KBZPay ရှုထောင့်မှ အသုံးပြုသူသို့ ပြသမည့် စည်းမျဉ်းစည်းကမ်းများ

KBZPay-ရွှေရောင်းဝယ်ခြင်း(“ဝန်ဆောင်မှု”)ဆိုသည်မှာ ရွှေရောင်းဝယ်ခြင်းကို ဖုန်းအက်ပလီကေးရှင်းမှ‌ဆောင်ရွက်နိုင်ရန် ပြုလုပ်ထားသော အွန်လိုင်းဝန်ဆောင်မှုဖြစ်သည်။ ၎င်းဝန်ဆောင်မှုကို တာဝန်ယူထိန်းသိမ်း စောင့်ရှောက်မည့် KBZ ဘဏ်မှဝန်ဆောင်မှုပေးမည်ဖြစ်ပြီး KBZ ဘဏ်သည် အကယ်ဒမီရွှေများသာ ရယူရောင်းချ သွားမည်ဖြစ်ပြီး၊ ရွှေများအား လုံခြုံရေးအာမခံခြင်း၊ ရွှေများအား ထိန်းသိမ်းထားခြင်းနှင့် ဆက်စပ်ဝန်ဆောင်မှု များအား KBZPay မိုဘိုင်းအက်ပလီကေးရှင်းမှ  ဝန်ဆောင်မှု ပြုသွားမည် ဖြစ်သည်။  

ဝန်ဆောင်မှုအားရယူခြင်းမပြုမီ အောက်ပါစည်းကမ်းချက်များအား ကျေးဇူးပြု၍ သေချာစွာဖတ်ရှုပါ။ အောက်ပါစည်းကမ်းချက်များအား သဘောတူညီမှုမပြုနိုင်ပါက ဝန်ဆောင်မှုအားရယူခြင်းမပြုသင့်ပါ။ ယခု ဝန်ဆောင်မှုအား ရယူအသုံးပြုရန် ဆက်လက်ဆောင်ရွက်သည် (သို့မဟုတ်)  ဖြည့်သွင်းသည်ကို နှိပ်ခြင်းအားဖြင့် အောက်ပါ စည်းကမ်းချက်များနှင့် မသက်ဆိုင်ကြောင်းကြေညာချက်များအား  သဘောတူလက်ခံသည်ဟု မှတ်ယူပါမည်။

သင်သည် KBZPay သည်သာလျှင် (KBZ Bank) ကိုယ်စား ရွှေရောင်းဝယ်ခြင်းအား ဒစ်ဂျစ်တယ်နည်းဖြင့် ဝန်ဆောင်မှုပြုသူဖြစ်ကြောင်း သဘောတူပါသည်။

သင်သည် တာဝန်ယူထိန်းသိမ်းစောင့်ရှောက်မည့်သူမှ ချမှတ်ထားသော စည်းကမ်းချက်များအား သဘောတူညီပြီး ယခုဝန် ဆောင်မှု အားအ သုံးပြုခြင်းကို “စည်းကမ်းချက်များ”ဟူသော ခေါင်းစဉ်တွင် ဖော်ပြထားသော စည်းကမ်း သတ်မှတ်ချက်များအား လိုက်နာပါ မည်ဟုမှတ် ယူပါသည်။

ဝန်ဆောင်မှုများအာ “ရှိရင်းစွဲ” နှင့် ”ရရှိနိုင်သည့်” အပေါ်တွင် အခြေခံ၍ ဆောင်ရွက်ပေးသွားမည်ကို သိရှိနားလည် သဘောပေါက်ပါသည်။ သင်သည် KBZPay မိုဘိုင်းအက်ပလီကေးရှင်းမှတစ်ဆင့် ယခုဝန်ဆောင်မှု များအား အသုံးပြုခြင်းဖြင့် ဆုံးရှုံးနိုင်မှုများ၊ ကျသင့်ငွေ၊ ကုန်ကျစရိတ်များနှင့် စပ်လျဉ်း၍ တာဝန်ရှိသည်ဟု မှတ်ယူပါမည်။ သင်သည် ရွှေဈေးနှုန်းအပြင်၊ ရွှေရောင်းဝယ်ခြင်းအတွက် ကျသင့်သည့် ထပ်ဆောင်းကျသင့်ငွေ အားလည်း တာဝန်ယူ ထိန်းသိမ်းစောင့်ရှောက်သူမှ စည်းကြပ်ကောက်ခံမည်ကို နားလည်သိရှိပါသည်။

သင်သည် KBZPay မှ ရွှေရောင်းဝယ်ခြင်း ဝန်ဆောင်မှုအားအသုံးပြုရန် အဆင့်၂ရှိ အသုံးပြုသူ ဖြစ်ရမည် ဖြစ်ကြောင်း နားလည်သိရှိပါသည်။ အဆင့်၂ရှိ အသုံးပြုသူဖြစ်ရန် သင်မှထောက်ပံ့ထားသော စာရွက်စာတမ်းများ၊ ဆက်စပ်အချက်အလက်များအား KBZPay မှ ကောက်ခံထိန်းသိမ်းမည်ကို သဘောတူ အသိအမှတ်ပြုပါသည်၊။

KBZPay နှင့် တာဝန်ယူထိန်းသိမ်းသည့် KBZ Bank တို့သည် ပိုက်ဆံအိတ်အကောင့် သို့မဟုတ် KBZPay တွင် နောင်တွင်ဖွင့် လှစ်လာနိုင် သည့် အခြားအကောင့်တစ်ခုတွင် ညွှန်ကြားချက်စနစ် တစ်ခု တည်ဆောက်ရန် ရွေးချယ် ခွင့်ပြုမည်ကို သဘောတူပါသည်။

သင်၏ ရွှေဝယ်ရန် ကမ်းလှမ်းခြင်းကို KBZPay အက်ပလီကေးရှင်းတွင် တင်ပြီးနောက်  ကမ်းလှမ်းချက်အား လက်ခံပြီးပါက သင်သည် ပယ်ဖျက်ခြင်း၊ ငွေပြန်အမ်းစေခြင်းအား ပြုလုပ်၍ မရပါ။ ရွှေအား ၂၄နာရီပြီးနောက်တွင် KBZPay မှတစ်ဆင့် ရောင်းနိုင်သည်။ သင်သည် ရွှေကို ရောင်းခြင်းနှင့် ဝယ်ခြင်းအကြားတွင် အနည်းဆုံး ၂၄ နာရီ အချိန်ရရှိသည်ကို နားလည်ပါသည်။ 

မိုဘိုင်းအက်ပလီကေးရှင်းမှ ယခုဝန်ဆောင်မှုကိုအသုံးပြုခြင်းအားဖြင့် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း ဖြစ်ပေါ်လာသော အရေးယူမှု၊ တောင်းဆိုမှု၊ တရားစွဲဆိုမှု၊ ဆုံးရှုံးမှု၊ နစ်နာကြေး၊ ကုန်ကျစရိတ် အစရှိသည့် (ဆုံးရှုံးမှုများ) မှ KBZPay အား အာမခံလျော်ကြေးပေးရခြင်းမှကင်းဝေးစေရမည်။

မိုဘိုင်းအက်ပလီကေးရှင်းမှ ယခုဝန်ဆောင်မှုအားအသုံးပြုခြင်းနှင့် KBZPay အားရယူအသုံးပြုခြင်းများကို KBZPay ၏ စည်းကမ်းချက် များနှင့် ပုဂ္ဂိုလ်ရေးအချက်အလက်ထိန်းသိမ်းမှုဆိုင်ရာမူဝါဒများနှင့်အညီ ဆောင်ရွက် သွားမည်ကို သဘောတူပါသည်။မေးမြန်းလိုသည်များရှိပါက [email protected] ကို ဆက်သွယ်စုံးစမ်းမေးမြန်းနိုင်ပါသည်။

KBZPay ရွှေအကောင့်၏ စည်းမျဉ်းစည်းကမ်းများ

၁။ အဓိပ္ပာယ်ဖွင့်ဆိုချက်

ဤစည်းမျဉ်းစည်းကမ်းများတွင် အောက်ပါစည်းမျဉ်းများသည် အကြောင်းခြင်းရာအရ အခြားလိုအပ်ချက်မရှိပါက အောက်ပါ အတိုင်းအဓိပ္ပာယ်သက်ရောက်မည်ဖြစ်သည်။

၁.၁ “အသုံးပြုသူ”ဆိုသည်မှာ တာဝန်ယူထိန်းသိမ်းစောင့်ရှောက်သူမှ ချမှတ်ထားသော စည်းကမ်းချက်များနှင့် အညီ ပလက်ဖောင်းကိုအသုံးပြုပြီး ရွှေဝယ်ခြင်း  KBZPayသို့ ရွှေရောင်းခြင်း အစရှိသည်တို့ကို ပြုလုပ်သည့် မည်သူမဆို ကိုဆိုလိုခြင်းဖြစ်သည်။

၁.၂ “အသုံးပြုသူ အကောင့်” ဆိုသည်မှာ ဤစည်းမျဉ်းများနှင့်အညီဖန်တီးထားသော အကောင့်ကို ဆိုလိုသည်။

၁.၃ “အသုံးပြုသူအကောင့်၏သတင်းအချက်အလက်” ဆိုသည်မှာ သုံးစွဲသူအကောင့် ဖန်တီးရန် သင်မှပေးအပ် ထားသော သတင်းအချက်အလက်များကို ဆိုလိုသည်။

၁.၄ “အသုံးပြုသူ၏တောင်းဆိုမှု” ဆိုသည်မှာ အသုံးပြုသူ၏ ရွှေနှင့် စပ်လျဉ်း၍ တောင်းဆိုထားသော သယ်ယူပို့ဆောင်ရန်တောင်းဆိုချက်၊ ရောင်းချရန်တောင်းဆိုချက်၊ လဲလှယ်ရန်တောင်းဆိုချက် တို့ကို ဆိုလိုသည်။

၁.၅ “လူပုဂ္ဂိုလ်”ဆိုသည်မှာ တစ်ဦးတစ်ယောက်၊ ကုမ္ပဏီ၊ အစုစပ်လုပ်ငန်း၊ ဖက်စပ်လုပ်ငန်း၊ ယုံကြည်အပ်နှံသူ၊ ကုမ္ပဏီအဖြစ် မဖွဲ့စည်းထားသော အဖွဲ့အစည်းများနှင့် အခြားတရားဝင် အဖွဲ့အစည်း တို့ကိုဆိုလိုသည်။ 

၁.၆ “ပလက်ဖောင်း” ဆိုသည်မှာ သုံးစွဲသူတို့ပလတ်ဖောင်းမှတစ်ဆင့် ပြုလုပ်ဆောင်ရွက်သော ဝန်ဆောင်မှုများ၊ ရယူ အသုံးပြုနိုင်သော နည်းပညာများနှင့် အကြောင်းအရာအားလုံး အပါအဝင် လွှဲပြောင်းမှုများ၊ KBZPay၏ ဝက်ဘ်ဆိုက်၊ မိုဘိုင်းအက်ပ်စ် နှင့် အခြား အစရှိသည့် ပလက်ဖောင်းတို့အားဆိုလိုသည်။

၁.၇ “လွှဲပြောင်းခြင်း”ဆိုသည်မှာ အသုံးပြုသူအကောင့်တစ်ခုမှ အခြားအသုံးပြုသူအကောင့်တစ်ခုသို့ ပြုလုပ်သော ရွှေလွှဲပြောင်းခြင်း ဝန်ဆောင်မှုကို ဆိုလိုသည်။

၁.၈ “တာဝန်ယူထိန်းသိမ်းသူ” ဆိုသည်မှာ KBZBank ကို ဆိုလိုသည်။

၁.၉ “KBZ BANK” ဆိုသည်မှာ ကမ္ဘောဇဘဏ်လီမိတက်၊ အခြား KBZ Bank ဘဏ်ခွဲများအားလုံး နှင့် နောင်တွင်ဖွင့်လှစ်မည့် KBZ Bank ဘဏ်ခွဲများအားလုံးကိုဆိုလိုသည်။

၁.၁၀ “ရုံးဖွင့်ရက်” ဆိုသည်မှာ စနေနေ့၊ တနင်္ဂနွေနေ့၊ မြန်မာနိုင်ငံရှိအစိုးရရုံးပိတ်ရက် သို့မဟုတ် ဘဏ်ပိတ်ရက် မှတပါး တခြားရက်များကိုဆိုလိုသည်။

၁.၁၁ “CBM” ဆိုသည်မှာ မြန်မာနိုင်ငံဗဟိုဘဏ်ကိုဆိုလိုသည်။

၁.၁၂ “ဝက်ဘ်ဆိုက်” ဆိုသည်မှာ KBZ Bank ၏ ဝက်ဘ်ဆိုက် ဖြစ်သည့် နှင့် KBZPay ၏   ဝက်ဘ်ဆိုက် ဖြစ်သည့် www.kbzpay.com .တို့ကိုဆိုလိုသည်။

