စုပေါင်း၍ “ဆက်သွယ်မှုများ”) သည် ကမ္ဘောဇဘဏ်၏ တစ်ဦးတည်းသဘောဖြင့် in-App notifications, text messages (SMS) မှလည်းကောင်း၊ KBZPay Wallet Account နှင့်ဆက်နွယ်ပြီးပေးထားသည့် အီးမေးလ် လိပ်စာမှလည်းကောင်း ငွေချေးယူသူ ထံသို့ဆက်သွယ်သွားမည်ဖြစ်သည်။ ကမ္ဘောဇဘဏ်ကပြုလုပ်သည့် မည်သည့်ဆက်သွယ်မှုမဆိုသည် အထက်တွင်ဖော်ပြထားသည့် ဆက်သွယ်မှုနည်းလမ်းများအားဖြင့် အီလက်ထရောနစ် နည်းဖြင့်ပြလုပ်ပြီးဆိုသည်နှင့် ထိုဆက်သွယ်မှုကိုဆောင်ရွက်ပြီးဖြစ်သည်ဟုမှတ်ယူရမည်။

ခ။ ငွေချေးသူ၏ သတင်းအချက်အလက်(နေရပ်လိပ်စာ၊ အလုပ်ဌာန၊ KBZPay Wallet Account ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ ဘဏ်စာရင်း၊ အမျိုးသားမှတ်ပုံတင်အမှတ်) အစရှိသည်တို တစ်စုံတစ်ရာပြောင်းလဲ၊ ပျက်စီး၊ ပျောက်ဆုံးမှုရှိပါက ငွေချေးယူသူသည် ကမ္ဘောဇဘဏ်သို့ ချက်ချင်း အကြောင်းကြားပေးရမည်ကို သိရှိသဘောတူပါသည်။ ငွေချေးယူသူ (သို့) အာမခံသူသေဆုံးခြင်း၊ ရူးသွပ်ခြင်း၊ လူမွဲစာရင်းခံခြင်းတို့ရှိပါက ကမ္ဘောဇဘဏ်သို့ချက်ချင်း အကြောင်းကြားရမည် ဖြစ်သည်။

၂၃။ ဘဏ်၏ရပိုင်ခွင့်များအားစွန့်လွှတ်မှုမရှိခြင်း

ကမ္ဘောဇဘဏ်မှ ဤသဘောတူညီချက်ပါ မည်သည့်အခွင့်အာဏာ သို့မဟုတ် အခွင့်အရေးအား ကျင့်သုံးမှုမရှိခြင်း၊ ကျင့်သုံးရန်နှောင့်နှေးခြင်း သို့မဟုတ် ကျင့်သုံးရန်ပျက်ကွက်ခြင်းသည် ထိုသို့သော အခွင့်အာဏာ သို့မဟုတ် အခွင့်အရေးအားစွန့်လွှတ်ခြင်းဟု မှတ်ယူခြင်းမရှိစေရ။ ထိုသို့သော အခွင့် အာဏာ သို့မဟုတ် လုပ်ပိုင်ခွင့်တစ်ခုချင်းစီကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ကျင့်သုံးခြင်း သည် အခြားသော ကျင့်သုံးမှု သို့မဟုတ် မည်သည့်အခွင့်အာဏာ သို့မဟုတ် လုပ်ပိုင်ခွင့်ကို အဟန့် အတားမဖြစ်စေရ။

၂၄။ လျော်ကြေးပေးခြင်းနှင့် တာဝန်ယူမှုကန့်သတ်ချက်

က။   ငွေချေးယူသူဘက်က ဤသဘောတူညီချက်ပါ စည်းကမ်းသတ်မှတ်ချက်များအား ချိုးဖောက်ခြင်း၊ သို့မဟုတ် ငွေချေးယူသူ၏ KBZPay Wallet Account  ကို အလွဲသုံးစားပြုလုပ်ခြင်း၊ လျစ်လျူရှုခြင်း၊ တလွဲဆောင်ရွက်ခြင်းကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကမ္ဘောဇဘဏ်အနေဖြင့် ကျခံရမည့်၊ ဆုံးရှုံးရမည့်၊ ခံစားရမည့် အပြည့်အဝကျခံပေးရမည့် တရားစရိတ်အပါအဝင် ပျက်စီးမှု၊ တာဝန်ရှိမှု၊ ဆုံးရှုံးမှု၊ ကုန်ကျစရိတ် နှင့် အသုံးစရိတ်များနှင့်စပ်လျဉ်းပြီး ကမ္ဘောဇဘဏ်အား အရေးဆိုခြင်း၊ တောင်းဆိုခြင်း၊ အရေးယူဆောင်ရွက်ခြင်း နှင့် တရားစွဲဆိုခြင်းများ နှင့်/သို့မဟုတ် ဤသဘောတူညီချက်နှင့် စပ်လျဉ်းပြီး ပေါ်ပေါက်လာရသော အခြားသောဆောင်ရွက်ချက်၊ အကြောင်းအရာ သို့မဟုတ် အဖြစ်အပျက်အတွက် ငွေချေးယူသူက ပေးလျော်ရမည်ဖြစ်ပြီး မိမိတို့အား အပြည့်အဝ လျော်ကြေးပေးရမည်။

ခ။    KBZPay ချေးငွေဝန်ဆောင်မှုအား အသုံးပြုခြင်းကြောင့်ဖြစ်စေ၊ မအောင်မြင်သော ငွေလွှဲပြောင်းမှု၊ Application ကျသွားမှု၊ လုပ်ပုံမှားယွင်းမှု၊ ကွန်ယက် တစ်စိတ်တစ်ပိုင်း သို့မဟုတ် အလုံးစုံပျက်စီးမှု၊ အချက်အလက်ထုတ်ယူမှုစနစ် ချွတ်ယွင်းမှု၊ ကွန်ပျူတာတာဆက်သွယ်မှုစနစ် သို့မဟုတ် တယ်လီဖုန်း ဆက်သွယ်မှုစနစ်ချွတ်ယွင်းမှု သို့မဟုတ် အခြားသောအကြောင်းများကြောင့်ဖြစ်စေ၊ ကမ္ဘောဇဘဏ် သို့မဟုတ် အထက်ပါစနစ်များနှင့် ပတ်သက်သည့် မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကမဆို ထိန်းချုပ်နိုင်သည် ဖြစ်စေ၊ ထိန်းချုပ်နိုင်ခြင်းမရှိသည်ဖြစ်စေ ပေါ်ပေါက်လာရသည့် မည်သည့် ပျက်စီးမှု၊ ဆုံးရှုံးမှုကြောင့်မဆို KBZPay Wallet Account  ပိုင်ရှင် အနေဖြင့် မည်သို့ခံစားရသည်ဖြစ်စေ ကမ္ဘောဇဘဏ်တွင် တာဝန်မရှိစေရ။

၂၅။ လွှမ်းမိုးသောဥပဒေ

ဤသဘောတူညီချက်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဥပဒေများအရ အနက်ဖွင့်ဆိုရမည်။ စာချုပ်ဝင်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ စီရင်ပိုင်ခွင့်ရှိ တရားရုံးများတွင် မည်သည့်စီရင်ပိုင်ခွင့်တွက်မဆို အပြီးသတ်ဆုံးဖြတ်ချက်ကို ခံရယူရမည်ဖြစ်သည်။

၂၆။ ဆက်လက်အသက်ဝင်ခြင်း

ဤသဘောတူညီချက်ပါ ပြဌာန်းချက်သည် သီးခြားသက်ရောက်မှုရှိသည်။ ဤသဘောတူညီချက်ပါ ပြဌာန်းချက်တချို့သည် ဥပဒေနှင့်မညီခြင်း၊ ခိုင်မာမှုမရှိခြင်း၊ ဥပဒေနှင့်အညီဆောင်ရွက်ရန် အာနိသင် မရှိခြင်းတို့ ဖြစ်ပေါ်လာလျှင် ယင်းပြဌာန်းချက်သာလျှင် ပျက်ပြယ်မည်ဖြစ်ပြီး ကျန်ပြဌာန်းချက်များသည် ဥပဒေအရခိုင်မာမှု၊ တည်မြဲမှု၊ အကျိုးသက်ရောက်မှုရှိစေမည်ဖြစ်သည်။

၂၇။ Shopper Loan ကိုအသုံးပြု၍ပစ္စည်းဝယ်ယူခြင်း

ငွေချေးယူသူက ချေးငွေကိုအတည်ပြုပြီးပြီဆိုလျှင် ပစ္စည်းအစားထိုးခြင်း သို့မဟုတ် ငွေပြန်အမ်းခြင်းအတွက် မည်သည့်တောင်းခံမှုမျိုးကိုမဆို Merchant ထံတွင် တိုက်ရိုက်မှတ်ပုံတင်၍ ပြုလုပ်ရမည်။ ချေးငွေထုတ်ပေးခြင်းအား Merchant ထံသို့ပြုလုပ်ပေးပြီးပြီဆိုလျှင် ကုန်ပစ္စည်းပေါ်တွင်ဖြစ်သည့် မည်သည့်ပျက်စီးမှုအတွက်မဆို တာဝန်ယူခြင်း သို့မဟုတ် ဝင်ရောက်စွက်ဖက်ပေးမှု ပြုလုပ်ပေးခြင်း များအတွက် ကမ္ဘောဇ ဘဏ်တွင်တာဝန်မရှိစေရ။

 ၂၈။ ကန့်သတ်မှုသက်တမ်းကုန်ဆုံးခြင်း

Shopper loan အတွက် ကမ္ဘောဇဘဏ်က ငွေချေးယူသူထံသို့ ပေးထားသည့် ကန့်သတ်ချက်သည် စတင် ထုတ်ပေးသည့်နေ့မှ တစ်လအတွင်း ကုန်ဆုံးမည်ဖြစ်သည်။

ဇယား (က)

ပုံစံအခ
လျှောက်လွှာခဘဏ်၏မူဝါဒအတိုင်းဖြစ်သည်။ (ကြိုတင်ပေးသွင်းခြင်းရွေးချယ်ရန်)
နောက်ကျကြေး၂၀၀၀ ကျပ် (လစဉ်ပေးချေရမည့်နေ့တွင်ပေးချေရန်ပျက်ကွက်ခြင်း)
ပျက်ကွက်မှုအတိုး (ငွေချေးယူသူ ၏ပျက်ကွက်မှုကြောင့်ဖြစ်လျှင်)တစ်နှစ်လျှင် ၁၂%
ကြိုတင် ငွေပေးချေခြင်းနှင့် ကြိုတင်အကောင့်ပိတ်သိမ်းခြင်းက။ ချေးငွေရယူပြီးနောက် ၆ လအတွင်း ဆောလျင်စွာစာရင်းပိတ် ခြင်းမပြုရ။ခ။ ချေးငွေအားထုတ်ပေးပြီးနောက် (၆လ နောက်ပိုင်း) ချေးငွေ တင်ကြိုစာရင်းပိတ်လျှင် ကြွေးကျန် အားလုံး၏ အတိုးနှုန်း ၃%ဂ။ လက်ရှိ လစဉ်ကြွေးကျန်ပမာဏထက် ပိုသော မည်သည့် ပေးချေမှုမျိုးကို မဆို  ငွေချေးယူသူမှ  ပေးချေလျှင် အတိုး ၃% ကောက်ခံခြင်း။
အတိုးနှုန်းတစ်နှစ်လျှင် ၁၄.၅%တစ်လလျှင် ၁.၂၁%

