“KBZPay ရဲ့ Christmas လက်ဆောင်ယူ၊ နှစ်သစ်မုန့်ဖိုး သိန်း ၁၅၀၀ လည်း မျှဝေကံစမ်းကြစို့အတူ” Campaign ၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ 

၁။ ယခု “KBZPay ရဲ့ Christmas လက်ဆောင်ယူ၊ နှစ်သစ်မုန့်ဖိုး သိန်း ၁၅၀၀ လည်း မျှဝေကံစမ်းကြ စို့အတူ” Campaign သည် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့ မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ အထိဖြစ်ပါသည်။ 

၂။ ဤ Campaign တွင် KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ Customer များသာ ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Christmas လက်ဆောင် နှင့် နှစ်သစ်မုန့်ဖိုးများအား ဖွင့်ရမည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက် နှင့် ၂၅ ရက်၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နှင့် ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ မတိုင်မီ Customer များသည် Christmas အလှဆင်ပစ္စည်းများကို စုဆောင်းထားရန် လိုအပ်ပါသည်။ 

၃။ KBZPay အဆင့် ၁ Customer များသည် အဆင့် ၁.၅ (သို့) အဆင့် ၂ သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်ပြီး   Customer အသစ်များသည်လည်း KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ Customer အဖြစ် အောင်မြင်စွာ KBZPay Account ဖွင့်လှစ်ပြီးမှသာ ဤ Campaign တွင် ပါဝင်နိုင်မည်ဖြစ်သည်။ 

၄။ Campaign ကာလအတွင်း Customer များသည် Christmas နှင့် နှစ်သစ်မုန့်ဖိုးများအား ရယူရန် Christmas အလှဆင်ပစ္စည်းများဖြစ်သော (Santa Claus၊ Magic Wand၊ Christmas Tree၊ Gift Box၊ Snowman) အစရှိသည့် လက်ဆောင် ၅ ခုကို စုဆောင်း ထားရမည်ဖြစ်ပါသည်။ 

၅။ KBZPay Customer များသည် တစ်ရက်လျှင်စုဆောင်းနိုင်သည့်  Christmas အလှဆင်ပစ္စည်းများကို  KBZPay မှ သတ်မှတ်ထားသည့် အောက်ဖော်ပြပါ လုပ်ဆောင်ချက်များအား ပြီးမြောက်အောင် ဆောင်ရွက်ခြင်းဖြင့် Christmas အလှဆင်ပစ္စည်းများနှင့် ပွိုင့်များကို စုဆောင်းနိုင်မှာ ဖြစ်ပါသည်။

လုပ်ဆောင်ရန်အချက်များရရှိမည့်အလှဆင်ပစ္စည်းနှင့်ပွိုင့်များ၁ ရက်လျှင်လုပ်ဆောင်နိုင်မည့်အကြိမ်
အသုံးပြုသူအသစ်ဖိတ်ခေါ်ခြင်း (၁၀) ပွိုင့် နှင့် အလှဆင်ပစ္စည်း (၄) စုံ
ယခုCampaignအားသူငယ်ချင်းများနှင့်ဝေမျှခြင်း (၁) ပွိုင့် နှင့် အလှဆင်ပစ္စည်း (၁) ခု၁ ကြိမ်
KBZPay ဖြင့်၃,၀၀၀ ကျပ်ဖိုးနှင့် အထက် ငွေပေးချေမှု(၂) ပွိုင့် နှင့် အလှဆင်ပစ္စည်း (၁) ခု၂ ကြိမ်
၃,၀၀၀ ကျပ် နှင့် အထက် ဖုန်းဘေလ်ဖြည့်ခြင်း(၂) ပွိုင့် နှင့် အလှဆင်ပစ္စည်း (၁) ခု၁၀ ကြိမ်
Official Account မှ ဆောင်းပါးကိုဖတ်ရှုခြင်း(၁) ပွိုင့် နှင့် အလှဆင်ပစ္စည်း (၁) ခု၁ ကြိမ်
KBZPay Market မှ ၅,၀၀၀ ကျပ်နှင့်အထက် ပစ္စည်းဝယ်ယူခြင်း(၂) ပွိုင့် နှင့် အလှဆင်ပစ္စည်း (၁) ခု၂ ကြိမ်
KBZPay Mini App မှ ၁,၀၀၀ ကျပ်နှင့်အထက် ပစ္စည်းဝယ်ယူခြင်း(၂) ပွိုင့် နှင့် အလှဆင်ပစ္စည်း (၁) ခု၅ ကြိမ်
KBZPay wallet ထဲသို့ ၃,၀၀၀ ကျပ်နှင့်အထက် ငွေဖြည့်သွင်းခြင်း(၂) ပွိုင့် နှင့် အလှဆင်ပစ္စည်း (၁) ခု၅ ကြိမ်
My Medicine Mini App သို့ဝင်ရောက်ခြင်း(၁) ပွိုင့် နှင့် အလှဆင်ပစ္စည်း (၁) ခု၁ ကြိမ်