အပိုဒ်၂.၁တွင် ဖော်ပြထားသည့် စည်းကမ်းချက်များနှင့်အပြင် ဆက်လက် အသုံးပြုထားသောထပ်ဆောင်း စည်းကမ်းချက် များသည် နောက်ဆက်တွဲပါရှိမည့် သက်ဆိုင်ရာအပိုဒ်များတွင် ဖော်ပြထားသည့် အဓိပွာယ် ဖွင့်ဆိုချက်အတိုင်းသာဖြစ်သည်။

၂။ စည်းမျဉ်းစည်းကမ်းများ

၂.၁ တာဝန်ယူထိန်းသိမ်းသူသည် ရွှေ ရောင်းခြင်း နှင့်/သို့မဟုတ် ဝယ်ခြင်းတို့ကို ကမ်းလှမ်းမည်ဖြစ်သည်။ KBZ Bank မှ ၎င်းဝန်ဆောင်မှုကိုဆောင်ရွက်မည်ဖြစ်သည်။ KBZPay သည် ထိန်းသိမ်းသူမှ ကမ်းလှမ်းထားသော ရွှေများနှင့်စပ်လျဉ်း၍ အသုံးပြုသူများ ဝန်ဆောင်မှုရယူနိုင်ရန်နှင့် ဝန်ဆောင်မှု အတွက် အခကြေးငွေ ကောက်ခံခြင်း တို့ကို ၎င်း၏ ပလက်ဖောင်း(ပလက်ဖောင်းထောက်ပံ့သူ)တွင် ပြုလုပ်နိုင်ရန် ထောက်ပံ့ပေး ထားခြင်းဖြစ်သည်။ ပလက်ဖောင်း ထောက်ပံ့သူသည်  ငွေကြေးဝန်ဆောင်မှု၊ ၎င်းဝန်ဆောင်မှုနှင့် ဆက်စပ်လျက်ရှိသော စုံစမ်းမေးမြန်းမှု  များတွင် အသုံးပြုသူ အား ကူညီထောက်ပံ့ ပေးခြင်းနှင့် ၎င်းနှင့် ဆက်စပ်လျက်ရှိသော ငွေကြေးပေး ချမှုများမှ တစ်ပါး အခြား ဝန်ဆောင်မှုများ အတွက် တာဝန်ယူရန်မလိုပါ။ တာဝန်ယူ ထိန်းသိမ်းသူနှင့်တကွ၎င်း နှင့်သီးခြား သဘောတူညီမှု ချုပ်ဆိုထားသော ( အာမခံယုံကြည်အပ်နှံခြင်းခံရသူ နှင့် လုံခြုံစွာထိန်းသိမ်းသူ ဟုခေါ် တွင်သည့်) ကြားခံတာဝန်ယူ ဆောင်ရွက် မည့်သူများ သည် ဝန်ဆောင်မှုများနှင့် စပ်လျဉ်း၍ မည်သည့်လွှဲပြောင်း ရောင်းဝယ် မှုများကို တာဝန်ယူဆောင် ရွက် မည်ဖြစ် သည်။ပလတ်ဖောင်းတွင် တာဝန်ယူ ထိန်းသိမ်းသူထံမှ ဝယ်ယူထားသည့် ရွှေနှင့် စပ်လျဉ်း၍ အသုံးပြုသူ၏ ရွှေအကောင့် ကို သက်ရောက်ပြောင်းလဲ စေနိုင်သည့် မည်သည့် လွှဲပြောင်း ရောင်းဝယ်မှုကိုမဆို ပလက်ဖောင်းမှတစ်ဆင့် ဆောင်ရွက်နိုင် သည်ဟု ဤနေရာမှ စ၍အတည်ပြုသည်။

၂.၂ အသုံးပြုသူသည် ယခုဝန်ဆောင်မှုအား ရယူအသုံးပြုခြင်းမပြုမီ ဤစည်းကမ်းချက်များအား သေချာစွာ ဖတ်ရှုနား လည်သဘော ပေါက်ရန် အကြံပြုပါသည်။

၂.၃ တာဝန်ယူထိန်းသိမ်းသူ နှင့်/သို့မဟုတ် ပလက်ဖောင်းထောက်ပံ့သူတို့သည် ပလက်ဖောင်းတွင် အပြန် အလှန်ပြု လုပ်ပြီးဖြစ်သော လွှဲပြောင်းရောင်းဝယ်ယူမှုများအတွက် တိုက်ရိုက်၍သော်လည်းကောင်း သွယ်ဝိုက်၍ သော်လည်း ကောင်း မည်သူကိုမဆို ပြန်လည်ပေးအပ်ရန် အာမခံမည်မဟုတ်ပါ။ အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက် များနှင့်အညီ လွှဲပြောင်းရောင်းဝယ်မှုများအား မပြုလုပ်မီ  အသုံးပြုသူ ( ဤမှစ၍ “သင်” ၊ “သင်၏” ဟု ရည်ညွှန်း မည်ဖြစ်သည်) သည် သင့်လျော်ထိရောက်သည့် စစ်ဆေး မှုများနှင့် သက်ဆိုင်ရာ စီစစ်မှုများအတွက် တစ်ဦးတည်း တာဝန်ရှိသူဖြစ်သည်။ တာဝန်ယူ ထိန်းသိမ်းသူ နှင့်/သို့မဟုတ် ပလက် ဖောင်းထောက်ပံ့သူ နှင့် ၎င်း၏အရာရှိများ၊ ဒါရိုက်တာ များ၊ ဝန်ထမ်းများ၊ ကိုယ်စားလှယ်များ နှင့် သက်ဆိုင်သူများသည် ပလက် ဖောင်းကို အသုံးပြု၍ ပြုလုပ်သည့် သင်၏ ရောင်းချမှုများ သို့မဟုတ် အခြားဆုံးဖြတ်ချက်များအတွက် တာဝန်မရှိကြောင်းကို သိရှိနားလည် သဘောတူ ပါသည်။

၂.၄ တာဝန်ယူထိန်းသိမ်းသူသည် ရွှေအကောင့်ကိုပြုလုပ်သည့်နေ့မှစ၍ ဝန်ဆောင်မှု‌ပေးအပ်မည်ဖြစ်ပါသည်။

၂.၅ ဝန်ဆောင်မှုများအား “ရှိရင်းစွဲ” နှင့် “ရရှိနိုင်သည်” ကိုအခြေခံ၍ ပေးဆောင်သွားမည်ဖြစ်ပါသည်။  ပလက်ဖောင်းတွင် သင်၏စက်ပစ္စည်း နှင့်/သို့မဟုတ် ပလက်ဖောင်းနှင့် ချိတ်ဆက်ထားသော သင်အသုံးပြုသည့် စက်ပစ္စည်းတစ်ခုခုအပြင် အထက် တွင်ဖော်ပြထားသောစက်ပစ္စည်းများနှင့် ချိတ်ဆက်လျက်ရှိသော အရန်စက် ပစ္စည်းများ (ဆာဗာများနှင့် ကွန်ပျူတာများ အပါအဝင်) မှ ဒေတာ နှင့်/သို့မဟုတ် သတင်း အချက်အလက်များ ဆုံးရှုံးခြင်း၊ ပျက်ဆီးခြင်း၊ ပျောက်ဆုံးခြင်းများ ဖြစ်စေနိုင်သည့် ချို့ယွင်းချက်များ သို့မဟုတ် မတိကျမှုများ ရှိနိုင်ပါသည်။ သင်အသုံးပြုသော စက်ပစ္စည်းအတွက် ကုန်ကျစရိတ်များ၊ မည်သည့်စက်ကိရိယာ၊ ဆော့ဖ်ဝဲ သို့မဟုတ် ဒေတာကိုမဆို ထိခိုက်စေနိုင်မှုအတွက် ကုန်ကျစရိတ်များအပါအဝင် ဝန်ဆောင်မှု၊ ပလက်ဖောင်း အားအသုံးပြုခြင်းနှင့် စပ်လျဉ်း၍ ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးမှု နှင့် ကုန်ကျစရိတ်များအတွက် သင့်တွင်တာဝန်ရှိ သည်။

၂.၆ သင်သည် ကုန်စည်နှင့်ဝန်ဆောင်မှုအခွန်ဥပဒေ၂၀၁၇ အရ မှတ်ပုံတင်ထားခြင်းမရှိကြောင်း အတည်ပြုပြီးနောက် တာဝန်ယူ ထိန်းသိမ်းသူနှင့် ချိတ်ဆက်ဆောင်ရွက်နေသည့်ကာလအတွင်း ကုန်စည်နှင့်ဝန်ဆောင်မှု အခွန်ဥပဒေ ၂၀၁၇ အရ မှတ်ပုံတင်ခြင်းကြောင့် အခြေအနေ ပြောင်းလဲခြင်းရှိခဲ့လျှင် ၎င်းကို တာဝန်ယူထိန်းသိမ်းသူ သို့မဟုတ် ပလက်ဖောင်း ထောက်ပံ့သူအား အသိပေးပြီး လိုအပ်သည့် ဆက်စပ်သတင်းအချက်အလက်များနှင့် စာရွက် စာတမ်းများအား ပေးရ မည်ဖြစ်သည်။

၃။ အာမခံယုံကြည်အပ်နှံခြင်းခံရသူ၊ ကြားခံတာဝန်ယူဆောင်ရွက်သူ နှင့် လုံခြုံစွာထိန်းသိမ်းမှု အစီအစဉ်များ

၃.၁ ကြားခံတာဝန်ယူဆောင်ရွက်သူများအားခန့်အပ်ခြင်း

၃.၁.၁ သင့်အားဝန်ဆောင်မှုပေးရန် တာဝန်ယူထိန်းသိမ်းသူသည် ၎င်းအားကူညီဆောင်ရွက်ရန် ကြားခံ တာဝန်ယူ ဆောင်ရွက်သူများအား အလျဉ်းသင့်သလို ခန့်အပ်မည်ဖြစ်သည်။ “ကြားခံတာဝန်ယူ ဆောင်ရွက်သူများ” ဆိုသည်မှာ အသုံးပြုသူ၏မှာယူမှုအရ (၎င်းမှာယူမှုအတွက် ကျသင့်ငွေအား ပြီးမြောက်အောင် ပေးချေခြင်း) ဤစည်းကမ်းချက် များနှင့်အညီ ပြုလုပ်ထားသော အသုံးပြုသူ၏ တောင်ဆိုမှုများကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးသည့်တိုင် တာဝန်ယူထိန်းသိမ်းသူမှ ခန့်အပ်မည့် လူပုဂ္ဂိုလ်များ အပါအဝင်  အာမခံယုံကြည် အပ်နှံခြင်းခံရသူ၊ လုံခြုံစွာထိန်းသိမ်း သူတို့ကိုဆိုလိုသည်။ သင်၏ကိုယ်စား၊ သင့်အတွက်တာဝန်ယူ ထိန်းသိမ်းသူမှ ကြားခံတာဝန်ယူဆောင်ရွက်သူများ ခန့် အပ်ခြင်းအား သဘောတူညီပါသည်။ သင်၏မှာ ယူမှုများ/ တောင်းဆိုမှုများကို ဤစည်းကမ်းချက်များ နှင့်အညီ ဆောင်ရွက်နိုင်ရန် ထိုကြားခံတာဝန် ယူဆောင်ရွက်သူများအား ခန့်အပ်ခြင်းဖြစ်ကြောင်း သိရှိနားလည်သဘောပေါက်ပါသည်။ ဤစည်းကမ်း ချက်များတွင်အခြားတစ်နည်းနည်းဖြင့် ဖော်ပြထားခြင်း မရှိလျှင် သင့်အစား တာဝန်ယူ ထိန်းသိမ်းသူမှ ခန့်အပ်သည့် ကြားခံတာဝန်ယူ ဆောင်ရွက်သူများ နှင့် ချိန်းဆိုခြင်း၊ နှင့် ၎င်းတို့၏ဝန်ဆောင်မှုများအတွက် ကုန်ကျ စရိတ်များအား ပေးအပ်ရမည်ကို သိရှိ ပါသည်။

