Quick Access Loan (လွယ်ကူထုတ်ချေးငွေ) ရယူပြီး အထူးဆုများ ကံထူးလိုက်ပါ အစီအစဉ်၏ စည်းမျဉ်းနှင့် စည်ကမ်းသတ်မှတ်ချက်များ

၁။ ဒီအစီအစဥ် သည် ၂၀၂၃ခုနှစ် စက်တင်ဘာလ (၁) ရက်မှ (၃၀) ရက်နေ့အထိ သတ်မှတ်ထားသော ကာလအတွင်း QALချေးငွေအသစ်များရယူခြင်း သို့မဟုတ် လက်ရှိQAL ချေးငွေများကို သက်တမ်းတိုးသော Agent များအတွက် အလိုအလျှောက်အကျုံးဝင်ပါသည်။ 

၂။ အစီအစဥ်ကို  QAL ချေးငွေလျှောက်ထားခြင်း (သို့) သက်တမ်းတိုးခြင်းအတွက် သတ်မှတ်ချက်များနှင့် ပြည့်မီသော  KBZPay Agent များ နှင့် Super Agent Retailer များအတွက် ရည်ရွယ်၍စီစဉ်ထားပါသည်။ 

၃။  အစီအစဥ်တွင် အောက်ပါ ‌ဆုများ ကံထူးနိုင်မည်ဖြစ်ပါသည်။ 

– Samsung Galaxy Tab A8 တက်ဘလက် (၂) လုံး

– Remax ပါဝါဘဏ် – 20000 mAh (၁၄) လုံး

၄။ ကံထူးရှင်များကို အောက်တိုဘာလ 3 ရက်နေ့ တွင် ကြေငြာပေးသွားမည်ဖြစ်ပြီး ကံထူးသူများကို KBZPay Facebook Official Page  (အပြာရောင်အမှတ်ခြစ်ပါသော) နှင့် Offical Website တို့တွင် ကြေညာပေးပါမည်။ ထို့နောက် KBZPayနာမည်ဖြင့် လက်ဆောင်ကံထူးသူများကို SMS ပို့ပေးပါမည်။ ထို SMS တွင် ကံထူးသူသည် မည်သည့်ဆုလက်ဆောင် ရရှိသည်ဆိုသည်ကို အသိပေးသွားမည်ဖြစ်သည်။ 

၅။  Agent များထံမှ လျှို့ဝှက်နံပါတ်တောင်းခံခြင်းကို မည်သည့်အခါမှ မပြုလုပ်ပါကြောင်း ကြိုတင်အသိပေးအပ်ပါတယ်။ လူကြီးမင်းတို့အနေဖြင့်လည်း OTP နှင့် PIN အား မည်သူ့ကိုမှ မျှဝေခြင်းမပြုရန် အသိပေးလိုပါတယ်။

၆။ ဆုများသည် ငွေသား သို့မဟုတ် အခြားပစ္စည်းများနှင့် လဲလှယ်၍မရပါ။

၇။ ဝန်ထမ်းများနှင့် Super Agent င့်၏ အရောင်းသမားတို့သည် ကံစမ်းမဲတွင် ပါဝင်ရန် အရည်အချင်းမပြည့်မီပါ။

၈။ KBZPay သည် ပရိုမိုးရှင်းရည်ရွယ်ချက်အတွက် ဆုရရှိသူများ၏ အမည်များနှင့် ဓာတ်ပုံများကို အသုံးပြုပိုင်ခွင့်ကို လက်ဝယ်ရှိပါသည်။

၉။ ဆုရရှိသူများသည် ၎င်းတို့ဖုန်းသို့ ဆုရရှိကြောင်းပေးပို့သည့် SMS ၏ screenshot နှင့် ၎င်းတို့၏ဆုများကိုလက်ခံရယူရန် အမည်၊ ဖုန်းနံပါတ်၊ မှတ်ပုံတင်အမှတ် နှင့် နေရပ်လိပ်စာကို KBZPay Facebook Page ၏ Chat Box(Messenger) ထဲသို့ (၁) ပတ်အတွင်း ပေးပို့ပေးရပါမည်။

၁၀။ ကံစမ်းမဲတွင် ပါဝင်ခြင်းဖြင့် ပါဝင်သူများသည် ဤစည်းမျဥ်းစည်းကမ်းများကို လိုက်နာရန် သဘောတူပါသည်။

၁၁။ ဤ Campaign ကာလအတွင်း KBZPay Customer/Agent များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး အစီအစဉ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၁၂။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Account နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၃။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၄။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များနှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၅။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customer/Agent များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၆။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းနှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၇။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၉။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၀။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။