KBZPay Fraud Awareness Campaignစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay Fraud Awareness Campaignကာလသည် ၂၀၂၃ ခုနှစ် ဧပြီလ ၁၈ရက်နေ့ မှ ၂၀၂၃ ခုနှစ် ဧပြီလ ၂၄ရက်နေ့ အထိဖြစ်ပါသည်။

၂။ KBZPay Level 1.5 နှင့် Level 2 Customerများ သာ ယခု Campaignတွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1  Customerများသည်  KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မှာ ဖြစ်ပါသည်။ ထို့အပြင် Campaignတွင်ပါဝင်သူများအနေဖြင့် KBZPay Application Version အား ၅.၀ နှင့် အထက် မြှင့်တင်ထားရန်လိုအပ်ပါသည်။

၃။ ဤCampaign ၏ ရည်ရွယ်ချက်မှာ KBZPay Level 1.5 နှင့် Level 2 Customer များအားလုံး Campaignကာလအတွင်း KBZPay အကောင့်လုံခြုံရေးနှင့် ပတ်သက်သော မေးခွန်းများအားလုံးမှန်ကန်စွာဖြေဆိုပြီး ဒေတာပက်ကေ့ချ် ကူပွန်များ (သို့) ဈေးဝယ်ကူပွန်များ ကံစမ်း ရယူနိုင်ရန်ဖြစ်ပါသည်။

၄။ Customer များသည် Campaign တွင် ပါဝင်နိုင်ရန် Campaign page (သို့) KBZPay အပ်ပလီကေးရှင်း၏ ပင်မ စာမျက်နှာရှိ Campaign Banner မှတစ်ဆင့်လည်းကောင်း ဝင်ရောက်နိုင်မည်ဖြစ်ပါသည်။ 

၅။ Customer များသည် မေးခွန်းအားလုံးအား မှန်အောင်ဖြေဆိုနိုင်မှသာ လျှော့စျေးကူပွန်အား ရရှိနိုင်မည်ဖြစ်ပြီး အဖြေအားလုံးမမှန်မချင်း အကြိမ်ရေအကန့်အသတ်မရှိ ဖြေဆိုနိုင်ပါသည်။ လျှော့စျေးကူပွန်များမှာ 

  • ၁၀၀ကျပ်တန် ဒေတာပက်ကေချ့်ကူပွန်
  • ၂၀၀ကျပ်တန် ဒေတာပက်ကေချ့်ကူပွန်
  • ၁၀၀ကျပ်တန် ဈေးဝယ်ကူပွန်
  • ၂၀၀ကျပ်တန် ဈေးဝယ်ကူပွန်

၆။ Customer များသည်  မေးခွန်းအားလုံးအား မှန်ကန်အောင် ဖြေဆိုနိုင်ပြီး လျှော့စျေးကူပွန်အား တစ်ကြိမ်ရရှိပြီးပါက ထပ်မံရရှိတော့မည် မဟုတ်ပါ။ ရရှိသည့် ကူပွန်များအား ကူပွန် တန်ဖိုး၏ ၁ ကျပ် ထက်ပိုသော ဝန်ဆောင်မှုများ ရယူတိုင်း အသုံးပြုနိုင်မှာ ဖြစ်ပါသည်။ ကူပွန်သက်တမ်းမှာ (၇) ရက်ဖြစ်ပြီး ကူပွန်အား “ကျွန်ုပ်၏ ပရိုဖိုင်” အောက်ရှိ “ကူပွန်များ“ တွင်ပြန်လည်ကြည့်ရှုနိုင်ပါသည်။

၇။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤCampaignကာလ ကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ KBZPay Customer များသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်အား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် ၆ တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး (၇) ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။ 

၈။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည်မဟုတ်ပါ။

၉။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူကိုမဆို KBZPay အသုံးပြုခြင်းကို ပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၀။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customerများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ KBZPay Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၁၁။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၂။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၃။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၄။ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၅။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။   မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay Customer အပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင်ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။                      

၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။