အတိုးနှုန်း၊ အခနှင့် နောက်ကျကြေးဆိုင်ရာအသေးစိတ်အချက်အလက်များ

ဤသဘောတူညီချက်ပါ စည်းမျဉ်းစဉ်းကမ်းသတ်မှတ်ချက်များသည် စာချုပ်ပါ သက်ဆိုင်ရာ ပုဂ္ဂိုလ်များသာမက ၎င်းတို့၏ အမွေခံများ၊ ကိုယ်စားလှယ်များ၊ လွှဲအပ်ထားသူများနှင့် ဆက်ခံသူအားလုံးတို့အပေါ်လည်း စည်းနှောင်အကျိုးသက်ရောက်မှုရှိစေရမည်။

ဤသဘောတူညီချက်သည် ချေးငွေရယူထားသူမှ လက်မှတ်ရေးထိုးသည့်နေ့ရက်မှ စတင်၍ အကျိုးသက်ရောက်မည်ဖြစ်ပြီး ချေးငွေပေါင်းစုပမာဏအားလုံးနှင့် ချေးငွေကြိုတင်ပြန်လည်ပေးဆပ်ခြင်း အပေါ် ပေးဆပ်ရမည့်ငွေ(ရှိလျှင်) အားလုံးတို့ကို အပြီးအပြေပေးဆပ်ပြီးသည့်နေ့ရက်အထိ အကျုံးဝင်သက်ဆိုင်မည်ဖြစ်သည်။

KBZPay Personal Loan (ကိုယ်ပိုင်ချေးငွေ)

၁။ လိုက်နာဆောင်ရွက်ရမည့်စည်းကမ်းသတ်မှတ်ချက်

KBZPay ကိုယ်ပိုင်ချေးငွေကို မြန်မာနိုင်ငံသားများအတွက်သာလျှင် ဖော်ဆောင်ပေးထားခြင်း ဖြစ်ပြီး ချေးငွေပြန်လည်ပေးဆပ်မှုအား ငွေချေးယူသူ၏ KBZPay Wallet Account မှတစ်ဆင့် ပေးဆပ် ရမည်ဖြစ်ပါသည်။

KBZPay Wallet Account မှတစ်ဆင့် KBZPay ကိုယ်ပိုင်ချေးငွေအား ရယူမည့် ငွေချေးယူသူသည် ဤချေးငွေဝန်ဆောင်မှုနှင့်ပတ်သက်သော စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်အားလုံးအား လိုက်နာပါမည်ဟု ငွေချေးယူသူက သဘောတူညီပါသည်။

၂။ သက်တမ်းကာလ

ချေးငွေသက်တမ်းမှာ ချေးရင်းငွေ စတင်ထုတ်ပေးသည့်နေ့ရက် (     ) မှစ၍ (    ) လ ဖြစ်ပြီး ချေးငွေအများဆုံး ခွင့်ပြုပေးမည့်ပမာဏမှာ (     ) အထိဖြစ်သည်။

 ၃။ အသုံးပြုရာတွင် လိုက်နာရမည့်အချက်များ

ငွေချေးယူသူအနေဖြင့် အောက်ပါတို့ကိုဆောင်ရွက်ခြင်းမပြုရ –

က။   ငွေချေးယူသူသည် မိမိ၏ KBZPay Wallet Account အား အခြားသူ၏ ချေးငွေလျှောက်ထားနိုင်ရန် အသုံးပြုခွင့်မပေးရ။ အကယ်၍ ပြုလုပ်ခဲ့ပါက ထိုသို့ပြုလုပ်သည့်အတွက်  ပေါ်ပေါက်လာသော ပြန်လည်ပေးဆပ်ရမည့် ချေးငွေပမာဏ၊ အတိုးနှင့် အခကြေးငွေများအားလုံးအတွက် ငွေချေးယူသူမှ တာဝန်ယူ၍ ပြန်လည်ပေးဆပ်ရမည်ဖြစ်သည်။ ငွေချေးယူသူအနေဖြင့် မိမိ၏ KBZPay Wallet Account အား အခြားသူများကို သုံးစွဲစေခြင်းကြောင့်သော်လည်းကောင်း၊ ငွေချေးယူသူ၏ ပေါ့လျော့မှုကြောင့် ငွေချေးယူသူ၏ KBZPay Wallet Account အား အလွဲသုံးစားပြုလုပ်မှုကြောင့်သော်လည်းကောင်း ဖြစ်ပေါ်လာသော မည်သည့်အကျိုးဆက်အတွက်မဆို ငွေချေးသူနှင့်သာသက်ဆိုင်မည်ဖြစ်ပြီး ဘဏ်တွင် တာဝန်ရှိမည်မဟုတ်ပါ။

ခ။    ငွေချေးယူသူက လူမွဲစာရင်းကြေညာရန်လျှောက်ထားသည်ဆိုလျှင် လူမွဲစာရင်းကြေညာရန် လျှောက်ထားမှုအား ရုပ်သိမ်းခြင်းမရှိဘဲ ချေးငွေရယူခြင်းမပြုရ သို့မဟုတ် ငွေချေးယူသူ၏ မြွက်ဟချက်ကို ရရှိပြီးဖြစ်သော်လည်း ငွေချေးယူသူအနေဖြင့် ပြန်လည်ပေးဆပ်ရမည့် ပမာဏကို အပြည့်အဝ ပြန်လည် ပေးဆပ်နိုင်ခြင်းမရှိဟု ငွေချေးယူသူကရိုးသားစွာမျှော်မှန်းထားခြင်း မရှိလျှင် ချေးငွေရယူခြင်းမပြုရ။

ဂ။ ငွေချေးယူသူသည် စက်ပိုင်းဆိုင်ရာအား ဆန့်ကျင်မှုဖြစ်စေခြင်း (သို့မဟုတ်) KBZPay Wallet Mobile Application အား ချေးငွေဝန်ဆောင်မှုလုပ်ငန်းအားပြိုင်ဆိုင်ရန်အတွက် ဒီဇိုင်းထုတ်ခြင်း၊ တုပပြုလုပ်ခြင်း အလားတူညီသည့် သဘောတရားများ၊ အသွင်သဏ္ဍာန်များ၊ လုပ်ငန်းဆောင်ရွက်ခြင်းများအား ပုံစံထုတ်ခြင်း၊ တုပပြုလုပ်ခြင်းများ မဆောင်ရွက်ရပါ။

ဃ။   ငွေချေးယူသူ၏ KBZPay Wallet Account တွင် ကျန်ရှိနေသည့် စုစုပေါင်း ကြွေးကျန်များအား အပြည့်အဝ ပြန်လည်ပေးဆပ်ခြင်း မပြုမီအချိန်အထိ ငွေချေးယူသူ၏ လက်ရှိအသုံးပြုနေသည့် လက်ကိုင်ဖုန်းမှ  KBZPay Wallet Mobile Application ကို ဖျက်လိုက်ခြင်း သို့မဟုတ် ဖယ်ရှားခြင်းမပြုရ။

င။    ငွေချေးယူသူသည် ကမ္ဘောဇဘဏ်၏ကြိုတင်ခွင့်ပြုချက်မရှိဘဲ ရက်စေ့ရောက်နေပြီဖြစ်သော အရစ်ကျချေးငွေပြန်လည်ပေးဆပ်မှုအတွက် ချေးငွေထုတ်ပေးသည့် ကမ္ဘောဇဘဏ်သို့ ထုတ်ပြန်ပေးထား သော မည်သည့်အမြဲတမ်းညွှန်ကြားချက်များကိုမဆို သို့မဟုတ် ငွေချေးယူသူ လိုက်နာရန် သတ်မှတ်ထားသည့် ချေးငွေပြန်လည် ပေးချေမှုဆိုင်ရာစည်းကမ်းသတ်မှတ်ချက်များအား ဖျက်သိမ်းခြင်း သို့မဟုတ် ပြောင်းလဲခြင်း မပြုရ။

၄။ ငွေချေးယူသူ၏တာဝန်များ

ငွေချေးယူသူမှ ဤသဘောတူညီချက်ပါ ချေးငွေရယူရာတွင် သက်ဆိုင်ရာအခွန်အခများအား ဘဏ်သို့ ပေးချေရန်တာဝန်ရှိပြီး ကမ္ဘောဇဘဏ်ထံမှ ရယူသည့် မည်သည့်ချေးငွေအတွက်မဆို ဤသဘောတူညီချက်ပါ စည်းကမ်းသတ်မှတ်ချက် များနှင့်အညီ အသုံးပြုသွားမည် ဖြစ်ကြောင်းငွေချေးယူသူမှ ဝန်ခံကတိပြုပါသည်။

၅။ ချေးငွေကန့်သတ်ချက်

က။   ချေးငွေနှင့်ပတ်သက်၍ ကမ္ဘောဇဘဏ်၏ဌာနတွင်း မူဝါဒများ ပေါ်တွင်လည်းကောင်း၊ လျှောက်လွှာ တင်စဉ် ငွေချေးယူသူကဖော်ပြခဲ့သည့် အချက်အလက်များပေါ်တွင် မူတည်၍လည်းကောင်း ချေးငွေပမာဏ ကန့်သတ်ချက်ကို သတ်မှတ်ပေးသွားမည်ဖြစ်သည်။ ငွေချေးယူသူနှင့် ကိုက်ညီသည့် ရရှိနိုင်မည့် ချေးငွေ ပမာဏကန့်သတ်ချက်ကို KBZPay Wallet Mobile Application မှတဆင့် ဖော်ပြပေးသွားမည်ဖြစ်သည်။ ငွေချေးယူသူ လျှောက်ထားသော ချေးငွေအား ခွင့်ပြုခြင်း၊ ငြင်းပယ်ခြင်းနှင့် ချေးငွေပမဏတို့အား ကမ္ဘောဇ ဘဏ်၏ ချေးငွေကော်မတီ၏ ဆုံးဖြတ်ချက်သည်သာ အတည်ဖြစ်ပြီး ဘဏ်မှအကြောင်းပြချက် တစုံတရာ မပေးဘဲ ချေးငွေငြင်းပယ်ခြင်းအား ပြုလုပ်နိုင်ပါသည်။

ချေးငွေပမာဏကန့်သတ်ချက်ကိုတိုးမြှင့်ပေးရန် ငွေချေးယူသူမှ မည်သည့်အဆိုပြုမှုကိုမဆို ၄င်း၏ KBZPay Wallet Account  မှတဆင့် တောင်းဆိုလာမှသာလျှင် ကမ္ဘောဇဘဏ်ကစဉ်းစားသုံးသပ် ပေးသွားမည် ဖြစ် သည်။ ထိုသို့တောင်းဆိုမှုအတွက် လိုအပ်သော အထောက်အထားများ၊ အချက်အလက်များအား ငွေချေးယူသူ သို့  ကမ္ဘောဇဘဏ်ကတောင်းခံလာဖွယ်ရှိမည်ဖြစ်ပြီး ရရှိလာသော ထိုအထောက်အထား အချက်အလက်များ အား ကမ္ဘောဇဘဏ်ကသုံးသပ်၍ စဉ်းစားသွားမည်ဖြစ်သည်။ ဘဏ်သည်ဌာနတွင်းသုံးသပ်မှု အပေါ် အခြေပြု ပြီး ထိုသို့သော တောင်းဆိုလာမှုကို ငြင်းပယ်ပိုင်ခွင့်ရှိသည်။ ငွေချေးယူသူသည် ချေးငွေကန့်သတ်ချက်ကို တိုးမြှင့်ခြင်းမပြုရ။ ငွေချေးယူသူ၏ KBZPay Wallet Account အား ရပ်စဲခြင်း ခံရလျှင် ငွေချေးယူသူ၏ ချေးငွေ ကန့်သတ်ချက်အား ဖျက်သိမ်းမည်ဖြစ်သည်။ ငွေချေးယူသူ၏ ယခင်ကာလများကအသုံးပြုခဲ့သည့် အသုံးစရိတ်များ၊ ချေးငွေသမိုင်းကြောင်း နှင့် ငွေပေးချေမှု ပုံစံတို့အပေါ်တွင် အခြေပြုပြီး ကမ္ဘောဇဘဏ်သည် မည်သည့်အချိန်တွင်မဆို ချေးငွေပမာဏကန့်သတ်ချက်ကို လျှော့ချခြင်း၊ ချေးငွေသက်တမ်းတိုးပေးခြင်း ပြုလုပ်နိုင်သည့် အခွင့်အရေး အပြည့်အဝ ရှိမည်ဖြစ်သည်။

