KBZPay  ကြိုတင်လစာဖြင့် လစာရဲ့ ၅၀ %အထိ လမကုန်ခင်လစာထုတ်ယူနိုင်ပါပြီ

ကမ္ဘောဇဘဏ် Payroll Customer များ၏ ဝန်ထမ်းများ လမကုန်ခင် လစာထုတ်ယူနိုင်သော “ကြိုတင်လစာ” ဝန်ဆောင်မှုအား မိတ်ဆက်ပေးလိုက်ပြီဖြစ်ပါသည်။ KBZPay ကြိုတင်လစာအား PayAdvance အသုံးပြုရန်သဘောတူညီမှုရရှိထားသော Company မှဝန်ထမ်းတိုင်း အသုံးပြုနိုင်မည်ဖြစ်ပြီး လတိုင်း၏ 16 ရက်နေ့မှစတင်၍ ဝန်ထမ်းများမှ လျောက်ထားရယူနိုင်မည်ဖြစ်ပါသည်။ 

ကြိုတင်လစာသည် လကုန်ရက်မရောက်ခင် ဝန်ထမ်းများ ကြုံတွေ့လေ့ရှိသော အရေးပေါ်ငွေကြေးလိုအပ်မှုအား ဖြည့်ဆည်းပေးနိုင်မှာဖြစ်ပြီး လစာ၏ ၅၀ရာခိုင်နှုန်း အများဆုံး ၅သိန်းကျပ်အထိ ထုတ်ယူနိုင်မှာဖြစ်ပါသည်။

KBZPay ကြိုတင်လစာအား KBZPay အက်ပလီကေးရှင်း၏ ငွေကြေးနှင့်ချေးငွေဝန်ဆောင်မှုများ ရှိ ‘ကြိုတင်လစာ’ မှတစ်ဆင့် ရယူနိုင်မည်ဖြစ်ပြီး မိမိရယူလိုသော ကြိုတင်လစာအတွက် ဝန်ဆောင်ခ ၅၀၀ ကျပ် ကျသင့်မည်ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက KBZPay Call Center 3211 သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။

ပိုမိုနားလည်သိရှိနိုင်ရန် မေးလေ့မေးထရှိသော မေးခွန်းများကို ဝင်ရောက်လေ့လာနိုင်ရန် ဒီနေရာကို နှိပ်ပါ။