KBZPay ကိုယ်စားလှယ်များအတွက် အပိုဆုကြေးငွေအစီအစဉ်

လေးစားတန်ဖိုးထားရပါသော KBZPay ကိုယ်စားလှယ်ကြီးများခင်ဗျာ၊

 ၂၀၂၂ ခုနှစ် ဩဂုတ်လ  ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ  KBZPay ကိုယ်စားလှယ်ကြီးများအတွက် အထူးအစီအစဉ်အဖြစ် OTC ငွေလွှဲ KPI ပြည့်မှီခြင်း  တို့အတွက် အပိုဆုကြေးငွေများ ထပ်ဆောင်းပေးအပ်သွားမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးအပ်ပါသည်။ 

 KBZPay ကိုအစဉ်တစိုက်အသုံးပြုပြီး သုံးစွဲသူအများပြည်သူအား ဝန်ဆောင်မှုပေးသည့်အတွက် အထူးပင်ကျေးဇူးတင်ရှိပါသည်။

 ၁။ ကိုယ်စားလှယ် အပိုဆုကြေးငွေ များအတွက် ပြည့်မှီရမည့် KPI များ (လစဉ်)

၂၀၂၂ ခုနှစ် ၊ ဩဂုတ်လ အတွက် ကိုယ်စားလှယ်များ၏ KBZPay လုပ်ဆောင်ချက်များအနက် ငွေလွှဲခြင်း ( OTC only ) လုပ်ငန်းစဉ် အလိုက် ပြည့်မှီရမည့် KPI နှင့် ရရှိနိုင်မည့် အပိုဆုကြေးငွေ များကို အောက်ပါအတိုင်း ဝေမျှ အကြောင်းကြားလိုက်ပါသည်။

စဉ်Tnx တစ်ကြောင်းလျှင်ရှိရမည့် ပမာဏTnx (၁) ကြောင်းလျှင် ရရှိမည့် ဆုကြေးငွေ ပမာဏဆုကြေးငွေတွက်ချက်ပုံ
၁။၁၀,၀၀၁ မှ ၂၅,၀၀၀ ကြား၁၀၀ ကျပ်လုပ်ဆောင်ချက် အကြောင်းအရေ x ၁၀၀ ကျပ်
၂။၂၅,၀၀၁ မှ ၅၀,၀၀၀ ကြား၁၂၅ ကျပ်လုပ်ဆောင်ချက် အကြောင်းအရေ x ၁၂၅ ကျပ်
၃။၅၀,၀၀၁ မှ ၁၀၀,၀၀၀ ကြား၁၇၅ ကျပ်လုပ်ဆောင်ချက် အကြောင်းအရေ x ၁၇၅ ကျပ်
၄။၁၀,၀၀၁ မှ ၁၅၀,၀၀၀ ကြား၂၂၅ ကျပ်လုပ်ဆောင်ချက် အကြောင်းအရေ x ၂၂၅ ကျပ်
၅။၁၅၀,၀၀၁ မှ ၂၀၀,၀၀၀ ကြား၂၅၀ ကျပ်လုပ်ဆောင်ချက် အကြောင်းအရေ x ၂၅၀ ကျပ်
၆။၂၀၀,၀၀၁ မှ ၃၀၀,၀၀၀ ကြား၃၀၀ ကျပ်လုပ်ဆောင်ချက် အကြောင်းအရေ x ၃၀၀ ကျပ်
၇။၃၀၀,၀၀၁ မှ ၄၀၀,၀၀၀ ကြား၃၅၀ ကျပ်လုပ်ဆောင်ချက် အကြောင်းအရေ x ၃၅၀ ကျပ်
၈။၄၀၀,၀၀၁ နှင့် အထက် ပမာဏ၄၀၀ ကျပ်လုပ်ဆောင်ချက် အကြောင်းအရေ x ၄၀၀ ကျပ်

မှတ်ချက် ။   ။ သတ်မှတ် Txn များ၏လုပ်ဆောင်ချက် ပေးငွေပမာဏ မှာ အနည်းဆုံး ငွေပမာဏ ၁၀,၀၀၁/- ကျပ် နှင့် အထက်ရှိသော ဆုကြေးငွေ အဖြစ်ထည့်သွင်း ရေတွက်မည်ဖြစ်သည်။

သတ်မှတ်ချက်များ

၁။ ကိုယ်စားလှယ်များ အကျိုးခံစားခွင့် ပေးအပ်ရခြင်း ရည်ရွယ်ချက်မှာ ကိုယ်စားလှယ်များ KBZPay လုပ်ဆောင်ချက်များ ပြုလုပ်ခြင်းဖြင့် စီးပွားရေး အကျိုးအမြတ်များ ပိုမိုရရှိစေရန် နှင့် KBZPay အား ပိုမို အသုံးပြုလာနိုင်ဖို့ မြှင့်တင်ပေးရန် ဖြစ်ပါသည်။