ခ။    ကမ္ဘောဇဘဏ်သည် ငွေချေးယူသူ၏ KBZPay Wallet Account အား မည်သည့်ကြိုတင် အကြောင်း ကြားမှုမျိုးကိုမဆို ပြုလုပ်ခြင်းမရှိဘဲ ၎င်း၏တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် မည်သည့်အချိန်တွင်မဆို သတ်မှတ် ထားသည့် ချေးငွေပမာဏကို ရုပ်သိမ်းပိုင်ခွင့်၊ ပြန်လည်တောင်းခံပိုင်ခွင့် အပြည့်အဝရှိသည်။

၆။ ကြိုတင်ငွေ

က။ ကမ္ဘောဇဘဏ်မှ ငွေချေးယူသူသို့ ထုတ်ချေးမည့် သတ်မှတ်ချေးငွေပမာဏကို  ငွေချေးယူသူ၏ wallet သို့ ထည့်သွင်းခြင်းဖြင့် ဆက်လက်လုပ်ဆောင်မည်။

ခ။ ငွေချေးယူသူသည် ရရှိသော ချေးငွေပမာဏတစ်ခုလုံးကို ဤစာချုပ်တွင် ရေးသားဖော်ပြထားသော/ သတ်မှတ်ထားသော ရည်ရွယ်ချက်မှတပါး အခြားမည်သည့်ရည်ရွယ်ချက် အတွက်မျှ အသုံးပြုခွင့်မရှိပါ။

၇။ အချက်အလက်အကာအကွယ်ပေးခြင်း နှင့် ထုတ်ဖော်ပြောဆိုမှုမပြုခြင်း                          

က။   သက်ဆိုင်ရာဥပဒေနှင့်အညီ  KBZPay ချေးငွေစာရင်း ထူထောင်ရန် ရည်ရွယ်ချက်ဖြင့် KBZPay Wallet Account အသုံးပြုသူ၏ အမည်၊ ပုဂ္ဂိုလ်ရေးဆိုင်ရာသတ်မှတ်ဖော်ပြမှုများ (မှတ်ပုံတင်အမှတ်၊ ပတ်စ်ပို့ နံပါတ်၊ ယာဉ်မောင်းလိုင်စင်အမှတ် စသည်)၊ အီးမေးလ်လိပ်စာ၊ အိမ်လိပ်စာ၊ လက်ကိုင်ဖုန်း အမှတ် နှင့်/ သို့မဟုတ် အခြားသောဆက်သွယ်ရမည့် သတင်းအချက်အလက်များ အပါအဝင် အထွေထွေ အချက်အလက် များအား ကမ္ဘောဇဘဏ်ကစုစည်းထားရှိမည်။ ထိုသို့သောစုစည်းထားရှိမှု၊ အတည်ပြုမှု၊ စာရင်းစစ်ခံမှုနှင့် နောက်ဆုံးအခြေအနေနှင့် ကိုက်ညီသော စာရင်းပိုင်ရှင်၏သတင်း အချက်အလက်များအား ထိန်းသိမ်းထားမှုသည် စဉ်ဆက်မပြတ် ဆောင်ရွက်နေရမည့် လုပ်ငန်းစဉ်ဖြစ်ပြီး၊ ကမ္ဘောဇဘဏ်သည် ငွေချေးသူ၏ အချက် အလက်များအား ရယူပြီး စာရင်းပိုင်ရှင်နှင့် ကိုက်ညီမှုရှိစေရေးအတွက် လိုအပ်သည့် ဆောင်ရွက်ချက်များ အား မည်သည့် အချိန်တွင်မဆို ဆောင်ရွက်ပိုင်ခွင့်ရှိသည်။

ခ။    KBZPay Wallet Account Registration ပြုလုပ်ချိန်တွင်ဖြစ်စေ၊ အခြားသောအချိန်တွင်ဖြစ်စေ၊ ကန့်သတ်ချက်အား တွက်ဆနိုင်ရန်အတွက် ကမ္ဘောဇဘဏ်ကတောင်းခံသည့် အထက်ဖော်ပြပါ ပုဂ္ဂိုလ်ရေး ဆိုင်ရာအချက် အလက်များအား ပေးအပ်ပါမည်ဟု ငွေချေးယူသူက သဘောတူညီ အတည်ပြုသည်။ ထို့အပြင် ငွေချေးယူသူသည် ယခုကဲ့သို့ ၎င်းတို့၏ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်များအား ကမ္ဘောဇဘဏ်က တောင်းခံရယူခြင်းသည် သက်ဆိုင်ရာဥပဒေအရ ဆီလျော်သည်၊ လိုအပ်သည်၊ ခွင့်ပြုနိုင်သည်တို့ကို နားလည်ပြီး အသိအမှတ်ပြုပါသည်။

ဂ။    KBZPay Wallet Account ပိုင်ရှင်ဖြစ်သူ ငွေချေးယူသူမှ ပေးသော သတင်းအချက်အလက် အားလုံး သည် တိကျမှု၊ မှန်ကန်မှုရှိပြီး နောက်ဆုံးအခြေအနေနှင့် ကိုက်ညီမှုရှိသည်ဟု မှတ်ယူမည်ဖြစ်သည်။ ငွေချေးယူသူသည် မှားယွင်းသော ကိုယ်ရေးအချက်အလက်များအားပေး ကိုယ်ရေးအချက်အလက်များအား ပေးခြင်း၊ စာရွက်စာတမ်းအတုများ ပြုလုပ်၍ ချေးငွေလျှောက်ထားခြင်း၊ ချေးငွေပေးဆပ်မှုကို နှစ်လဆက်တိုက်ပျက်ကွက်ခြင်း၊ လူမွဲစာရင်းဝင်မှ ထိန်ချန်ထားခြင်းများပြုလုပ်ပါက  ကမ္ဘောဇဘဏ်သည် ငွေချေးယူသူ၏ KBZPay Wallet Account အား ငွေချေးယူသူသို့ မည်သည့်ကြိုတင်အသိပေးအကြောင်းကြားမှုကိုမျှ ပြုလုပ်ခြင်းရှိမည်မဟုတ်ဘဲ ငွေချေးယူသူ ၏ KBZPay Wallet Accountကို အလိုအလျောက်ပိတ်သိမ်းသွားမည်ဖြစ်ပြီး ငွေချေးယူသူအား အမည်ပျက် စာရင်းတင်သွင်းသွားမည်ဖြစ်သည်။ ငွေချေးယူသူအနေဖြင့် ကမ္ဘောဇဘဏ်သို့ပေးပို့ထားသော သတင်းအချက် အလက်များသည် မှားယွင်းပေးပို့သည်ဟုထင်မြင်ယူဆပါက ကမ္ဘောဇဘဏ်သို့ စာဖြင့်ရေးသားပေးပို့ရမည်။

ဃ။   KBZPay Wallet Account ပိုင်ရှင်ဖြစ်သူသည် အမျိုးမျိုးသော ပစ္စည်းရောင်းချသူများ သို့တည်းမဟုတ် Credit Bureau Agency ကဲ့သို့သော ဗဟိုအာဏာပိုင်အဖွဲ့များက တရားဝင်အရင်းအမြစ်များမှနေ၍ KBZPay Wallet Account ပိုင်ရှင်ဖြစ်သူ၏ အကြောင်းအရာဖော်ပြချက်အား အတည်ပြုပိုင်ခွင့်နှင့်ပတ်သက်ပြီး ကမ္ဘောဇဘဏ်အား လုပ်ပိုင်ခွင့်ပေးထားသည်။ ငွေချေးယူသူဖြစ်သူသည် စာရင်းအရ ခံစားပိုင်ခွင့် ရှိသည်များအား ရရှိခံစားရာတွင် လိုအပ်လာဖွယ်ရှိသည့် စာရင်းဆိုင်ရာအသေးစိတ်အချက် အလက်များ နှင့်/ သို့မဟုတ် ငွေချေးယူသူက ပေးအပ်ထားသည့် စာရင်းပိုင်ရှင်နှင့် သက်ဆိုင်သည့် သတင်း အချက်အလက် အားလုံး သို့မဟုတ် တစ်စိတ်တစ်ပိုင်းအား ဖလှယ်ခွင့်၊ မျှဝေပေးခွင့်နှင့်ပတ်သက်ပြီး ငွေချေးယူသူ က မိမိတို့အားလုပ်ပိုင်ခွင့်ပေးထားသည်။ ထိုသတင်းအချက်အလက်များအား အသုံးပြုခြင်း၊ မျှဝေခြင်းများအတွက် KBZPay Wallet Account ပိုင်ရှင်က ကမ္ဘောဇဘဏ်အား ကန့်သတ် ထိမ်းချုပ်ထားမှုမရှိပါ။

ငွေချေးယူသူမှ ဤသဘောတူညီချက်အရ ကမ္ဘောဇဘဏ်သို့ ထုတ်ဖော်ပြောဆိုထားသည့် ပုဂ္ဂိုလ်ရေးအချက် အလက်များအား သက်ဆိုင်ရာအစိုးရအာဏာပိုင်များနှင့် ကမ္ဘောဇဘဏ်နှင့်ပတ်သက်သော အခြားမည်သည့် ပုဂ္ဂိုလ်တို့ကိုမဆို ကမ္ဘောဇဘဏ်မှအခါအားလျော်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိပါသည်။

င။    ငွေချေးယူသူ၏ KBZPay Wallet Account ဖြင့် ငွေလွှဲပြောင်းပေးမှုနှင့်ပတ်သက်သည့် အခြေအနေ အား သုံးသပ်နိုင်ရန် KBZPay Wallet Account ပိုင်ရှင်ဖြစ်သော ငွေချေးယူသူ၏ သတင်းအချက်အလက်များ အား လိုအပ်မည့်အခြားသော ကုမ္ပဏီများထံသို့ တရားဝင် လွှဲပြောင်းပေးရဖွယ်ရှိသည့် နှင့်/သို့မဟုတ် ကမ္ဘောဇ ဘဏ်နှင့် KBZPay Wallet Account ပိုင်ရှင်ဖြစ်သူ ငွေချေးယူသူတို့အကြား ရာဇဝတ်ကြောင်းအရဖြစ်စေ၊ တရားမမှုကြောင်းအရဖြစ်စေ ဖြေရှင်းရမည့် ကိစ္စရပ်များပေါ်ပေါက်လာပါက လိုအပ်လာလျှင် ထိုသတင်း အချက်အလက်များကို လွှဲပြောင်း ပေးရနိုင်ဖွယ်ရှိသည် ဆိုသည်ကို KBZPay Wallet Account ပိုင်ရှင်ဖြစ်သူ ငွေချေးယူသူမှ သိရှိနားလည်ပြီးသဘောတူသည်။

