“Quick Access Loan ရယူပြီး အထူးဆုများ ကံထူးလိုက်ပါ” အစီအစဉ်အတွက် မေးလေ့မေးထရှိသော မေးခွန်းများ

၂၀၂၃ခုနှစ် စက်တင်ဘာလ (၁) ရက်မှ (၃၀) ရက်နေ့အထိ သတ်မှတ်ထားသော ကာလအတွင်း ချေးငွေအသစ်များရယူခြင်း သို့မဟုတ် လက်ရှိချေးငွေများကို သက်တမ်းတိုးသော Agent များသည် ပါဝင်ယှဉ်ပြိုင်ရန် အရည်အချင်းပြည့်မီပါသည်။

ဒီအစီအစဉ်တွင် Samsung Galaxy Tab A8 တက်ဘလက် (၂) လုံးနှင့် Remax ပါဝါဘဏ် – 20000 mAh (၁၄) လုံး ကံထူးနိုင်မည်ဖြစ်ပါသည်။

ကံထူးသူများကို KBZPay Facebook Official Page  (အပြာရောင်အမှတ်ခြစ်ပါသော) နှင့် Offical Website တို့တွင် ကြေညာပေးပါမည်။ ထို့နောက် KBZPayနာမည်ဖြင့် လက်ဆောင်ကံထူးသူများကို SMS ပို့ပေးပါမည်။ ထို SMS တွင် ကံထူးသူသည် မည်သည့်ဆုလက်ဆောင် ရရှိသည်ဆိုသည်ကို အသိပေးသွားမည်ဖြစ်ပါသည်။ 

ဆုများကို ကံထူးသူထံသို့ ကြေငြာပြီး (၂) ပတ်အတွင်း ပို့ဆောင်ပေးသွားမည် ဖြစ်ပါသည်။  ထိုသို့ပို့ဆောင်ရန် ဆုရရှိသူများသည် ၎င်းတို့ဖုန်းသို့ ဆုရရှိကြောင်းပေးပို့သည့် SMS  ၏ screenshot နှင့် ၎င်းတို့၏ဆုများကိုလက်ခံရယူရန် လိပ်စာကို KBZPay Facebook Page ၏ Chat Box(Messenger) ထဲသို့ ပေးပို့ပေးရပါမည်။ အစိုးရရုံးပိတ်ရက်များ  သို့မဟုတ် KBZPay မှထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ဆုများအား ပို့ဆောင်ပေးမည့်အချိန်သည် အပြောင်းအလဲရှိနိုင်ပါသည်။