Appointment လုပ်စရာမလိုဘဲ ငွေသားထုတ်ယူနိုင်သော KBZPay စင်တာများ

မြန်မာနိုင်ငံရှိ KBZPay အသုံးပြုသူ Customer များအတွက် KBZPay မှ Book Appointment ပြုလုပ်စရာမလိုဘဲ အောက်ပါ KBZPay စင်တာ (၅)ခုတွင် ငွေသားထုတ်ယူနိုင်ပါပြီ။ KBZPay အေးဂျင့်မှ ငွေထုတ်ယူခြင်းဝန်ဆောင်မှုကို တနင်္လာနေ့မှ စနေနေ့အထိ မနက် ၉:၃၀ မှ ညနေ ၃:၃၀ ထိ KBZPay အကောင့်တစ်ခုမှ တစ်နေ့လျှင် ငွေသား ၃၀၀,၀၀၀ ကျပ် ကို သတ်မှတ်ထားသော အေးဂျင့်ဝန်ဆောင်ခဖြင့် ထုတ်ယူနိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ Customer များသည် ငွေသားထုတ်သောနေ့မှစပြီး ၇ရက်အကြာတွင် နောက်ထပ်တစ်ကြိမ် ငွေသားထုတ်ယူနိုင်မှာဖြစ်ပါတယ်။ 

၁။ KBZPay Center (နေပြည်တော်) – KBZ ဘဏ်ခွဲ (၅)၊ အမှတ် (၂၆၁၊ ၂၆၂၊ ၂၆၈၊၂၆၉)၊ ရာဇသင်္ဂလမ်း၊ သ​ပြေကုန်းရပ်ကွက်၊ ဇမ္ဗူသီရိမြို့နယ်၊ ​နေပြည်​တော်။

၂။ KBZPay Center (တောင်ကြီး) – အမှတ် (၁၈၂)၊ ရေထွက်ဦးလမ်း၊ ကန်(ရှေ့)ရပ်ကွက်၊ တောင်ကြီး။

၃။ KBZPay Center (မော်လမြိုင်) – အမှတ် (၄၁၇)၊ အောက်လမ်းမကြီး၊မရမ်းကုန်းရပ်ကွက်၊ မော်လမြိုင်။

၄။ KBZPay Center (ရန်ကုန်၊ လှိုင်သာယာ) – အမှတ် (၀၂)၊ မြေညီထပ်၊ တပင်ရွှေထီးနှင့် ညောင်တုန်းလမ်း၊ တပင်ရွှေထီးအိမ်ရာ၊ လှိုင်သာယာမြို့နယ်။

၅။ KBZPay Center (Sunny ရွှေကမ်းသာယာ) – အမှတ် (၉/၁၁)၊ ရွှေကမ်းသာယာအိမ်ရာ၊ ရန်ကုန် – ပုသိမ်လမ်းမကြီး၊ လှိုင်သာယာ။ထပ်မံဖွင့်လှစ်လိုက်သော မြန်မာနိုင်ငံရှိ KBZPay Center များ၏တည်နေရာ နှင့် ရယူနိုင်သောဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက ဤနေရာ ကိုနှိပ်ပါ။