၁။ KBZ သည် ၂၀၂၅ ခုနှစ် သြဂုတ်လ (၂၄) ရက်နေ့ မှ ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၂) ရက်နေ့ အထိကို “KBZPay မှာလက်ဆောင်ကတ်ဝယ် ဆုလက်ဆောင်များရယူမယ်” ၏အစီအစဉ်ကာလအဖြစ် သတ်မှတ်ထားပါသည်။
၂။ KBZPay Level 1.5 ၊KBZPay Level 2 နှင့် Youth Account အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပြီး KBZPay Level 1 အသုံးပြုသူများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။
၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay Level 1.5 ၊ KBZPay Level 2နှင့် Youth Account အသုံးပြုသူများ အားလုံးသည် ဤအစီအစဉ် ကာလအတွင်း KBZPay ၏ လက်ဆောင်ကတ် အောက်တွင် ရှိသော သတ်မှတ်ထားသော လက်ဆောင်ကတ်များအား ငွေကျပ် တစ်သောင်း (၁၀,၀၀၀)ကျပ် နှင့်အထက် ဝယ်ယူ၍ အောင်မြင်စွာ ငွေပေးချေပါက အောက်ဖော်ပြပါ ဆုလက်ဆောင်များကိုကံစမ်းခွင့် ရရှိနိုင်မည်ဖြစ်ပါသည်။
ပြန်အမ်းငွေများ | ကူပွန် | အထူးဆုလက်ဆောင်များ |
၅၀၀ ကျပ်၊ ၁,၀၀၀ ကျပ်၊ ၃,၀၀၀ ကျပ်၊ ၅,၀၀၀ ကျပ်၊ ကျေးဇူးတင်ပါသည်။ | ၅,၀၀ ကျပ်၊ ၁,၀၀၀ ကျပ်၊ ၃,၀၀၀ ကျပ် | Infinix GT 30 Pro, Huawei Fit 4 Pro, Huawei Fit 4, Redmi Buds 6 Pro |
၄။ ကံစမ်းခွင့်ရယူရန်အတွက် အောက်ဖော်ပြပါ သတ်မှတ်ထားသော လက်ဆောင်ကတ် ဝယ်ယူခြင်းများအတွက် ငွေပေးချေမှုတစ်ကြောင်းလျှင် အနည်းဆုံးတစ်သောင်း (၁၀,၀၀၀) ကျပ် နှင့် အထက်အောင်မြင်စွာ ငွေပေးချေပြီးပါက ကံစမ်းခွင့်ရရှိမည်ဖြစ်သည်။ အသုံးပြုသူတစ်ယောက်သည် အစီအစဥ်ကာလအတွင်း ရရှိနိုင်သည့် ကံစမ်းခွင့် အကြိမ်အရေအတွက် ကန့်သတ်ထားခြင်းမရှိပါ။ အသုံးပြုသူတစ်ယောက်သည် အစီအစဉ်ကာလအတွင်း သတ်မှတ်ထားသော လက်ဆောင်ကတ်များကို ဝယ်ယူပါ အောက်ဖော်ပြပါအတိုင်းကံစမ်းခွင့် အခွင့်အရေးများကိုရရှိမည်ဖြစ်သည်။
ပမာဏ | ရရှိနိုင်မည့်အခွင့်အရေး |
၁၀,၀၀၀ ကျပ် မှ ၂၉,၉၉၉ ကျပ် အထိ | ၁ ကြိမ် |
၃၀,၀၀၀ ကျပ် နှင့် အထက် | ၃ ကြိမ် |
၅။အောက်ဖော်ပြပါ ဇယားတွင်ပါရှိသော လက်ဆောင်ကတ်များကို တစ်သောင်း (၁၀,၀၀၀) ကျပ် နှင့် အထက်ဝယ်ယူပါက ဤအစီအစဉ်တွင် ပါဝင်ခွင့်ရရှိနိုင်မည်ဖြစ်သည်။
စဉ် | လက်ဆောင်ကတ်စာရင်း |
၁ | Mobile legends Bang Bang |
၂ | Apple/iTunes(US Region) |
၃ | PUBG |
၄ | Honor of Kings |
၅ | Roblox |
၆ | Steam Wallet (SG Region) |
၇ | Free Fire(Global) |
၈ | PlayStation Network (US Region) |
၉ | PlayStation Network (SG Region) |
၁၀ | Razer Gold (US) |
၁၁ | Nintendo eShop (US Region) |
၁၂ | Valorant (US Region) |
၁၃ | Arena Breakout |
၁၄ | NetFlix Movie Cards |
၁၅ | MyanmarNet |
၁၆ | Magic Chess: Go Go |
၁၇ | Viber Plus |
၁၈ | Razer Gold (Global) |
