Fraud Awareness Campaign စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ Fraud Awareness Campaign ကာလသည် ၂၀၂၂ ခုနှစ် နိုဝင်ဘာလ ၁၅ရက်နေ့မှ ၂၀၂၂ခုနှစ် နိုဝင်ဘာလ ၁၉ရက်နေ့ အထိဖြစ်ပါသည်။ 

၂။      KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများသာ ယခု အစီအစဉ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး  KBZPay Level 1 အသုံးပြုသူများသည် KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ  ပါဝင်နိုင်မှာ ဖြစ်ပါသည်။

၃။ ဤအစီအစဉ်၏ရည်ရွယ်ချက်မှာ KBZPayအသုံးပြုသူများအတွက် KBZPay အကောင့်လုံခြုံရေးနှင့် ပတ်သက်သော မေးခွန်းများအား မှန်ကန်စွာ ဖြေဆိုပြီး ဖုန်းဘေလ် ၅,၀၀၀ကျပ် ကံစမ်း ရယူနိုင်ရန်ဖြစ်ပါသည်။

၄။ KBZPayအသုံးပြုသူများသည် ဤအစီအစဉ်တွင် ပါဝင်နိုင်ရန် အပြာရောင်အမှန်ခြစ်ပါသော KBZPay Official Viber Channel အား အဖွဲ့ဝင်အဖြစ်ပါဝင်ပြီး pinလုပ်ထားသော Postမှတစ်ဆင့် KBZPayအသုံးပြုသူ၏နာမည်၊ KBZPayအကောင့်ဖွင့်ထားသော ဖုန်းနံပါတ်နှင့် အကောင့်လုံခြုံရေးနှင့် ပတ်သက်သော မေးခွန်းများဖြေဆို၍ပါဝင်နိုင်မည်ဖြစ်ပါသည်။ 

၅။KBZPayအကောင့်ဖွင့်ထားသော ဖုန်းနံပါတ်မရှိလျှင် (သို့) လင့်ခ်တွင် ဖြေဆိုထည့်သွင်းထားသောနံပါတ်မှာ KBZPayအကောင့်ဖွင့်ထားသော ဖုန်းနံပါတ်မဟုတ်လျှင် (သို့) မေးခွန်း ငါးခုလုံး မှန်ကန်စွာမဖြေဆိုနိုင်ခဲ့လျှင် (သို့) KBZPay Level 1.5 သို့မဟုတ် Level 2မဖြစ်လျှင်  ဤအစီအစဉ်တွင် ပါဝင်နိုင်မည်မဟုတ်ပါ။

၆။ ဤအစီအစဉ်အတွက် ကံထူးရှင် အ‌ယောက် (၁၀၀) ကိုသာ ရွေးချယ်သွားမည်ဖြစ်ပြီး အစီအစဉ်မှ ရရှိသော ဖုန်းဘေလ်ဆုလက်ဆောင်အား voice/ data package ဝယ်ယူခြင်း၊ ဖုန်းခေါ်ဆိုရန်နှင့် စာတိုပေးပို့ရန်အတွက် ၇ရက်အတွင်း (ဆုလက်ဆောင်လွှဲပေးသည့်နေ့မှ စတင်၍) အသုံးပြုနိုင်မည်ဖြစ်ပါသည်။

၇။ ကံထူးသူများအား နိုဝင်ဘာလ ၂၅ရက်နေ့တွင် KBZPay Official Viber Channel ၌ ကြေညာပေးသွားမည်ဖြစ်ပြီး ရရှိသောဖုန်းဘေလ်ဆုလက်ဆောင်များကို နိုဝင်ဘာလ ၂၅ရက်နေ့တွင် ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ KBZမှ ထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ကံထူးရှင်များကို ရွေးချယ်မည့် နေ့ရက်နှင့် ကံထူးရှင်များအား ဖုန်းဘေလ်များထည့်သွင်းပေးမည့်နေ့ရက်သည် အပြောင်းအလဲ ရှိနိုင်ပါသည်။

၈။ ဤ အစီအစဉ် ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူ များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ်ကာလ ကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။

၉။ KBZ ဝန်ထမ်းများသည် အစီအစဉ်တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည်မဟုတ်ပါ။

၁၀။ ဤ အစီအစဉ် ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၁။ ဤအစီအစဉ် နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများနှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ KBZPay အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၂။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၃။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဉ် နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၄။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူ မည်ဖြစ်သည်။