၃.၂ ရွှေများကိုလုံခြုံအောင်ထိန်းသိမ်း/သိမ်းဆည်းခြင်း

၃.၂.၁ အသုံးပြုသူ၏မှာယူမှုအရ သင်ဝယ်ယူထားသော ရွှေအား  သင့်အစား တာဝန်ယူထိန်းသိမ်းသူမှ ရွှေထည် တိုက် တွင် ထိန်းသိမ်းထားမည်ဖြစ်ပါသည် (“လုံခြုံစွာထိန်းသိမ်းသူ”) ။ သင်သည် (၁) ဝယ်ယူထားသော ရွှေများအား လုံခြုံစွာ ထိန်းသိမ်းရန် လုံခြုံစွာထိန်းသိမ်းသူ ခန့်အပ်ခြင်း၊ (၂) သင်ဝယ်ယူထားသော ရွှေထည်ပစ္စည်းများ၊ ရွှေတုံးများ၊ ရွှေဒင်္ဂါးများ သို့မဟုတ်   လက်ဝတ်ရတနာများ အစရှိသည် တို့အားလုံခြုံ စိတ်ချရသည့် ရွှေထည်တိုက် တွင်ထိန်းသိမ်း ထားခြင်း (“အသုံးပြုသူ၏ရွှေ”) ကိုခွင့်ပြုပါသည်။ အသုံးပြုသူ၏မှာယူမှုပြီးမြောက်ပြီး လုံခြုံစွာထိန်းသိမ်းသူ နှင့် ရွှေထည်တိုက်တွင်  အသုံးပြုသူ၏ သက်ဆိုင် ရာရွှေများအား ထိန်းသိမ်းခြင်း  သို့မဟုတ် ဤစည်းကမ်းချက်များ၊ သက်ဆိုင် ရာ ဥပဒေများနှင့် အညီ တာဝန်ယူထိန်းသိမ်းသူမှ အပြီးသတ်ပြေစာ ထုတ်ပေးခြင်းတို့ဖြင့် ပိုင်ဆိုင်မှုအားလွှဲ ပြောင်းပြီး ဖြစ်ကြောင်း မှတ်ယူရမည်ကို ဤနေရာမှစ၍ အတည်ပြုသည်။ အသုံးပြုသူ၏ရွှေများ ရွှေထည်တိုက်အတွင်း လုံခြုံစွာရှိစေရန် လုံခြုံစွာထိန်းသိမ်းသူမှ မရှိမဖြစ် လိုအပ်သည့် မူဝါဒများဖြင့် စောင့်ကြည့်ပြီး ၎င်းအတွက် ကုန်ကျစရိတ် ကိုလည်း လုံခြုံစွာထိန်းသိမ်းသူမှ ကျခံမည်ဖြစ်ပါသည်။ တာဝန်ယူထိန်းသိမ်း သူသည် နိုင်ငံတကာ အလုပ် ပုံစံအတိုင်း ဆောင်ရွက်မည် ဖြစ်ပြီး မီး၊ လျှပ်စီး မိုးကြိုး၊ ခိုးခြင်း၊ ဆိုင်ကလုန်း၊ ငလျင်၊ ရေကြီးခြင်း အစရှိသည် တို့ကြောင့် ဖြစ်ပေါ်သည့် ဆုံးရှုံးမှုများအား ကာမိစေရမည်။ သို့သော် စစ်ပွဲ၊ တော်လှန်ရေး၊ စစ်ပွဲဖြစ်ပြီး လက်ကျန် လက်နက်များ၊ နူကလီးယား ဓာတ်ရောင်ခြည် ကဲ့သို့သော ဖြစ်စဉ်တို့မှ ဖြစ်ပေါ်လာနိုင်သော ဆုံးရှုံးမှုများအား ကာမိစေမည် မဟုတ်ပါ။

၄။ ရွှေအကောင့်ပြုလုပ်ခြင်းနှင့် မှတ်ပုံတင်ရန် တာဝန်များ

၄.၁ KYC နှင့် ဆက်စပ်လျက်ရှိသည်များ အပါအဝင် မည်သည့် သတင်းအချက်အလက်မဆို သို့မဟုတ် အခြားဆက်စပ် လျက်ရှိသော စာရွက်စာတမ်းများ/သတင်းအချက်အလက််များတို့သည် မှန်ကန်မှု မရှိကြောင်းတွေ့ရှိလျှင် သို့မဟုတ် စာရွက်စာတမ်း/ သတင်းအချက်အလက်များ၏ စစ်မှန်မှုမှာ သံသယဖြစ်ဖွယ်ရှိလျှင် ပလက်ဖောင်းထောက်ပံ့သူ နှင့်/သို့မဟုတ် တာဝန်ယူထိန်းသိမ်းသူတို့သည် သင့်အား သတိပေးသည်ဖြစ်စေ မပေးသည်ဖြစ်စေ ပလက်ဖောင်း ထောက်ပံ့သူမှတစ်ဆင့် ရွှေအကောင့်အားဖျက်သိမ်းနိုင်သည်။ မိမိကိုယ်ကို စစ်ဆေးရန်ပျက်ကွက်ခြင်း၊ အကောင့် စစ်မှန်မှုကို မဖော်ပြနိုင်ခြင်း၊ နှင့်/သို့မဟုတ် စာရွက်စာတမ်း/သတင်းအချက်အလက် မမှန်ကန်မှုကြောင့် ဖြစ်ပေါ်လာ သော ဆုံးရှုံးမှု၊ တောင်းဆိုမှု၊ ပေးရန်တာဝန်များအတွက် ကုန်ကျစရိတ် တို့အတွက် ပလက်ဖောင်း ထောက်ပံ့သူ နှင့်/ သို့မဟုတ် တာဝန်ယူထိန်းသိမ်းသူတို့အား အာမခံလျော်ကြေး ပေးလျော်ရမည်။ 

၄.၂ အသုံးပြုသူ၏တာဝန်

၄.၂.၁ ရွှေအကောင့်၏သတင်းအချက်အလက်များကိုလျို့ဝှက်ထားခြင်းနှင့် ရွှေအကောင့်နှင့်ပက်သက်သော ဆောင် ရွက် ချက်များအတွက် သင့်တွင် တာဝန်အပြည့်အဝရှိသည်။ ရွှေအကောင့်သတင်းအချက်အလက် များအား ခွင့်မပြုဘဲ အသုံးပြုမှု သို့မဟုတ် လုံခြုံရေးဖောက်ဖျက်မှုများအတွက် ပလက်ဖောင်း ထောက်ပံ့သူ နှင့် တာဝန်ယူ ထိန်းသိမ်းသူတို့အား ချက်ချင်းအကြောင်းကြားမည်ဟု သဘောတူပါသည်။ တာဝန်ယူ ထိန်းသိမ်း သူ သို့မဟုတ် ပလက်ဖောင်းထောက်ပံ့သူသည် ယခုအပိုဒ်အား လိုက်နာရန် ပျက်ကွက်၍ ဖြစ်ပေါ် လာသော ဆုံးရှုံးမှုများ၊ နစ်နာမှုများအတွက် တာဝန်ယူမည်မဟုတ်ပါ။ ခွင့်ပြုချက်ဖြင့် ရွှေအကောင့် အားအသုံးပြုခြင်း သို့မဟုတ် ခွင့်ပြုချက်မရရှိဘဲ ရွှေအကောင့်အား အသုံးပြု ခြင်းဖြင့် ဖြစ်ပေါ်လာနိုင်သော ရွှေအကောင့်၏ သတင်အချက် အလက်များအား ထိန်းသိမ်းရန် ပျက်ကွက်မှုများအတွက် တာဝန်ယူ ထိန်းသိမ်းသူ သို့မဟုတ် ပလက်ဖောင်း ထောက်ပံ့သူ  သို့မဟုတ် ပလက်ဖောင်းအသုံးပြုသူ နှင့် လေ့လာသူ တို့၏ ဆုံးရှုံးများကို တာဝန်ယူရမည်ဖြစ်သည်။  အခြားအသုံးပြုသူအကောင့်၏ သတင်းအချက်အလက်အား အသုံးပြုပြီး ဝန်ဆောင်မှုများအား ရယူခြင်း နှင့်/သို့မဟုတ် ပလက်ဖောင်းအားအသုံးပြုခြင်းကို အတိအလင်းတားမြစ် ထားပါသည်။ သင်ပေးအပ် ထားသော သတင်းအချက်အလက်များသည် မှန်ကန်မှု၊ တိကျမှု၊ လက်ရှိဖြစ်မှု၊ သို့မဟုတ် ပြီးပြတ်မှုမရှိလျှင် (မှန်ကန်မှု၊ တိကျမှု၊ လက်ရှိဖြစ်မှု၊ သို့မဟုတ် ပြီးပြတ်မှု မရှိလာလျှင်) သို့မဟုတ် သတင်းအချက်အလက် မှန်ကန်မှု၊ တိကျမှု၊ လက်ရှိဖြစ်မှု၊ ပြီးပြတ်မှု သို့မဟုတ် ဤစည်းကမ်း ချက်များနှင့် ကိုက်ညီမှုမရှိကြောင်း ပလက်ဖောင်းထောက်ပံ့သူ နှင့် တာဝန်ယူထိန်းသိမ်းသူတို့မှ သံသယရှိ ရန် ခိုင်လုံသော အကြောင်းရှိလျှင် ပလက်ဖောင်းထောက်ပံ့သူ နှင့် တာဝန်ယူ ထိန်းသိမ်းသူတို့သည် ရွှေအကောင့်အားရက်စဲခြင်း၊ ဖျက်သိမ်းခြင်း သို့မဟုတ် ရွှေအကောင့်အားပိတ်ဆို့ခြင်းနှင့် ပလက်ဖောင်း ရယူအသုံးပြုခြင်းတို့အားခွင့်မပြုခြင်းတို့ကို ပြုလုပ်နိုင်သည်။

၅။ ရွှေဝယ်ယူခြင်း

၅.၁ ရွှေကို မြန်မာငွေကျပ် ၁၀၀၀ (၁၀၀၀ကျပ်သာလျှင်) နှင့် ပလက်ဖောင်းတွင်ဖော်ပြထားသော ပြောင်းလဲလာသည့် ဈေးကွက် ပေါက်ဈေးနှင့် အညီဝယ်ယူရန် ကမ်းလှမ်းနိုင်သည်။ ဈေးကွက်ပေါက်ဈေးဆိုသည်မှာ မြန်မာနိုင်ငံစီးပွားဖြစ် ရွှေဈေးကွက်ရှိ ပေါက်ဈေး ကိုဆိုလိုသည်။

၅.၂ ၎င်းဈေးကွက်ရှိ ရွှေပေါက်ဈေးသည်သာလျှင် အသုံးပြုသူများသို့ ကမ်းလှမ်းသွားမည့် ပေါက်ဈေး ဖြစ်ကြောင်း ဤနေရာမှစ၍ အတည်ပြုပါသည်။ ထိုပေါက်ဈေးများသည်  တစ်ရက်အတွင်း ပြောင်းလဲ နိုင်ပြီးငွေပေးချေမှုများသည်လည်း ၎င်းဈေးကွက် ပေါက်ဈေးအတိုင်းပေးချေရမည်ဖြစ်သည်။ အသုံးပြု၏ရွှေအတွက် သင့်အား ဈေးပြိုင်တစ်ခုကမ်းလှမ်းနိုင်မည်ဖြစ်သော်လည်း သင်ကမ်းလှမ်းခံရသော ဈေးသည် ဈေးကွက်အတွင်းရှိ အခြားရွှေဈေးများနှင့် နီးစပ်မည်၊ ယှဉ်၍ရမည်ကို အာမခံနိုင်မည် မဟုတ်ပါ။

၅.၃ ငွေပေးချေမှုကို ပလက်ဖောင်းတွင်ရရှိနိုင်သော ငွေပေးချေမှုပုံစံအတိုင်း လက်ခံမည်ဖြစ်သည်။ ရောင်းဝယ်ပြုလုပ် သည့်အချိန် တွင် လည်း အခွန်အခများကို သက်ဆိုင်ရာ နည်းဥပဒေများအတိုင်း ပေးချေရမည်ဖြစ်သည်။ အသုံးပြုသူ/သုံးစွဲသူသည် ဒစ်ဂျစ်တယ်ရွှေ အရောင်းအဝယ်များ အပါအဝင် လက်ရှိ သို့မဟုတ် နောင်တွင်ရှိ လာနိုင် သော အခွန်၊ အကောက်ခွန် နှင့် အခြားကျသင့် ငွေများအားလည်း ပေးဆောင်ရန်တာဝန်ရှိပါသည်။  အသုံးပြုသူသည် မှာယူမှုပြုပြီးပါက သင်သည် အသုံးပြု သူ၏ မှာယူမှုအား ဖျက်သိမ်း၍မရပါ။ သို့သော် မည်သည်အကြောင်း ကြောင့်မဆို ငွေပေးချေမှုပျက်ကွက်လျှင် အသုံးပြုသူ၏ မှာယူမှုအား ဖျက်သိမ်း နိုင်သည်။

၅.၄ ပလက်ဖောင်းထောက်ပံ့သူ နှင့်/သို့မဟုတ် တာဝန်ယူထိန်းသိမ်းသူ တို့သည် အသုံးပြုသူ၏မှာယူမှုနှင့် စပ်လျဉ်း၍ ပေးအပ်ထား သော သတင်းအချက်အလက်များသည် လက်ခံဖွယ်မရှိလျှင်၊ သင်သည် ရွှေဝယ်ယူရန်သတ်မှတ်ချက် ပြည့်မီခြင်း ထင်မြင်လျှင် အသုံးပြုသူ၏ မှာယူမှုကို ၎င်း၏ တစ်ဦးတည်းဆုံးဖြတ်ချက်နှင့် ဖျက်သိမ်းခွင့်ရှိပါသည်။ ၎င်းနှင့်စပ်လျဉ်း၍ ရွှေအကောင့် အားလည်း ပြင်ဆင်သွားမည်ဖြစ်ပါသည်။ ပလက်ဖောင်းထောက်ပံ့သူ နှင့် တာဝန်ယူထိန်းသိမ်းသူတို့သည် လိုအပ်သော သတင်း အချက်အလက် နှင့် အခြားစာရွက်စာတမ်း ( KYV ၏ရည်ရွယ်ချက်အပါအဝင်) တို့အားမရရှိသေးသည့် တိုင်အောင် ရွှေအကောင့်အား ဆိုင်းငံ့ပိုင်ခွင့်ရှိသည်။

