KBZPay Mini Apps မှာ စိတ်ကြိုက်ဝယ် လျှော့ဈေးကူပွန် ယူရင်း နှစ်ဆပျော်ရွှင်မယ်

KBZPay Mini Apps ထဲမှာ ဘာပဲစားစား၊ ဘာပဲဝယ်ဝယ် ၁၀,၀၀၀ ဖိုးနဲ့အထက် ဝယ်ယူမှုတိုင်းအတွက် လျှော့ဈေးကူပွန်များစွာနဲ့ ၂၀,၀၀၀ ကျပ် အထိ အထူးလျှော့ဈေးပေးသွားမယ့် အစီအစဉ်ကြီးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

“KBZPay Mini Apps မှာ စိတ်ကြိုက်ဝယ် လျှော့ဈေးကူပွန် ယူရင်း နှစ်ဆပျော်ရွှင်မယ်” အစီအစဉ်ကြီးမှာ စုစုပေါင်း Level (၄)ခု ပါဝင်ကာ Level အားလုံးကို ကြာချိန် – အချိန်တစ်ပတ်အတွင်း ပြီးမြောက်အောင် ဆောင်ရွက်နိုင်ဖို့ လိုအပ်ပြီး –

✦ Level (၁) မှာ ၁၀,၀၀၀ ကျပ်ဖိုးနဲ့အထက် (၂)ကြိမ် ဝယ်ယူပြီးပါက – ၂,၅၀၀ ကျပ်တန် လျှော့ဈေးကူပွန် (၂) စောင်
✦ Level (၂) မှာ ၁၀,၀၀၀ ကျပ်ဖိုးနဲ့အထက် (၄)ကြိမ် ဝယ်ယူပြီးပါက – ၃,၅၀၀ ကျပ်တန် လျှော့ဈေးကူပွန် (၂) စောင်
✦ Level (၃) မှာ ၁၀,၀၀၀ ကျပ်ဖိုးနဲ့အထက် (၆)ကြိမ် ဝယ်ယူပြီးပါက – ၅,၀၀၀ ကျပ်တန် လျှော့ဈေးကူပွန် (၂) စောင်
✦ Level (၄) မှာ ၁၀,၀၀၀ ကျပ်ဖိုးနဲ့အထက် (၁၀)ကြိမ် ဝယ်ယူပြီးပါက – ၂၀,၀၀၀ ကျပ်တန် ပြန်အမ်းငွေနှင့် KFC, Watchbay by Cherry Oo, Padesar Mini Apps ဆိုင်များ၏ ၂၀,၀၀၀ ကျပ် အထိ လျှော့စျေး ကူပွန်များကို ရယူနိုင်မှာဖြစ်ပါတယ်။

ဒီအစီအစဉ်ရဲ့ အကျိုးခံစားခွင့်ထူးခြားချက်အနေနဲ့ –

✦ မိမိတစ်ဦးတည်း ပါဝင်နိုင်သလို 
✦ မိမိနဲ့အတူ မိမိသူငယ်ချင်း၊ မိတ်ဆွေ၊ ချစ်သူ (သို့) မိသားစုဝင်တစ်ဦးဦးနဲ့အတူ တစ်ဖွဲ့လျှင် (၂)ဦးစီနဲ့ မျှဝေပါဝင်မယ်ဆိုရင်လည်း Level တစ်ခုပြီးမြောက်တိုင်း ဖော်ပြထားတဲ့လျှော့ဈေးကူပွန်များကို နှစ်ဦးစာ ခံစားရယူနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင်  KBZPay Mini Apps ထဲကနေ ယခုအစီအစဉ်ကိုဝင်ရောက်ကြည့်ရှုလိုက်တာနဲ့ Welcome ကူပွန် အဖြစ် ၁,၀၀၀ ကျပ်တန် လျှော့ဈေးကူပွန်ကိုပါ ထပ်မံပေးသွားဦးမှာ ဖြစ်ပါတယ်။

ယခုအစီအစဉ်ကို မေလ ၉ ရက်နေ့မှ ဇွန်လ ၉ ရက်နေ့ ၂၀၂၅ ခုနှစ်အထိ ပြုလုပ်သွားမှာဖြစ်လို့ KBZPay Mini Apps မှာ စိတ်ကြိုက်ဝယ်ယူကာ အစီအစဉ်မှာ ပါဝင်ရင်း အပတ်စဉ် Level အလိုက် ပိုမိုများပြားတဲ့ လျှော့ဈေးကူပွန်တွေ ရယူလိုက်ပါ။

စည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်များ ရှိပါသည်။ 

အစီအစဉ်တွင်ပါဝင်ရန်အတွက် ဒီနေရာကိုနှိပ်ပါ။

အသေးစိတ်သိရှိလိုပါက ဒီနေရာမှာ လေ့လာနိုင်ပါတယ်။