QAL (1)

KBZPay Agent/Merchant များကို KBZPay လုပ်ငန်း လုပ်ဆောင်ရာတွင် E-Money လိုအပ်လာသော အချိန် ကာလ၌ မိမိတို့နှင့် ကိုက်ညီသည့် လိုအပ်သော ငွေပမာဏအား KBZPay Partner App မှတဆင့် လွယ်ကူလျှင်မြန်စွာ ထုတ်ယူနိုင် သော ချေးငွေဖြစ်ပါသည်။

  1. ကာလတိုငွေကြေးထောက်ပံ့မှုမှ အကျိုးကျေးဇူးရရှိစေရန်နှင့် ပိုမိုကောင်းမွန်သော ငွေသားစီးဆင်းမှုဖြစ်စေပါသည်။
  2. KBZPay Partner Appမှတစ်ဆင့် လွယ်ကူစွာလျောက်ထားနိုင်ပါသည်။
  3. အာမခံအပေါင်ပစ္စည်းတင်ပြရန် မလိုအပ်ပါ။
  4. သက်သာသော အတိုးနှုန်း
  5. အနည်းဆုံး (၅)သိန်းမှ အများဆုံး သိန်း (၅၀) အထိ  ရရှိနိုင်ခြင်းတို့ဖြစ်ပါသည်။

KBZPay Partner မှတစ်ဆင့် လွယ်ကူအဆင်ပြေစွာလျောက်ထားနိုင်ပါသည်။ လိုအပ်သော စာရွက်စာတမ်းများမှာ-

  1. မှတ်ပုံတင်(ရှေ့/နောက်)
  2. Selfie photo
  3. ရပ်ကွက်ထောက်ခံစာ
  4. မီတာဘေလ်
  5. သန်းခေါင်စာရင်း
  6. လုပ်ငန်းလိုင်စင်(သို့) စည်ပင်လိုင်စင်(သို့) အခွန်စလစ်စာရွက်
  7. ဆိုင်ပုံ

Quick Access Loan ဆိုသည်မှာ KBZPay Agent/Merchant များအနေဖြင့် လုပ်ငန်း များလုပ်ဆောင်ရာတွင် E-Money လိုအပ်လာသော အချိန်ကာလ၌ မိမိတို့နှင့် ကိုက်ညီသည့် လိုအပ်သော ငွေပမာဏအား KBZPay Partner App မှတဆင့် လွယ်ကူလျှင်မြန်စွာ ထုတ်ယူနိုင်သော ချေးငွေဖြစ်ပါသည်။

KBZPay Agent/Merchant များအဖြစ်ဆောင်ရွက်လျှက်ရှိသော ကိုယ်စားလှယ်များအားလုံးလျှောက်ထားနိုင်ပါသည်။

  1. Agent/Merchant သက်တမ်း ၆လ နှင့်အထက်ရှိရပါမည်။
  2. အကောင့် ၁၀ ခု နှင့်အထက်သို့ ငွေလွှဲလုပ်ဆောင်ချက်များ ရှိရပါမည်။
  3. ငွေလွှဲပမာဏ ၁၀၀,၀၀၀ ကျပ် နှင့်အထက် ရှိရပါမည်။

KBZPay Agent/Merchant များအဖြစ်ဆောင်ရွက်လျှက်ရှိသော ကိုယ်စားလှယ်များအားလုံးက KBZPay Red App ရှိ Online QAL Menu အား click နှိပ်ပြီး စာရွက်စာတမ်းများ upload လုပ်ကာ ချေးငွေအားလျှောက်ထားအသုံးပြနိုင်ပါသည်။ လိုအပ်သော စာရွက်စာတမ်းများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

  1. မှတ်ပုံတင်(ရှေ့/နောက်)
  2. Selfie photo
  3. ရပ်ကွက်ထောက်ခံစာ
  4. မီတာဘေလ်
  5. သန်းခေါင်စာရင်း
  6. လုပ်ငန်းလိုင်စင်(သို့) စည်ပင်လိုင်စင်(သို့) အခွန်စလစ်စာရွက်
  7. ဆိုင်ပုံ

တစ်နှစ်လျှင်အတိုးနှုန်း (၁၅%) ပေးဆောင်ရပါမည်။

လျှောက်ထားသည့် ချေးငွေပမာဏ၏ ၁.၅% ကို လျှောက်ထားခအနေဖြင့် ပေးဆောင်ရမည်ဖြစ်ပါသည်။

ချေးငွေအနည်းဆုံး (၅) သိန်း ကျပ် မှ အများဆုံး သိန်း (၅၀) ကျပ် အထိ လျှောက်ထားနိုင်ပါသည်။

ချေးငွေသက်တမ်းမှာ (၁)နှစ်ဖြစ်ပါသည်။

ချေးငွေ ခွင့်ပြုချက်ကျသည့်နေ့မှစ၍ ရက်ပေါင်း (၃၀) ပြည့်သည့်နေ့တွင် ချေးငွေပြန်လည်ပေးဆပ်ရပါမည်။