၅.၅ တာဝန်ယူထိန်းသိမ်းသူသည် အသုံးပြုသူအား အော်ဒါအတည်ပြုပြီးနောက် ငွေလွှဲလက်ခံသည့်နေ့မှ (၃) ရက်အတွင်း ပြေစာ တစ်စောင်ထုတ်ပေးလိမ့်မည်။

၅.၆ ဖော်ပြထားသော စည်းကမ်းချက်များနှင့် ဆန့်ကျင်ခြင်းမရှိဘဲ ပလက်ဖောင်းထောက်ပံ့သူ နှင့်/သို့မဟုတ် တာဝန်ယူထိန်းသိမ်း သူတို့သည် မည်သည့်အကြာင်းကြောင့်မဆို တစ်ဉီးတည်းဆုံးဖြတ်ချက်ဖြင့် အသုံးပြုသူအား လက်ခံခွင့်၊ ငြင်းဆန်ခွင့်ရှိသည်။ 

၅.၇ ဤစည်းကမ်းချက်များအရ အသုံးပြုသူ၏မှာယူမှုများအားငြင်းပယ်မှုရှိခဲ့ပါက တာဝန်ယူထိန်းသိမ်းသူ ထံသို့ငွေပေး ချေပြီးဖြစ် လျှင် ပလက်ဖောင်းမှရည်ညွှန်းထားသော စည်းမျဉ်းစည်းကမ်းများနှင့်အညီ ၎င်းငွေအား သင်၏အကောင့် နှင့်ချိတ်ဆက်ထား သော ဘဏ် အကောင့်သို့ ပြန်လည်ပေးအပ်သွားမည် ဖြစ်ပါသည်။

၆။ အသုံးပြုသူ၏ရွှေအားရောင်းချခြင်း

၆.၁ အသုံးပြုသူ၏ရွှေများအားလည်း ရောင်းချချိန်အတွင်း ပလက်ဖောင်းတွင့် ဖော်ပြထားသော ရောင်းကြေးငွေများ အတိုင်း ရောင်းချရန် ရွေးချယ်မှုတစ်ခု ပေးအပ်ထားမည်ဖြစ်သည်။ သင်သည်  ၎င်းရောင်းချရန် တောင်းဆိုမှု အား တာဝန်ယူ ထိန်းသိမ်းယူထံသို့ အတည်ပြုပေးရမည်ဖြစ်သည် (“ရောင်းချရန် တောင်းဆိုမှု”)။ ရောင်းချရန် တောင်းဆို ထားသော ရွှေပမာဏအတိုင်း သင်၏  ရွှေအကောင့်အား ငွေပေးချေမှုပြုမည်ဖြစ်ပါသည် (က)ဘဏ်စနစ် အားထိခိုက်စေနိုင် သည့် နည်းပညာချို့ယွင်းမှုမရှိခဲ့လျှင် ရောင်းချရန်တောင်းဆိုမှုအားအတည်ပြုပြီး ၂၄ (နှစ်ဆယ့် လေးနာရီ) အတွင်း သို့မဟုတ် ရောင်းချရန် တောင်းဆိုမှုအရ လိုအပ်သော အချိန်ကာလအတွင်း တာဝန်ယူ ထိန်းသိမ်းသူသည် ရောင်းချရန် တောင်းဆို မှုပြုသည့်အချိန်က ရောင်းကြေးငွေအတိုင်း ပေးချေရ မည်ဖြစ်သည်။ တာဝန်ယူထိန်းသိမ်းသူသည် သင်မှပေးအပ်ထားသော အသေးစိတ် အချက်အလက် များအတိုင်း ကျသင့်ငွေအား သင်၏ ဘဏ်အကောင့်သို့ ပေးအပ်ရန် စီစဉ်ရမည်ဖြစ် သည်။ သင်မှပေးအပ်ထားသော UPI , အကောင့်နံပါတ်, ISC Code အစရှိသည်တို့တွင်အမှားအယွင်းရှိလျှင် ၎င်းအတွက် တာဝန်ယူထိန်းသိမ်းသူ/ ပလက် ဖောင်း ထောက်ပံ့သူ တို့တွင် တာဝန်ရှိမည်မဟုတ်ပါ။

၆.၂ ‌စီးပွားဖြစ်ရွှေဈေးကွက်လည်ပတ်လျက်ရှိသရွေ့တာဝန်ယူထိန်းသိမ်းသူ/ပလက်ဖောင်းထောက်ပံ့သူတို့ ဝန်ဆောင်မှု အား အကောင်းဆုံးပေးအပ်သွားမည်ဖြစ်ကြောင်း ဤနေရာမှစ၍ အတည်ပြုပါသည်။ တာဝန်ယူထိန်းသိမ်းသူ/ ပလက် ဖောင်းထောက်ပံ့သူတို့သည် သင့်တွင်ရွေးချယ်ရန်ရှိမည်ဟု အာမမခံ နိုင်ပါ။ ထို့ပြင် အသုံးပြုသူ ၏ရောင်းပြီး သောရွှေအား ဝယ်ယူသူသည် တာဝန်ယူထိန်းသိမ်းသူလည်း ဖြစ်နိုင်ပါသည်။ တာဝန်ယူထိန်းသိမ်းသူ/လက်ဖောင်း ထောက်ပံ့သူ တို့သည် ထိုကဲ့သို့သော ထပ်ဆင့် ဝယ်ယူမှုများ၏ ဆောင်ရွက်မှုများအတွက် တာဝန်ရှိမည်မဟုတ်ပါ။

၆.၃ အသုံးပြုသူ၏ရွှေနှင့်စပ်လျဉ်း၍ သင့်အားကမ်းလှမ်းလာသော ဈေးပြိုင်သည် ဈေးကွက်အတွင်းရှိ ရွှေဈေးနှင့် နီးကပ် မည် သို့မဟုတ် ယှဉ်ပြိုင်နိုင်မည်ဟု အာမမခံနိုင်ပါ။

၆.၄ အသုံးပြုသူသည် ပလက်ဖောင်းတွင် ရွှေရောင်းခြင်း၊ ဝယ်ခြင်း၊ လွှဲပြောင်းခြင်းတို့ကိုသာ ပြုလုပ်နိုင်မည်ဟု ဤနေရာ  မှ စ၍ အတည်ပြုသည်။ အသုံးပြုသူသည် ဝယ်ယူထားသော ရွှေများအား ယခုတွင်ပို့ဆောင်ခိုင်း၍မရပါ။ ဆိုလို သည်မှာ ဝယ်ယူသူသည် ရွှေအား လက်ဝယ်ရယူရန် ပို့ဆောင်ခြင်းနှင့်စပ်လျဉ်း၍ ရွေးချယ်ရန်မရှိပါ။ ပလက်ဖောင်း သည် ရွှေရောင်းဝယ်ခြင်းကိုသာ ဆောင်ရွက်ပါသည်။

၇။ ပလက်ဖောင်းနှင့် ဝန်ဆောင်မှုအား အသုံးပြုခြင်း

၇.၁ ဝန်ဆောင်မှုသည် သင်တစ်ဦးတစ်ယောက်အတွက်သာ အသုံးပြုရန်ဖြစ်ကြောင်းကို သိရှိပြီး ရွှေဈေး သို့မဟုတ် အခြားရွှေနှင့် စပ်လျဉ်း၍ ဖော်ပြချက် နှင့်/သို့မဟုတ် အခြား သတင်းအချက်အလက်များ (ပလက်ဖောင်း အား ရယူအ သုံးပြုခြင်းနှင့်စပ်လျဉ်း၍)အား အခြားမည်သည့်နေရာတွင်မျှ ဖော်ပြခြင်း မပြုရန် သဘောတူပါသည်။ ဝန်ဆောင်မှု မှရရှိသော သတင်းအချက်အလက်၊ ဆော့ဖ်ဝဲ၊ ထုတ်ကုန် သို့မဟုတ် ဝန်ဆောင်မှုများအား ပြင်ဆင်ခြင်း၊ ကူးယူခြင်း၊ လွှဲပြောင်းခြင်း၊ ဖြန့်ဝေခြင်း၊ ပြသခြင်း၊ ထုတ်ပြခြင်း၊ ပြန်လည်ထုတ်လုပ်ခြင်း၊ ထုတ်ဝေခြင်း၊ လိုင်စင်ထုတ် ပေးခြင်း၊ ဆင့်ပွားပြုလုပ်မှုများ အားဖန်တီးခွင့်မရှိပါ။

၇.၂ စည်းကမ်းချက်များနှင့် ပုဂ္ဂိုလ်ရေးအချက်အလက်ဆိုင်ရာထိန်းသိမ်းမှုမူဝါဒများအရ တာဝန်ယူ ထိန်းသိမ်းသူနှင့် ပလက်ဖောင်းထောက်ပံ့သူတို့သည် (က) ဖြစ်စဉ်တစ်ခုခြင်းစီအလိုက် သင်ပေးအပ် ထားသော ဒေတာများအား စုဆောင်းခြင်း၊ သိမ်းဆည်းခြင်း နှင့် လွှဲပြောင်းခြင်း နှင့် (ခ) သင်၏ဒေတာ များအား မျှဝေခြင်း၊ အခြားလူများ နှင့်ချိတ်ဆက်ခြင်း၊ သင်ညွှန်ကြားထားသည့်အတိုင်း သင်၏ဒေတာ များအား ပြသခြင်း၊ ဖြန့်ဝေခြင်းတို့ကို ပြုလုပ်နိုင်သည့် သီးသန့်အခွင့်အရေး၊ မူပိုင်ခွင့်အခွင့်အရေး ရှိသည်။ ရွှေဝယ်ယူရန် သို့မဟုတ် အခြားရွှေဝယ်ခြင်းနှင့် သက်ဆိုင်သော ဝန်ဆောင်မှုများအားရယူရန် သင်ပေးအပ်ထားသော ဒေတာများအား အသုံးပြုခြင်း နှင့်/သို့မဟုတ် မျှဝေခြင်းများအတွက် သဘော တူညီမှုအား သက်ဆိုင်ရာဥပဒေများနှင့်အညီ ပေးရမည်။ ပလက်ဖောင်း ထောက်ပံ့သူ သည် သင်၏ ဒေတာများကို တာဝန်ယူထိန်းသိမ်းသူများနှင့် မျှဝေခြင်း၊ အာမခံယုံကြည်အပ်နှံ့ခံရသူများ ၎င်း၏ တာဝန်အားပြီးမြောက် အောင် ဆောင်ရွက်နိုင်ရန် လိုအပ်သော ဒေတာများအား မျှဝေခြင်းတို့အား ပြုလုပ်မည် ဖြစ်ပါသည်။ သင်၏ဒေတာများကို အပိုဒ် ၂၁ တွင်ဖော်ပြထားသော လျှို့ဝှက်ထိန်းသိမ်းရန် တာဝန်များ နှင့်အညီ ထိန်းသိမ်းထားမည်ဖြစ်ပါသည်။ ပလက်ဖောင်းတွင် ရွှေဝယ်ယူသောအခါ တာဝန်ယူထိန်းသိမ်းသူနှင့် ဖြန့်ချီသူတို့ သည် သင်မှပေးအပ်ထားသောဒေတာများ အတွက် ပူးတွဲပိုင်ဆိုင်သူများ ဖြစ်ကြောင်းဤနေရာမှစ၍ အတည် ပြုသည်။

၇.၃ သင်သည် (၁) သင်၏ဒေတာများအား ပလက်ဖောင်းထောက်ပံ့သူနှင့် တာဝန်ယူထိန်းသိမ်းသူများအား ပေးအပ်ရန် နှင့် ဤစည်းကမ်းချက်များနှင့်အညီ ပလက်ဖောင်းထောက်ပံ့သူနှင့် တာဝန်ယူထိန်းသူများ အား အခွင့်အရေး ပေးအပ် ရန် ခွင့်ပြုပိုင်ခွင့်၊ အခွင့်အရေး၊ လွတ်လပ်ခွင့် အပြည့်အဝရှိခြင်း၊ (၂) ပလက်ဖောင်းထောက်ပံ့သူနှင့် တာဝန်ယူထိန်း သိမ်း သူတို့သည်သင်၏ခွင့်ပြုမှုဖြင့်ဤစည်းကမ်းချက်များ နှင့်အညီ ဉာဏပစ္စည်းဆိုင်ရာအခွင့်အရေးများ၊ ပုဂ္ဂိုလ်ရေး ဆိုင်ရာ အခွင့်အရေးများ သို့မဟုတ် လူသိထင်ရှားပြုမှုဆိုင်ရာအခွင့်အရေးနှင့် ပုဂ္ဂိုလ်ရေးအချက် အလက်ထိန်းသိမ်းမှု ဆိုင်ရာ မူဝါဒများနှင့် ကိုက်ညီ၍ ခွင့်ပြုထားသောအသုံးပြုမှု၊ စုဆောင်းမှု၊ ထုတ်ဖော်ပြသ မှုအပါအဝင် သင်၏ဒေတာ များနှင့် လွှဲပြောင်း‌ပေးအပ်မှုများ၊ အသုံးပြုမှုများ ပြုလုပ်ခြင်းသည် မည်သည့်ဥပဒေကိုမျှချိုးဖောက်ခြင်း မရှိသကဲ့သို့ အခြား သူ၏အခွင့်အရေးအားလည်း ချိုးဖောက်ခြင်းမရှိပါ။ ဤစည်းကမ်းချက်များရှိ လုံခြုံရေး တာဝန်ရှိမှုများနှင့် ပုဂ္ဂိုလ်ရေး အချက်အလက်ထိန်းသိမ်းမှု ဆိုင်ရာမူဝါဒများမှအပ ပလက်ဖောင်း ထောက်ပံ့သူ နှင့်/သို့မဟုတ် တာဝန် ယူ ထိန်းသိမ်း သူတို့သည် သင်၏ဒေတာများနှင့် ပက်သက်၍တာဝန်မရှိပါ။ သင်၏ဒေတာများနှင့် ၎င်းအား အသုံးပြုခြင်း၊ ထုတ်ဖော် ပြသခြင်း၊ သိမ်းဆည်းခြင်း သို့မဟုတ် လွှဲပြောင်းခြင်းများမှ ဖြစ်ပေါ်လာသည်များအတွက် သင့်တွင်သာ တာဝန်ရှိပါသည်။

