“ကံကောင်းခြင်းတွေသယ်ဆောင် KBZPay ၇ နှစ်ပြည့် မွေးနေ့လက်ဆောင်” အစီအစဉ်၏ စည်းမျဉ်းစည်းကမ်းနှင့်သတ်မှတ်ချက်များ

KBZPay မှ  ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၁၄)ရက်နေ့ မှ ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလ (၂၀) ရက်ထိ ကို “ကံကောင်းခြင်းတွေသယ်ဆောင် KBZPay ၇ နှစ်ပြည့် မွေးနေ့လက်ဆောင်” အစီအစဉ်ကာလ အဖြစ် သတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 1.5 ၊  KBZPay Level 2 နှင့် Youth Account အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 1.5 သို့မဟုတ် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာယခု အစီအစဥ်တွင်  ပါဝင်နိုင်မှာ ဖြစ်ပါသည်။ 

၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay Level 1.5 ၊ KBZPay Level 2 နှင့် Youth Account အသုံးပြုသူများအားလုံးကို  ဤအစီအစဥ်ကာလအတွင်း Campaign Page ထဲဝင်ရောက်ကာ လက်ဆောင်ဘူးဖွင့်ဖောက်ခြင်းနှင့် မိမိ၏သူငယ်ချင်းများအား မျှဝေပေးခြင်း ဖြင့် ကျဘမ်းပြန်အမ်းငွေများနှင့် ကူပွန်များ ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်။

၄။ ဤအစီအစဥ်တွင်ပါဝင်လိုသော KBZPay အသုံးပြုသူများအနေဖြင့်  အစီအစဥ်ကာလအတွင်း KBZPay ရှိ Campaign Page ထဲသို့ဝင်ရောက်ကာ အောက်ဖော်ပြပါ လုပ်ဆောင်ချက်များကို လုပ်ဆောင်ခြင်းဖြင့် ကျဘမ်းပြန်အမ်းငွေများနှင့် ကူပွန်များရရှိမည်ဖြစ်ပါသည်။ 

လုပ်ဆောင်ချက်များမှာ 

၁) အစီအစဉ်ထဲသို့ဝင်ရောက်ခြင်း

“ကံကောင်းခြင်းတွေသယ်ဆောင် KBZPay ၇ နှစ်ပြည့် မွေးနေ့လက်ဆောင်” အစီအစဉ်၏ Campaign Page ထဲသို့ ဝင်ရောက်ခြင်းဖြင့် ဆုလက်ဆောင်ရယူခွင့် တစ်ကြိမ်ရယူနိုင်ပါသည်။

၂) မိမိ၏သူငယ်ချင်းများအားမျှဝေပေးခြင်း

Campaign Page မှာတွေ့ရှိရတဲ့ “Share” ကို နှိပ်ကာ မိမိသူငယ်ချင်းအား မျှဝေပေးခြင်းဖြင့် ဆုလက်ဆောင်ရယူခွင့် တစ်ကြိမ်ရယူနိုင်ပါသည်။

အထက်ဖော်ပြပါလုပ်ဆောင်ချက် တစ်ခုချင်းစီအတွက် ဆုလက်ဆောင်များရယူခွင့် တစ်ကြိမ်စီ ရရှိမည်ဖြစ်ပါသည်။ ထို့ကြောင့် ဤအစီအစဉ်ကာလအတွင်း KBZPay Account တစ်ခုလျှင် ဆုလက်ဆောင်များရယူခွင့် စုစုပေါင်း နှစ်ကြိမ်အထိ ရရှိမည်ဖြစ်ပါသည်။

၅။ KBZPay အသုံးပြုသူများသည် အစီအစဉ်ကာလအတွင်း KBZPay ထဲရှိ Campaign Page ထဲသို့ဝင်ရောက်ကာ သတ်မှတ်ထားသော လုပ်ဆောင်ချက်များအား လုပ်ဆောင်ခြင်းဖြင့် ကျဘမ်းပြန်အမ်းငွေများနှင့် ကူပွန်များကို ဆုလက်ဆောင်အနေဖြင့် ရရှိမည်ဖြစ်ပါသည်။ 

ဆုလက်ဆောင်များမှာ

၁) ၇၇၇,၇၇၇ ကျပ် ပြန်အမ်းငွေ (အထူးဆုကြီး)

