“KBZPay နဲ့ရှင်းကာ Doctor A Aesthetic Clinic မှာပြန်အမ်းငွေနဲ့ကူပွန်များရယူပါ” အစီအစဥ်၏စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။  KBZPay သည် “KBZPay နဲ့ရှင်းကာ Doctor A Aesthetic Clinic မှာ ပြန်အမ်းငွေနဲ့ ကူပွန်များရယူပါ”အစီအစဥ်ကာလကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ (၂၂) ရက်နေ့မှ ၂၀၂၅ ခုနှစ် မတ်လ (၇) ရက်နေ့ ထိ သတ်မှတ်ထားပါသည်။

၂။ KBZPay Level 1.5 နှင့် Level 2  အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပါသည်။ KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပါသည်။

၃။ ဤအစီအစဥ် ၏ရည်ရွယ်ချက်မှာ KBZPay Level 1.5 နှင့် Level 2  အသုံးပြုသူများ အားလုံးသည် ဤအစီအစဉ် ကာလအတွင်း  KBZPay application ဖြင့် Doctor A Aesthetic Luxury Boutique  တွင် ငါးသိန်း (၅၀၀,၀၀၀) ကျပ်နှင့်အထက် ငွေပေးချေပါက ပြန်အမ်းငွေ နှင့် ကူပွန်များ ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။ ဤ အစီအစဥ် ကာလအတွင်း ရရှိနိုင်သော  ပြန်အမ်းငွေ နှင့် ကူပွန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

  • တစ်သိန်း (၁၀၀,၀၀၀) ကျပ်တန် ပြန်အမ်းငွေ
  • ငါးသောင်း (၅၀,၀၀၀) ကျပ်တန် ပြန်အမ်းငွေ
  • လေးသောင်း (၄၀,၀၀၀)  ကျပ်တန် ပြန်အမ်းငွေ
  • သုံးသောင်း (၃၀,၀၀၀) ကျပ်တန် ပြန်အမ်းငွေ
  • နှစ်သောင်း (၂၀,၀၀၀) ကျပ်တန် ပြန်အမ်းငွေ
  • တစ်သောင်း (၁၀,၀၀၀) ကျပ်တန် ပြန်အမ်းငွေ
  • ငါးသောင်း (၅၀,၀၀၀) ကျပ်တန် လျော့စျေးကူပွန်
  • ကျေးဇူးတင်ပါသည်

၄။ ဤ အစီအစဥ် တွင်ပါဝင်လိုသူများသည်  ဤအစီအစဉ် ကာလအတွင်း Doctor A Aesthetic Luxury Boutique  တွင် ငွေပေးချေမှုတစ်ကြောင်းသည် အနည်းဆုံး   ငါးသိန်း (၅၀၀,၀၀၀) ကျပ် နှင့်အထက် KBZPay application ဖြင့်အောင်မြင်စွာ ငွေပေးချေခြင်းဖြင့် Spin wheel လှည့်ရန်အခွင့်အရေးတစ်ကြိမ်ရရှိမည်ဖြစ်ပြီး အပိုဒ်(၃)တွင် ဖော်ပြထားသော ပြန်အမ်းငွေများ ပြန်လည် ရရှိခံစားနိုင်မည်ဖြစ်သည်။ 

၅။ ဤအစီအစဉ်ကာလအတွင်း KBZPay account အသုံးပြုသူများအနေဖြင့် မိမိ၏ မိတ်ဆွေ၊သူငယ်ချင်းများကို campaign အား share ပေးနိုင်မည်ဖြစ်ပြီး လက်ခံသူမှ “အခုပဲကူညီမည်” ကိုနှိပ်ကာအောင်မြင်သွားပါက အကူအညီတောင်းသူနှင့် လက်ခံသူ များသည် အပိုဒ်(၃)တွင် ဖော်ပြထားသော  ကူပွန်     အသီးသီး ရရှိမည်ဖြစ်သည်။ KBZPay အသုံးပြုသူအနေဖြင့်      အကူအညီရယူခြင်း နှင့်      အကူအညီပေးခြင်း တို့ကို ဤအစီအစဉ်ကာလအတွင်း KBZPay account တစ်ခုဖြင့် တစ်ကြိမ်စီ ပြုလုပ်နိုင်မည်ဖြစ်ပြီး ကူပွန်အား ဤအစီအစဉ်ကာလတွင် KBZPay account အသုံးပြုသူတစ်ယောက်လျှင် စုစုပေါင်း နှစ်ကြိမ်သာရယူနိုင်မည်ဖြစ်သည်။

