၁။ KBZPay သည် ၂၀၂၅ ခုနှစ်၊ မေလ (၂၀) ရက်နေ့ မှ ၂၀၂၅ ခုနှစ်၊မေ လ (၂၉) ရက် နေ့အထိကို” KBZPay နဲ့ စိန် များဝယ် ပြန်အမ်းငွေများ နှင့် ဆုလက်ဆောင် စိန် များရယူမယ် အစီအစဉ်ကာလအဖြစ် သတ်မှတ်ထားပါသည်။
၂။ KBZPay Level 1.5 ၊ KBZPay Level 2 နှင့် Youth Account အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပြီး KBZPay Level 1 အသုံးပြုသူများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ဤအစီအစဥ် တွင်ပါဝင်သူများအနေဖြင့် KBZPay Application Version အား ၅.၅.၀ နှင့် အထက် မြှင့်တင်ထားရန်လိုအပ်ပါသည်။
၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay Level 1.5၊ KBZPay Level 2 နှင့် Youth Account အသုံးပြုသူများ အားလုံးသည် ဤအစီအစဉ် ကာလအတွင်း KBZPay ၏ MLBB လက်ဆောင်ကတ် ကို ဝယ်ယူခြင်းအတွက် အနည်းဆုံး ငါးရာ (၅၀၀) ကျပ်ငွေပေးချေမှုပြုလုပ်ပါက Spin Wheel ကံစမ်းခွင့်များရရှိကာ အောက်တွင်ဖော်ပြထားသော ဆုလက်ဆောင်များကို ရရှိနိုင်မှာဖြစ်သည်။
- 5 Diamonds
- 11 Diamonds
- 22 Diamonds
- 56 Diamonds
- 30,000ks ပြန်အမ်းငွေ
- 50,000ks ပြန်အမ်းငွေ
- 100,000ks ပြန်အမ်းငွေ
- ကျေးဇူးတင်ပါသည်။
၄။ ပြန်အမ်းငွေ နှင့် ဆုလက်ဆောင်စိန်များ ကံစမ်းခွင့်ရယူရန်အတွက် ဤအစီအစဉ်ကာလအတွင်း KBZ ၏ MLBB လက်ဆောင်ကတ် ဝယ်ယူခြင်း အတွက် အနည်းဆုံး ငါးရာ (၅၀၀) ကျပ် ငွေပေးချေမှုပြုလုပ်ပါက အောက်တွင်ဖော်ပြထားသည့် သတ်မှတ်ထားသော ငွေပေးချေမှုများ အလိုက် Spin Wheel ကံစမ်းခွင့်များရရှိမည်ဖြစ်သည်။ တစ်ရက်လျှင် အသုံးပြုရမည့် ငွေပမာဏတစ်ခုအတွက် သတ်မှတ်ထားသော Spin Wheel ကံစမ်းခွင့်များရရှိမည်ဖြစ်ပြီး ထိုနေ့ရက်အတွင်း တူညီသော ထိုငွေပမာဏကိုထပ်မံ အသုံးပြုခြင်းအတွက်Spin Wheel ကံစမ်းခွင့်ရမည်မဟုတ်ပါ ။ ဉပမာ အသုံးပြုတစ်ယောက်သည် ၅၀၀ ကျပ် ငွေပေးချေမှုအတွက် သတ်မှတ်ထားသော Spin Wheel ကံစမ်းခွင့်ရရှိပါက ထို့နေ့အတွက် နောက်ထပ် ၅၀၀ ကျပ် ငွေပေးချေမှုအတွက် Spin Wheel ကံစမ်းခွင့်ရရှိမည်မဟုတ်ပါ။
အသုံးပြုရမည့် ငွေပမာဏ | ရရှိနိုင်သည့် Spin Wheel အရေအတွက် |
အစီအစဉ် ကာလ အတွင်း အစီအစဉ်စာမျက်နှာသို့ဝင်ရောက်ခြင်း (အစီအစဉ်ကာလအတွင်း ၁ ကြိမ်သာ) | ၁ |
မည်သည့် ငွေပေးချေမှုပမာဏ မျိုးမဆို (အစီအစဉ်ကာလအတွင်း ၁ ကြိမ်သာ) | ၁ |
≥500Ks | ၁ |
≥1000Ks | ၁ |
≥7800Ks | ၂ |
≥12000Ks | ၃ |
≥18000Ks | ၄ |
≥49000Ks | ၆ |
၅။ ဤ အစီအစဥ် တွင် အသုံးပြုသူတစ်ယောက်သည် အစီအစဉ်ကာလအတွင်း စုစုပေါင်း ရရှိနိုင်သည့် Spin Wheel ကံစမ်းခွင့် အရေအတွက်အား သတ်မှတ်ထားခြင်းမရှိပါ။ သို့သော် နေ့စဉ် ည 00:00 အချိန်တွင် ထို တစ်နေ့တာအတွက်ရရှိထားသော Spin Wheel ကံစမ်းခွင့်များကုန်ဆုံးမည်ဖြစ်ပါသည်။ ပြန်အမ်းငွေနှင့် ဆုလက်ဆောင် စိန်များ အရေအတွက်သည် ကန့်သတ်ချက်များရှိပါသည်။ ဤအစီအစဥ် ကာလအတွင်း နေ့စဉ်အတွက် သတ်မှတ်ထား သော ပြန်အမ်းငွေ နှင့် ဆုလက်ဆောင်စိန် အရေအတွက် ကန့်သတ်ချက်ရှိသဖြင့် ထိုကန့်သတ်အရေအတွက်ထက် ကျော်လွန်သော ငွေပေးချေမှုများ အတွက် ပြန်အမ်းငွေ နှင့် ဆုလက်ဆောင် စိန်များ ရရှိနိုင်မည် မဟုတ်ပါ။
၆။ ဤအစီအစဥ်မှ ရရှိသော ပြန်အမ်းငွေများအား KBZPay အသုံးပြုသူများ၏ KBZPay wallet များထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ ပြန်အမ်းငွေများအား ထည့်သွင်းပေးမည့် အချိန်သည် KBZ ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေများအား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။ ဤအစီအစဥ်မှ မိမိရရှိထားသော ဆုလက်ဆောင်စိန်များအား လဲလှယ်ရယူနိုင်ရန် KBZPayရှိ “______ကျွန်ုပ်၏ ဆုများ______” နေရာတွင် သွားရောက်ကြည့်ရှု့နိုင်မည်ဖြစ်ပါသည်။
၇။ ဤအစီအစဥ်မှ လက်ဆောင်ရရှိသော ဆုလက်ဆောင်စိန်များကို MLBB Website တွင် သွားရောက်လဲလှယ်ရယူနိုင်ပါသည်။
၈။ ဤအစီအစဥ်တွင် ပါဝင်ရန် KBZPay Applicationရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။
၉။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။
၁၀။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြု လုပ်ပိုင်ခွင့်ရှိသည်။
၁၁။ ဤအစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZ တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
၁၂။ KBZသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။
၁၃။ KBZ အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့် မရှိသည်ကို သိရှိသဘောတူပါသည်။
၁၄။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် MLBB Website ၏ စည်းမျဉ်း စည်းကမ်းနှင့် သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။
၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။
၁၆။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မှတ်ယူခြင်းမရှိစေရပါ။
၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။