၆။ လုပ်ဆောင်ချက်များအား ပြီးမြောက်သည့် အခါတိုင်း အလှဆင်ပစ္စည်းနှင့် ပွိုင့်များကို ရရှိနိုင်မည် ဖြစ်ပြီး ရရှိလာသော ပွိုင့်များဖြင့် Spin Wheel လှည့်ကာ အထူးဆုများကို ကံစမ်းနိုင်မည် ဖြစ်ပါသည်။ Spin Weel လှည့်ရန်တွက် Customer အနေဖြင့် အနည်းဆုံး ပွိုင့် (၁၀) ရရှိထားရန်လိုအပ်ပြီး Customer မှ Spin Weel တစ်ခါလှည့်တိုင်း ပွိုင့် (၁၀) အား Customer ၏ ရရှိထားသော ပွိုင့်များမှ အလိုအလျောက် နုတ်ယူသွားမည်ဖြစ်သည်။

ပေးအပ်သွားမည့် အထူးဆုများမှာ 

  • ၅,၀၀၀ ကျပ် ပြန်အမ်းငွေ
  • ၅၀,၀၀၀ ကျပ် ပြန်အမ်းငွေ
  • Samsung Galaxy Buds Live တစ်ခု
  • FujiFilm Instax Mini 12 တစ်လုံး နှင့် Film တစ်ခု
  • Samsung Galaxy A23 တစ်လုံး
  • Samsung Galaxy Tab A8 တစ်လုံး
  • G-Shock GA-2110SU-3A နာရီတစ်လုံး 

တို့အပြင် Spin Wheel လှည့်ကာ ကံစမ်းမှုများ မပြုလုပ်လိုပါက အောက်ဖော်ပြပါ လျှော့စျေးကူပွန်များကို တနေ့လျှင် အများဆုံး (၁၀) ကြိမ်အထိ ရယူနိုင်မှာဖြစ်ပါသည်။

၆၊၁။ ၂၀၀ ကျပ်၊ ၅၀၀ ကျပ် နှင့် ၁,၀၀၀ ကျပ်တန် ဖုန်းဘေလ်ကူပွန်များ 

၆၊၂။ ၂၀၀ ကျပ်၊ ၅၀၀ ကျပ် နှင့် ၁,၀၀၀ ကျပ်တန် KBZPay Market ကူပွန်များ 

၆၊၃။ ၂၀၀ ကျပ်၊ ၅၀၀ ကျပ် နှင့် ၁,၀၀၀ ကျပ်တန် ဘေလ်ပေးဆောင်ခြင်းကူပွန်များ

၇။ Campaign Page ထဲတွင် မီးလင်းနေသည့် အလှဆင်ပစ္စည်းများအား နှိပ်ကာ မိမိစုဆောင်းရရှိ ထားသော အလှဆင်ပစ္စည်း အရေအတွက်ကို သိရှိနိုင်မည် ဖြစ်ပြီး ရရှိလာသော  ပြန်အမ်းငွေများ အား KBZPay Wallet သို့ တိုက်ရိုက် ချက်ချင်း ထည့်သွင်းပေးသွားမည်ဖြစ်ပြီး လျှော့ဈေးကူပွန်များကို “ကျွန်ုပ်၏ ပရိုဖိုင်” အောက်ရှိ “ကူပွန်များ“ တွင်ပြန်လည်ကြည့်ရှုနိုင်ပါသည်။ ပြန်အမ်းငွေအား ချက်ချင်းထည့်သွင်းပေးမည်ဟု ဖော်ပြထားသော်လည်း ဘဏ်၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန် သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေထည့်သွင်းချိန်ပြောင်းလဲမှုရှိနိုင်ပါသည်။ 

