KBZPay ရဲ့ ၅နှစ်ပြည့် Campaign စည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ

၁။ KBZPay ရဲ့ ၅နှစ်ပြည့် Campaign ကို ၂၀၂၃ခုနှစ် အောက်တိုဘာလ ၁၁ ရက်နေ့မှ ၂၀၂၃ခုနှစ် အောက်တိုဘာလ ၁၅ ရက်နေ့ အထိ ပြုလုပ်သွားမည်ဖြစ်ပါသည်။

၂။ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများသာ ယခု Campaignတွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပြီး အသုံးပြုသူအသစ်များသည်လည်း KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ အသုံးပြုသူအဖြစ် အောင်မြင်စွာ KBZPay Account ဖွင့်လှစ်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်သည်။  

၃။ ဤ Campaign ၏ရည်ရွယ်ချက်မှာ KBZPay ၅နှစ်ပြည့် အတွက် ကျေးဇူးတုံ့ပြန်သောအားဖြင့် KBZPay အသုံးပြုသူများအား လျှော့‌စျေးကူပွန်များနှင့်ပြန်အမ်းငွေများ ရရှိနိုင်ရန် ရည်ရွယ်၍ပြုလုပ်ခြင်း ဖြစ်ပါသည်။ 

၄။ ဤ Campaign အရ လျှော့‌စျေးကူပွန်များရရှိသူတိုင်းသည် KBZPay “ကျွန်ုပ်၏ ပရိုဖိုင်” ရှိ “ ကူပွန်များ” ထဲသို့ ကူပွန်အားလက်ခံရရှိမည်ဖြစ်ပြီး ပြန်အမ်းငွေရရှိသူတိုင်းသည် KBZPay wallet များထဲသို့ ပြန်အမ်းငွေများအား တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ 

၅။ ပြန်လည်ရရှိနိုင်မည့် လျှော့စျေးကူပွန်နှင့်ပြန်အမ်းငွေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

  • ၃၀၀ ကျပ် ပြန်အမ်းငွေ
  • ၅၀၀ ကျပ် ပြန်အမ်းငွေ
  • ၁၀၀,၀၀၀ ကျပ် ပြန်အမ်းငွေ
  • ၅၀၀ ကျပ် ဖုန်းဘေလ်ဖြည့်ကူပွန် (၁,၀၀၀ကျပ်နှင့်အထက်ဖုန်းဘေလ်ဝယ်ယူမှုများအတွက်)
  • ၅,၀၀၀ ကျပ် ဖုန်းဘေလ်ဖြည့်ကူပွန် (၅,၀၀၁ကျပ်နှင့်အထက်ဖုန်းဘေလ်ဝယ်ယူမှုများအတွက်)
  • ၅၀၀ကျပ် KBZPay Market ကူပွန် (KBZPay Market မှ ၅,၀၀၀ကျပ်နှင့်အထက် ပစ္စည်းဝယ်ယူခြင်း များအတွက်)
  • ၅,၀၀၀ ကျပ် KBZPay Market ကူပွန် (KBZPay Market မှ ၁၀,၀၀၁ကျပ်နှင့်အထက် ပစ္စည်းဝယ်ယူခြင်း များအတွက်)

အထက်ပါတွင် လျှော့စျေးကူပွန် နှင့် ပြန်အမ်းငွေပမာဏအား မည်သို့ပင်ဖော်ပြစေကာမူ ဤ Campaign ကာလအတွက် KBZPayမှ သတ်မှတ်ထားသော ပမာဏသို့ ရောက်ရှိသွားပါက “ကျေးဇူးတင်ပါသည်” သာပြန်လည်ရရှိမည် ဖြစ်ပါသည်။

၆။ ဤ Campaign တွင်ပါဝင်ရန် KBZPay အသုံးပြုသူများအနေဖြင့် campaign စာမျက်နှာရှိ မွေးနေ့ကိတ်တွင် ဖယောင်းတိုင် (၅) တိုင်ကိုထွန်းညှိပေးရန် လိုအပ်ပါသည်။ 

၇။ ဤ Campaign တွင်ပါဝင်သော KBZPay အသုံးပြုသူများအနေဖြင့် KBZPay အကောင့်တစ်ခုအတွက် Campaign ကာလအတွင်း (၁) ကြိမ်သာ ပါဝင်ခွင့်ရှိပါသည်။ 

၈။ ဤ Campaign တွင် ဖော်ပြထားသည့် မည်သည့်ကူပွန်အမျိုးအစားမဆို ကူပွန်တစ်ခု ၏ သက်တမ်း မှာ (၇) ရက် ဖြစ်ပြီး (၇) ရက်ကုန်ဆုံးသွားသည့်အခါ ကူပွန်အား အသုံးပြုနိုင်တော့မည်မဟုတ်ပါ။

၉။   ကူပွန်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။

၁၀။ ဤ Campaign ကာလအတွင်း KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်းသတ်မှတ်ချက်ပါအခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်ပြီး Campaignကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင်မည်သို့ပင် ဖော်ပြစေကာမူ KBZPay အသုံးပြုသူများသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များအား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် ၈ တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး (၇)ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၁၁။ Campaign တွင်ပါဝင်ရန် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့် ဝင်ရောက်ပါဝင်နိုင်ပါသည်။

၁၂။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သော KBZPay အသုံးပြုသူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၃။   ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထား ပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၄။   ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၁၅။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြား နိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၆။  KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၇။   KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။ 

၁၈။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။ 

၁၉။   KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထား သည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်း နိုင်သော ဖြစ်ရပ်များ ဆက်လက်ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၀။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။