၁၉ | Spotify (US Region) |
၂၀ | Xboxs (US Region) |
၂၁ | Blizzards (US Region) |
၂၂ | Minecraft Cards |
၂၃ | Life After |
၂၄ | Microsoft (US Account) |
၂၅ | Wun Zinn |
၂၆ | XBox Game Pass Core(US) |
၂၇ | Shwe Note |
၂၈ | League of Legends(US) |
၂၉ | EA Play(US) |
၃၀ | New State Mobile (NC) Cards |
၃၁ | Riot Access Points (US |
၆။ KBZPay မှသတ်မှတ်ထားသည့် အပိုဒ် (၅) တွင်ဖော်ပြထားသော လက်ဆောင်ကတ်ဝယ်ယူခြင်း မဟုတ်သော ငွေပေးချေမှုများအတွက် ပြန်အမ်းငွေ ရရှိနိုင်မည်မဟုတ်ပါ။
၇။ဤအစီအစဥ်မှ လက်ဆောင်ရရှိသော ကူပွန်များကို အောက်ဖော်ပြပါအတိုင်း ပြန်လည် အသုံးပြုနိုင်မည် ဖြစ်ပါသည်။
စဉ် | ကူပွန်ပမာဏ | ပြန်လည်အသုံးပြုနိုင်သော ပမာဏ |
၁။ | ၅၀၀ ကျပ် | ၃,၀၀၀ ကျပ်နှင့် ကျော်လွန်သော ပမာဏ |
၂။ | ၁,၀၀၀ ကျပ် | ၅,၀၀၀ ကျပ်နှင့် ကျော်လွန်သော ပမာဏ |
၃။ | ၃,၀၀၀ ကျပ် | ၁၀,၀၀၀ ကျပ်နှင့် ကျော်လွန်သော ပမာဏ |
၈။မိမိရရှိထားသော ကူပွန်အား KBZPay ရှိ “ကူပွန်များ” နေရာတွင် သွားရောက်ရယူ နိုင်မည်ဖြစ်ပါသည်။ ကူပွန်တစ်ခု၏ သက်တမ်းမှာ စတင်ရရှိသည့်ရက်မှ (၃)ရက်အထိ ဖြစ်ပါသည်။ လျော့စျေးကူပွန်အား သက်တမ်းမကုန်မီ KBZPay ရှိ လက်ဆောင်ကတ်ဝယ်ယူခြင်းတွင် ပြန်လည်အသုံးပြုနိုင်မည်ဖြစ်သည်။ ဤအစီအစဥ်ကာလ ကုန်ဆုံးပြီးနောက်တွင် ကူပွန်များကို အသုံးပြုသူများ အနေဖြင့် ဤစည်းကမ်း သတ်မှတ်ချက်ပါ ကူပွန်သက်တမ်းကျန်ရှိသည့်အတိုင်းအသုံးပြုနိုင်မည်ဖြစ်ပါသည်။
၉။ ဤအစီအစဥ်မှ ရရှိသော ပြန်အမ်းငွေများအား KBZPay အသုံးပြုသူများ၏ KBZPay wallet များထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်ပြီး ၎င်းတို့၏ KBZPayရှိ မှတ်တမ်းတွင် ပြန်လည် ကြည့်ရှုနိုင်မည်ဖြစ်သည်။ နေ့စဉ်အတွက် သတ်မှတ်ထားသော ဆုလက်ဆောင်ပေးမည့် အကြိမ်အရေအတွက် ကန့်သတ်ချက်ရှိသဖြင့် ထိုကန့်သတ်အရေအတွက်ထက် ကျော်လွန်သော ဝယ်ယူငွေပေးချေမှုပြုလုပ်သည့် KBZPay အသုံးပြုသူများအနေဖြင့် ဆုလက်ဆောင် ရရှိနိုင်မည် မဟုတ်ပါ။ ဆုလက်ဆောင်များအား ထည့်သွင်းပေးမည့် အချိန်သည် KBZ ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ဆုလက်ဆောင်များအား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။
၁၀။ အထူးဆုကံထူးရှင်သည် ( query@kbzpay.com ) သို့ မိမိ၏ ကိုယ်ရေးအချက်အလက်များဖြစ်သည့် အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ် နှင့် လက်ရှိနေရပ်လိပ်စာတို့အပြင် ရရှိထားသော အတည်ပြု SMS Screenshot နှင့်အတူ ပေးပို့၍ ဆက်သွယ်ရပါမည်။ KBZ မှ အချက်အလက်များစုံလင်စွာရရှိပါက ဆုရရှိသူထံ ဆုလက်ဆောင် လာရောက်ထုတ်ယူနိုင်မည့်လိပ်စာအား အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။
