Pay with KBZPay at MYANWEN Dat Shin Event Cupon Terms & Conditions

၁။“မြန်ဝမ်ဓါတ်ရှင်ပွဲမှာ KBZPayနဲ့ရှင်းမယ်” Cupon သက်တမ်းသည် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီ လ (၂၂) ရက်နေ့မှ   ၂၀၂၅ခုနှစ် ဖေဖော်ဝါရီ လ (၂၃) ရက်နေ့ ရက်နေ့အထိသာဖြစ်ပါသည်။

၂။     “မြန်ဝမ်ဓါတ်ရှင်ပွဲမှာ KBZPayနဲ့ရှင်းမယ်” Coupon ၏ရည်ရွယ်ချက်မှာ KBZPay Level 2 အသုံးပြုသူအားလုံး များ အနေဖြင့် KBZPay အသုံးပြု၍ “ မြန်ဝမ်ဓါတ်ရှင်ပွဲ”ရှိ အရောင်းဆိုင်များတွင် QR Code ငွေပေးချေမှုများ ပြုလုပ်ခြင်းဖြင့်  Spin Wheel မှ အမှတ်တရလက်ဆောင်များနှင့်နှင့် (၃)သိန်းကျပ်ဆုကြီး – (၄) ဆုကို ကံထူးနိုင်ရန် ဖြစ်ပါသည်။ 

၃။ KBZPay Customer များအားလုံး သည် KBZPay အသုံးပြု၍ အစီအစဉ်ကာလ အတွင်း   “မြန်ဝမ်ဓါတ်ရှင်ပွဲ”ရှိ သတ်မှတ်ထားသောအရောင်းဆိုင်များတွင် အနည်းဆုံးငွေပမာဏ ၂၀,၀၀၀ ကျပ်ဖိုးဝယ်ယူပြီး QR Code ငွေပေးချေခြင်းဖြင့် KBZPay sticker များစုဆောင်းရန် ကံစမ်းမဲကူပွန်ကို ရရှိနိုင်မည်ဖြစ်ပါသည်။

၄။ “မြန်ဝမ်ဓါတ်ရှင်ပွဲ”ရှိ သတ်မှတ်ထားသောအရောင်းဆိုင်များတွင်  QR Code ငွေပေးချေခြင်း တစ်ကြိမ်ပြုလုပ်တိုင်း ၂၀,၀၀၀ ကျပ်လျှင် စတစ်ကာတစ်ခုနှုန်းဖြင့် ပွဲစဉ်အတွင်းရှိ KBZPay ကောင်တာတွင်  KBZPay sticker များရယူစုဆောင်းနိုင်မည် ဖြစ်သည်။ 

၅။ KBZPay Photo Booth တွင်ဓါတ်ပုံရိုက်၍လည်း စတစ်ကာစုဆောင်းနိုင်မည်ဖြစ်ပြီး တစ်ဦးလျှင် KBZPay စတစ်ကာ (၁)ခုသာ Photo Booth မှ ရယူနိုင်မည်ဖြစ်သည်။

၆။ ကူပွန်တွင် Sticker (၅)ခုပြည့်တိုင်း Spin Wheel တစ်ကြိမ်လှည့်၍ အမှတ်တရလက်ဆောင်များကိုချက်ချင်း  ကံစမ်းနိုင်မည့်အပြင်   (၃)သိန်းကျပ် ဆုကြီး- (၄) ဆု ကံစမ်းခွင့်ကိုပါရရှိနိုင်မည်ဖြစ်သည်။

၇။ Customer တစ်ဦးလျှင် အများဆုံး Coupon (၅) ခုအထိ sticker များစုဆောင်းကာ အစီအစဉ်တွင် ပါဝင်နိုင်မည်ဖြစ်သည်။

၈။“မြန်ဝမ်ဓါတ်ရှင်ပွဲမှာ KBZPayနဲ့ပေးမယ်” (QR Payment) Cupon Spin Wheel မှ ဆုမဲများမှာ အောက်ပါ အတိုင်းဖြစ်ပါသည်။

  1. Tote bag
  2. Water bottle 
  3. Notepad 
  4. Pen
  5. Thank you 

၉။အထူးဆု ကံစမ်းမဲ (၃)သိန်း ကျပ်အား ကံစမ်းနိုင်ရန်  ကူပွန်နောက်ကျောတွင် မိမိ အမည်၊ မှတ်ပုံတင်အမှတ်၊ KBZPay account ဖွင့်ထားသော ဖုန်းနံပါတ်တို့ကို ထည့်သွင်းကာ ကံစမ်းမဲပုံးသို့ ထည့်ရပါမည်။

၁၀။ဆုမဲများကို အစီအစဉ်ပြီးဆုံးသွားမှသာ သတ်မှတ်ထားသော ရုံးဖွင့်ရက်ကာလများအတွင်း မဲဖောက်ကြေငြာပေးသွားမည်ဖြစ်သည်။

၁၁။အထူးဆုမဲများကို ကူပွန်တွင်ပါရှိသော KBZPay Account ထဲသို့ ဆုမဲကြေငြာပြီး ရုံးဖွင့်ရက် ၇ ရက်အတွင်း တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်သည်။

 ၁၂။ KBZPay ဝန်ထမ်းများသည် campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး OTP, PIN သို့မဟုတ် KBZPay account နှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၁၃။ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး  ကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay က ပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၄။ အထူးဆုရရှိသူများသည် မိမိ၏ ဆုကို တစ်ခြားသူအား လွှဲပြောင်းပေးခွင့်မရှိပါ။   

၁၅။ ဆုရရှိသူများနှင့် KBZPay တို့အကြားပေါ်ပေါက်သည့် မည်သည့်အငြင်းပွားမှုမဆို ရှိခဲ့လျှင် KBZPay တစ်ဦးတည်း၏အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။

၁၆။တစ်ဖက်သတ်ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊   ဤစည်းကမ်းသတ်မှတ်ချက်များ အရလည်းကောင်း customer များအနေဖြင့် မည်သည့်လျော်ကြေးကိုမျှခံစားပိုင်ခွင့်မရှိပါ။

၁၇။KBZPay သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်ကြိုတင်အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် ဆုကြေးကိုရုပ်သိမ်းခွင့် နှင့်/သို့မဟုတ် ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအားပြောင်းလဲခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၁၈။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။