KBZPay စင်တာများတွင် Appointment ပြုလုပ်စရာမလိုဘဲ ငွေသားထုတ်ယူနိုင်ပါပြီ

မြန်မာနိုင်ငံရှိ KBZPay အသုံးပြုသူ Customer များအတွက် Book Appointment ပြုလုပ်စရာမလိုဘဲ KBZPay စင်တာများအားလုံးတွင် ၂၀၂၂ခုနှစ် မေလ ၁၆ရက်နေ့မှစ၍ ငွေသားထုတ်ယူနိုင်ပါပြီ။ KBZPay အေးဂျင့်မှ ငွေထုတ်ယူခြင်းဝန်ဆောင်မှုကို တနင်္လာနေ့မှ စနေနေ့ မနက် ၉:၃၀ မှ ညနေ ၃:၃၀ ထိ (ဇွန်လ ၁ရက်နေ့မှစ၍ မနက် ၉နာရီမှ ညနေ ၅နာရီအထိ ဖွင့်လှစ်သွားပါမည်) KBZPay အကောင့်တစ်ခုမှ တစ်နေ့လျှင် ငွေသား ၃၀၀,၀၀၀ ကျပ် ကို သတ်မှတ်ထားသော အေးဂျင့်ဝန်ဆောင်ခဖြင့် ထုတ်ယူနိုင်ပြီဖြစ်ပါကြောင်း အသိပေးအပ်ပါသည်။ Customer များသည် ငွေသားထုတ်သောနေ့မှစပြီး ၇ရက်အကြာတွင် နောက်ထပ်တစ်ကြိမ် ငွေသားထုတ်ယူနိုင်မှာဖြစ်ပါသည်။ 

မြန်မာနိုင်ငံရှိ KBZPay Center များ၏တည်နေရာနှင့် ရယူနိုင်သောဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက ဤနေရာ ကိုနှိပ်ပါ။

KBZPay app ကိုရယူရန်
iOS: https://apple.co/31igRU9
Android : https://bit.ly/3rTwa2J