စ။    ကမ္ဘောဇဘဏ်သည် ချေးငွေဝန်ဆောင်မှုလုပ်ငန်းအရည်အသွေး ကောင်းမွန်မှု ရှိစေရေးအတွက် မည်သည့်အချိန်တွင်မဆို ငွေချေးယူသူနှင့်ကမ္ဘောဇဘဏ်အကြား ဖုန်းဖြင့်ဆက်သွယ်ပြောဆိုမှုကို ကြပ်မတ် စောင့်ကြည့်ခြင်း နှင့်/သို့မဟုတ် မှတ်တမ်းတင်ထားရှိခြင်းတို့အား ပြုလုပ်နိုင်သည်ကို ငွေချေးယူသူမှ သိရှိသဘောတူပါသည်။

ဆ။ ငွေချေးသူကထပ်မံဝန်ခံသည်နှင့်သဘောတူသည်။

အထက်ပါအပိုဒ်(ဒေတာကာကွယ်မှု့နှင့် ထုတ်ဖော်ခြင်းဆိုင်ရာ သတင်းအချက်အလက်) တွင် ဖော်ပြထားသည့် သတင်းအချက်အလက်များအပြင် ငွေချေးယူသူ၏ သတင်းအချက်အလက် (ငွေချေးယူသူ၏ ဆက်သွယ်ရန်အချက်အလက်များအပါအဝင်)များကို ကမ္ဘောဇဘဏ်မှ ၎င်း၏ အခြားထုတ်ကုန်များနှင့် ဝန်ဆောင်မှု့များအား အသိပေးရန်နှင့် ရောင်းချရန်အတွက် ကမ်းလှမ်းရာတွင် အသုံးပြုနိုင်မည်ကို ငွေချေးယူသူအနေဖြင့် သိရှိသဘောတူပြီး ငွေချေးယူသူအနေဖြင့်လည်း ထိုဝန်ဆောင်မှု နှင့်ပတ်သက်သော သတင်းအချက် အလက်များကို အတိအလင်းဆက်သွယ်တောင်းခံနိုင်မည်ဖြစ်သည်။

ဇ။ ငွေချေးယူသူသည် ၎င်း၏လိပ်စာ၊ ဖုန်းနံပါတ်၊ အလုပ်ရှင်အမည်၊ အီးမေးလ်လိပ်စာနှင့် မှတ်ပုံတင်များတွင် အပြောင်းအလဲရှိပါက ဘဏ်သို့ချက်ချင်းအကြောင်းကြားရန်သဘောတူသည်။

ဈ။ ငွေချေးယူသူသည် ဘဏ်၌ သူ/သူမ၏အသေးစိတ်အချက်အလက်များကို မိတ္တူကူးယူနိုင်ရန် စာရေး၍တောင်းဆိုနိုင်သည်။ ထိုတောင်းဆိုမှုအတွက် အခကြေးငွေပေးရမည်။

ည။ ငွေချေးယူသူသည် ကမ္ဘောဇဘဏ်မှ ချေးငွေရယူခြင်းနှင့်စပ်လျဉ်းပြီး မိမိတို့နှင့်သက်ဆိုင် သည့် ချေးငွေဆိုင်ရာသတင်းအချက်အလက် များ၊မှတ်တမ်းများ၊ ဘဏ်စာရင်းဆိုင်ရာအချက်အလက်များ စသည့် မည်သည့်သတင်းအချက်အလက်များကိုမဆို ချေးငွေလျှောက်ထားမှုဆိုင်ရာ လိုအပ်ချက်အရသော် လည်းကောင်း၊ စည်းမျဉ်းဆိုင်ရာလိုအပ်ချက်အရသော်လည်းကောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့ချေးငွေသတင်း အချက်အလက်ဌါန နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပေးပို့ရန် ညွန်ကြားလာသော အဖွဲ့အစည်းများထံသို့ ဖုန်း၊အီးမေးလ်၊စာတိုပေးပို့ခြင်း (သို့) အခြား ဆက်သွယ်ရေး လမ်းကြောင်းများ အသုံးပြု ပြီး ကျွန်တော်တို့၏ခွင့်ပြုချက် တောင်းခံရန်မလိုဘဲ လုပ်ငန်းလိုအပ်ချက်အတိုင်း အလျဉ်းသင့်သလို ဘဏ်မှ အသိပေး ထုတ်ပြန်နိုင်သည်ဟု သဘောတူပါသည်။

၈။ ကြော်ငြာခြင်း

အချို့သော KBZPay Wallet Account ပိုင်ရှင်များ၏ အကျိုးကိုဖြစ်ထွန်းစေမည့် ဝန်ဆောင်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုများအား ကမ္ဘောဇဘဏ်ကကြော်ငြာနိုင်သည်။ ထိုသို့ဆောင်ရွက်ရာတွင် ကမ္ဘောဇဘဏ်သည် ငွေချေးယူသူအတွက် ကိုယ်စားလှယ်အဖြစ်သော်လည်းကောင်း၊ အပ်နှင်းခြင်းခံရသူအဖြစ်လည်းကောင်း ဆောင်ရွက်ခြင်းမဟုတ်ဘဲ၊ ဥပဒေကခွင့်ပြုထားသည့် အတိုင်းအတာအထိ ထိုသို့သောဝန်ဆောင်မှုလုပ်ငန်းများ၊ ဝန်ဆောင်မှုများအတွက် သက်ဆိုင်ရာ Merchant နှင့် လွှဲပြောင်းမှုဆိုင်ရာစီမံခန့်ခွဲမှု ကိုပြုလုပ်နိုင်သည်။ ထိုသို့ သော ဝန်ဆောင်မှုလုပ်ငန်း၊ ဝန်ဆောင်မှုများအားဝယ်ယူသွားသည်ဆိုလျှင် ထိုသို့သောလွှဲပြောင်း ပေးပို့ရမှု အတွက် ကမ္ဘောဇဘဏ်သည် သက်ဆိုင်ရာ Merchant ထံမှ ဝန်ဆောင်ခ၊ အခကြေးငွေ ရရှိရမည်ဆိုသည်ကို ငွေချေးယူသူကသိရှိနားလည်ထားရမည်ဖြစ်သည်။ ဝယ်ယူသွားသည့် ဝန်ဆောင်မှုလုပ်ငန်း၊ ဝန်ဆောင်မှုသည် မိမိ၏သဘောဆန္ဒအလျောက်သာလျှင် ဖြစ်သည်။

၉။   အခွန်အခ

ဤသဘောတူညီချက်ပါ ချေးငွေနှင့်ပတ်သက်၍ ပေးဆောင်ရမည့် သက်ဆိုင်ရာအခွန်အခများအား ပေးဆောင် ရန်အတွက် ငွေချေးယူသူ တစ်ဦးတည်းသာလျှင်တာဝန်ရှိမည်ဖြစ်သည်။ အကယ်၍ သက်ဆိုင်ရာဥပဒေအရ ကမ္ဘောဇဘဏ်အနေဖြင့် ကျသင့်ငွေကိုကောက်ခံပြီး သက်ဆိုင်ရာအာဏာပိုင်တို့ထံသို့ ထိုသို့သော ပေးချေမှု မျိုးကိုပြုလုပ်ရမည်ဆိုပါက ကမ္ဘောဇဘဏ်သည် ငွေချေးယူသူ၏ KBZPay Wallet Account တွင် ကြွေးစာရင်း ဖော်ပြီး ထိုအတိုင်းဆောင်ရွက်ရမည်ဖြစ်သည် သို့မဟုတ် ငွေချေးသူထံ မှ ကြိုတင် ကောက်ခံနိုင်သည်။

၁၀။ ချေးငွေရှင်းတမ်း

ငွေချေးယူသူသည် ၎င်းတို့၏ KBZPay Wallet Mobile Application တွင် ချေးငွေရှင်းတမ်းကို ကြည့်ရှု နိုင်သည်။ ထိုရှင်းတမ်းအတွင်း ပြန်လည်ပေးဆပ်ပြီးဖြစ်သော ငွေပမာဏ၊ ပေးချေမှုကာလ၊ ပေးဆပ်ရန် ကျန်ရှိငွေပမာဏနှင့် လစဉ်ပေးဆပ်ရမည့်ရက်စေ့ရောက်သည့်နေ့များအား ဖော်ပြပေးထားသည်။

၁၁။ ပြန်လည်ပေးဆပ်မှု

က။   အတိုးနှုန်း၊ လျှောက်လွှာပုံစံကြေး၊ ကျသင့်ငွေများနှင့် စည်းကမ်းသတ်မှတ်ချက်များအား KBZ Pay က စိစစ်ပြင်ဆင်ပိုင်ခွင့်ရှိသည်ကို ငွေချေးယူသူက သဘောတူသည်။

ခ။    KBZPay Wallet Mobile Application တွင်ဖော်ပြပေးထားမည်ဖြစ်သော ပေးဆပ်ရန်ရက်စေ့ရောက် သည့်နေ့မတိုင်မီ သို့မဟုတ် စေ့ရောက်သည့်နေ့တွင် ငွေချေးယူသူက ပေးဆပ်ရမည့်ပမာဏကို ပေးဆပ်ရမည် ဖြစ်သည်။ ပေးဆပ်မှုအားလုံးကို KBZPay Wallet account မှတဆင့် ငွေချေးယူသူမှ ရွေးချယ်ထားသော ကမ္ဘောဇဘဏ်သို့ လွှဲပြောင်းခြင်းဖြင့် ပေးဆပ်မှုပြုလုပ်ရမည်ဖြစ်သည်။

ဂ။    ပေးဆပ်ရမည့်နေ့ရက်မစေ့ရောက်မီတွင် ငွေချေးယူသူသည် မိမိတစ်ဦးတည်းသဘောဖြင့် ပေးဆပ်ရမည့် ကမ္ဘောဇဘဏ်ကို ရွေးချယ်နိုင်သည်။

ဃ။   ချေးငွေရှင်းတမ်းးတွင် ထည့်သွင်းပေးထားသည့် မြီစားစာရင်းပေးချေရမည့် ပမာဏအား ငွေချေးယူသူ၏ KBZPay Wallet Account၊ KBZ Bank account   မှ တိုက်ရိုက်နှုတ်ယူခွင့်ကို ငွေချေးယူသူက ကမ္ဘောဇဘဏ်အား ခွင့်ပြုပေးရန်အတွက် ကမ္ဘောဇဘဏ်သည် ၎င်း၏ တစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့် ဆောင်ရွက်နိုင်ရမည်။

င။ ပေးချေမှုပြုလုပ်သည့်အချိန်တွင် KBZPay Wallet Account စာရင်းပိုင်ရှင်ဖြစ်သူက မိမိတို့ ကမ္ဘောဇဘဏ်အား ပြန်လည်ပေးဆပ်မှုအတွက်ညွှန်ကြားချက်ပေးခြင်းများ ရှိလင့် ကစား KBZPay Wallet Account ငွေစာရင်းပိုင်ရှင်ထံမှ ကမ္ဘောဇဘဏ်ကရသော မည်သည့်ပေးချေမှု သို့မဟုတ် ပေးချေမှု အားလုံး အတွက်ကိုမဆို အခ/ကုန်ကျစရိတ်ရှိသည်ဆိုလျှင် ယင်းတွင် ဦးစွာထည့်သွင်းပြီး နောက် အတိုး၊ ပေးချေရမည့် မူလချေးငွေ ပြန်လည်ပေးဆပ်မှုအဖြစ်လက်ခံရယူသွားမည်ဖြစ်သည်။