၂။ ယခု ပေးအပ်သော ကိုယ်စားလှယ် အကျိုးခံစားခွင့်အစီအစဉ်သည် ( ၂၀၂၂ ခုနှစ် ၊ ဩဂုတ်လ (၁) ရက် နေ့ ၊ ၀၀ : ၀၀ နာရီ) မှ စတင် အကျိုးသက်ရောက်မည်ဖြစ်ပြီး (၂၀၂၂ ခုနှစ် ၊ ဩဂုတ်လ ၃၁ ရက် နေ့ ၊ ၂၄ နာရီ) တွင်ပြီးဆုံးပါမည်။

၃။ သတ်မှတ်ထားသော လုပ်ဆောင်ချက်အရေအတွင် ပြည့်မှီသော ကိုယ်စားလှယ်များကို SMS နှင့် ကိုယ်စားလှယ် Apps ( In App Notification) မှ တဆင့် အကြောင်းကြားပေးမည်ဖြစ်ပြီး ရရှိသော အကျိုးခံစားခွင့်ကို ကိုယ်စားလှယ် ၏ KBZPay စာရင်းထဲ ( Agent Wallet) သို့ (လစဉ်) ပထမ အပတ် သို့ ဒုတိယ အပတ်အတွင်း တိုက်ရိုက် ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။

၄။ အကျိုးခံစားခွင့် နှင့် ပတ်သတ်၍ မသမာမှု ( သို့မဟုတ်) အငြင်းပွားမှု တစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက KBZPay တစ်ဦးတည်း၏ အဆုံးအဖြတ်သာလျှင် အတည်ဖြစ်ပါသည်။ ထို့အပြင် KBZPay သည် ကိုယ်စားလှယ်များအား ဆက်သွယ်ပြီး OTP, PIN သို့မဟုတ် Account နှင့် ပါတ်သက်သည့် မည်သည့် အချက်အလက်များကို မျှ တောင်းခံမည် မဟုတ်ပါ။

၅။ ကိုယ်စားလှယ်များ အကျိုးခံစားခွင့် အစီအစဉ် တွင် ကိုယ်စားလှယ်များ မှ တဆင့်ငွေလွှဲခြင်း ( OTC Only) လုပ်ဆောင်ချက်များသာ အကျုံးဝင်ပြီး ဘဏ်အကောင့်မှ ငွေလွှဲခြင်း ၊ ဘဏ်အကောင့်သို့ ငွေလွှဲခြင်း နှင့် customer အကောင့်သို့ ငွေသွင်းခြင်း နှင့် အခြားသော လုပ်ဆောင်ချက်များ အကျုံးဝင်မဟုတ်ပါ။

၆။ အကျိုးခံစားခွင့် ပေးအပ်သောကာလအတွင်းမည်သည့် လိမ်လည် လှည့်ဖျားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် ကိုယ်စားလှယ်များအား တားမြစ်ပါသည်။ လိမ်လည်မှု အားမည်သည့် ပုံစံမျိုး နှင့်မဆို ကျုးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သည့် ကိုယ်စားလှယ်ကို မဆို KBZPay က ပယ်ဖျက်ခြင်း သို့မဟုတ် ပိတ်ပင်ခြင်း ၊ အကျိုးခံစားခွင့် ပေးအပ်မှုကို ငြင်းဆိုခြင်း လုပ်ပိုင်ခွင့်ရှိသည်။

၇။ တစ်ဖက်သက် ပယ်ဖျက်ခြင်းကြောင့် လည်းကောင်း ၊ ဤ စည်းမျဉ်းသတ်မှတ်ချက်များအရလည်းကောင်း ကိုယ်စားလှယ်များ အနေဖြင့် မည်သည့် လျှော်ကြေးကိုမျှ ခံစားပိုင်ခွင့်မရှိပါ၊

၈။ KBZPay သည် မည်သည့် အချိန်တွင်မဆို ၊ မည်သည့် အကြောင်းကြားမှုမျိုးကိုမျှ မလုပ်ဘဲ ၊ မည်သည့် စည်းမျဉ်း နှင့် စည်းကမ်းကိုမဆို ရပ်စဲခွင့်နှင့်/သို့မဟုတ် အကျိုးခံစားခွင့် အစီအစဉ်ကို ရုပ်သိမ်းခွင့်နှင့်/သို့မဟုတ် ပယ်ဖျက်ခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၉။ KBZPay ၏ ကိုယ်စားလှယ်ဆိုင်ရာ သဘောတူညီချက်တွင် ပါဝင်သော ဆိုင်ရာပုံမှန်စည်းမျဉ်း နှင့် စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်ပါသည်။

၁၀။ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေ နှင့် အညီ အဓိပ္ပာယ် ဖွင့်ဆိုရမည်။