၈၊ ကူပွန် တစ်ခု ၏ အသုံးပြုနိုင်ခွင့်သက်တမ်း မှာ Customer လက်ခံရရှိသည့်နေ့ရက်မှစ၍ (၇) ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး ၎င်းသတ်မှတ်ရက်ကုန်ဆုံးသွားလျှင် ကူပွန်အား အသုံးပြုနိုင်တော့မည် မဟုတ်ပါ။ 

၉။ ၂၀၀ ကျပ်တန် ဖုန်းဘေလ်ကူပွန်အား ၂,၀၀၀ ကျပ်နှင့်အထက်၊ ၅၀၀ ကျပ်တန် ဖုန်းဘေလ်ကူပွန်အား ၄,၀၀၀ ကျပ်နှင့်အထက်၊ ၁,၀၀၀ ကျပ်တန် ဖုန်းဘေလ်ကူပွန်အား ၈,၀၀၀ ကျပ်နှင့်အထက် ဖုန်းဘေလ်ဖြည့်သွင်းမှုများတွင်ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါသည်။ ၂၀၀ ကျပ်တန် ဘေလ်ပေးဆောင် ခြင်းကူပွန်အား ၁၀,၀၀၀ ကျပ်နှင့်အထက်၊ ၅၀၀ ကျပ်တန် ဘေလ်ပေးဆောင်ခြင်းကူပွန်အား ၂၀,၀၀၀ ကျပ်နှင့်အထက်၊ ၁,၀၀၀ ကျပ်တန်ဘေလ်ပေးဆောင်ခြင်းကူပွန်အား ၅၀,၀၀၀ ကျပ်နှင့်အထက် ဘေလ်ပေးဆောင်ခြင်းများတွင်ပြန်လည်အသုံးပြုနိုင်မှာဖြစ်ပါသည်။ ၂၀၀ ကျပ်တန် KBZPay Market ကူပွန်အား ၅,၀၀၀ ကျပ်နှင့်အထက်၊ ၅၀၀ ကျပ်တန် KBZPay Market ကူပွန်အား ၈,၀၀၀ ကျပ်နှင့်အထက်၊ ၁,၀၀၀ ကျပ်တန် KBZPay Market ကူပွန်အား ၁၅,၀၀၀ ကျပ်နှင့်အထက်  ဝယ်ယူပေးချေမှုတွင် အသုံးပြုနိုင်မှာဖြစ်ပါသည်။ 

၁၀။ KBZPay Customer များသည် သတ်မှတ်ထားသည့် လုပ်ဆောင်ချက်များအား ပြီးမြောက်အောင် ဆောင်ရွက်ခြင်းဖြင့် အလှဆင်ပစ္စည်းများ စုဆောင်းနိုင်သလို ဆိုရှယ်မီဒီယာများ၊  KBZ Connet မှ တစ်ဆင့် သူငယ်ချင်း၊ မိတ်ဆွေများကြား ဝေမျှခြင်း၊ လက်ခံ ရယူခြင်းတို့အားပြုလုပ်ခြင်းဖြင့် အလှဆင်ပစ္စည်းများအားစုဆောင်းနိုင်မည်ာဖြစ်ပါသည်။ ဆိုရှယ်မီဒီယာများ၊ KBZ Connet များမှာ လင့်ခ့် အား ဝေမျှနိုင်မှာ ဖြစ်သော်လည်း ဝေမျှသည့် လင့်ခ့် တစ်ခု တွင် အများဆုံး အလှဆင်ပစ္စည်း ၃ ခု သာ ပါဝင်မှာဖြစ်ပြီး လက်ခံသူမှ လင့်ခ် တစ်ခုတွင်အလှဆင်ပစ္စည်းတစ်ခုသာ ရယူနိုင်မည် ဖြစ်ပါသည်။ ပါဝင်သူတွင် အလှဆင်ပစ္စည်း ၁ ခုတည်းသာ ရှိပါက ဝေမျှခြင်း မပြုလုပ်နိုင်ပါ။ 