စ။  ငွေချေးယူသူသည် ချေးငွေပြန်လည်ပေးဆပ်ရာတွင် လစဉ်အရစ်ကျပေးဆပ်ရမည့်ပမာဏထပ်ပို၍ ပေးဆပ်နိုင်ပါသည်။ ထိုသို့ ပို၍ပေးဆပ်သောပမာဏအား ချေးငွေသက်တမ်းလျော့ချခြင်းဖြင့် နောက်လာမည့် အရစ်ကျပေးဆပ်ခြင်းများအား အကျိုးသက်ရောက်စေမည်။

ဆ။ မည်သို့ပင်ဆိုစေကာမူ ဘဏ်အနေဖြင့် ငွေချေးယူသူမှ မည့်သည့်ကြွေးကျန်များအတွက်မဆို ပေးချေ သော မည်သည့် လစဉ်ပေးချေမှု အပေါ်ထပ်တိုးပေးချေမှု နှင့်/သို့ လုံခြုံစိတ်ချအပ်ငွေ / ကနဦးပေးချေမှု အပေါ် တွင် ချိန်ညှိနိုင်ရန် အခွင့်အာဏာရှိသည်။

၁၂။ နောက်ကျကြေး

က။   ချေးငွေရှင်းတမ်းတွင် ဖော်ပြထားသည့် ပေးဆပ်ရမည့်ရက်စေ့ရောက်သည့်နေ့တွင် ပေးဆပ်မှု အား ကမ္ဘောဇဘဏ်ကလက်ခံရရှိခြင်းမရှိလျှင် ကမ္ဘောဇဘဏ်ကသတ်မှတ်ဆုံးဖြတ်သည့်အတိုင်း နောက်ကျကြေး ကို ကောက်ခံသွားမည်ဖြစ်သည်။ လက်ရှိအားဖြင့် နောက်ကျကြေးကို ငွေချေးယူသူ၏ ပျက်ကွက်မှုနှင့် သက်ဆိုင်ရာအခွန် (ရှိသည်ဆိုလျှင်) အတွက် တစ်ကြိမ်လျှင် ၂၀၀၀ ကျပ်အား ပုံသေသတ်မှတ်ထားသည်။ နောက်ကျကြေးကောက်ခံမှုသည် ကမ္ဘောဇဘဏ်၏တစ်ဦးတည်း ဆုံးဖြတ်ချက်အရ ကွဲပြားသွားမည်ဖြစ်ပြီး အလားတူကွဲပြားခြားနားမှုကို ငွေချေးယူသူထံသို့ အချိန်နှင့်အမျှ အသိပေး အကြောင်းကြားသွားမည်ဖြစ်သည်။

ခ။    နောက်ကျကြေးကို တစ်နှစ်လျှင် ၁၂% ဖြင့် တွက်ချက်သွားမည်ဖြစ်ပြီး ကြွေးကျန် ပေါ်နေသည့် လစဉ် ပြန်လည် ပေးဆပ်ရမည့် ငွေပမာဏအား ပေးဆပ်မှုမပြုလုပ်မချင်း နောက်ကျကြေးအား နေ့စဉ် တွက်ချက် ကောက်ခံသွားမည် ဖြစ်သည်။

ဂ။    ငွေချေးယူသူက လစဉ်အရစ်ကျ ပြန်လည်ပေးဆပ်မှုအတွက် KBZPay Wallet Account မှတဆင့် အရစ်ကျငွေပမာဏအား ငွေချေးယူသူမှ ကမ္ဘောဇဘဏ်သို့ လွှဲပြောင်းမှု ပြုလုပ်ခဲ့သော်လည်း ငွေချေးယူသူ၏ KBZPay Wallet Account မှ မည်သည့်ပမာဏကိုမဆို ဖြတ်တောက်ခြင်းမပြဘဲ ငွေလွှဲပြောင်းမှု ပျက်ပြား သွားသည့် အတွက် အကျိုးဆက်အနေဖြင့် ပေးချေရန်ရက်စေ့ရောက်သည့်နေ့တွင် ပေးချေရမည့် ပမာဏကို ကမ္ဘောဇဘဏ်က ရရှိခြင်းမရှိဟုဆိုလျှင် ငွေချေးယူသူက KBZPay Wallet Account မှတစ်ဆင့် ပေးချေရန် နောက်ထပ်ကြိုးပမ်းမှုပြုလုပ်သည်ဖြစ်စေ၊ ပြုလုပ်ခြင်း မရှိသည်ဖြစ်စေ ဤအပိုဒ် ၁၂ အရ ကမ္ဘောဇဘဏ် သည် နောက်ကျကြေးကောက်ခံပိုင်ခွင့်ရှိသည်။

ဃ။   အပိုဒ် ၁၂။ ဂ။ ကိုမထိခိုက်စေဘဲ ငွေချေးယူသူက လစဉ်အရစ်ကျ ပြန်လည်ပေးဆပ်မှုအတွက် KBZPay Wallet Account မှတဆင့် အရစ်ကျငွေပမာဏအား ငွေချေးယူသူမှ ကမ္ဘောဇဘဏ်သို့ လွှဲပြောင်းမှု ပျက်ပြားသွားသော်လည်း ငွေချေးယူသူ၏ KBZPay Wallet Account မှ သက်ဆိုင်ရာပမာဏကို ဖြတ်တောက် သွားသည်ဆိုလျှင် ကမ္ဘောဇဘဏ်မှ ငွေချေးယူသူ၏ KBZPay Wallet Account သို့ ထိုသို့ငွေလွှဲပြောင်းမှု ပျက်ပြယ်ပြီးသည်နောက် အလုပ်ဖွင့်ရက်(၇)ရက်အတွင်း သို့မဟုတ် ကမ္ဘောဇဘဏ်၏ တစ်ဦးတည်း ဆုံးဖြတ်ချက်ဖြင့် ပြုလုပ်သည့် ပိုမိုရှည်ကြာမည့်ရက်အတွင်း ပြန်လည်ထည့်သွင်းပေးသွားမည်ဖြစ်သည်။ သို့ရာတွင် ထိုသို့သော ပျက်ပြယ်သွားသည့်ငွေလွှဲပြောင်းမှု သို့မဟုတ် မည်သည့်ပေးရန်ပမာဏမဆိုအား ပြန်လည် ထည့်သွင်းပေးခြင်း/ကြွေးဖော်ခြင်းများအတွက် ကမ္ဘောဇဘဏ်တွင်တာဝန်မရှိစေရ။

၁၃။ ကြိုတင်ငွေပေးချေခြင်း

ဇယား(က)တွင် ဖော်ပြထားသော အသေးစိတ်အချက်အလက်များအရ ငွေချေးယူသူမှ ရရှိသောချေးငွေများကို ကြိုတင်ငွေပေးချေခြင်းနှင့် တစ်စိတ်တစ်ပိုင်း ကြိုတင်ငွေပေးချေခြင်းဆိုင်ရာ  အခကြေးငွေများအားလုံးသည် သက်ဆိုင်လိမ့်မည်ဖြစ်ကြောင်း ငွေချေးယူသူမှ နားလည်ပြီး သဘောတူသည်။

၁၄။ ဖျက်သိမ်းခြင်း

က။   ငွေချေးယူသူဘက်မှဖျက်သိမ်းခြင်း – ငွေချေးယူသူသည် ကမ္ဘောဇဘဏ်သို့ စာဖြင့်ရေးသား အကြောင်းကြားပြီး မည်သည့်အချိန်တွင်မဆို ပေးဆပ်ရန်ကျန်ရှိသည့် ကြွေးမြီး၊ ငွေရင်း၊ အတိုး၊ စရိတ်စကနှင့် အခြားသောအခကြေးငွေများအပါအဝင် ကြွေးကျန်အားလုံးကို ပေးဆပ်၍ ဤသဘောတူညီချက်ကို ရပ်စဲနိုင် သည်။ ထိုသို့သဘောတူညီချက်အား ရပ်စဲရာတွင် ငွေချေးယူသူ၏ KBZPay Wallet Account နှင့် သက်ဆိုင် သည့် စုစုပေါင်းကြွေးကျန်အားလုံးကို ပေးချေမှုအား ကမ္ဘောဇဘဏ်က ရရှိပြီးနောက်မှသာလျှင် ရပ်စဲခြင်းသည် အကျိုးသက်ရောက်မှုရှိမည်ဖြစ်သည်။ မည်သို့ဖော်ပြစေကာမူ၊ ငွေချေးယူသူသည် သဘောတူစာချုပ် သက်တမ်းမပြည့်မီ ချေးငွေအားစောလျင်စွာပေးဆပ်လိုပါက ချေးငွေပေးဆပ်မှုကာလ (၆)လ ပြည့်ပြီးမှ သာလျှင် ပေးဆပ်မှုကို ပြုလုပ်နိုင်မည်ဖြစ်သည်။

ခ။    ကမ္ဘောဇဘဏ်ဘက်မှဖျက်သိမ်းခြင်း – ကမ္ဘောဇဘဏ်သည် ငွေချေးယူသူသို့ အကြောင်းကြားစာကို ပို့ပြီးသည်နှင့် ချက်ချင်းဤသဘောတူညီချက်ကိုရပ်စဲနိုင်သည် သို့မဟုတ် မည်သည့်အချိန်တွင်မဆို KBZPay ချေးငွေ ဝန်ဆောင်မှုအား အသုံးပြုမှုကိုကန့်သတ်နိုင်သည်။ ကမ္ဘောဇဘဏ်က ဤသဘောတူညီချက်အား ရပ်စဲသည်ဆိုလျှင် ငွေချေးယူသူ၏ KBZPay Wallet Account နှင့်သက်ဆိုင်သည့် စုစုပေါင်း ကြွေးကျန် အားလုံးသည် ချက်ချင်းရက်စေ့ရောက်မည်ဖြစ်ပြီး ချက်ချင်းပေးချေမှု ပြုလုပ်ရမည် ဖြစ်သည်။

၁၅။ ပျက်ကွက်မှုဖြစ်စဉ်

က။ အောက်တွင်ဖော်ပြထားသည့်အတိုင်း ပျက်ကွက်မှုဖြစ်စဉ်ဖြစ်ပေါ်သည်ဆိုလျှင် ငွေချေးယူသူ ၏ KBZPay Wallet Account နှင့်ပတ်သက်ပြီး ပေးဆပ်ရန်ရှိသည့် ကြွေးကျန်စုစုပေါင်းသည် ချက်ချင်း ပေးချေရန် ရက်စေ့ရောက်မည်ဖြစ်ပြီး ဘဏ်သည် ၎င်း၏တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ငွေချေးယူသူ၏ KBZPay Wallet Account ကို ရပ်စဲပိုင်ခွင့်ရှိကာ အောက်ပါ အတိုင်းဆောင်ရွက်ပိုင်ခွင့်ရှိသည် –

o   KBZPay Wallet Account ပိုင်ရှင် ပေးချေရမည်ဖြစ်သော စုစုပေါင်းကြွေးကျန်ကို ကောက်ခံရန်အတွက် ကြွေးမြီကောက်ခံရေးဌာနဖြစ်သည့် အခြားသောအုပ်စုနှင့် ဆက်သွယ်ခြင်း

o   မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ခွင့်ပြုထားသည်နှင့်အညီ ပေးရန်ရှိသည့်ပမာဏအား ပေးဆပ်မှုမရှိသည့်ကိစ္စနှင့်ပတ်သက်သည့် သတင်းအချက်အလက်ကို အစီရင်ခံခြင်း၊ တရားရေးစရိတ်အပါအဝင် ကမ္ဘောဇဘဏ်မှကျခံရမည့် အထက်ဖော်ပြပါ ကိစ္စရပ်ကို ဆောင်ရွက်ရခြင်းကြောင့်ပေါ်ပေါက်လာရသော ကျိုးကြောင်းဆီလျော်မှု ရှိသော ကုန်ကျစရိတ်နှင့်အသုံးစရိတ်အားလုံးသည် ငွေချေးယူသူ၏ KBZPay Wallet Account နှင့်သက်ဆိုင်သည့် ပေးရန်ရှိသည့် ကြွေးကျန်စုစုပေါင်း၏ အစိတ်အပိုင်းဖြစ်ခြင်း

