KBZPay အကောင့်သို့ ကြိုက်နှစ်သက်ရာ MPU card နှင့် ငွေသွင်းပြီး ဝန်ဆောင်ခ ၅၀% လျှော့စျေးရယူလိုက်ပါ။

ကိုယ့်ရဲ့ KBZPay အကောင့်ထဲကို ငွေလွှဲဖို့လိုအပ်တဲ့အခါ ကြိုက်နှစ်သက်ရာ MPU Card နှင့် လွယ်ကူစွာ ငွေဖြည့်သွင်းလို့ရနေပါပြီ။ အခုဆိုရင် ငွေဖြည့်သွင်းတဲ့အခါ ကျသင့်မယ့် ဝန်ဆောင်ခကိုလည်း ၅၀% လျှော့ပေးမယ့် အစီအစဉ်လည်းရှိနေလို့ ကိုယ့်ရဲ့ KBZPay အကောင့်ကိုငွေဖြည့်သွင်းဖို့ လိုအပ်တဲ့အချိန်တိုင်းမှာ အချိန်ကုန်သက်သာစွာနဲ့ MPU Card ကနေတစ်ဆင့် မြန်မြန်ဆန်ဆန်ငွေဖြည့်သွင်းလိုက်တော့နော်။ 

ငွေဖြည့်သွင်းပြီးပါက KBZPay ရဲ့ ဝန်ဆောင်မှုတွေ နဲ့ အထူးအစီအစဉ်တွေကလည်း စောင့်ကြိုနေတာကိုလည်း ထပ်ဆောင်း ဝေမျှလိုက်ပါတယ်။ 

အစီအစဉ်ကာလကတော့ နိုဝင်ဘာလ ၁၄ ရက်မှ ၃၀ ရက်နေ့ ၂၀၂၂ ခုနှစ်အထိဖြစ်ပြီး KBZPay အကောင့်ထဲ ငွေဖြည့်သွင်းဖို့ဆိုရင် သင့်ရဲ့ MPU ကတ် ကို e-commerce လျှောက်ထားဖို့လိုအပ်မှာဖြစ်ပါတယ်။

အသေးစိတ်အစီအစဉ် နှင့် စည်းမျဉ်းစည်းကမ်းများကို သိရှိလိုပါက ဤ လင့်ခ် ကိုနှိပ်ပါ။

ပိုမိုကောင်းမွန်တဲ့ သုံးစွဲမှုအတွေ့အကြုံအတွက် KBZPay Level 1.5 (သို့) 2 သို့ အဆင့်မြှင့်ပြီး သင့် KBZPay အက်ပလီကေးရှင်းကိုလည်း နောက်ဆုံးဗားရှင်းသို့မြှင့်တင်လိုက်ပါ။ 

iOS: https://apple.co/31igRU9
Android: https://bit.ly/3rTwa2J