KBZPay GOLD ACCOUNT – မေးလေ့မေးထရှိသော မေးခွန်းများ

KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) သည် KBZPay အပ်လီကေးရှင်းမှတဆင့် customer များက ရွှေအရောင်းအဝယ်ကိုလွယ်ကူရိုးရှင်းစွာ ပြုလုပ်နိုင်မည့် KBZ ဘဏ်၏ product တစ်ခုဖြစ်ပါသည်။

KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) သည် digital product ဖြစ်သည့်အတွက် လက်ရှိတွင် ရွှေသားအနေဖြင့် ရရှိနိုင်မည်မဟုတ်ပါ။

KBZPay အပ်လီကေးရှင်းမှတဆင့် KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) feature ကိုအသုံးပြုပြီး ဒစ်ဂျစ်တယ်ရွှေကို ဝယ်ယူနိုင်ပါသည်။

မြန်မာပြည်တွင်းရှိ KBZPay အဆင့်၂ customer များသာ KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) ကိုဝယ်ယူနိုင်ပါသည်။

KBZPay အကောင့်အဆင့် ၁ (သို့) ၁.၅ customer များအနေဖြင့် အကောင့်အား အဆင့် ၂သို့ မြှင့်တင်ရန်လိုအပ်ပါသည်။

KBZ ဘဏ်အကောင့်ရှိရန်မလိုအပ်ပါ။ KBZPay အဆင့်၂ customer ဖြစ်ပါက KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) ကို ဝယ်ယူနိုင်ပါသည်။

KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) မှ ဝယ်ယူသော ဒစ်ဂျစ်တယ် ရွှေသည် ရွှေအစစ်ဖြစ်ပြီး ၂၄ကာရတ်ရွှေသားကို ဘဏ်တွင်လုံခြုံစွာထိန်းသိမ်းထားပါသည်။

မြန်မာပြည်တွင်းရှိ customer များသာ ဝယ်ယူနိုင်ပါသည်။

Customer များသည် မြန်မာနိုင်ငံတွင်းနေထိုင်သူဖြစ်ပြီး KBZPay အဆင့် ၂ အသုံးပြုသူများဖြစ်ပါက KBZPay တွင် ဒစ်ဂျစ်တယ်ရွှေကို အရောင်းအဝယ်ပြုလုပ်နိုင်ပါသည်။  အခြားသောအထောက်အထားများ မလိုအပ်ပါ။

အနည်းဆုံး ၁,၀၀၀ကျပ် ဖြင့် KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) တွင် ဒစ်ဂျစ်တယ်ရွှေအား စတင်ဝယ်ယူနိုင်ပါသည်။

ကမ္ဘောဇဘဏ်သည် စျေးကွက်အတွင်းယုံကြည်စိတ်ချရသော ရွှေလက်ကား

ရောင်းချသူများနှင့်ပူးပေါင်းပြီး သန့်စင်ပြီးအရည်အသွေးကောင်းမွန်သော ရွှေသားများကိုသာ ဝယ်ယူထိန်းသိန်းထားပါသည်။

လက်ဆောင်ပေးခြင်း feature ကို လတ်တလောတွင် အသုံးပြု၍မရနိုင်သေးပါ။

KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) တွင် ဒစ်ဂျစ်တယ်ရွှေ ကို ဘဏ်ဖွင့်ရက်များတွင်နံနက် ၉:၀၀ နာရီ မှညနေ ၃:၀၀ နာရီအတွင်းအရောင်းအဝယ်ပြုလုပ်နိုင်ပါသည်။

Customer များသည် ၀ယ်ယူပြီးတိုင်း ၂၄ နာရီပြန်လည်စောင့်ဆိုင်းရမည်ဖြစ်သည်။ ၂၄နာရီပြည့်ပြီးနောက်မှ ပြန်လည်ရောင်းချနိုင်ပါသည်။

သတ်မှတ်ထားသော နေ့စဉ်အများဆုံးပမာဏကို  မကျော်လွန်သရွေ့ အကန့်အသတ်မရှိပြုလုပ်နိုင်သည်။

KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) မှ ဒစ်ဂျစ်တယ်ရွှေအား တစ်ရက်လျှင် ၁၀၀,၀၀၀ ကျပ်အထိ အများဆုံးဝယ်ယူနိုင်ပါသည်။

KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) ကို KBZPay အဆင့်၂ရှိသော တစ်ဦးချင်း customer များသာအသုံးပြုနိုင်ပါသည်။

KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) တွင် ရင်းနှီးမြှုပ်နှံခြင်းသည် ၀ယ်သူများအတွက် ရွှေသားစစ်စစ်၀ယ်ခြင်း၊ သိုလှောင်ခြင်း၊ အရည်အသွေးအာမခံခြင်း စသောကိစ္စများမှ ကင်းဝေးစေပါသည်။ 

Customer များအတွက် စိတ်ပူပန်စရာမရှိသော ရင်းနှီးမြှုပ်နှံမှုအတွေ့အကြုံဖြစ်စေရန် customer များကိုယ်စား ရွှေဝယ်ယူခြင်း၊ အရည်အသွေးစစ်ဆေးခြင်းများပြုလုပ်ပြီး လုံခြုံသော vault ထဲတွင် သိမ်းဆည်းထားမည်ဖြစ်သည်။

KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) သည် KBZPay အပ်ပလီကေးရှင်းမှတဆင့် အသုံးပြုရသည့်အတွက် လုံခြုံမှုရှိပါသည်။ သင့်အနေဖြင့် ဗဟိုဘဏ်မှ တရားဝင်လုပ်ငန်းခွင့်ပြုချက် ပေးထားသော ကမ္ဘောဇဘဏ်၏ Digital e-ပိုက်ဆံအိတ်အတွင်းသို့ ငွေကြေးထည့်သွင်း၍ အသုံးပြုခြင်းအပြင် ဒီဂျစ်တယ်ရွှေကိုပါ အရောင်းအဝယ်လုပ်နိုင်မည်  ဖြစ်ပါသည်။ KBZPay သည် လက်ကိုင်အိတ် (သို့) ငွေသားခိုးယူခံရခြင်းနှင့် ပျောက်ဆုံးခြင်း ကဲ့သို့သော ကိစ္စများအတွက် ငွေကြေးဆုံးရှုံးမှုမရှိဘဲ ဘဏ်အကောင့်တစ်ခုကဲ့သို့ လုံခြုံမှုရှိနေပါမည်။ ကမ္ဘောဇဘဏ်သည် KBZPay e-ပိုက်ဆံအိတ် အတွက် လုံခြုံရေးအဆင့်ကို ဘဏ်အကောင့်များနှင့် အဆင့်တူသတ်မှတ်ထားသောကြောင့် လုံခြုံစိတ်ချရပါသည်။

KBZPay Appကို သင်တစ်ဦးတည်းသာသိသော လျှို့ဝှက်နံပါတ်ဖြင့် သုံးရသောကြောင့် သင်၏ဖုန်းပျောက်စေကာမူ သင်၏ e-ပိုက်ဆံအိတ် အတွင်းရှိ ငွေသားများနှင့် KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု)  ရှိ ဒီဂျစ်တယ်ရွှေများလုံခြုံပါသည်။

သင့်ငွေကြေးလုံခြုံစိတ်ချရန် ကူညီပေးနိုင်သောအချက်အလက်များ။

(1) သင်၏ မိုဘိုင်းဖုန်း လျှို့ဝှက်နံပါတ် နှင့် KBZPay ၏ လျှို့ဝှက်PINနံပါတ် ကိုမတူညီအောင် ထားပေးပါ။ မည်သူ့ကိုမျှ လျှို့ဝှက်PINနံပါတ် ကိုမပေးပါနဲ့။ ယခုကဲ့သို့ လိုက်နာဆောင်ရွက်ခြင်းအားဖြင့် သင်၏ ဖုန်း ခိုးယူခံရခြင်း ကြုံတွေ့စေကာမူ သင်၏ e-ပိုက်ဆံအိတ်ကို မည်သူမျှ အသုံးပြု၍ ရမည်မဟုတ်ပါ။

(2) သင့်အနေဖြင့် တစ်စုံတစ်ဦးမှ သင်၏ လျှို့ဝှက်PINနံပါတ် ကို သိရှိနိုင်သည်ဟု သံသယရှိသည်နှင့် လျှို့ဝှက်PINနံပါတ် ကိုချက်ချင်း ပြောင်းပါ။