ခ။  ဤသဘောတူညီချက်အတွက် အောက်ဖော်ပြပါဖြစ်စဉ်များအား “ပျက်ကွက်မှု” ဖြစ်စဉ်ဟု မှတ်ယူရမည် ဖြစ်သည် –

o   ချေးငွေပေးဆပ်မှုပြုလုပ်ရမည့် မည်သည့်ပမာဏကိုမဆို ပေးချေရမည့် ရက်စေ့ရောက်သည့် နေ့မှစ၍ ရက်ပေါင်း (၃၀) အတွင်း ပေးချေရန်ပျက်ကွက်ခြင်း

o   ဤသဘောတူညီချက်ပါ စည်းကမ်းသတ်မှတ်ချက်များအားလိုက်နာ ရန်ပျက်ကွက်ခြင်း

o   တိုက်ရိုက်မြီစားဆိုင်ရာညွှန်ကြားချက်များ၊ e-mandate သို့မဟုတ် အခြားသော ပေးချေမှု များ နှင့်/သို့မဟုတ် ငွေချေးယူသူလျှောက်ထားသည့် ကမ္ဘောဇဘဏ်သို့ ပေးအပ် ထားသော မည်သည့်ပေးချေမှုဆိုင်ရာအမြဲတမ်းအမိန့်ကိုမဆို လေးစားလိုက်နာမှု မရှိခြင်း

o   ငွေချေးယူသူ၏ KBZPay Wallet Account နှင့်ပတ်သက်ပြီး ငွေချေးယူသူကပေးအပ်သည့် မည်သည့်သတင်းအချက်အလက်မဆိုသည် မှားယွင်းပြီး လမ်းလွဲသွားခြင်း

o   ငွေချေးယူသူနှင့်ကမ္ဘောဇဘဏ်အကြားရှိနိုင်သည့် အခြားသော မည်သည့်သဘောတူညီချက် ကိုမဆို ဖောက်ဖျက်ခြင်း

o   ငွေချေးယူသူအတွက် လူမွဲစာရင်းကြေညာပေးရန်လျှောက်ထားမှုကို ထုတ်ပြန် လိုက်ခြင်း သို့မဟုတ် မည်သည့်မြီရှင်ကမဆို ငွေချေးယူသူ၏မည်သည့် ပိုင်ဆိုင်ပစ္စည်းမဆိုအား သိမ်းပိုက်ရန် မည်သို့သောကြိုးပမ်းမှုကိုမဆိုပြုလုပ်ခြင်း

ဂ။    မည်သည့်ပျက်ကွက်မှုဖြစ်စဉ်နှင့်မဆို ဆက်နွယ်ပြီး သက်ဆိုင်ရာဥပဒေအရ ကမ္ဘောဇဘဏ်ကရွေး ခြယ်သော မည်သည့်တရားစီရင်ပိုင်ခွင့်နယ်တွင်မဆို မည်သည့်တရားစွဲဆိုမှုသာဖြစ်သည်ဟု ကန့်သတ်ထားမှု မရှိသော်လည်း ယင်းတို့အပါအဝင်ဖြစ်သည့်၊ ကမ္ဘောဇဘဏ်ကလျော်ကန် သင့်မြတ်သည်ဟုယူဆသည့် မည်သည့်ဆောင်ရွက်ချက်ကိုမဆို ငွေချေးယူသူအပေါ်သို့ ကမ္ဘောဇဘဏ်အနေဖြင့် ဆောင်ရွက်ပိုင်ခွင့်ရှိသည်။

ဃ။   အထက်တွင်ဖော်ပြထားမှုများအား ထိခိုက်မှုမရှိစေဘဲ၊ ပျက်ကွက်မှုဖြစ်စဉ်ပေါ်ပေါက်ပြီ ဆိုသည်နှင့် ကမ္ဘောဇဘဏ်သည် ၎င်းတစ်ဦးတည်း၏ဆုံးဖြတ်ချက်ဖြင့် အောက်ပါအတိုင်း ဆောင်ရွက်နိုင်သည် –

o    ပျက်ကွက်မှုဖြစ်သည့် KBZPay Wallet Account ပိုင်ရှင်အား ပေးထားသည့် မည်သည့် ဝန်ဆောင်မှု ကိုမဆို ပေးရန်ငြင်းဆိုခြင်း သို့မဟုတ် မည်သည့်ဝန်ဆောင်မှုမျိုးကိုမဆို ရပ်စဲခြင်း

o    ကမ္ဘောဇ ဘဏ် နှင့် KBZPay တို့က ဆောင်ရွက်လျက်ရှိသော မည်သည့်ငွေစာရင်း၊ wallet သို့မဟုတ် အခြားငွေပေးချေမှုလုပ်ငန်းများ တွင်ပေါ်နေသော မည်သည့် ကြွေးကျန်ကိုမဆို KBZPay ကတိုက်ရိုက်မြီစားအဖြစ်ဆောင်ရွက်ခြင်း KBZPay အနေဖြင့် KBZ ဘဏ် နှင့် KBZPay တို့တွင် ဆောင်ရွက်လျက်ရှိသော မည်သည့်ငွေစာရင်း၊ wallet သို့မဟုတ် ငွေပေးချေခြင်းအတွက် အသုံးပြုသည့် အခြား platform ပေါ်တွင်ရှိသည့် လက်ကျန်ငွေပမာဏမှ တိုက်ရိုက်နှုတ်ယူနိုင်ခြင်း။

င။    ပျက်ကွက်မှုဖြစ်သည့် KBZPay Wallet Account ပိုင်ရှင်၊ ငွေချေးယူသူသည် ဘဏ်၏ဝန်ထမ်းဖြစ်သည်ဆိုပါက ပျက်ကွက်မှုဖြစ်စဉ်ဖြစ်ပေါ်သည်နှင့် ကမ္ဘောဇဘဏ်သည် မိမိတစ်ဦးတည်း၏ ဆုံးဖြတ်ချက်ဖြင့်                 (၁) ထိုဝန်ထမ်း ချေးငွေ ပေးချေရန်ရှိသော မည်သည့်ပမာဏအတွက်မဆို (ဝန်ထမ်း၏ရပိုင်ခွင့်အဖြစ် သတ်မှတ်ထားသည့် လစာ၊ အခ၊ ဝန်ဆောင်ခ၊ ဆုကြေး၊ အကျိုးအမြတ် သို့မဟုတ် အခြားသော ရပိုင်ခွင့်ဟု သတ်မှတ်ထားသည့် မည်သည့် ခေါင်းစဉ်အောက်မှမဆို) နှုတ်ယူခွင့်ရှိခြင်း (၂) ထိုသို့နှုတ်ယူရာတွင် သက်ဆိုင် ရာ သတ်မှတ်ပြဌာန်းထားသည့် ဥပဒေနှင့်အညီ ချေးငွေ ပမာဏပေါ်တွင် ရှိနေသော စုစုပေါင်းကြွေးကျန် ပမာဏအား နှုတ်ယူခွင့်ရှိပြီး ထိုနှုတ်ယူလိုက်သောပမာဏကို  KBZPay သို့ လွှဲပြောင်းပေးခြင်းအား ဆောင်ရွက်ပိုင်ခွင့်ရှိသည်။

စ။ ကမ္ဘောဇဘဏ်လီမိတက်မှ သုံးစွဲခွင့်ပြုသည့် ကိုယ်ပိုင်ချေးငွေကို‌ ချေးငွေအရင်းနှင့် ကျသင့်သော အတိုးများကို ချေးငွေရယူထားသူမှ ပြန်လည်ပေးဆပ်ရန် ပျက်ကွက်သဖြင့် တရားစွဲဆိုတောင်းခံရသော ကိစ္စများပေါ်ပေါက်လာပါက တရားစွဲဆိုမှုကုန်ကျမည့် စရိတ်များအတွက် ငွေချေးယူသူတွင် တာဝန်ရှိကြောင်းကို သိရှိသဘောတူပါသည်။

ဆ။ ချေးငွေရယူထားသူသည် ချေးငွေပြန်လည်ပေးဆပ်ရန် ပျက်ကွက်ပါက ပေးဆပ်ရန်ကျန်ရှိသည့် ကြွေးမြီ၊ ငွေရင်း၊ အတိုး၊ စရိတ်စကနှင့် အခြားအခကြေးငွေများအပါအဝင် ကြွေးကျန်အားလုံးကို ချေးငွေရယူထားသူ၏ အမွေစားအမွေခံများ၊ ကိုယ်စားလှယ်လွှဲအပ်ထားသူများနှင့် ဆက်ခံသူတစ်ဦးဦးထံမှ တောင်းခံမည်ကို သိရှိသဘောတူပါသည်။

ဇ။ အောက်ဖေါ်ပြပါ အခြေအနေများထဲမှ တစ်ချက် (သို့မဟုတ်) တစ်ချက်ထက်ပို၍ ဖြစ်ပေါ်ပါက ကမ္ဘောဇဘဏ်အနေဖြင့် ငွေချေးယူသူမှ ပေးဆပ်ရန်ကျန်ရှိသေးသည့် ချေးငွေအားလုံးနှင့်အတူ ပေးချေခြင်းမပြုရသေးသည့်ချေးငွေလက်ကျန်အပြည့်အဝကို ကျသင့်ငွေများ၊ အခများ၊ ဒဏ်ကြေးများ၊ အတိုးများနှင့် အရင်းများကို ချေးငွေသက်တမ်းစေ့ရောက်ခြင်းမရှိမီ တောင်းခံပိုင်ခွင့်ရှိသည်။

(က) ချေးငွေယူသူမှ ဤသဘောတူညီချက်နှင့်အညီ ပေးဆပ်ရန်ကျန်ရှိသေးသော ချေးငွေပမာဏအား ပေးဆပ်မှု မပြုလုပ်ခြင်း၊

(ခ) ချေးငွေယူသူမှ ဤသဘောတူညီချက်အတိုင်း လိုက်နာရမည့် ၎င်း၏တာဝန်များအား မလိုက်နာခြင်း၊

(ဂ) ဤသဘောတူညီချက်အရ ချေးငွေယူသူအတွက် သတ်မှတ်ထားသော ကိုယ်စားပြုမှု၊ အာမခံချက် (သို့) ထုတ်ပြန်ချက်များ ကို မမှန်မကန်တင်ပြခြင်း (သို့)လွဲမှားစွာတင်ပြခြင်း။