၇.၄ ပလက်ဖောင်းထောက်ပံ့သူနှင့် သို့မဟုတ် တာဝန်ယူထိန်းသိမ်းသူ တို့သည် မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့် သင်မှပေးအပ်ထားသော ဒေတာများ၊ နည်းပညာ၊ သတင်းအချက်အလက် သို့မဟုတ် အခြားအရာများ ပျောက်ဆုံး ခြင်း၊ လုပ်ဆောင်ရန်ကြန့်ကြာခြင်း၊ လုပ်ဆောင်မှုမပြုနိုင်ခြင်းများအတွက် တာဝန်ရှိမည်မဟုတ်ပါ။

၇.၅ တာဝန်ယူထိန်းသိမ်းသူသည် တည်နေရာများ၊ ပင်နံပါတ်များအား တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် ဆုံးဖြတ်ပိုင်ခွင့်ရှိ သည်။

၇.၆ ဝန်ဆောင်မှုများသည် ထိန်းသိမ်းခြင်း၊ ပြင်ဆင်ခြင်း၊ မြှင့်တင်ခြင်း သို့မဟုတ် ကွန်ယက်ချိတ်ဆက်မှုနှင့် ကိရိယာချို့ ယွင်းခြင်းများကြောင့်ကြန့်ကြာနိုင်သည်။ပလက်ဖောင်းထောက်ပံ့သူနှင့်တာဝန်ယူထိန်းသိမ်းသူတို့သည်ဝန်ဆောင်မှုလည်ပတ်နိုင်ရန်ကြိုးစားမည်ဖြစ်သော်လည်း အွန်လိုင်းဝန်ဆောင်မှုများမှာ မကြာမကြာ ပြတ်တောက်ခြင်း၊ မီးပျက် ခြင်း တို့ဖြစ်လေ့ရှိသည်။ ပလက်ဖောင်းထောက်ပံ့သူနှင့် တာဝန်ယူထိန်းသိမ်းသူတို့သည် မည်သည့်ပြတ် တောက်မှု သို့မဟုတ် ၎င်းကြောင့်ဖြစ်သည့် ဆုံးရှုံးမှုများ အတွက် တာဝန်ရှိမည်မဟုတ်ပါ။

၇.၇ တာဝန်ယူထိန်းသိမ်းသူသည် အချို့သော စက်ပစ္စည်းများ နှင့် ပလက်ဖောင်းများအတွက် ပါဝင်သောအရာများ နှင့် ထောက်ပံ့မှုများ အပါအဝင် ဝန်ဆောင်မှုအားလုံး သို့မဟုတ် အချို့အား မည်သည့် အချိန်တွင်မဆို ရပ်စဲနိုင်သည်။

၈။ ရွှေအကောင့်အားဆိုင်းငံ့ထားခြင်း/ပိတ်ခြင်း

၈.၁ တာဝန်ယူထိန်းသိမ်းသူသည် ၎င်း၏ဆုံးဖြတ်ချက်အရ, အကောင့်တွင် လိမ်ညာမှုဖြစ်သည့် သို့မဟုတ် သံသယဖြစ် ဖွယ်ရာဖြစ်သည့် အပြုအမူရှိဟန်တူလျှင်, အသုံးပြုသူများ၏ ရွှေအကောင့်အားဆိုင်းငံ့ ထားနိုင်သည်။ ပလက်ဖောင်း ထောက်ပံ့သူ နှင့်/သို့မဟုတ် တာဝန်ယူထိန်းသိမ်းသူတို့သည် သင်သည် ဥပဒေနှင့်မကိုက်ညီသည့် အပြုအမူ တွင်ပါဝင် သည်ဟု သို့မဟုတ် ရွေအကောင့်အား ဥပဒေနှင့် မကိုက်ညီသည့်ရည်ရွယ်ချက်အတွက် အသုံးပြု သည်ဟု ထင်မြင်ယူဆ လျှင် ပလက်ဖောင်းထောက်ပံ့သူ နှင့်/သို့မဟုတ် တာဝန်ယူထိန်းသိမ်းသူတို့သည် သင့်အား ၎င်း၏ ပလက်ဖောင်းရှိ ဝန်ဆောင်မှုများကို အသုံးပြုခြင်းမှ အမည်ပျက်စာရင်းသွင်းခြင်း သို့မဟုတ် ပိတ်ဆို့ခြင်း သို့မဟုတ် ပလက်ဖောင်းမှတဆင့် ဝန်ဆောင်မှုများကို သင်အသုံးပြု၍မရရန် ပိတ်ဆို့ခြင်း သို့မဟုတ် သက်ဆိုင်ရာ အာဏာရှိသူများကို အဆိုပါ ဥပဒေနှင့် မကိုက်ညီသည့် အပြုအမူများအကြောင်း အသိပေးခြင်းတို့အပါအဝင် ရရှိနိုင်သည့် အရေးယူမှု အားလုံးပြုလုပ်ခွင့်ရှိသည်။

၈.၂ ပလက်ဖောင်းထောက်ပံ့သူ နှင့် တာဝန်ယူထိန်းသိမ်းသူတစ်ဉီးစီသည် ပလက်ဖောင်း၌ စက်ပိုင်းဆိုင်ရာ ချို့ယွင်းမှု /ပြဿနာ နှင့်/သို့မဟုတ် ၎င်းနှင့်မသက်ဆိုင်သည့် ဆောင်ရွက်မှုများ/ထိန်ချန်မှုများကြောင့် ဖြစ်ပေါ်လာသည့် မည်သည့် ဆုံးရှုံးမှု/တာဝန်ရှိမှုတို့အတွက် မည်သည့်အကြောင်းအရာဖြင့်မဆို တာဝန်ရှိမည်မဟုတ်ပါ။

၈.၃ သင်သည် သင်၏ ရွှေအကောင့်၌ ဖြစ်ပေါ်နိုင်သည့် မည်သည့် ပုံမှန်မဟုတ်မှုများ သို့မဟုတ် လွဲချော်မှုများကိုမဆို လွှဲပြောင်းမှုလုပ်ပြီးနောက် ၁၀ (တစ်ဆယ်) ရက်ထက်နောက်မကျပဲ ချက်ချင်း အကြောင်းကြားရမည်ဖြစ်ပြီး အကယ်၍နောက်ကျခဲ့လျှင် အကောင့်တွင် မည်သည့် မှားယွင်းမှု သို့မဟုတ် လွဲချော်မှုမရှိဟုသက်မှတ်မည်ဖြစ်သည်။ ပလက်ဖောင်းထောက်ပံ့သူ နှင့်/သို့မဟုတ် တာဝန်ယူထိန်းသိမ်းသူတို့ စည်းမျဉ်းစည်းကမ်းများနှင့်အညီ ထိန်းသိမ်း ထား သည့် အီလက်ထရောနစ် သို့မဟုတ် စာရွက်စာတမ်းပုံစံရှိ အသုံးပြုသူ၏ညွှန်ကြားချက်များနှင့် အခြား အသေး စိတ် အချက်အလက်များ (ပြုလုပ်ထားသည့် သို့မဟုတ် ရရှိထားသည့် ငွေပေးချေမှုများအပါအဝင်) ပါဝင်သည့် မှတ် တမ်းများသည် အသုံးပြုသူမှမည်သို့ပင်ဆိုစေကာမူ ၎င်းညွှန်ကြားချက်များ၏ သက်သေအချုပ်ဟု သက်မှတ်မည် ဖြစ်သည်။

၉။ ချိတ်ဆက်မှုကင်းမဲ့ခြင်း

၉.၁ သင်သည် ရွှေ အရောင်း/အဝယ်လုပ်ရန် ကောင်းမွန်စွာသိသည့်ဆုံးဖြတ်ချက်များချမှတ်ရန် လုံလောက်သည့် အတွေ့အကြုံနှင့်ဗဟုသုတရှိပါသည်ဟု ပလက်ဖောင်းထောက်ပံ့သူ နှင့် တာဝန်ယူထိန်းသိမ်းသူအား အသိအမှတ်ပြု အာမခံပါသည်။ သင်သည် ပလက်ဖောင်းထောက်ပံ့သူ သို့မဟုတ် တာဝန်ယူထိန်းသိမ်းသူ မှပေးသည့် မည်သည့် သတင်းအချက်အလက်ပေါ်မှ မှီခိုအသုံးပြုထားခြင်းမရှိကြောင်းနှင့် ထိုကဲ့သို့ ရွှေဝယ်ခြင်း များ/ ပြန်ရောင်းခြင်းများ နှင့်ပတ်သက်၍ ပလက်ဖောင်းထောက်ပံ့သူ သို့မဟုတ် တာဝန်ယူထိန်းသိမ်းသူမှ မည်သည့်အကြံ ပေးခြင်း မျိုးမှမပြု လုပ်ထားကြောင်း အသိအမှတ်ပြုပါသည်။ သင်နှင့် ပလက်ဖောင်းထောက်ပံ့သူ နှင့်/သို့မဟုတ် တာဝန်ယူ ထိန်းသိမ်း သူကြားတွင် ရောင်းသူ-ဝယ်သူဆက်ဆံရေးမှလွဲ၍ အခြား အေးဂျင့်-ကြီးကြပ်သူ ဆက်ဆံရေး၊ အကြံယူ-အကြံပေး ဆက်ဆံရေး၊ ဝန်ထမ်း-အလုပ်ရှင်ဆက်ဆံရေး၊ ဖရန်ချိုက်ယူသူ-ဖရန်ချိုက်ပေးသူဆက်ဆံရေး၊ ဖက်စပ်လုပ်ငန်း ဆက်ဆံရေး သို့မဟုတ် အစုစပ်လုပ်ငန်း ဆက်ဆံရေး အစရှိသည့်မည်သည့်ဆက်ဆံရေးမှမရှိပါ။

၉.၂ သင်သည် ပလက်ဖောင်းထောက်ပံ့သူ နှင့် တာဝန်ယူထိန်းသိမ်းသူတို့သည် မည်သည့် ရင်းနှီးမြုပ်နှံမှုထုတ်ကုန် ကိုမှ ပံ့ပိုးခြင်း/ရောင်းဝယ်ခြင်း/ကမ်းလှမ်းခြင်းမရှိကြောင်းနှင့် မည်သည့်  အာမခံချက်/အာမခံပြန်အမ်းမှုများအား မကမ်း လှမ်း ကြောင်း အသိအမှတ်ပြုပါသည်။ သင်သည် ရွှေ၏တန်ဖိုးသည် အကြောင်းအချက်အလက်နှင့် အခြေအနေ အမျိုးမျိုး ပေါ်မူတည်၍ ပြောင်းလဲနိုင်ကြောင်း ထပ်ဆောင်းအသိအမှတ်ပြုပါသည်။

၁၀။ မှတ်ချက်

၁၀.၁ ပလက်ဖောင်းသည် သင့်အား ပလက်ဖောင်းနှင့်အသုံးပြုသူအတွေ့အကြုံ မြှင့်တင်ရန်အတွက် သင်၏ ပလက်ဖောင်း ကို အသုံးပြုရခြင်းမှတ်ချက်နှင့်အတွေ့အကြုံ(“မှတ်ချက်များ)ကို တင်ခွင့်ပြုနိုင်သည်။

၁၀.၂ သင်သည် မှတ်ချက်များတင်သူဖြစ်ခြင်းကြောင့် သင်တင်သည့်၊ ရေးသားသည့်၊ ထုတ်ပြန်သည့်၊ ဖြန့်ဖြူးသည့် သို့မဟုတ် ပလက်ဖောင်းတွင်ရှိစေသည့်မှတ်ချက်များအတွက် တာဝန်ရှိသည်။ သင်သည် အဆိုပါမှတ်ချက်များသည် သက်ဆိုင်ရာ ဥပဒေများနှင့်ကိုက်ညီပါသည်ဟု အသိအမှတ်ပြုပါသည်။ သင်သည် ပလက်ဖောင်းထောက်ပံ့သူ နှင့်/သို့မဟုတ် တာဝန်ယူထိန်းသိမ်းသူသည် ပလက်ဖောင်းပေါ်ရှိ မည်သည့်မှတ်ချက်များကိုမှထောက်ပံ့ပေးထား ခြင်းမရှိ ကြောင်းနှင့် မည်သည့်မှတ်ချက်များအတွက်မှ တာဝန်မရှိကြောင်း အသိအမှတ်ပြုပါသည်။ ပလက်ဖောင်း ထောက်ပံ့သူသည် ပလက်ဖောင်းပေါ်ရှိ မှတ်ချက်များမကြည့်ရှုနိုင်ရန်ပိတ်ပင်ပိုင်ခွင့်ရှိသည်။