၆။ KBZPay အသုံးပြုသူများအနေဖြင့် ရရှိလာသော လျှော့ဈေးကူပွန်များကို ပြန်လည် အသုံးပြုရာတွင် ငွေပေးချေ ဝယ်ယူသည့် ပမာဏသည် အနည်းဆုံး  ငါးသိန်း (၅၀၀,၀၀၀) ကျပ် နှင့် အထက် ဖြစ်ရန်      လိုအပ်ပါသည်။ ဤ အစီအစဥ် အရ ကူပွန်ရရှိထားသူများသည် ၎င်းတို့ရရှိသောကူပွန်များအား လဲလှယ်ခြင်း၊ လွှဲပြောင်း ပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေး အဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။

၇။ လျှော့‌စျေးကူပွန်များရရှိသူများသည် KBZPay “ကျွန်ုပ်၏ ပရိုဖိုင်” ရှိ “ ကူပွန်များ” ထဲသို့ ကူပွန်အားလက်ခံရရှိမည် ဖြစ်ပြီး ပြန်အမ်းငွေရရှိသူများသည် KBZPay Wallet အကောင့်ထဲသို့ ချက်ချင်းတိုက်ရိုက် လက်ခံ ရရှိမည်ဖြစ်သည်။      

၈။ လျှော့ဈေးကူပွန်၏သက်တမ်းမှာ အစီအစဉ်ကာလအတွင်းသာ ဖြစ်ပြီး ဤအစီအစဉ်ကာလကုန်ဆုံးသည်နှင့် တစ်ပြိုင်နက်လျှော့ဈေးကူပွန်၏သက်တမ်းမှာလည်း ကုန်ဆုံးသွားမည်ဖြစ်သည်။  လျှော့ဈေးကူပွန် သက်တမ်းမကုန်မီ Doctor A Aesthetic Luxury Boutique  တွင် Doctor A Aesthetic Luxury Boutique ၏ KBZPay QR Code ကို scan ဖတ်၍ငွေပေး‌ချေသော ဝယ်ယူမှုများအတွက် ပြန်လည်အသုံးပြုနိုင်ပါသည်။

၉။ ဤ အစီအစဥ် တွင်ပါဝင်သူများသည် KBZPay Account တစ်ခုဖြင့် အစီအစဥ် ကာလ အတွင်း တစ်ရက်လျှင် Spin wheel လှည့်ရန်အခွင့်အရေးတစ်ကြိမ်သာ ရရှိပါဝင်နိုင်မည်ဖြစ်ပါသည်။ KBZPay အသုံးပြုသူမှ ရရှိထားသော ပြန်အမ်းငွေများကို ၎င်းတို့၏ KBZPay wallet များထဲသို့ တိုက်ရိုက် ထည့်သွင်းပေး သွားမည်ဖြစ်ပြီး ၎င်းတို့၏ KBZPay ရှိ မှတ်တမ်းတွင် ပြန်လည်ကြည့်ရှုနိုင်မည်ဖြစ်သည်။ တစ်နေ့တာအတွက် ပြန်အမ်းငွေပေးမည့်  အကြိမ်အရေအတွက် Random အလိုက် ကန့်သတ်ချက်ရှိသောကြောင့် ကန့်သတ်ချက် ကျော်လွန်ပြီးနောက် ပေးချေမှုပြုလုပ်သည့် KBZPay အသုံးပြုသူများအနေဖြင့်  ပြန်အမ်းငွေ ရရှိနိုင်မည် မဟုတ်ပါ။

၁၀။ ဤအစီအစဥ်မှ ရရှိသော ပြန်အမ်းငွေများအား KBZPay အသုံးပြုသူ၏ KBZPay wallet များထဲသို့ တိုက်ရိုက် ထည့်သွင်းပေးမည် ဖြစ်သော်လည်း KBZ ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေများ အား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။

၁၁။ ဤ အစီအစဥ် ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ အစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၁၂။  ဤအစီအစဥ် တွင်ပါဝင်ရန် KBZPay Application ရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၁၃။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ်  KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၄။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၅။ ဤ အစီအစဥ် နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZ      တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ ၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၆။ KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၇။ KBZ အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်း ကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက် တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၈။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့် Doctor A Aesthetic Luxury Boutique ၏စည်းမျဥ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၀။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၁။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။