၁၆။ တိုက်ရိုက်မြီစားညွှန်ကြားချက်ကို အလေးမထားခြင်း

ငွေချေးယူသူသည် ပမာဏအပြည့်အဝကိုအလေးထားခြင်းမရှိဘဲ မည်သည့်တိုက်ရိုက်မြီစားပေးချေမှုမျိုးကို မဆို ကမ္ဘောဇဘဏ်သို့လွှဲပေးသည်ဖြစ်စေ သို့တည်းမဟုတ် ထိုသို့သောလွှဲပြောင်းမှုကိုဖြစ်ပေါ်စေသည် ဖြစ်စေ ထိုသို့သော ပေးချေမှုတစ်ခုစီအတွက် ဌာနတွင်းအုပ်ချုပ်မှုစရိတ်ကိုကာမိစေရန်ဆောင်ရွက်သည့်အနေဖြင့် သင့်တင့် လျောက်ပတ်သည့်ပမာဏကို ကမ္ဘောဇဘဏ်က ငွေစာရင်းပိုင်ရှင်အားကျခံစေနိုင်သည်။ ထို့အပြင် သက်ဆိုင်ရာဥပဒေများအရ ကမ္ဘောဇဘဏ်သည် ငွေချေးယူသူအား သင့်တော်သလို အရေးယူဆောင် ရွက်ပိုင်ခွင့်ရှိသည်။ လက်ရှိအားဖြင့် ငွေလွှဲ ပြောင်းမှုတစ်ခုချင်းစီအတွက် ကောက်ခံသည့် အခမှာ ကျပ် ၂၀၀၀/ ဖြစ်သည်။ သာမန် ဖြစ်ရိုးဖြစ်စဉ် မဟုတ်သော ငွေပေးချေမှုများ အပေါ်တွင် အခကြေးငွေ ကောက်ခံမှုကို ကမ္ဘောဇဘဏ်မှ အချိန်နှင့် တပြေးညီ ပြောင်းလဲနိုင်သည်။

၁၇ ။ ငွေချေးယူသူသေဆုံးခြင်း

ငွေချေးယူသူမှ ကမ္ဘောဇဘဏ်သို့ငွေပေးချေခြင်းသည် လိုအပ်သောငွေပမာဏနှင့် မပြည့်မှီပါက ကမ္ဘောဇဘဏ် အား ငွေချေးယူသူ သေဆုံးခြင်းအတွက် ရထိုက်ခွင့်ရှိသည့် အာမခံငွေဖြင့် ပြန်လည်ပေးရမည်ဖြစ်သည်။ (ထိုကိစ္စရပ်မျိုးတွင် ကမ္ဘောဇဘဏ်မှသည် ငွေချေးယူသူကိုယ်စား အကျိုးခံစားခွင့်ရှိသူအဖြစ် ကိုယ်စားပြုသည်)။

၁၈။   ရပ်စဲခြင်း    

အကြောင်းပြချက်တစ်စုံတစ်ရာရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ကမ္ဘောဇဘဏ်သည် ဘဏ်၏ချေးငွေ ဝန်ဆောင်မှုအား ငွေချေးယူသူကအသုံးချပိုင်ခွင့်ကို ရပ်စဲနိုင်သည်။ ကမ္ဘောဇဘဏ်အနေဖြင့်ထိုသို့ရပ်စဲမှုကို ပြုလုပ်သည်ဆိုပါက ဤသဘောတူညီချက်အရလည်းကောင်း၊ သက်ဆိုင်ရာဥပဒေအရ လည်းကောင်း မည်သည့် အခွင့်အရေးကိုမျှ ဆုံးရှုံးမှုမရှိစေရ။

၁၉။ ကြွေးမြီလွှဲပြောင်းခြင်း

ကမ္ဘောဇဘဏ်သည် ငွေချေးယူသူ၏ ကြွေးကျန်စာရင်းနှင့်ရက်စေ့ရောက်နေပြီဖြစ်သော ကြွေးမြီများအား တစ်စိတ်တစ်ဒေသကိုဖြစ်စေ၊ အားလုံးကိုဖြစ်စေ ငွေချေးယူသူဟုသာ ကန့်သတ်ထားမှုမရှိဘဲ ကမ္ဘောဇဘဏ် ကရွေးချယ်သည့် မည်သည့်အခြားသောအုပ်စုထံသို့မဆို လွှဲပြောင်းခြင်း၊ တာဝန်ပေးခြင်းနှင့် မည်သည့်နည်းလမ်းဖြင့်မဆို ရောင်းခြင်းများ ပြုလုပ်ပိုင်ခွင့်ရှိသည်။ ထိုသို့ရောင်းချမှု၊ တာဝန်ပေးအပ်မှု သို့မဟုတ် လွှဲပြောင်းပေးမှုများရှိနေလင့်ကစား၊ ကမ္ဘောဇဘဏ်သည် ထိုသို့သော ဝယ်ယူသူ၊ တာဝန်ပေးခြင်း ခံရသူ၊ မြီရှင် နှင့် ပူးတွဲ၍ဖြစ်စေ၊ သီးခြားစီဖြစ်စေ ငွေချေးယူသူထံမှကြွေးကျန် များအား ပြန်လည်ရရှိနိုင်ရေး အတွက် ငွေချေးယူသူအား တိုက်ရိုက်တရားစွဲနိုင်ခွင့်ရှိသည်။

၂၀။ ပြုပြင်မွမ်းမံခြင်း

ကမ္ဘောဇဘဏ်သည် ဤသဘောတူညီချက်ပါ ချေးငွေနှင့်ပတ်သက်၍ သတ်မှတ်ထားသော စည်းမျဉ်း စည်းကမ်းများအား ကမ္ဘောဇဘဏ်၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ပြောင်းလဲပိုင်ခွင့်ရှိပြီး KBZPay Wallet Account ပိုင်ရှင်ဖြစ်သည့် ငွေချေးယူသူအား ပေးထားသည့် မူဝါဒ၊ သွင်ပြင်လက္ခဏာနှင့် အကျိုးအမြတ်များ အား သက်ဆိုင်ရာဥပဒေအရ ငွေချေးယူသူထံသို့ အသိပေးပြီး မည်သည့်အချိန်တွင်မဆို ပြင်ဆင်ပိုင်ခွင့်ရှိသည်။ ထိုသို့အသိပေးချက်အား ထုတ်ပြန်ပေးပြီးသည်နောက် ငွေချေးယူသူအနေဖြင့် KBZPay Wallet Mobile Application အား ဆက်လက်၍အသုံးပြုခြင်းသည် ထိုသို့သောအပြောင်းအလဲ ပြုလုပ်ခြင်းကို သဘောတူ သည်ဟု မှတ်ယူရမည်။ ငွေချေးယူသူအနေဖြင့် ဤသဘောတူညီချက်တွင် ပြုလုပ်သည့် မည်သည့် အပြောင်းအလဲကိုမဆို လက်ခံသဘောတူခြင်းမရှိပါက အပိုဒ် ၁၄။ က။ အရ ငွေချေးယူသူအနေဖြင့် ဤသဘောတူညီချက်ကို ရပ်စဲနိုင်သည်။ ငွေချေးယူသူအနေဖြင့် ကျခံရမည်ဖြစ်သော အခအားလုံးအတွက် လည်းကောင်း၊ ဤစာရင်းအရ တာဝန်ရှိသော ကတိကဝတ်များအတွက်လည်းကောင်း KBZPay  ချေးငွေကို ပြီးပြတ်သည်အထိ ရှင်းလင်းပြီးသည်အထိ တာဝန်ရှိမည်ဖြစ်သည်။

၂၁။ ကိုယ်စားပြုခြင်းနှင့်အာမခံခြင်းများ

KBZPay Wallet Account ပိုင်ရှင်ဖြစ်သည့် ငွေချေးယူသူသည် အောက်တွင်ဖော်ပြထားသည့်အတိုင်း ဤသဘောတူညီချက်ကို လက်မှတ်ရေးထိုးသည့်နေ့မှစ၍ ကမ္ဘောဇဘဏ် အား ကိုယ်စားပြုပြီး အာမခံသည် –

က။   KBZPay Wallet Account ပိုင်ရှင်ဖြစ်သည့် ငွေချေးယူသူသည် ဤသဘောတူညီချက်အား လက်မှတ်ရေးထိုးရန် လုပ်ပိုင်ခွင့် အပြည့်အဝရှိသူဖြစ်သည်။

ခ။    ဤသဘောတူညီချက်အား KBZPay Wallet Account ပိုင်ရှင်က လက်မှတ်ရေးထိုး၊ ဆောင်ရွက်၊ အကောင်အထည်ဖော်၊ အထမြောက်အောင် ဆောင်ရွက်ခြင်းသည် မည်သည့်သက်ဆိုင်ရာ ဥပဒေများအရ လည်းကောင်း၊ KBZPay Wallet Account ပိုင်ရှင်ဖြစ်သူက သဘောတူလက်မှတ်ရေးထိုးထားသည့် စာချုပ်များ နှင့် လည်းကောင်း ဝိရောဓိဖြစ်မှု၊ ချိုးဖောက်မှု၊ သို့မဟုတ် ချိုးဖောက်မှုကိုဖြစ်စေမှု သို့မဟုတ် ပျက်ကွက်မှုကိုဖြစ်စေမှုများမရှိပါ။

၂၂။ ငွေချေးယူသူနှင့်ဆက်သွယ်ခြင်း

က။   ဤသဘောတူညီချက်တွင်ပြုလုပ်သည့် အပြောင်းအလဲများနှင့်ပတ်သက်ပြီး အသိပေး အကြောင်း ကြားမှု အပါအဝင် အသိပေးအကြောင်းကြားမှု၊ ထုတ်ဖော်ပြောဆိုမှုနှင့် အခြားသော ဆက်သွယ်မှု အားလုံး (စုပေါင်း၍ “ဆက်သွယ်မှုများ”) သည် ကမ္ဘောဇဘဏ်၏ တစ်ဦးတည်းသဘောဖြင့် in-App notifications, text messages (SMS) မှလည်းကောင်း၊ KBZPay Wallet Account နှင့်ဆက်နွယ်ပြီးပေးထားသည့် အီးမေးလ် လိပ်စာမှလည်းကောင်း ငွေချေးယူသူ ထံသို့ဆက်သွယ်သွားမည်ဖြစ်သည်။ ကမ္ဘောဇဘဏ်ကပြုလုပ်သည့် မည်သည့်ဆက်သွယ်မှုမဆိုသည် အထက်တွင်ဖော်ပြထားသည့် ဆက်သွယ်မှုနည်းလမ်းများအားဖြင့် အီလက်ထရောနစ် နည်းဖြင့်ပြလုပ်ပြီးဆိုသည်နှင့် ထိုဆက်သွယ်မှုကိုဆောင်ရွက်ပြီးဖြစ်သည်ဟုမှတ်ယူရမည်။

ခ။ ငွေချေးယူသူ၏ သတင်းအချက်အလက်(နေရပ်လိပ်စာ၊ အလုပ်ရှင်အမည်၊ KBZPay Wallet Account ဖုန်းနံပါတ်၊ အီးမေးလ်လိပ်စာ၊ ဘဏ်စာရင်း၊ အမျိုးသားမှတ်ပုံတင်အမှတ်) အစရှိသည်တို တစ်စုံတစ်ရာပြောင်းလဲ၊ ပျက်စီး၊ ပျောက်ဆုံးမှုရှိပါက ငွေချေးယူသူသည် ကမ္ဘောဇဘဏ်သို့ ချက်ချင်း အကြောင်းကြားပေးရမည်ကို သိရှိသဘောတူပါသည်။

