“KBZPay မှာ JJ Express ကူပွန်တွေယူပြီး ခရီးသွားမယ်” အစီအစဉ် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay သည် ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၁ရက်နေ့ မှ ၂၀၂၃ခုနှစ် ဒီဇင်ဘာလ ၃၁ရက်နေ့ အထိ ကို “KBZPayမှာ JJ Express ကူပွန်တွေယူပြီး ခရီးသွားမယ်” အစီအစဉ်နေ့အဖြစ် သတ်မှတ်ထား ပါသည်။ 

၂။ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများသာ ယခု အစီအစဉ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မှာ ဖြစ်ပါသည်။ ထို့အပြင် အစီအစဉ် တွင်ပါဝင်သော KBZPay အသုံးပြုသူများအနေဖြင့် KBZPay Application Versionအား 5.5 နှင့် အထက် မြှင့်တင်ထားရန် လိုအပ်ပါသည်။

၃။ ဤ အစီအစဉ် ၏ရည်ရွယ်ချက်မှာ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများအားလုံး အစီအစဉ် ကာလအတွင်း KBZPay၏ “ခရီးသွား”အောက်တွင် ရှိသော JJ Express တွင် အသုံးပြုနိုင်သည့် ခရီးသွားလျော့ဈေးကူပွန်များအား KBZPayတွင် Spin Wheel လှည့်ကာ ဦးစွာရယူ ပြီး ၎င်းကူပွန်များအား အသုံးပြု၍ လျှော့ဈေးများနှင့် ခရီးသွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

ခရီးသွားလျှော့ဈေးကူပွန်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

  • ၁,၅၀၀ ကျပ်တန် ခရီးသွားလျှော့ဈေးကူပွန်
  • ၂,၅၀၀ ကျပ်တန် ခရီးသွားလျှော့ဈေးကူပွန်
  • ၃,၅၀၀ ကျပ်တန် ခရီးသွားလျှော့ဈေးကူပွန်
  • ၄,၅၀၀ ကျပ်တန် ခရီးသွားလျှော့ဈေးကူပွန်
  • ကျေးဇူးတင်ပါတယ်

၄။ အသုံးပြုသူများသည် ဤ အစီအစဉ် ကာလအတွင်း ပထမဦးစွာ KBZPay Applicationမှ ဝင်ရောက်၍ သတ်မှတ်ထားသော ခရီးသွားလျှော့ဈေးကူပွန် အရေအတွက် ကျန်ရှိသည်အထိ ရရှိနိုင်မည်ဖြစ်ပြီး  အစီအစဉ် တွင်ပါဝင်ရန် KBZPay Applicationရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။ အစီအစဉ် ကာလအတွင်း KBZPay အကောင့်တစ်ခုလျှင် သုံးကြိမ်အထိ Spin Wheelလှည့်လည်ခွင့် ရရှိနိုင်မည် ဖြစ်သည်။ 

၅။  ရရှိလာသော ခရီးသွားလျှော့ဈေးကူပွန်များအား “ကျွန်ုပ်၏ ပရိုဖိုင်” အောက်ရှိ “ကူပွန်များ“ တွင် ပြန်လည်ကြည့်ရှုနိုင်ပြီး KBZPay Application၏ “ခရီးသွား”အောက်တွင် ရှိသော JJ Express”မှ ကားလက်မှတ်များအား KBZPayဖြင့် ဝယ်ယူပြီး သတ်မှတ်ပမာဏပြည့်မှီသည့် ငွေပေးချေမှုတစ်ကြောင်းအတွက် ခရီးသွားလျှော့ဈေးကူပွန် တစ်စောင်သာလျှင် ပြန်လည် အသုံးပြုနိုင်မည် ဖြစ်သည်။ KBZPay  Application၏ “ခရီးသွား”အောက်တွင် ရှိသော JJ Express”မှ ဝယ်ယူခြင်းမဟုတ်လျှင် အကျုံးမဝင်ပါ။ 

၆။ KBZPay အသုံးပြုသူများအနေဖြင့် ခရီးသွားလျှော့စျေး ကူပွန်များအား ပြန်လည်အသုံးပြုလိုပါက ဝယ်ယူမှုပမာဏသည် အောက်ပါ အနည်းဆုံးပမာဏ သတ်မှတ်ချက်အား ပြည့်မှီရန် လိုအပ်ပါသည်။

  • ၁,၅၀၀ ကျပ်တန် ခရီးသွားလျှော့ဈေးကူပွန်အတွက် အနည်းဆုံး ၂၀,၀၀၀ကျပ်
  • ၂,၅၀၀ ကျပ်တန် ခရီးသွားလျှော့ဈေးကူပွန်အတွက် အနည်းဆုံး ၃၀,၀၀၀ကျပ်
  • ၃,၅၀၀ ကျပ်တန် ခရီးသွားလျှော့ဈေးကူပွန်အတွက် အနည်းဆုံး ၄၀,၀၀၀ကျပ်
  • ၄,၅၀၀ ကျပ်တန် ခရီးသွားလျှော့ဈေးကူပွန်အတွက် အနည်းဆုံး ၅၀,၀၀၀ကျပ်

၇။ ကူပွန်တစ်ခုအား အသုံးပြုနိုင်ခွင့်သက်တမ်းမှာ အသုံးပြုသူလက်ခံရရှိသည့်နေ့ရက်မှစ၍ (၁၀)ရက် အတွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး သတ်မှတ်ရက်ကျော်သွားလျှင် အသုံးပြုနိုင်တော့မည် မဟုတ်ပါ။

၈။ ဤ အစီအစဉ် အရ ကူပွန် ရရှိထားသူများသည် ၎င်းတို့ရရှိသောကူပွန်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။

၉။ KBZPay Application ၏ “ခရီးသွား”အောက်တွင် ရှိသော JJ Express မှတဆင့်ဝယ်ယူထားသော ကားလက်မှတ်နှင့်ပတ်သက်၍ ပြန်အမ်းငွေ ပြန်လည် တောင်းခံခြင်း၊ အချိန်၊ နေရာတို့အား ပြောင်းလဲ ပြင်ဆင်ခြင်း များကဲ့သို့သော တစ်စုံတစ်ရာသောကိစ္စရပ်များပေါ်ပေါက်ပါက အသုံးပြုသူများအနေဖြင့် JJ Express သို့တိုက်ရိုက်ဆက်သွယ်ရမည် ဖြစ်ပြီး JJ Express ၏ ဆုံးဖြတ်ချက်အတိုင်း လိုက်နာရမည်ဖြစ်သည်။

၁၀။ ဤ အစီအစဉ် ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ်  ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင် ဖော်ပြစေကာမူ အစီအစဉ် ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များရရှိသော KBZPay အသုံးပြုသူများအနေဖြင့် အစီအစဉ် ကာလပြီးဆုံးသော်လည်း အပိုဒ် (၇) တွင် ဖော်ပြချက်နှင့်အညီ   ဆက်လက်အသုံးပြုနိုင်မည် ဖြစ်သည်။

၁၁။ KBZ ဝန်ထမ်းများသည် အစီအစဉ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၂။ ဤ အစီအစဉ် ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်း ပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၃။ ဤ အစီအစဉ် နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေ အရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၄။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ် အား ပယ်ဖျက်ခွင့် နှင့် အစီအစဉ် နှင့်ပတ်သက် သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၅။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဉ် အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိ သည်ကို သိရှိ သဘောတူပါသည်။ 

၁၆။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့် JJ Express တို့၏ စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၈။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပေါ် နေစဉ် ကာလအတွင်း ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။