သိန်း ၁၅၀၀ ကျော် သီတင်းကျွတ်မုန့်ဖိုး KBZPay ကနေ မျှဝေရယူလိုက်ပါ

သီတင်းကျွတ်အချိန်အခါကာလကို ရောက်ရှိလာပြီဖြစ်တဲ့အတွက် KBZPay ကနေ မုန့်ဖိုးပေါင်းသိန်း ၁၅၀၀ ကျော်ကို ရယူဖို့အချိန် ကျရောက်လို့လာပြီဖြစ်ပါတယ်။
အားလုံးသိကြတဲ့အတိုင်း KBZPay မုန့်ဖိုးဖွင့်ဖောက်ရမဲ့အချိန်မတိုင်ခင် ရောင်စုံမီးပုံးများကို စုဆောင်းထားရမှာဖြစ်ပြီး များများစုလေလေ မုန့်ဖိုးဆတိုးရလေလေဖြစ်တဲ့အတွက် အစီအစဉ်ကာလစတင်ပြီဆိုတာနဲ့ လုပ်ဆောင်ချက်တွေလုပ်ပြီး ရောင်စုံမီးပုံးတွေကို စုဖို့လိုပါတယ်။
ဒါဆို ရောင်စုံမီးပုံးတွေကို ဘယ်လိုစုရမလဲ ဘာတွေလုပ်ရင်ရနိုင်မလဲ။ ဖော်ပြပါ လုပ်ဆောင်ချက်တွေကို နေ့စဉ်ပြီးမြောက်အောင်လုပ်ပြီး ရောင်စုံမီးပုံးတွေကို စုဆောင်းကာ မုန့်ဖိုးကို ၁၀ ဆ အထိ ရယူနိုင်မှာဖြစ်ပါတယ်။ လုပ်ဆောင်ချက်တွေကတော့ –

  • KBZPay Customer အသစ်ဖိတ်ခေါ်ခြင်း
  • Campaign စာမျက်နှာကို သူငယ်ချင်းများ နဲ့ ဝေမျှခြင်း
  • KBZPay QR ဖြင့် ၃,၀၀၀ ကျပ် နဲ့ အထက် ငွေပေးချေခြင်း
  • KBZPay သို့ ၃,၀၀၀ ကျပ် နဲ့ အထက် ငွေသွင်းခြင်း
  • ၃,၀၀၀ ကျပ် နဲ့ အထက် ဖုန်းဘေလ်ဖြည့်ခြင်း
  • KBZPay Market က ပရိုမိုးရှင်းပစ္စည်းများအား ဝင်ရောက်ကြည့်ခြင်း
  • Official Account က နှစ်သက်ရာဆောင်းပါးကို ဖတ်ရှုခြင်း
  • ShweStream Mini App က ကြိုက်နှစ်သက်ရာ ပက်ကေ့ချ် ဝယ်ယူခြင်း

ရောင်စုံမီးပုံးတစ်စုံအတွက်ကို မုန့်ဖိုး ၂ ဆ ရနိုင်မှာဖြစ်ပြီး မီးပုံးတစ်ခုရပြီးတိုင်း ကူပွန်တွေ ထပ်ဆောင်းရယူဖို့ မီးပုံးအနောက်ကိုလှည့်ပြီး ခဲခြစ်ဖို့ မမေ့ကြနဲ့နော်။
KBZPay Customer အသစ်ဖိတ်ခေါ်ခြင်းအတွက်လည်း ထူးခြားတဲ့အစီအစဉ်တစ်ခုရှိလို့နေပါတယ်။ Customer အသစ် တစ်ယောက် အောင်မြင်စွာဖိတ်ခေါ်ပြီးတိုင်းမှာ ဖိတ်ခေါ်သူအနေနဲ့ ရောင်စုံမီးပုံး ၄ စုံ နဲ့ Spin Wheel လှည့်ခွင့် ၁ ကြိမ် ရရှိမှာဖြစ်ပါတယ်။ Spin Wheel လှည့်ပြီး ပြန်အမ်းငွေ ၁၀ သိန်းကျပ်ကိုလည်း အစီအစဉ်ကာလနေ့တိုင်း ကံစမ်းနိုင်အုန်းမှာပါ။ ဖိတ်ခေါ်ခံရသူကတော့ အကောင့်ဖွင့်လှစ်ခြင်းအောင်မြင်သွားတာနဲ့ ၂၀၀ ကျပ်တန် ဖုန်းဘေလ်ဖြည့် ကူပွန်ကို ရရှိမှာပါ။
အစီအစဉ်ကာလကတော့ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၃ ရက်နေ့ကနေ ၂၉ ရက်နေ့အထိဖြစ်တာကြောင့် မုန့်ဖိုးတွေကို ဆတိုးယူဖို့ မီးပုံးတွေစုဆောင်းကာ အသုံးပြုသူအသစ်ဖိတ်ခေါ်ပြီး နေ့စဉ် ပြန်အမ်းငွေ ၁၀ သိန်းကျပ်အထိ ရယူဖို့ အခုပဲ ဒီလင့်ကတစ်ဆင့် အစီအစဉ်မှာ ပါဝင်လိုက်ပါ။

ရောင်စုံးမီးပုံးတွေစုပြီးရင်တော့ အောက်တိုဘာလ ၂၇ ရက် ၂၈ ရက် နဲ့ ၂၉ ရက်နေ့ ည ၈ နာရီတိုင်းမှာ မုန့်ဖိုးဖွင့်ဖောက်ဖို့ မမေ့ကြနဲ့အုန်း။
KBZPay ရဲ့ စိတ်ဝင်စားဖွယ် အစီအစဉ်တိုင်းမှာ ပါဝင်နိုင်ဖို့ နဲ့ ပိုမိုကောင်းမွန်တဲ့ သုံးစွဲမှုအတွေ့အကြုံအတွက် KBZPay Level 2 သို့ အဆင့်မြှင့်ပြီး သင့် KBZPay အက်ပလီကေးရှင်းကိုလည်း နောက်ဆုံးဗားရှင်းသို့မြှင့်တင်လိုက်ပါ။
iOS: https://apple.co/31igRU9
Android: https://bit.ly/3rTwa2J