KBZPay ဈေးဝယ်ချေးငွေ

0% အတိုး (အတိုးမဲ့) ဖြင့် Samsung Product များကို စျေးဝယ် ချေးငွေဖြင့် ဝယ်ယူခြင်း

ဈေးဝယ်ချေးငွေဖြင့် KBZPayမှ ချေးငွေရယူပြီး သင့်အနေနဲ့ လိုအပ်သောပစ္စည်းကို တစ်နိုင်တစ်ပိုင် ဝယ်ယူနိုင်မည်ဖြစ်ပါတယ်။ သက်တောင့်သက်သာဖြစ်သော လစဉ်ငွေပေးချေမှုအစီအစဉ်ကြောင့်လည်း သင့်ရဲ့လိုအပ်ချက်နဲ့ကိုက်ညီစွာ ချေးငွေကို အရစ်ကျပြန်လည်ပေးဆပ်နိုင်မှာဖြစ်ပါတယ်။ 

သင့်စိတ်ကြိုက် ဝယ်ယူလိုသည့် Samsung ပစ္စည်းများဖြစ်သော မိုဘိုင်းဖုန်း/ တီဗွီ/ အဝတ်လျှော်စက်/ရေခဲ‌သေတ္တာ တို့ကို  KBZPay အက်ပလီကေးရှင်းတွင်  ရွေးချယ်ပြီး KBZPay ဈေးဝယ်ချေးငွေနှင့် ဒီနေ့ပဲ အတိုးမဲ့ဝယ်ယူနိုင်ပါပြီ။

လိုအပ်သော စာရွက်စာတမ်းအထောက်အထား
  • နေထိုင်ကြောင်းရပ်ကွက်ထောက်ခံစာ (၁လထက်မကျော်သော)
  • လစဉ်ဝင်ငွေ အနည်းဆုံး ၁၅၀,၀၀၀ ကျပ်ရှိသူ
  • မီတာစာရွက်
  • လစာစလစ် (သို့) HR မှ လွန်ခဲ့သော ၃လအတွင်း လစာ ထောက်ခံချက်
  • သင်မှတ်ပုံတင်ထားသည့်လိပ်စာမှ selfie (ယင်းကိုလျှောက်လွှာတင်သည့်အချိန်တွင် ဆောင်ရွက်ရမည်)
အကျိုးကျေးဇူးများ
  • ၀% အတိုး (အတိုးမဲ့)ဖြင့်ချေးငွေရယူနိုင်ခြင်း
  • လက်ငင်းငွေပေးချေရန်မလိုအပ်ခြင်း
  • သက်တောင့်သက်သာရှိသည့် ချေးငွေပြန်လည်ပေးဆပ်မှုကာလအပိုင်းအခြား
  • မိုဘိုင်း ပိုက်ဆံအိတ်မှတစ်ဆင့် လွယ်ကူလျင်မြန်စွာ လျှောက်ထားနိုင်ခြင်း
  • ၅,၀၀၀,၀၀၀ ကျပ်အထိ ချေးငွေရယူနိုင်ခြင်း
  • အာမခံပေးသူမလိုအပ်ခြင်း
နှုန်းထားများ
  • အတိုးမဲ့
  • အခမဲ့ လျှောက်ထားနိုင်ခြင်း

* ချေးငွေလျှောက်ထားရန် အတွက် သင်သည် KBZPay အဆင့်(၂) အဖြစ်သို့မြင့်တင်ထားသူဖြစ် ရန်လိုအပ်ပါသည်။

KBZPay အက်ပလီကေးရှင်း ဒေါင်းလုတ်ရယူရန်

KBZPay App 

Android Version: http://bit.ly/2RP3U0N

iOS Version: https://apple.co/31igRU9


အသေးစိတ်သိရှိနိုင်ရန်အတွက် KBZPay Call Center, 09969963211  သို့  ၂၄/၇ ခေါ် ဆိုမေးမြန်းနိုင်ပါသည်။