၁၁။ အထူးဆု ကံထူးရှင်သည် အထူးဆုအား လက်ခံရယူရန် KBZ မှ ဆက်သွယ် အကြောင်းကြား ပြီးနောက် ရုံးဖွင့်ရက် ( ၃၀ ) ရက်အတွင်း သတ်မှတ်ထားသည့် လာရောက်ထုတ်ယူရမည့် လိပ်စာအတိုင်း ဆုလက်ဆောင်ရရှိသူကိုယ်တိုင် KBZ မှ သတ်မှတ်ထားသည့် လိုအပ်သော စာရွက်စာတမ်းများနှင့်အတူ ဆုလက်ဆောင်အား လာရောက် ထုတ်ယူရမည်ဖြစ်ပါသည်။ သတ်မှတ်ထားသောရက် ( ၃၀ )ရက်အတွင်း လာရောက် ထုတ်ယူနိုင်ခြင်းမရှိပါက ဆုလက်ဆောင်အား KBZ မှ ပြန်လည်ရုပ်သိမ်းသွားမည် ဖြစ်သည်။ ဆုလက်ဆောင်ရရှိသူသည် မိမိရရှိသည့် ဆုလက်ဆောင် အားထုတ်ယူစဉ်တွင် သေချာစစ်ဆေးပြီးမှသာ လက်ခံရယူရမည်မှာ ဆုလက်ဆောင်ရရှိသူ၏ တာဝန် ဖြစ်ပါသည်။ ဆုလက်ဆောင်ရရှိသူမှ ထုတ်ယူပြီးသော ဆုလက်ဆောင်များနှင့် ပတ်သက်၍ ချို့ယွင်းမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက KBZမှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။ အထူးဆု လက်ဆောင် အား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့် ရရှိမည် မဟုတ်ပါ။
၁၂။ ဤအစီအစဥ် ကာလအတွင်းသာလျှင်KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ အစီအစဥ်ကာလ ပြီးကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါ အခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။
၁၃။ ဤအစီအစဥ်တွင် ပါဝင်ရန် KBZPay Applicationရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။
၁၄။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့် ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။
၁၅။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြု လုပ်ပိုင်ခွင့်ရှိသည်။
၁၆။ ဤအစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZ တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
၁၇။ KBZသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြား နိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။
၁၈။ KBZ အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့် မရှိသည်ကို သိရှိသဘောတူပါသည်။
၁၉။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ နှင့် သက်ဆိုင်ရာ မိတ်ဖက်ဆိုင်များ၏ စည်းမျဉ်း စည်းကမ်းနှင့် သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။
၂၀။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။
၂၁။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက် ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက် များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြား မည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မှတ်ယူခြင်းမရှိစေရပါ။၂၂။ ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။