၁၀.၃ သင်သည် ပလက်ဖောင်းထောက်ပံ့သူ နှင့်/သို့မဟုတ် တာဝန်ယူထိန်းသိမ်းသူအား မှတ်ချက်များကိုပုံနှိပ်ခြင်း၊ ထုတ်လွှင့်ခြင်း၊ အွန်လိုင်းနှင့် အခြား ပလက်ဖောင်းထောက်ပံ့သူပိုင်သည့် ဝက်ဘ်ဆိုဒ်နှင့် ပလက်ဖောင်း အားလုံး တို့တွင် တင်ခြင်း အစရှိသဖြင့် ကန့်သတ်ခြင်းမရှိပဲပါဝင်သည့် မည်သည့်ပုံစံဖြင့် မဆို ပလက်ဖောင်းထောက်ပံ့သူ နှင့်/သို့မဟုတ် တာဝန်ယူထိန်းသိမ်းသူမှ သင့်လျော်သည်ဟုယူဆသည့် မည်သည့်နည်းလမ်းဖြင့်မဆို အဆုံး မရှိဖြစ်သော၊ ပြန်လည် ရုတ်သိမ်းခွင့် မရှိသော၊ ကမ္ဘာတဝှမ်း ဖြစ်သော၊ ထပ်မံပေးချေရန်မလိုအပ်ပြီး တဆင့်လိုင်စင် ချပေးနိုင်သော အခွင့်နှင့် အသုံးပြုရန်၊ ကူးယူရန်၊ ဖြန့်ချီရန်၊ ပြသရန်၊ ထုတ်ဝေရန်၊ ထုတ်လွှင့်ရန်၊ ရရှိစေရန်၊ ပြန်လည်ထုတ်ရန်၊ ပြုပြင်ရန်၊ ပြောင်းလဲရန်လိုင်စင်များအား ခွင့်ပြုလိုက်သည်။ 

၁၀.၄ သင်သည် ပလက်ဖောင်းတွင် မှတ်ချက်များတင်သည့်အခါတွင် ထိခိုက်စေသည့်၊ မမှန်ဖြစ်သည့်၊ စော်ကားသည့်၊ အမုန်း စကားဖြစ်သည့် သို့မဟုတ် လူမျိူးရေးအရမူမမှန်သည့်အသုံးများကို အသုံးမပြုပါဟု  ထပ်ဆောင်းအသိ အမှတ်ပြု အာမခံပါသည်။ ထပ်မံ၍ သင်သည် ပလက်ဖောင်း၏ မည်သည့်အစိတ်အပိုင်းတွင်မှ မသင်တော်သည့်၊ လိင်အသား ပေးဖြစ်သည့်၊ “အမျိုးသမီးများကို မလျော်မကန်ပုံဖော်ခြင်း” ပါဝင်သည့် မည်သည့်အကြောင်းအရာကိုမှ မတင်ရပါ။

၁၁။ နစ်နာမှုလျော်ပေးခြင်းစနစ်

၁၁.၁ နစ်နာမှုလျော်ပေးခြင်းစနစ်အရ ရွှေနှင့်ရွှေနှင့်သက်ဆိုင်သည့်အရောင်းအဝယ်များအတွက် နစ်နာမှု တာဝန်ခံအား ဆက်သွယ် ရန်အချက်အလက်များမှာ

KBZ ဘဏ် (တာဝန်ယူထိန်းသိမ်းသူ)

အမည် 

E-mail လိပ်စာ

လိပ်စာ

အသုံးပြုသူများသည် KBZPay အသုံးပြုသူဝန်ဆောင်မှုအား ဖုန်းခေါ်ဆိုခြင်းဖြင့် ဆက်သွယ်နိုင်ပါသည်။

၁၁.၂ အထက်တွင်ဖော်ပြထားသည့်အပိုဒ်ရှိအကြောင်းအရာမှလွဲ၍ အခြားသိရှိလိုသည့် သို့မဟုတ် နစ်နာသည့်အကြောင်း အရာ များအတွက် အသုံးပြုသူသည် ပလက်ဖောင်းထောက်ပံ့သူ၏ အသုံးပြုသူဝန်ဆောင်မှု အဖွဲ့အားဆက်သွယ် နိုင်ပါသည်။

၁၂။ အီလက်ထရောနစ်အမှာစာအန္တရာယ်များ

၁၂.၁ အင်တာနက်ဝန်ဆောင်မှုထောက်ပံ့သူများသည် ၁၀၀%  ယုံကြည်၍ရသည်မဟုတ်သဖြင့် တစ်ခု သို့မဟုတ် တစ်ခု ထက်ပိုသည့် အဆိုပါထောက်ပံ့သူများ၏ လွဲချော်မှုတစ်ခုခုသည် အင်တာနက်အခြေပြု အမှာစာသွင်းမှုအား သက်ရောက် မှုရှိနိုင်ပါသည်။ သင်သည်အမှာစာသွင်းမှုစနစ်သည် အီလက်ထရောနစ် စက်ပစ္စည်းစနစ် ဖြစ်သည့် အတွက် ပလက်ဖောင်း ထောက်ပံ့သူ သို့မဟုတ် တာဝန်ယူထိန်းသိမ်းသူ၏ ထိန်းချုပ်နိုင် မှုကိုကျော်လွန်၍လွဲချော် မှုဖြစ်နိုင်သည် ကိုအသိအမှတ်ပြုပါသည်။ထို့ကြောင့် ပလက်ဖောင်း ထောက်ပံ့သူ သို့မဟုတ် တာဝန်ယူ ထိန်းသိမ်းသူသည် ထုတ်လွှင့်ရေး သို့မဟုတ် ဆက်သွယ်ရေးရုံးများ၏ (ပလက်ဖောင်းနှင့် ချိတ်ဆက်ရန် အသုံးပြုသည့် မည်သည့် စက်ကရိယာ မဆိုအပါ အဝင်) ပျက်စီးခြင်း သို့မဟုတ် လွဲချော်ခြင်း ကြောင့် သို့မဟုတ် ဖြန့်ချီရေးပါတနာ၏ သို့မဟုတ် တာဝန်ယူ ထိန်းသိမ်းသူ၏ ထိန်းချုပ်နိုင်မှု သို့မဟုတ် ကြိုတင်သိရှိနိုင်မှုကို ကျော်လွန် သည့် မည်သည့် အကြောင်းအရာ ကြောင့်မဆို ဖြစ်ပေါ်လာနိုင်သည့် အမှားများ၊ ပေါ့လျော့မှု၊ အမှာစာများ မဆောင် ရွက်နိုင်ခြင်း၊ အမှာစာ ထုတ်လွှင့်မှုများ၊ ပို့ဆောင်မှုများ သို့မဟုတ် ဆောင်ရွက်မှု များနှောင့်နှေးခြင်း တို့အတွက် တာဝန်မရှိပါ။

၁၃။ တာဝန်ဝတ္တရားကန့်သတ်ခြင်း 

၁၃.၁ တစ်ဘက်ဘက်က ရည်ရွယ်ချက်ရှိရှိပြုလုပ်ခြင်း၊ ပေါ့ဆခြင်း သို့မဟုတ် ၎င်း၏နေရာတွင် ရောက်နေသည့် သူအတွက် လိုအပ်သော ထိုက်သင့်သည့် ဂရုစိုက်မှုနှင့် ကျွမ်းကျင်မှုမရှိခြင်းမဟုတ်ပါက ဤစည်းကမ်းချက်နှင့် ဆက်နွှယ်၍၊ ဤစည်းကမ်းချက်များကို ဖော်ဆောင်ရာမှ ပေါ်ပေါက်လာသော အကျိုးအမြတ်များဆုံးရှုံးခြင်း၊ ဒေတာဆုံးရှုံးခြင်း၊ အသုံးပြုမှုဆုံးရှုံးခြင်း၊ ကုစားခွင့်စရိတ်၊ လုပ်ငန်းအလျဥ်ပြတ်ခြင်း သို့မဟုတ် အခြားထူးခြားသော၊ အမှတ်မထင်ဖြစ်သော၊ တိုက်ရိုက်မဟုတ်သော၊ ဒဏ်ခတ်ရာရောက်သော သို့မဟုတ် လက်ငင်းအကျိုးဖြစ်သော၊ နစ်နာမှုများအတွက် ဆုံးရှုံးမှုများ သည် မည်သည့်နည်းလမ်းဖြင့် ဖြစ်ပျက်ခဲ့စေကာမူ၊ တာဝန်ရှိမှုဆိုင်ရာ သဘောတရားမည်သို့ရှိစေကာမူ မည်သည့်ဘက် တွင်မှ တာဝန်မရှိစေရ။

၁၃.၂ သင်သည် တာဝန်ယူထိန်းသိမ်းသူ နှင့်/သို့မဟုတ် ပလက်ဖောင်းထောက်ပံ့သူ (၎င်း၏ဒါရိုက်တာများ၊ ဝန်ထမ်းများ၊ အေးဂျင့်များ သို့မဟုတ် အစုစပ်ဝင်များအပါအဝင် သို့ရာတွင်ကန့်သတ်မထား) တို့သည် အထူးဖြစ်သည့်၊ ရလဒ်ဖြစ်သည့်၊ ဆက်နွယ်သည့်နှင့် များပြားသည့် သို့မဟုတ် မြင့်မားသည့် နစ်နာကြေးများ သို့မဟုတ် အမြတ်နှင့် ဝင်ငွေများ ဆုံးရှုံးခြင်းတို့အတွက်တာဝန်မရှိကြောင်း အသိအမှတ် ပြုပါသည်။ တာဝန်ယူထိန်းသိမ်းသူ နှင့်/သို့မဟုတ် ပလက်ဖောင်း ထောက်ပံ့သူသည် သင် ဝန်ဆောင်မှု များကိုရရှိရန် ပလက်ဖောင်းနှင့်မချိတ်ဆက်နိုင်ခြင်း သို့မဟုတ် ချိတ်ဆက် ရန်ခက်ခဲခြင်း၊ အခြား တစ်ဉီးဉီးကြောင့် ပလက်ဖောင်းသို့ရောက်ရှိလာသည့်ချို့ယွင်းမှုများ၊ ဗိုင်းရပ်စ်များ၊ trojan horses သို့မဟုတ် ဆင်တူသည်များ၊ သင့်အချက်အလက်ဆုံးရှုံးမှုများ၊ ဝန်ဆောင်မှုများမှ သင့်အချက်အလက် သို့မဟုတ် အကြောင်းအရာနှင့်သက်ဆိုင်သည့်တောင်းဆိုမှုများ နှင့်/သို့မဟုတ် သင့်ရွှေအကောင့် အချက်အလက်အား လုံခြုံရန် နှင့်စိတ်ချရန်မလုပ်နိုင်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် သို့မဟုတ် သက်ဆိုင်သည့် နစ်နာမှုများကို မည်သည့် အခြေအနေ တွင်မှတာဝန်မရှိပါ။ သင်သည် တာဝန်ယူ ထိန်းသိမ်းသူသည် ပလက်ဖောင်းထောက်ပံ့သူ၊ ကြားခံများ သို့မဟုတ် သင်ပလက်ဖောင်းအား အသုံးပြုရန် သုံးထားသည့်အခြားသူ၏ကိရိယာ နှင့်/သို့မဟုတ် ရွှေဝယ်ရန် အတွက် သင့်ထံမှ ငွေပေးချေမှုများကို ကောက်ခံရန် ပလက်ဖောင်းထောက်ပံ့သူမှခန့်အပ်ထားသောမည်သူ အစရှိသဖြင့် အပါအဝင် (သို့ရာတွင်ကန့်သတ်ထားခြင်းမရှိ) ဖြစ်သည့် အခြားမည်သူမဆိုတို့၏ လုပ်ဆောင်မှုများ သို့မဟုတ် ထိန်ချန်မှု များအတွက် တာဝန်မရှိကြောင်း အသိအမှတ်ပြုပါသည်။ ပလက်ဖောင်း ထောက်ပံ့သူသည် အခြားသူ၊ တာဝန်ယူထိန်း သိမ်းသူ သို့မဟုတ် အခြားကြားလူများ၏ ဆောင်ရွက်မှုအားလုံးအတွက် တာဝန်မရှိပါ။