(3) သင်၏ ငွေကြေးကဲ့သို့ပင် သင့်ကိုယ်ရေးအချက်အလက်များသည်လည်း ထပ်တူထပ်မျှ အရေးပါသည်။ သင်၏ အရေးကြီးသော စာရွက်စာတမ်းနှင့် ၎င်းတို့၏မိတ္ထူများကို မယုံကြည်ရသော လူများရှေ့တွင် လွယ်လင့်တကူ မထားသင့်ပါ။ မည်သည့် ကိုယ်ရေးအချက်အလက်ကိုမဆို လိုအပ်မှသာ ယုံကြည်ရသောသူများအား မျှဝေသင့်ပါသည်။

(4) မိမိ၏ လက်ကိုင်ဖုန်း ပျောက်ဆုံးပါက သင်၏ debit/credit ကတ် ပျောက်ဆုံးသကဲ့သို့ပင် ကမ္ဘောဇဘဏ်၏ ဆက်သွယ်ရေးစင်တာသို့ ချက်ချင်းဆက်သွယ် အကြောင်းကြားရန် လိုအပ်ပါသည်။(5) ကောလာဟလများကို မယုံကြည်ပါနှင့်။ မလိုလားအပ်သော လုပ်ဆောင်မှုများကို သံသယဖြစ်ဖွယ် တွေ့ရှိပါက ထိတ်လန့်ခြင်းမဖြစ်ပဲ ဘဏ်သို့ +၉၅ ၉၉ ၆၉၉၆ ၃၂၁၁ ကိုဆက်သွယ်ပါ။

KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) ရှိ ဒစ်ဂျစ်တယ်ရွှေသည် ၁၉.၂၆d နှင့် ၁၉.၂၈d ကြားသိပ်သည်းဆရှိပြီး ၉၉.၉% သန့်စင်သော ၂၄ကာရတ်ရွှေသား ဖြစ်ပါသည်။

KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု)  ကို ဈေးနှုန်းသက်သာစွာဖြင့်  အနည်းဆုံး ၁,၀၀၀ကျပ်မှစ၍ ဝယ်ယူနိုင်ပါသည်။

Customer များသည် KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) တွင် ဒီဂျစ်တယ်ရွှေကို ဈေးကွက်ပေါက်ဈေးအတိုင်း ဝယ်ယူနိုင်ပါသည်။ ထို့ပြင်အရောင်းအ၀ယ်များသည် ဒစ်ဂျစ်တယ်ဖြစ်သည့်အတွက် ပွင့်လင်းမြင်သာပြီး အလွယ်တကူ စစ်ဆေးနိုင်ပါသည်။

KBZPay Digital Gold-linked Investment (KBZPay ဒစ်ဂျစ်တယ်ရွှေနှင့် ချိတ်ဆက်ထားသော ရင်းနှီးမြှုပ်နှံမှု) တွင် ဝယ်ယူပြီး ၂၄နာရီပြည့်လျှင် Customer များအဆင်ပြေသည့်အချိန်တွင် ပြန်လည်ရောင်းချနိုင်ပါသည်။ KBZPay Digital Gold-linked Investment မှတဆင့် ဈေးကွက်ပေါက်ဈေးအတိုင်း ရောင်းချပြီး ရရှိသည့်ငွေပမာဏကို KBZPay ပိုက်ဆံအိတ်ထဲသို့ ထည့်သွင်းပေးမည်ဖြစ်ပါသည်။

KBZPay အပ်ပလီကေးရှင်းတွင် ၂၄နာရီ အချိန်မရွေး ဒီဂျစ်တယ်အကောင့်လုပ်ဆောင်ချက်ကို ပြန်လည်စစ်ဆေးနိုင်ပါသည်။

Rate freeze window သည် customer များ အရောင်းအဝယ်ပြုလုပ်ချိန်တွင် PIN နှင့် OTP တို့ထည့်ရန်အတွက် သတ်မှတ်ထားသော အချိန် ၅မိနစ် ဖြစ်ပါသည်။

PIN ကိုအောင်မြင်စွာဖြည့်သွင်းပြီးပါက ပယ်ဖျက်၍မရနိုင်ပါ။

KBZPay မှအရောင်းအဝယ်၏ ၀.၉% ကို ဝန်ဆောင်ခအဖြစ် ကောက်ခံမည်ဖြစ်ပါသည်။