၂) ၇၇,၇၇၇ ကျပ် ပြန်အမ်းငွေ

၃) ၇,၇၇၇ ကျပ် ပြန်အမ်းငွေ

၄) ၇၇၇ ကျပ် ပြန်အမ်းငွေ

၅) ၇၀၀ ကျပ် ဖုန်းဘေလ်ဖြည့် ကူပွန်

၆) ၇၀ ကျပ် Short Dramas ကူပွန်

၇) ၇,၀၀၀ ကျပ် KBZPay Market ကူပွန်

၈) ၇၀၀ ကျပ် ဘေလ်ပေးဆောင်ခြင်းကူပွန်

၉) ၇၀၀ ကျပ် လက်ဆောင်ကတ်ကူပွန်

၁၀) ကျေးဇူးတင်ပါတယ် တို့ဖြစ်ပါသည်။

ကူပွန်သုံးစွဲခြင်း

  • ၇၀၀ ကျပ် ဖုန်းဘေလ်ဖြည့် ကူပွန် (အနည်းဆုံးဝယ်ယူရမည့် ပမာဏ ၇၀၁ ကျပ်)
  • ၇၀ ကျပ် Short Dramas ကူပွန် (အနည်းဆုံးဝယ်ယူရမည့် ပမာဏ ၇၁ ကျပ်)
  • ၇,၀၀၀ ကျပ် KBZPay Market ကူပွန် (အနည်းဆုံးဝယ်ယူရမည့် ပမာဏ ၇,၀၀၁ ကျပ်)
  • ၇၀၀ ကျပ် ဘေလ်ပေးဆောင်ခြင်းကူပွန် (အနည်းဆုံးဝယ်ယူရမည့် ပမာဏ ၇၀၁ ကျပ်)
  • ၇၀၀ ကျပ် လက်ဆောင်ကတ်ကူပွန် (အနည်းဆုံးဝယ်ယူရမည့် ပမာဏ ၇၀၁ ကျပ်)

၆။ ကူပွန်သက်တမ်း

  • ဖုန်းဘေလ်ဖြည့်ကူပွန်၊ Short Dramas ကူပွန်၊ KBZPay Market ကူပွန်နှင့် လက်ဆောင်ကတ်ကူပွန်များကို လက်ခံရရှိပြီးသည့်နေ့မှစတင်ပြီး (၇) ရက်အတွင်း သုံးစွဲရပါ မည်။ 
  • ဘေလ်ပေးဆောင်ခြင်းကူပွန်ကို လက်ခံရရှိပြီးသည့်နေ့မှစတင်ပြီး (၁၄) ရက်အတွင်း သုံးစွဲရပါ မည်။

၇။ KBZPay အသုံးပြုသူမှ ရရှိထားသော ပြန်အမ်းငွေများကို ၎င်းတို့၏ KBZPay wallet များထဲသို့  တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်ပြီး ၎င်းတို့၏ KBZPay ရှိ မှတ်တမ်းတွင် ပြန်လည် ကြည့်ရှုနိုင်မည်ဖြစ်သည်။ ထိုပြင် ရရှိထားသော ကူပွန်များကိုလည်း ၎င်းတို့၏ KBZPay Account ထဲရှိ “ကူပွန်”၊ “ကျွန်ုပ်၏ ကူပွန်များ” အောက်တွင် ကြည်ရှု့နိုင်ပြီး သတ်မှတ်ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ KBZPay မှ နေ့စဉ်အတွက် သတ်မှတ်ထားသော ပြန်အမ်းငွေ နှင့် ကူပွန်ပေးမည့် အကြိမ်အရေအတွက်သည် ကန့်သတ်ချက်ရှိသဖြင့် ထိုကန့်သတ်အရေအတွက် ကျော်လွန်ပြီးနောက် လုပ်ဆောင်သော လုပ်ဆောင်ချက်များအတွက် KBZPay အသုံးပြုသူများအနေဖြင့်   ပြန်အမ်းငွေနှင့် ကူပွန်များ ရရှိနိုင်မည် မဟုတ်ပါ။

၈။ ဤအစီအစဥ်မှ ရရှိသော ပြန်အမ်းငွေများနှင့် ကူပွန်များအား KBZPay အသုံးပြုသူများ၏  KBZPay wallet များထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်သော်လည်း KBZ ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေများနှင့် ကူပွန်များအား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။

၉။ ဤအစီအစဥ်ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ အစီအစဥ် ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များရရှိသော KBZPay အသုံးပြုသူများအနေဖြင့် အစီအစဥ် ကာလပြီးဆုံးသော်လည်း အပိုဒ် (၆)တွင် ဖော်ပြချက်နှင့်အညီ   ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၁၀။ ဤအစီအစဥ် တွင်ပါဝင်ရန် KBZPay Application ရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၁၁။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၂။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ် ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၃။ ဤအစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZ တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၄။ KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၅။ KBZ အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်း ကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက် တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၆။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့် လည်း အကျုံးဝင်စေရမည်။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၈။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZ အနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။