၂၃။ ဘဏ်၏ရပိုင်ခွင့်များအားစွန့်လွှတ်မှုမရှိခြင်း

ကမ္ဘောဇဘဏ်မှ ဤသဘောတူညီချက်ပါ မည်သည့်အခွင့်အာဏာ သို့မဟုတ် အခွင့်အရေးအား ကျင့်သုံးမှုမရှိခြင်း၊ ကျင့်သုံးရန်နှောင့်နှေးခြင်း သို့မဟုတ် ကျင့်သုံးရန်ပျက်ကွက်ခြင်းသည် ထိုသို့သော အခွင့်အာဏာ သို့မဟုတ် အခွင့်အရေးအားစွန့်လွှတ်ခြင်းဟု မှတ်ယူခြင်းမရှိစေရ။ ထိုသို့သော အခွင့် အာဏာ သို့မဟုတ် လုပ်ပိုင်ခွင့်တစ်ခုချင်းစီကိုဖြစ်စေ၊ တစ်စိတ်တစ်ဒေသကိုဖြစ်စေ ကျင့်သုံးခြင်း သည် အခြားသော ကျင့်သုံးမှု သို့မဟုတ် မည်သည့်အခွင့်အာဏာ သို့မဟုတ် လုပ်ပိုင်ခွင့်ကို အဟန့် အတားမဖြစ်စေရ။

၂၄။ လျော်ကြေးပေးခြင်းနှင့် တာဝန်ယူမှုကန့်သတ်ချက်

က။   ငွေချေးယူသူဘက်က ဤသဘောတူညီချက်ပါ စည်းကမ်းသတ်မှတ်ချက်များအား ချိုးဖောက်ခြင်း၊ သို့မဟုတ် ငွေချေးယူသူ၏ KBZPay Wallet Account  ကို အလွဲသုံးစားပြုလုပ်ခြင်း၊ လျစ်လျူရှုခြင်း၊ တလွဲဆောင်ရွက်ခြင်းကြောင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ကမ္ဘောဇဘဏ်အနေဖြင့် ကျခံရမည့်၊ ဆုံးရှုံးရမည့်၊ ခံစားရမည့် အပြည့်အဝကျခံပေးရမည့် တရားစရိတ်အပါအဝင် ပျက်စီးမှု၊ တာဝန်ရှိမှု၊ ဆုံးရှုံးမှု၊ ကုန်ကျစရိတ် နှင့် အသုံးစရိတ်များနှင့်စပ်လျဉ်းပြီး ကမ္ဘောဇဘဏ်အား အရေးဆိုခြင်း၊ တောင်းဆိုခြင်း၊ အရေးယူဆောင်ရွက်ခြင်း နှင့် တရားစွဲဆိုခြင်းများ နှင့်/သို့မဟုတ် ဤသဘောတူညီချက်နှင့် စပ်လျဉ်းပြီး ပေါ်ပေါက်လာရသော အခြားသောဆောင်ရွက်ချက်၊ အကြောင်းအရာ သို့မဟုတ် အဖြစ်အပျက်အတွက် ငွေချေးယူသူက ပေးလျော်ရမည်ဖြစ်ပြီး မိမိတို့အား အပြည့်အဝ လျော်ကြေးပေးရမည်။

ခ။    KBZPay ချေးငွေဝန်ဆောင်မှုအား အသုံးပြုခြင်းကြောင့်ဖြစ်စေ၊ မအောင်မြင်သော ငွေလွှဲပြောင်းမှု၊ Application ကျသွားမှု၊ လုပ်ပုံမှားယွင်းမှု၊ ကွန်ယက် တစ်စိတ်တစ်ပိုင်း သို့မဟုတ် အလုံးစုံပျက်စီးမှု၊ အချက်အလက်ထုတ်ယူမှုစနစ် ချွတ်ယွင်းမှု၊ ကွန်ပျူတာတာဆက်သွယ်မှုစနစ် သို့မဟုတ် တယ်လီဖုန်း ဆက်သွယ်မှုစနစ်ချွတ်ယွင်းမှု သို့မဟုတ် အခြားသောအကြောင်းများကြောင့်ဖြစ်စေ၊ ကမ္ဘောဇဘဏ် သို့မဟုတ် အထက်ပါစနစ်များနှင့် ပတ်သက်သည့် မည်သည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းကမဆို ထိန်းချုပ်နိုင်သည် ဖြစ်စေ၊ ထိန်းချုပ်နိုင်ခြင်းမရှိသည်ဖြစ်စေ ပေါ်ပေါက်လာရသည့် မည်သည့် ပျက်စီးမှု၊ ဆုံးရှုံးမှုကြောင့်မဆို KBZPay Wallet Account  ပိုင်ရှင် အနေဖြင့် မည်သို့ခံစားရသည်ဖြစ်စေ ကမ္ဘောဇဘဏ်တွင် တာဝန်မရှိစေရ။

၂၅။ လွှမ်းမိုးသောဥပဒေ

ဤသဘောတူညီချက်အား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ ဥပဒေများအရ အနက်ဖွင့်ဆိုရမည်။ စာချုပ်ဝင်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ စီရင်ပိုင်ခွင့်ရှိ တရားရုံးများတွင် မည်သည့်စီရင်ပိုင်ခွင့်တွက်မဆို အပြီးသတ်ဆုံးဖြတ်ချက်ကို ခံရယူရမည်ဖြစ်သည်။

၂၆။ ဆက်လက်အသက်ဝင်ခြင်း

ဤသဘောတူညီချက်ပါ ပြဌာန်းချက်သည် သီးခြားသက်ရောက်မှုရှိသည်။ ဤသဘောတူညီချက်ပါ ပြဌာန်းချက်တချို့သည် ဥပဒေနှင့်မညီခြင်း၊ ခိုင်မာမှုမရှိခြင်း၊ ဥပဒေနှင့်အညီဆောင်ရွက်ရန် အာနိသင် မရှိခြင်းတို့ ဖြစ်ပေါ်လာလျှင် ယင်းပြဌာန်းချက်သာလျှင် ပျက်ပြယ်မည်ဖြစ်ပြီး ကျန်ပြဌာန်းချက်များသည် ဥပဒေအရခိုင်မာမှု၊ တည်မြဲမှု၊ အကျိုးသက်ရောက်မှုရှိစေမည်ဖြစ်သည်။

၂၇။ ကန့်သတ်မှုသက်တမ်းကုန်ဆုံးခြင်း

ကိုယ်ပိုင်ချေးငွေ အတွက် ကမ္ဘောဇဘဏ်က ငွေချေးယူသူထံသို့ ပေးထားသည့် ကန့်သတ်ချက်သည် စတင် ထုတ်ပေးသည့်နေ့မှ တစ်လအတွင်း ကုန်ဆုံးမည်ဖြစ်သည်။

၂၈။ ထပ်ဆင့်သဘောတူညီချက်

ငွေချေးယူသူသည် ကမ္ဘောဇဘဏ်မှ ချေးငွေရယူခြင်းနှင့်စပ်လျဉ်းပြီး မိမိတို့နှင့် သက်ဆိုင်သည့် ချေးငွေဆိုင်ရာသတင်းအချက်အလက် များ၊မှတ်တမ်းများ၊ ဘဏ်စာရင်းဆိုင်ရာအချက်အလက်များ စသည့် မည်သည့်သတင်းအချက်အလက်များကိုမဆို ချေးငွေလျှောက်ထားမှုဆိုင်ရာ လိုအပ်ချက်အရ သော်လည်းကောင်း၊ စည်းမျဉ်းဆိုင်ရာ လိုအပ်ချက်အရ သော်လည်းကောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ မြန်မာ့ချေးငွေသတင်း အချက်အလက်ဌါန နှင့် မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ပေးပို့ရန် ညွှန်ကြားလာသော အဖွဲ့အစည်းများထံသို့ ဖုန်း၊အီးမေးလ်၊စာတိုပေးပို့ခြင်း (သို့) အခြားဆက်သွယ်ရေးလမ်းကြောင်းများအသုံးပြုပြီး ကျွန်တော်တို့၏ခွင့်ပြုချက် တောင်းခံရန်မလိုဘဲ လုပ်ငန်းလိုအပ်ချက်အတိုင်း အလျဉ်းသင့်သလိုဘဏ်မှ အသိပေးထုတ်ပြန်နိုင်သည်ဟု သဘောတူပါသည်။

ဇယား (က)

အတိုးနှုန်း၊ အခနှင့် နောက်ကျကြေးဆိုင်ရာအသေးစိတ်အချက်အလက်များ

ပုံစံအခ
လျှောက်လွှာခဘဏ်၏မူဝါဒအတိုင်းဖြစ်သည်။ (ကြိုတင်ပေးသွင်းခြင်းရွေးချယ်ရန်)
နောက်ကျကြေး၂၀၀၀ ကျပ် (လစဉ်ပေးချေရမည့်နေ့တွင်ပေးချေရန်ပျက်ကွက်ခြင်း)
ပျက်ကွက်မှုအတိုး (ငွေချေးယူသူ ၏ပျက်ကွက်မှုကြောင့်ဖြစ်လျှင်)တစ်နှစ်လျှင် ၁၂%
ကြိုတင် ငွေပေးချေခြင်းနှင့် ကြိုတင်အကောင့်ပိတ်သိမ်းခြင်းက။ ချေးငွေရယူပြီးနောက် ၆ လအတွင်း ဆောလျင်စွာစာရင်းပိတ် ခြင်းမပြုရ။ခ။ ချေးငွေအားထုတ်ပေးပြီးနောက် (၆လ နောက်ပိုင်း) ချေးငွေ တင်ကြိုစာရင်းပိတ်လျှင် ကြွေးကျန် အားလုံး၏ အတိုးနှုန်း ၃%ဂ။ လက်ရှိ လစဉ်ကြွေးကျန်ပမာဏထက် ပိုသော မည်သည့် ပေးချေမှုမျိုးကို မဆို  ငွေချေးယူသူမှ ပေးချေလျှင် အတိုး ၃% ကောက်ခံခြင်း။
အတိုးနှုန်းတစ်နှစ်လျှင် ၁၄.၅%တစ်လလျှင် ၁.၂၁%

ဤသဘောတူညီချက်ပါ စည်းမျဉ်းစဉ်းကမ်းသတ်မှတ်ချက်များသည် စာချုပ်ပါ သက်ဆိုင်ရာ ပုဂ္ဂိုလ်များ သာမက ၎င်းတို့၏ အမွေခံများ၊ ကိုယ်စားလှယ်များ၊ လွှဲအပ်ထားသူများနှင့် ဆက်ခံသူ အားလုံး တို့အပေါ်လည်း စည်းနှောင်အကျိုးသက်ရောက်မှုရှိစေရမည်။

ဤသဘောတူညီချက်သည် ငွေချေးယူသူမှ လက်မှတ်ရေးထိုးသည့်နေ့ရက်မှ စတင်၍ အကျိုးသက်ရောက် မည် ဖြစ်ပြီး ချေးငွေပေါင်းစုပမာဏအားလုံးနှင့် ချေးငွေကြိုတင်ပြန်လည်ပေးဆပ်ခြင်း အပေါ် ပေးဆပ်ရမည့်ငွေ (ရှိလျှင်) အားလုံးတို့ကို အပြီးအပြေပေးဆပ်ပြီးသည့်နေ့ရက်အထိ အကျုံးဝင် သက်ဆိုင်မည်ဖြစ်သည်။