KBZPay Brand Love Campaign၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ 

၁။ KBZPay Brand Love Campaign ကို ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့မှ ၂၀၂၃ ခုနှစ် ဩဂုတ်လ ၂၁ ရက်နေ့အထိ ပြုလုပ်မည် ဖြစ်ပါသည်။ 

၂။ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများသာ ယခု Campaignတွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် Campaign တွင်ပါဝင်သူများအနေဖြင့် လုပ်ဆောင်ချက် (Task)  အမှတ်စဉ် ၅,၆ အား လုပ်ဆောင်နိုင်ရန် KBZPay Application Version အား ၅.၁.၀ နှင့် အထက် မြှင့်တင်ထားရန်လိုအပ်ပါပြီး လုပ်ဆောင်ချက် (Task)  အမှတ်စဉ် ၁,၂,၃,၄နှင့် ၇အား လုပ်ဆောင်နိုင်ရန် KBZPay Application Version အား ၃.၀.၃ နှင့် အထက် မြှင့်တင်ထားရန်လိုအပ်ပါသည်။

၃။ ဤ Campaign ၏ရည်ရွယ်ချက်မှာ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများအားလုံး Campaignကာလအတွင်း KBZPay Applicationအတွင်းဝင်ရောက်၍ ဤ Campaign အတွက် သတ်မှတ်ထားသော လုပ်ဆောင်ချက် (Main Business Task) ၇ ခုကို ပြီးမြောက်အောင် လုပ်ဆောင်ခြင်းဖြင့်  လုပ်ဆောင်ချက် (Task)တစ်ခုပြီးလျှင် ခဲခြစ်ကံစမ်းခွင့်တစ်ကြိမ်ရရှိနိုင်ပြီး ၁သိန်းကျပ်အထိပြန်အမ်းငွေများနှင့် ကူပွန်များ ကံစမ်းနိုင်ရန် ရည်ရွယ်ပါသည်။ 

၄။ KBZPay Customer များသည် Campaign ကာလအတွင်း လုပ်ဆောင်ချက် (Main Business Task) အမှတ်စဉ် ၁ : အနည်းဆုံး ၃၀,၀၀၀ ကျပ်နှင့်အထက် ငွေသွင်းပါ လုပ်ဆောင်ချက်အား တစ်နေ့လျှင် ၅ ကြိမ်အထိလုပ်ဆောင်နိုင်ပြီး  အမှတ်စဉ် ၂ : အနည်းဆုံး ၃,၀၀၀ ကျပ်နှင့်အထက် ဖုန်းဘေလ်ဖြည့်ပါ လုပ်ဆောင်ချက်အား   တစ်နေ့လျှင် ၃ ကြိမ်အထိပြုလုပ်နိုင်ပါသည်။ အမှတ်စဉ် ၃ မှ ၇အထိ သတ်မှတ်ထားသော လုပ်ဆောင်ချက် (Main Business Task)တစ်မျိုးချင်းစီအတွက်  တစ်နေ့လျှင် ၁ ကြိမ်သာပြုလုပ်နိုင်မည်ဖြစ်သည်။ 

၅။ ခဲခြစ်ကံစမ်းခွင့်အား လုပ်ဆောင်ချက် (Task) ပြီးမြောက်သည်နှင့် တစ်ပြိုင်နက် ခဲခြစ်ကံစမ်းနိုင်သကဲ့သို့ Campaign ကာလအတွင်း အချိန်မရွေး ခဲခြစ်ကံစမ်းနိုင်မည် ဖြစ်ပါသည်။ သို့သော် Campaign ကာလကျော်လွန်ပါက ကံစမ်းခွင့် ရှိမည်မဟုတ်ပါ။ ခဲခြစ်ကံစမ်း၍ ရရှိနိုင်သည့် ဆုလက်ဆောင်များမှာ – 

  • ၁၀၀,၀၀၀ကျပ် ပြန်အမ်းငွေ
  • ၁၀၀ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်
  • ၅၀၀ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်
  • ၅၀၀ကျပ်တန် KBZPay Marketကူပွန်
  • ၁,၀၀၀ကျပ်တန် KBZPay Marketကူပွန် တို့ဖြစ်ပါသည်။ 

၆။ ပြန်အမ်းငွေဆုလက်ဆောင်အား ကံထူးသည့် KBZPay Customer ၏ KBZPay Account ထဲသို့ ကံထူးသည်နှင့်တပြိုင်နက် တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ သို့ရာတွင် KBZမှ ထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုး တွင် ပြန်အမ်းငွေအား ထည့်သွင်းပေးမည့် အချိန်သည် အပြောင်းအလဲရှိနိုင်ပါသည်။

၇။ ကူပွန်များ ရရှိပြီး (၇) ရက်အတွင်း အသုံးပြုရမည်ဖြစ်ပြီး (၇) ရက်ကျော်လွန်ပါက အသုံးပြုနိုင်မည် မဟုတ်ပါ။ 

၈။ KBZPay အသုံးပြုသူများအနေဖြင့် လျှော့စျေး ကူပွန်များအား ပြန်လည်အသုံးပြုလိုပါက ဝယ်ယူမှုပမာဏသည် အောက်ပါ အနည်းဆုံးပမာဏ သတ်မှတ်ချက် ပြည့်မှီရန် လိုအပ်ပါသည်။