၁၄။ အစားလျော်ခြင်း

၁၄.၁ အသုံးပြုသူသည် အောက်ပါအချက်များ၏ရလဒ်ကြောင့် သို့မဟုတ် အကြောင်းအရင်းကြောင့် သို့မဟုတ် ဖြစ်ပေါ် လာခြင်းကြောင့် ပလက်ဖောင်းထောက်ပံ့သူ နှင့်/သို့မဟုတ် တာဝန်ယူထိန်းသိမ်းသူ နှင့်/သို့မဟုတ် ၎င်း၏ ဝန်ထမ်းများ၊ အေးဂျင့်များ၊ အလုပ်သမားများ သို့မဟုတ် ကိုယ်စားလှယ်များ ခံစားရသည့် တောင်းဆိုမှုများ၊ ဆုံးရှုံးမှုများ၊ ပြစ်ဒဏ်များ၊  လုပ်ဆောင်မှုလမ်းကြောင်းများ၊ နစ်နာမှုများ၊ တာဝန်ရှိမှု၊ ကုန်ကျစရိတ်များ (သင့်လျော်သည့် ရှေ့နေကုန် ကျစရိတ်များအပါအဝင် သို့ပေမဲ့ ကန့်သတ်ထားခြင်းမရှိ) သို့မဟုတ် ဝန်ဆောင်မှုများ ကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ အသုံးပြုခြင်းကြောင့် ဖြစ်ပေါ်လာသည့်တောင်းဆိုမှုများ (“ဆုံးရှုံးမှုများ”)နှင့် ပတ်သက်၍ KBZ ဘဏ်အား ကာကွယ်ပေးမည်၊ အစားလျော်ပေးမည်နှင့် မထိခိုက်စေရပါဟု  သဘောတူပါ သည်။(၁) အသုံးပြုသူမှ ပလက်ဖောင်း အားရယူအသုံးပြုရန် သုံးစွဲသည့် ပလက်ဖောင်း နှင့်/သို့မဟုတ် စက်ကိရိယာ အသုံးပြုခြင်း(၂) ပလက်ဖောင်းထောက်ပံ့သူ နှင့်/သို့မဟုတ် တာဝန်ယူထိန်းသိမ်းသူမှ စိတ်ရင်းစေတနာ မှန်ဖြင့် အသုံးပြုသူ၏ ညွှန်ကြားချက်များကို ဆောင်ရွက်ခြင်း သို့မဟုတ် ဆောင်ရွက်ရန်ငြင်းဆိုခြင်း သို့မဟုတ် ဆောင်ရွက် ရန်ထိန်ချန် ခြင်း အကြောင်းအရင်းကြောင့်နှင့် အထူးသဖြင့် အသုံးပြုသူ၏ ပေါ့လျော့မှု၊ မှားယွင်းမှု သို့မဟုတ် လွဲချော်မှု‌မှ တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်၍ပေါ်ပေါက်လာခြင်း(၃) ရွှေအကောင့် နှင့်ပတ်သက်သည့် စည်းမျဉ်း စည်းကမ်းများကို ချိုးဖောက်ခြင်း သို့မဟုတ် မလိုက်နာခြင်း နှင့်/သို့မဟုတ်(၄) အသုံးပြုသူ၏ အရောင်းအဝယ် နှင့်ပတ်သက်၍ မရိုးဖြောင့်မှုရှိခြင်း။

၁၅။ နုတ်ယူပိုင်ခွင့်

၁၅.၁ ဖောက်သည်သည် ပြင်ပပုဂ္ဂိုလ်မှဖြစ်စေ၊ ဘဏ်မှဖြစ်စေ သို့မဟုတ် မည်သည့်အကြောင်းပြချက်မဆိုကြောင့်ဖြစ်စေ မှားယွင်းလွှဲပြောင်းမိသောကြောင့် ၎င်း၏အကောင့်တွင် ပိုနေသော ငွေများကို ပြန်ပေးရန် တာဝန်ရှိပါသည်။ ယင်းပို ငွေများသည် ဖောက်သည်ရပိုင်ခွင့်ရှိသည့် ငွေများမဟုတ်သည့်အားလျော်စွာ မည်သည့်ကန့်သတ်ချက်၊ အသိပေး ချက်မှ ပေးပို့ခြင်းမရှိဘဲ သို့မဟုတ် လျော်ကန်သင့်မြတ်သည့် နည်းလမ်းအရပ်ရပ်ဖြင့် နုတ်ယူနိုင်သည်။ 

၁၆။ အာမခံပေးခြင်း

၁၆.၁ ဝန်ဆောင်မှုအသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်အဖြစ် ဝန်‌ဆောင်မှုများအား ဥပဒေနှင့်မညီသည့်မည်သည့် ရည်ရွယ် ချက်အတွက်မှ အသုံးပြုမည်မဟုတ်ကြောင်းကို ဖောက်သည်က အာမခံပေးရမည်။ ဝန်ဆောင်မှုများကို အသုံးပြုမှုနှင့် စပ်လျဥ်းသည့် တည်ဆဲဥပဒေ၊ စည်းမျဥ်းစည်းကမ်း၊ နည်းဥပဒေနှင့် ပြဋ္ဌာန်းဥပဒေအရပ်ရပ်ကို လိုက်နာရန် ဖောက်သည် က သဘောတူပေးရမည်။

၁၆.၂ ပလက်ဖောင်းတွင်ပါဝင်သည့် သို့မဟုတ် ရရှိအောင်ပြုလုပ်ပေးထားသည့် သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက်အလက်များ နှင့် ဝန်ဆောင်မှုများ (စုပေါင်း၍အကြောင်းအရာများ) သည် တာဝန်ယူထိန်းသိမ်းသူ နှင့် ပလက်ဖောင်းထောက်ပံ့သူမှ မည်ကဲ့သို့ ကိုယ်စားပြုခြင်းများ သို့မဟုတ် အာမခံချက်များမပါဝင်ပဲ “ရှိရင်းစွဲ” “ရရှိနိုင်မည့်အတိုင်း” ပုံစံဖြင့် ထောက်ပံ့ပေးထားခြင်းဖြစ်သည်။ တာဝန်ယူထိန်းသိမ်းသူ နှင့်/သို့မဟုတ် ပလက်ဖောင်း ထောက်ပံ့သူသည် အကြောင်းအရာ၊ အချက်အလက်၊ စာရွက်စာတမ်း သို့မဟုတ် သတင်းအချက်အလက် ဒေါင်းလုဒ်လုပ်ခြင်းကြောင့် သင်၏ကွန်ပျူတာစနစ်အား ထိခိုက်စေမှု သို့မဟုတ် အချက်အလက်ဆုံးရှံးမှု သို့မဟုတ် ပလက်ဖောင်း အားအသုံးပြုခြင်းကြောင့် ဖြစ်ပေါ်သည့်အခြားဆုံးရှုံးမှုများအတွက် တာဝန်မရှိပါ။ သင်သည် ပလက် ဖောင်းအားအသုံးပြုခြင်းသည် သင်တစ်ဉီးတည်း၏တာဝန်ဖြစ်ကြောင်း အတိအလင်း သဘောတူပါသည်။ တာဝန်ယူ ထိန်းသိမ်းသူ နှင့်/သို့မဟုတ် ပလက်ဖောင်းထောက်ပံ့သူသည် တိုက်ရိုက်ဖြစ်သော၊ သွယ်ဝိုက်၍ဖြစ်သော၊ ရလဒ်ကြောင့်ဖြစ်သော၊ ပြစ်ဒဏ်ဖြစ်သော နစ်နာမှုများ ကန့်သတ်ထားခြင်းမရှိပဲအပါအဝင်ဖြစ်သည့် ပလက်ဖောင်း သို့မဟုတ် ဝန်ဆောင်မှုများ သို့မဟုတ် အကြောင်းအရာများကို အသုံးပြုခြင်းမှပေါ်ပေါက်လာသည့် မည်သည့် နစ်နာမှုမဆို အတွက် စာဖြင့် ရေးသားဖော်ပြထားခြင်းမရှိလျှင် တာဝန်မရှိပါ။ ဥပဒေမှခွင့်ပြုထားသည့် အတိုင်းအတာ အပြည့်အဝ အထိ တာဝန်ယူထိန်းသိမ်းသူ နှင့်/သို့မဟုတ် ပလက်ဖောင်းထောက်ပံ့သူသည် ပလက်ဖောင်း (သို့မဟုတ် အခြားသူ တစ်ဉီးဉီး) နှင့်ပတ်သက်၍ ကိုယ်စားပြုမှုများနှင့် အာမခံချက်များအားလုံးနှင့် ပိုင်ဆိုင်မှု အာမခံချက်များ၊ ရောင်းဝယ်ပိုင် ခွင့်နှင့် ရည်ရွယ်ချက် သို့မဟုတ် အသုံးပြုမှုတစ်ခုအတွက် ကိုက်ညီခြင်း အစရှိသဖြင့် ကန့်သတ်ထားခြင်းမရှိပဲ အပါအဝင် ဖြစ်သည့် ၎င်း၏အကြောင်းအရာများ (တိုက်ရိုက် ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ) နှင့်ပတ်သက်၍တာဝန်မှ ကင်းလွတ် ကြောင်းကြေညာသည်။

၁၇။ ဉာဏပစ္စည်း

၁၇.၁ KBZ ဘဏ်၏ဝဘ်ဆိုက်နှင့် စာရွက်စာတမ်းအားလုံးတွင် အကြောင်းအရာအဖြစ်ဖြင့်ဖြစ်စေ၊ စကားအသုံးအနှုန်းပုံစံ အဖြစ်ဖြင့်ဖြစ်စေ၊ ပါရှိသော ပုံ၊ သင်္ကေတ၊ စာလုံးအမှတ်အသား၊ လုပ်ငန်းဝန်ဆောင်မှုအမှတ်အသား၊ လုပ်ငန်း အမည်နှင့်  ဒီဇိုင်းလက်ရာအားလုံး၏ ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်အရပ်ရပ်သည် KBZ ဘဏ်၏မူပိုင်ဖြစ်သည်။ ဖောက်သည်သည် KBZ ဘဏ်၏ ဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ကို KBZ ဘဏ်မှ စာဖြင့် ရေးသားထားသော ကြိုတင်သဘောတူညီချက်ကို လက်ခံရရှိခြင်းမရှိဘဲ ကိုယ်ကျိုးအတွက် သုံးစွဲခြင်းမပြုရ သို့မဟုတ် ကြော်ငြာခြင်းမပြုရ။ ဖောက်သည်သည် KBZ ဘဏ်၏ပုံရိပ်၊ ကုန်အမှတ်တံဆိပ်၊ လုပ်ငန်းအမည် သို့မဟုတ် အခြားဉာဏပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ကို ထိခိုက်ပျက်ပြား စေနိုင်သည့် မည်သည့်ပြုလုပ်မှုမျိုးကိုမဆို မပြုလုပ်ရ သို့မဟုတ် အခြားသူက ပြုလုပ်ခြင်းကိုလည်း ခွင့်ပြုပေးခြင်းမရှိ စေရ။

၁၇.၂ ဝန်ဆောင်မှုများသည် တာဝန်ယူထိန်းသိမ်းသူမှ အချိန်၊ အားထုတ်မှု၊ ငွေကြေး အကုန်အကျခံ၍ သင့်လျော်သော နည်းလမ်း၊ ဆုံးဖြတ်မှုစံနှုန်းများနှင့်အညီ မွမ်းမံခြင်း၊ စုဆောင်းခြင်း၊ ပြုပြင်ခြင်း၊ ပြန်လည်စစ်ဆေးခြင်း၊ ရွှေချယ်ခြင်းနှင့် စီစဉ်ပြုလုပ်ထားသော မူရင်းဝန်ဆောင်မှုဖြစ်ပြီး တာဝန်ယူ ထိန်းသိမ်းသူ၏ အဖိုးတန် ဉာဏပစ္စည်းဖြစ်ကြောင်း အသုံးပြုသူမှ အသိအမှတ်ပြုပါသည်။ ဤစည်းကမ်းချက်များရှိစည်းမျဉ်းများကို လိုက်နာလျက်ရှိသော ကာလအတော အတွင်းနှင့် ပြီးနောက် အထိ တာဝန်ယူထိန်းသိမ်းသူ၏ ပိုင်ဆင်ခွင့်အခွင့်အရေးများအား ကာကွယ်ပေးမည်ဟု သဘော တူညီပါသည်။ မူပိုင်ခွင့်သတိပေးမှုအား မရရှိဘဲ ပလက်ဖောင်း၏ တစ်စိတ်တစ်ပိုင်းအား ရွေးချယ်၍ ဒေါင်းလုပ် ဆွဲခြင်းမပြုရပါ။ ဤစည်းကမ်းချက်များမှ ညွှန်းဆိုသော ရည်ရွယ်ချက်များအရ သာလျှင် ပလက်ဖောင်းမှ အချက်အလက် များအား ဒေါင်းလုပ်ဆွဲခြင်း ပြုလုပ်ပါမည်။ ဖောက်ဖျက်မှု ရှိခဲ့ပါက သင့်တော်သော တရားရုံးတွင် ဥပဒေကြောင်းအရ အရေးယူဆောင်ရွက် သွားမည်ဖြစ်ပါသည်။