၁၁။ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၃၊ ၂၄၊ ၂၅၊ ၂၆၊ ၂၇၊ ၂၈၊ ၂၉၊ ၃၀၊ ၃၁ ရက်နေ့ နှင့် ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ များတွင် စုဆောင်းထားသော အလှဆင်ပစ္စည်းများအား ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ မှ ၂၅ ရက်နေ့၊ ဒီဇင်ဘာလ ၃၁ ရက်နေ့မှ ၂၀၂၄ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့ ည ၈ နာရီတိုင်းတွင်  စတင်ကာ မုန့်ဖိုးများ ရယူကံစမ်းနိုင်မည် ဖြစ်ပါသည်။ မုန့်ဖိုးများရယူရာတွင်ဦးရာလူစနစ်ဖြစ်သောကြောင့် Customer များသည် Campaign မစခင် KBZPay Account ထဲသို့ ကြိုတင်ဝင်ရောက်၍ မုန့်ဖိုးများကို အချိန်ကိုက်ရယူနိုင်ရန် တိုက်တွန်းအပ်ပါသည်။

၁၂။ Customer သည် အလှဆင်ပစ္စည်း ၅ ခု တစ်စုံ စုဆောင်း ပြီးသော်လည်း Christmas နှင့် နှစ်သစ်မုန့်ဖိုးရယူရမည့်ရက် ည ၈ နာရီ တွင် မဖွင့်ဖောက်မိလျှင် နောက်ရက် ဖွင့်ဖောက်ရမည့် အချိန်အထိ စောင့်ဆိုင်း ရမည်ဖြစ်ပါသည်။ Customer မှရရှိထားသော အလှဆင်ပစ္စည်းများအား ပထမဖွင့်ဖောက်သည့် နေ့ရက်တွင်ပင်အသုံးပြုမည်ဆိုပါက နောက်ထပ်မုန့်ဖိုး ပေးအပ်မည့်ရက် အတွက် အလှဆင်ပစ္စည်းများအား အစမှပြန်လည်စုဆောင်းရန်လိုအပ်ပါသည်။

၁၃။ ဤ Campaign တွင် အထူးဆုကံထူးသော ဆုရရှိသူများကို  KBZPay မှ SMS ပေးပို့၍ ဆက်သွယ်မည်ဖြစ်ပါသည်။ ဆုရရှိသူများသည် [email protected] သို့ မိမိ၏ ကိုယ်ရေး အချက်အလက်များဖြစ်သည့် အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ် နှင့် လက်ရှိနေရပ်လိပ်စာတို့အပြင် ရရှိထားသော အတည်ပြု SMS Screenshot နှင့် အတူ အီးမေးလ်ပေးပို့၍ ဆက်သွယ်ရပါမည်။ KBZPay မှ အချက်အလက်များစုံလင်စွာရရှိပါက ဆုရရှိသူထံဆုလက်ဆောင် လာရောက်ထုတ်ယူ နိုင်မည့်လိပ်စာအား အကြောင်းကြားပေးသွား မည်ဖြစ်ပါသည်။ 

၁၄။ အထူးဆုရရှိသူများသည် ဆုလက်ဆောင်အား အတည်ပြု SMS  လက်ခံရရှိပြီး ရုံးဖွင့်ရက် (၁၀) ရက်အတွင်း သတ်မှတ်ထားသည့် လိပ်စာတွင် ဆုရရှိသူကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း လာရောက် ထုတ်ယူနိုင်ခြင်းမရှိပါက ဆုလက်ဆောင်အား KBZPay မှ ပြန်လည်ရုပ်သိမ်းသွားမည် ဖြစ်သည်။ ဆုရရှိသူမှ ဆုအားထုတ်ယူစဉ်တွင် စစ်ဆေးပြီးမှသာ လက်ခံရယူရမည်ဖြစ်ပြီး ဆုရရှိသူမှ ထုတ်ယူပြီးသော ဆုများနှင့်ပတ်သက်၍ ချို့ယွင်းမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက KBZ မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။ 

၁၅။ ဤ Campaign အရ ကူပွန်ရရှိထားသူများနှင့် အထူးဆု လက်ဆောင်ရရှိသူများသည် ၎င်းတို့ရရှိသော ကူပွန်များနှင့် ဆုလက်ဆောင်အား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။

၁၆။ Campaign တွင်ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင် ပါသည်။  

၁၇။ ဤ Campaign ကာလအတွင်း KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး Campaign ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင် ဖော်ပြစေကာမူ KBZPay Customer များသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များ ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် (၈) တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး (၇)ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။

၁၈။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Account နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၉။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၂၀။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များနှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေအရ Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၂၁။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းနှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၂၂။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၂၃။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၂၄။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၅။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPay အနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှု ကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ် မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay Customerအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်း ဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။