KBZPayအသုံးပြုသူ အကောင့် အဆင့်ကို မြှင့်တင်ပြီး Data Package ကူပွန်တွေ ရယူလိုက်ပါ

၁။ KBZPay Level Upgrade Campaign ကာလသည် စက်တင်ဘာလ ၁ ရက်နေ့ မှ စက်တင်ဘာလ ၃၀ ရက်နေ့ အထိဖြစ်ပါသည်။ 

၂။ KBZPay Level Upgrade Campaign ၏ရည်ရွယ်ချက် မှာ Level 1 Customer များ KBZPay Level အဆင့်မြှင့်တင်ပြီး Data Package လျှော့ဈေး ကူပွန်များရယူနိုင်ရန်ဖြစ်ပြီး ၊ မည်သည့် KBZPay Level Customer မဆို ၎င်းတို့​၏ KBZPay Level 1 သူငယ်ချင်းများအား အဆင့်မြှင့်တင်ရန်ဖိတ်ခေါ်ပြီး ကျပန်း Data package လျှော့ဈေး ကူပွန်များရယူနိုင်ရန်ဖြစ်ပါသည်။ 

၃။ KBZPay Level 1 Customer များအားလုံးသည် မိမိ​၏ KBZPay Level အား အဆင့်မြှင့်တင်ပြီး အောင်မြင်စွာ အဆင့်မြှင့်တင်နိုင်ခြင်းအတွက် ၄၀၀ ကျပ်တန် Data Package လျှော့ဈေး ကူပွန်ကိုရယူနိုင်မည်ဖြစ်ပြီး အဆိုပါကူပွန်အား (KBZPay Application ) ထဲမှ Top Up feature အောက်ရှိ မည်သည့် Data package (စာတို၊ အသံ၊ မိုဘိုင်း ဒေတာ အစရှိသည်) ကိုမဆိုဝယ်ယူသည့်အခါတွင် လျှော့ဈေး ပြန်လည်ရရှိနိုင်ရန် အသုံးပြုနိုင်ပါသည်။ 

၄။   KBZPay Level Customer အားလုံးသည် မိမိတို့​၏ KBZPay Level 1 သူငယ်ချင်းများ သို့မဟုတ် KBZPay application အသုံးမပြုရသေးသော ( Non-Register) သူငယ်ချင်းများအား Campaignတွင်ပါဝင် ရန်ဖိတ်ခေါ် ပြီး ၎င်းတို့​၏ KBZPay Level 1 အား 1.5 သို့မဟုတ် 2 သို့ အောင်မြင်စွာ မြှင့်တင်နိုင်ခဲ့လျှင် ဖိတ်ခေါ်သူ မှ ကျပန်း Data package လျှော့ဈေး ကူပွန် ၁၀၀ ကျပ်တန်၊ ၃၀၀ ကျပ်တန်၊ ၅၀၀ ကျပ်တန် နှင့် ၇၀၀ ကျပ်တန်ကူပွန်များအား ရရှိနိုင်မည်ဖြစ်ပါသည်။ အောင်မြင်စွာဖိတ်ခေါ်နိုင်သည် Customer အား ရရှိသော ကျပန်းData package ကူပွန် အား KBZPay Official Account ( ၅.xx ဗားရှင်း အသုံးပြုသူ အတွက်) မှ သော်လည်းကောင်း ၊ In-App Notification မှ သော်လည်း ( ၃.xx ဗားရှင်းအသုံးပြုသူအတွက်) အသိပေးအကြောင်းကြားမည်ဖြစ်ပါသည်။ 

၅။ KBZPay Level အဆင့်မြှင့်တင်ရာတွင် Level 1 Customerများ သည်  ၄၀၀ ကျပ်တန် Data packages လျှော့ဈေး ကူပွန်အား Level 1 မှ 1.5 သို့အဆင့်မြှင့်တင်ခြင်း သို့မဟုတ် Level 1 မှ 2 သို့ အဆင့်မြှင့်တင်ခြင်း အတွက် တစ်ကြိမ်သာရရှိမည်ဖြစ်ပါသည်။ မည်သည့် KBZPay Level Customer မဆို မိမိတို့​၏ Level 1 သူငယ်ချင်း သို့မဟုတ် KBZPay Application အား မှတ်ပုံမတင်ထားသော သူငယ်ချင်းများအား KBZPay Level အဆင့်မြှင့်တင်ရန် ဖိတ်ခေါ်ရာတွင် ဖိတ်ခေါ်ခံရသူ သူငယ်ချင်းများမှ KBZPay Level အား အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးသည်နှင့် ဖိတ်ခေါ်သူသည် ကျပန်း Data package လျှော့ဈေး ကူပွန်များကိုရရှိမည်ဖြစ်ပါသည်။ 

၆။ ကူပွန်တစ်စောင်လျှင် Data package ဝယ်ယူမှု တစ်ကြိမ်အတွက်သာ အသုံးပြုနိုင်ပြီး ရရှိထားသော ကူပွန်များအား စုဆောင်းကာ ဝယ်ယူမှု တစ်ကြိမ်အတွက် အသုံးမပြု နိုင်ပါ။ 