  • ၁၀၀ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်အတွက် အနည်းဆုံး ၂,၀၀၀ကျပ်
  • ၅၀၀ကျပ်တန် ဖုန်းဘေလ်ဖြည့်ကူပွန်အတွက် အနည်းဆုံး ၃,၀၀၀ကျပ်
  • ၅၀၀ကျပ်တန် KBZPay Marketကူပွန်အတွက် အနည်းဆုံး ၁၀,၀၀၀ကျပ်
  • ၁,၀၀၀ကျပ်တန် KBZPay Marketကူပွန်အတွက် အနည်းဆုံး ၁၀,၀၀၀ကျပ်

၉။ လုပ်ဆောင်ချက် (Task) အမှတ်စဉ် ၁ ဖြစ်သည့် “အနည်းဆုံး ၃၀,၀၀၀ ကျပ်နှင့်အထက် ငွေသွင်းပါ” လုပ်ဆောင်ချက်တွင် အနည်းဆုံး ငွေပမာဏ ၃၀,၀၀၀ကျပ်နှင့်အထက် ဖြည့်သွင်း၍ ခဲခြစ်ကံစမ်းခွင့် တစ်ကြိမ် ရရှိနိုင်မည်ဖြစ်ပါသည်။ 

၁၀။ လုပ်ဆောင်ချက် (Task) အမှတ်စဉ် ၂ ဖြစ်သည့် “အနည်းဆုံး ၃,၀၀၀ ကျပ်နှင့်အထက် ဖုန်းဘေလ်ဖြည့်ပါ” လုပ်ဆောင်ချက်တွင် အနည်းဆုံး ငွေပမာဏ ၃,၀၀၀ကျပ်နှင့်အထက်ဖြည့်သွင်း၍ ခဲခြစ်ကံစမ်းခွင့်တစ်ကြိမ်ရရှိနိုင်မည်ဖြစ်ပါသည်။ 

၁၁။ လုပ်ဆောင်ချက် (Task) အမှတ်စဉ် ၃ ဖြစ်သည့် “ဤအစီအစဉ်အား လူမှုကွန်ရက် (သို့) သူငယ်ချင်းများနှင့် ဝေမျှပါ” လုပ်ဆောင်ချက်တွင် အသုံးပြုသူ၏ မိတ်ဆွေ၊ သူငယ်ချင်းများကိုCampaignအားမျှဝေပြီး ခဲခြစ်ကံစမ်းခွင့်တစ်ကြိမ်ရရှိနိုင်မည်ဖြစ်ပါသည်။ 

၁၂။ လုပ်ဆောင်ချက် (Task) အမှတ်စဉ် ၄ ဖြစ်သည့် “အကောင့်လုံခြုံရေးဆိုင်ရာမေးခွန်းများကို ဖြေဆိုပါ” လုပ်ဆောင်ချက်တွင် KBZPayအကောင့် လုံခြုံရေးဆိုင်ရာ မေးခွန်းများကို ဖြေဆိုပြီး မှန်ကန်လျှင် ခဲခြစ်ကံစမ်းခွင့် တစ်ကြိမ်ရရှိနိုင်မည် ဖြစ်ပါသည်။ 

၁၃။ လုပ်ဆောင်ချက် (Task) အမှတ်စဉ် ၅ ဖြစ်သည့် “KBZPay Skincare Mini App ဖြင့် သင့်အသားအရေကို ဆန်းစစ်ပါ” လုပ်ဆောင်ချက်တွင်  အသုံးပြုသူ၏ Skinအကြောင်း အသေးစိတ် ဆန်းစစ်ပြီး ခဲခြစ်ကံစမ်းခွင့် တစ်ကြိမ်ရရှိနိုင်မည် ဖြစ်ပါသည်။

၁၄။ လုပ်ဆောင်ချက် (Task) အမှတ်စဉ် ၆ ဖြစ်သည့် “KBZPay Market မှ ပရိုမိုးရှင်းပစ္စည်းများအား ဝင်ရောက်ကြည့်ရှုပါ” လုပ်ဆောင်ချက်တွင်  KBZPay Marketအတွင်း ရရှိနိုင်သော ပရိုမိုးရှင်းပစ္စည်းများကို ဝင်ရောက်ကြည့်ရှုပြီး ခဲခြစ်ကံစမ်းခွင့် တစ်ကြိမ်ရရှိနိုင်မည် ဖြစ်ပါသည်။

၁၅။ လုပ်ဆောင်ချက် (Task) အမှတ်စဉ် ၇ ဖြစ်သည့် “Official Account မှ Quiz များဖြေဆိုပါ” လုပ်ဆောင်ချက်တွင် Official Accounts မှ Quiz ဖြေဆိုပြီး ခဲခြစ်ကံစမ်းခွင့် တစ်ကြိမ်ရရှိနိုင်မည် ဖြစ်ပါသည်။

၁၆။ Campaignတွင် ပါဝင်ရန်အတွက် KBZPay Application ရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင်ပါသည်။  

၁၇။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ကာလ ကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင် ဖော်ပြစေကာမူ Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များရရှိသော KBZPay အသုံးပြုသူများအနေဖြင့် Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် (၇) တွင် ဖော်ပြချက်နှင့်အညီ   ဆက်လက်အသုံးပြုနိုင်မည် ဖြစ်သည်။

၁၈။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၉။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၂၀။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေ အရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၂၁။ KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၂၂။ KBZ အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို KBZPay အသုံးပြုသူအနေဖြင့် သိရှိ သဘောတူပါသည်။ 

၂၃။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၂၄။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၅။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပေါ် နေစဉ် ကာလအတွင်း ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။