၇။ KBZPay Level 1 Customers သို့မဟုတ် KBZPay Application အား မှတ်ပုံမတင်ထားသော သူငယ်ချင်းများအား Level အဆင့်မြှင့်တင်ရန်ဖိတ်ခေါ်ရာတွင် ဖိတ်ခေါ်ခံရသူ က ဖိတ်ခေါ်သူမှ ပေးပို့လာသော SMS invitation link အား နှိပ်ကာ ၎င်းတို့​၏ KBZPay Level အား အောင်မြင်စွာ အဆင့်မြှင့်တင်မှသာလျှင် ကျပန်း Data packages လျှော့ဈေး ကူပွန်များကိုရရှိမည်ဖြစ်ပါသည်။ KBZPay Application အား မှတ်ပုံမတင်ထားသော သူများသည် ပထမဦးစွာ KBZPay Application အား Download ပြုလုပ်ရန်လိုအပ်ပြီး မှ KBZPay Level အား 1 မှ 1.5 သို့မဟုတ် 1 မှ 2 သို့မြှင့်တင်နိုင်မှသာ ဤအစီအစဉ်တွင်ပါဝင်ခွင့်ရှိမည်ဖြစ်သည်။ အကယ်၍ ဖိတ်ခေါ်ခံရသူသည် SMS invitation အား တစ်စောင်ထက် ပိုမိုရရှိခဲ့ပါက မိမိ ကြိုက်နှစ်သက်ရာ Link ကို ရွေးချယ်ကာ Level အဆင့်မြှင့်တင်နိုင်ပြီး ရွေးချယ်ခံရသည့် ဖိတ်ခေါ်သူမှ ကျပန်း Data package လျှော့ဈေး ကူပွန်ကို ရရှိမည်ဖြစ်ပါသည်။ 

၈။ ဖိတ်ခေါ်သူ သည် KBZPay Level 1 (သို့မဟုတ်) မှတ်ပုံမတင်ထားသော သူများအား ( မှတ်ပုံမတင်ထားပါက KBZPay application အား Download ဆွဲ၍ မှတ်ပုံတင်ရပါမည်) အကန့်အသတ် မရှိ ဖိတ်ခေါ်နိုင်ပြီး ၊ ဖိတ်ခေါ်ခံရသူများထဲမှ  ၎င်းတို့၏ KBZPay level အား အောင်မြင်စွာ အဆင့်မြှင့် တင်ပြီးသည့် အရေအတွက်ပေါ် မူတည် ၍ ကူပွန်တစ်စောင်ထက် ပိုမို လက်ခံရရှိမည်ဖြစ်ပါသည်။ 

၉။ အောင်မြင်စွာ Level အဆင့်မြှင့်တင်ပြီးသော Customer (ယခင် Level 1 ) သည် ၄၀၀ ကျပ်တန် Data package လျှော့ဈေး ကူပွန်အား KBZPay Application ရှိ “ Coupon Management “ ထဲတွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ 

၁၀။ ရရှိလာသော ကူပွန်များသည် လက်ခံရရှိပြီး  ၇ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ပါသည်။ 

၁၁။ ကူပွန်တိုင်းသည် အသုံးပြုရမည့် သတ်မှတ်ထားသော အနည်းဆုံး ပမာဏ ရှိမည်ဖြစ်ပြီး ဝယ်ယူသည့် Data package သည် ကူပွန် တန်ကြေးထက် မနည်းရန် လိုအပ်ပါသည်။ ဥပမာ ၄၀၀ ကျပ်တန် Data package လျှော့ဈေးကူပွန် အားရရှိထားသူ Cusotmer သည် Data package အား ၄၀၀ ကျပ်နှင့် အထက် ကို ရွေးချယ်ဝယ်ယူရမည်ဖြစ်ပါသည်။ 

၁၂။ KBZPay မည်သည့် Level Customer မဆို Data package လျှော့ဈေး ကူပွန်များအား အသုံးပြုနိုင်သည်။ Level 1 Customer များအနေဖြင့်လည်း Level အဆင့်မြှင့်တင်ခြင်းဖြင့် လည်းကောင်း၊ မှတ်ပုံမတင်ထားသော သူငယ်ချင်းများ သို့မဟုတ်  Level 1 များအား အဆင့်မြှင့်တင်ရန်ဖိတ်ခေါ်ခြင်းဖြင့်လည်းကောင်း ဤအစီအစဉ်တွင်ပါဝင်နိုင်မည်ဖြစ်ပါသည်။

၁၃။ Campaign တွင်ပါဝင်ရန် Customer များသည် Campaign Page အား Campaign Banner ၊KBZPay In-app notification ၊ KBZPay Official Account တို့မှ ဝင်ရောက်နိုင်ပါသည်။ 

၁၄။ Campaign ကာလအတွင်း Level 1 Customer များ သည် ၎င်းတို့​၏ KBZPay Level အား မည့်သည့် Channel မှ မဆို အဆင့်မြှင့်တင်နိုင်ပြီး KBZPay Operation Team မှ အဆင့်မြှင့်တင်ခြင်း လုပ်ငန်းစဉ်အား ခွင့်ပြုပြီးသည်နှင့် တစ်ပြိုင်တည်း Data package လျှော့ဈေး ကူပွန်များရရှိမည်ဖြစ်ပါသည်။ 

၁၅။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ KBZPay Customerများသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များအား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် ၉ တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး  ၇ ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၁၆။ KBZ  ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၁၇။ KBZPay Level Upgrade Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး  ကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၈။ KBZPay Customer များနှင့် KBZPay တို့အကြားပေါ်ပေါက်သည့် မည်သည့်အငြင်းပွားမှုမဆို ရှိခဲ့လျှင် KBZတစ်ဦးတည်း၏အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။

၁၉။ တစ်ဖက်သတ်ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊   ဤစည်းကမ်းသတ်မှတ်ချက်များ အရလည်းကောင်း Customer များအနေဖြင့် မည်သည့်လျော်ကြေးကိုမျှခံစားပိုင်ခွင့်မရှိပါ။

၂၀။ KBZPay သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မည်သည့်ကြိုတင်အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် Data package လျှော့ဈေး ကူပွန် သို့မဟုတ် ဆုကြေးငွေ ကိုရုပ်သိမ်းခွင့် နှင့်/သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအားပြောင်းလဲခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၂၁။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၂၂။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၃။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။