၁၈။ မလွန်ဆန်နိုင်သောဖြစ်ရပ်

၁၈.၁ ဤဝန်ဆောင်မှုကို KBZ ဘဏ်က လုပ်ဆောင်ပေးနေစဥ်ကာလအတွင်း ဘုရားသခင်၏ပြုလုပ်မှု၊ စစ်ဖြစ်ပွားမှု၊ ဆန္ဒပြမှု သို့မဟုတ် အလုပ်သမားအငြင်းပွားမှု၊ ကုန်သွယ်ရေးပိတ်ပင်မှု၊ အစိုးရအမိန့်၊ မီးလောင်မှု၊ ရေကြီးမှု၊ မိုးသည်းထန်စွာ ရွာသွန်းမှု၊ မုန်တိုင်းတိုက်ခတ်မှု၊ သို့မဟုတ် ရာသီဥတုအခြေအနေပြင်းထန်မှု၊ ဆူပူအုံကြွမှု၊ ပုန်ကန်မှု၊ ပြည်တွင်း ဆူပူအုံကြွမှု၊ စီးပွားရေး ပိတ်ဆို့မှု၊ သပိတ်မှောက်မှု၊ လျှပ်စစ်မီးမရမှု၊ စက်ချွတ်ယွင်းမှု သို့မဟုတ်    ဘဏ်ဘက်က အကျိုးသင့် အကြောင်းသင့် ထိန်းချုပ်၍ မရနိုင်သော အကြောင်းများကြောင့် ဖြစ်ရသည့် ပျက်ကွက်မှု သို့မဟုတ် နှောင့်နှေးမှု သို့မဟုတ် အခြားမည်သည့် မလွန်ဆန်နိုင် သော ဖြစ်ရပ်မဆို အကန့်အသတ်မရှိ ပါဝင်သည့် မည်သည့်ပျက်ကွက်မှု သို့မဟုတ် နှောင့်နှေးမှုမဆိုအတွက် KBZ ဘဏ်တွင် တာဝန်မရှိကြောင်းကို ဖောက်သည်ဘက်က နားလည်ရမည်။ KBZ ဘဏ်သည် အဆိုပါအခြေ အနေများက ဟန့်တား ထားသည့်၊ နှောင့်ယှက်နေသည့် သို့မဟုတ် နှောင့်နှေးစေသည့် အတိုင်းအတာအပေါ်မူတည်၍ အဆိုပါအခြေအနေ များရပ် တန့်သွားသည့် အချိန်အထိ အဆိုပါဝန်ဆောင်မှုများအား ပံ့ပိုးပေးမှုကို ဆိုင်းငံ့ထားပါမည်။ KBZ ဘဏ်သည် ဤ အခြေအနေများ ဆက်လက် ဖြစ်ပျက်နေစဥ်တွင် ဤစည်းကမ်းချက်များတွင် ဖော်ပြပါရှိသော ယင်းကဲ့သို့သော တာဝန်ရှိမှုကို ဖော်ဆောင်ရာတွင် ပျက်ကွက်မှု သို့မဟုတ် နှောင့်နှေးမှုတစ်ရပ်ရပ်အတွက် ဖောက်သည် သို့မဟုတ် အခြားမည်သည့်ဘက်ကိုမှ တာဝန်ယူခြင်းမရှိစေရ သို့မဟုတ် ဤစည်းကမ်းချက်များကို ချိုးဖောက်သည်ဟု ထင်မြင်ယူဆခံရခြင်းမရှိစေရ။

၁၉။ ပြတ်တောက်ခြင်း

၁၉.၁ ဤစည်းကမ်းချက်များပါ ပြဋ္ဌာန်းချက်တစ်ရပ်စီတိုင်းသည် သီးသန့်ဖြစ်ပြီး အခြားပြဋ္ဌာန်းချက်များနှင့် မတူကွဲပြား ရမည်။ ဤစည်းကမ်းချက်များပါ ပြဋ္ဌာန်းချက်တစ်ရပ်ရပ်သည် တရားမဝင်တော့ခြင်း၊ ပျက်ပြယ်ခြင်း သို့မဟုတ် ဥပဒေ တစ်ရပ် ရပ်အရ အာဏာသက်ရောက်မှုမရှိတော့ခြင်းများဖြစ်လာပါက ယင်းသို့ဖြစ်လာခြင်းကြောင့် ကျန်ရှိ သည့် ပြဋ္ဌာန်းချက်များ ကို ထိခိုက်စေခြင်း သို့မဟုတ် ပျက်ပြားစေခြင်းများမရှိစေရ။

၂၀။ ရပ်စဲခြင်း

၂၀.၁ KBZ ဘဏ်သည် ဤဝန်ဆောင်မှုများ သို့မဟုတ် ဝင်ရောက်အသုံးပြုခွင့်တစ်ရပ်ရပ် သို့မဟုတ် KBZ ဘဏ်နှင့် စပ်ဆိုင် သည့် ဝန်ဆောင်မှုများကို ၎င်း၏သဘောဆန္ဒအရ မည်သည့်အချိန်တွင်မဆို၊ အကြောင်းပြချက် ပေး၍ဖြစ် စေ၊ မပေး ဘဲဖြစ်စေ၊ အပြည့်အဝရပ်စဲပိုင်ခွင့်ရှိပြီး ထိုသို့ရပ်စဲမှုသည် ချက်ချင်းအသက်ဝင်ပါမည်။

၂၀.၂ တာဝန်ယူထိန်းသိမ်းသူမှဝန်ဆောင်မှုများကိုဖျက်သိမ်းခြင်း

၂၀.၂.၁ တာဝန်ယူထိန်းသိမ်းသူသည် ဤစည်းမျဉ်းစည်းကမ်းများကိုချိုးဖောက်ခြင်း သို့မဟုတ် အသုံးပြုသူ EoD သို့မဟုတ် ပုဂ္ဂိုလ်ရေးဆိုင်ရာအချက်အလက်ထိန်းသိမ်းမှုမူဝါဒ ပေါ်ပေါက်မှုကြောင့် ဖျက်သိမ်းခြင်း အပါအဝင် မည်သည့်အကြောင်းအရင်းကြောင့်မဆို မည်သည့်အချိန်မရွေး ၎င်း၏ဆုံးဖြတ်ချက်အရ ပလက်ဖောင်းတစ်ခုလုံး သို့မဟုတ် မည်သည့်အစိတ်အပိုင်းမဆိုပိတ်ပင်ခြင်း သို့မဟုတ် ပလက်ဖောင်းအားပိတ်ပင်စေခြင်း သို့မဟုတ် သင်၏ပလက်ဖောင်းမှတစ်ဆင့် ဝန်ဆောင်မှုများ ရရှိနိုင်မှုကို ပိတ်ပင်ခြင်းပြုလုပ်နိုင်သည်။ “အသုံးပြုသူ EoD” ဆိုသည်မှာ အသုံးပြုသူမှ အာမခံယုံကြည် အပ်နှံသဘောတူညီချက်အရ အာမခံယုံကြည် အပ်နှံခြင်းခံရ သူထံတင်ရှိသည့် တာဝန်ဝတ္တရားများ၏ ပုံသေဖြစ်ပြီး အာမခံယုံကြည်အပ်နှံခြင်းခံရသူအတွက် ပြုလုပ်ထား သည့် ပစ္စည်းပြပေါင်နှံခြင်းအား ဆောင်ရွက်ရန်ရည်ရွယ်ချက်ဖြင့် အာမခံယုံကြည်အပ်နှံခြင်းခံရသူသည် ဤကိစ္စ အတွက် ဆုံးဖြတ်နိုင်စွမ်း ရှိသည့် သက်ဆိုင်ရာတရားရေး သို့မဟုတ် အစိုးရအာဏာပိုင်ထံမှ ၎င်းအတွက် သင့် လျော်သည့် အမိန့်/ညွှန်ကြားချက်အား ပထမဆုံးရရှိရန်လိုအပ်ပါမည်။

၂၀.၂.၂ ဤစည်းမျဉ်းစည်းကမ်းများသည်လည်း ဖျက်သိမ်းခြင်းအတွက်ဖြစ်သည်။

၂၀.၂.၂.၁ တာဝန်ယူထိန်းသိမ်းသူ ဒေဝါလီခံသွားခြင်း သို့မဟုတ် လူမွဲအဖြစ်ခံယူခြင်း

၂၀.၂.၂.၂ တာဝန်ယူထိန်းသိမ်းသူမှ ၎င်း၏လုပ်ငန်းအား ဆက်လက်၍မလုပ်ကိုင်တော့ခြင်း သို့မ ဟုတ်   အာမခံယုံကြည်အပ်နှံခြင်းခံရသူအား ဆက်လက် မလုပ်ကိုင်လို တော့ ကြောင်း အကြောင်းကြားခြင်း

၂၀.၂.၂.၃ တာဝန်ယူထိန်းသိမ်းသူသည် အာမခံယုံကြည်အပ်နှံသဘောတူညီချက်၏ စည်းမျဉ်း စည်းကမ်းများ သို့မဟုတ် စည်းမျဉ်းများအားချိုးဖောက်ပြီး အဆိုပါချိုးဖောက်မှု နှင့်စပ် လျဉ်း၍ အာမခံယုံကြည် အပ်နှံခြင်းခံရသူမှဆင့်ခေါ်သည့်နောက် ရက် ၆၀ (ခြောက် ဆယ်) အတွင်း မဖြေရှင်းလျှင် 

၂၀.၂.၂.၄ တာဝန်ယူထိန်းသိမ်းသူမှ ငွေပေးချေမှုဆိုင်းငံ့ထားမှု၊ ဖျက်သိမ်းခြင်း၊ ပြိုကွဲခြင်း၊ အုပ်ချုပ်ရေး၊ ဒေသဆိုင်ရာကြီးကြပ်ခြင်း သို့မဟုတ် ပြန်လည်ဖွဲ့စည်းခြင်း သို့မဟုတ် ပြန်လည်တည်ဆောက်ခြင်း (အလိုအရစီစဉ်ခြင်း၊ အစီအစဉ်ဆွဲခြင်း သို့မဟုတ် အခြားအရ) အစရှိသည်နှင့် ဆက်စပ်ပြီး ဆောင်ရွက်သည့် စီးပွါးရေးလှုပ်ရှားမှု (အခြားသူတစ်ဦး၏စီးပွါးရေးလှုပ်ရှားမှုမပါဝင်)၊ ဥပဒေအရ ဆောင်ရွက်မှုများ သို့မဟုတ် အခြားလုပ်ငန်းစဉ်များ သို့မဟုတ် အဆင့်များ

၂၀.၂.၂.၅ တာဝန်ယူထိန်းသိမ်းသူမှ သက်ဆိုင်ရာ ဒေဝါလီခံခြင်း၊ လူမွဲခံခြင်း၊ လုပ်ငန်းဖျက်သိမ်း ခြင်း သို့မဟုတ် အခြားတူညီသည့်ဥပဒေအရ ယခု သို့မဟုတ် နောင်အခါ မိမိအလို အရ ဆောင်ရွက်လျှင် သို့မဟုတ် အဆိုပါသက်ဆိုင်ရာဥပဒေအရ အလိုအရ မဟုတ် သည့် ဆောင်ရွက်မှုအရ သက်သာခွင့်ပေးရန် အမိန့်အား စာရင်းသွင်းရန် သဘောတူညီချက် ပေး လျှင် သို့မဟုတ် လက်ခံရရှိသူ၊ စာရင်းရှင်းဖျက်သိမ်းသူ၊ အပ်နှင်းခံရသူ ( သို့မဟုတ် တူညီသည့် အရာရှိ) မှ၎င်း၏ပိုင်ဆိုင်မှုတစ်ခုလုံးအတွက် သို့မဟုတ် တစ်စိတ် တစ်ပိုင်း အတွက် ခန့်အပ်ခံရခြင်း သို့မဟုတ် သိမ်းယူခြင်းအား သဘောတူညီချက် ပေးလျှင် သို့မဟုတ် ပြန်လည်တည်ထောင်ခြင်း၊ စာရင်းရှင်းဖျက်သိမ်းခြင်း သို့မဟုတ် ပြိုကွဲခြင်း အားရည်ရွယ်၍ ဆောင်ရွက်မှုတစ်ခုခုပြုလုပ်လျှင်

၂၀.၂.၂.၆ သက်ဆိုင်ရာဥပဒေအရ တာဝန်ယူထိန်းသိမ်းသူ လုပ်ငန်းဖျက်သိမ်းခြင်း၊ ဒေဝါလီခံခြင်း သို့မဟုတ် ပြိုကွဲခြင်းအတွက် အမိန့်ချမှတ်ခံရလျှင် သို့မဟုတ် တာဝန်ယူ ထိန်းသိမ်း သူအား လုပ်ငန်းလူမွဲခံယူခြင်း အမိန့်စတင်ရန် လျှောက်လဲချက်တင်သွင်းခံရလျှင်

၂၀.၂.၂.၇ ကြွေးမြီတာဝန်အရ ဥပဒေနှင့်အညီပိုင်ဆိုင်မှုသိမ်းခံရလျှင် သို့မဟုတ် စာရင်းရှင်း ဖျက်သိမ်းသူ၊ တရားရေးတာဝန်ယူထိန်းသိမ်းသူ၊ လက်ခံရရှိသူ၊ အုပ်ချုပ်ရေး လက်ခံရရှိသူ သို့မဟုတ် ယုံကြည်အပ်နှံခံရသူ သို့မဟုတ် မည်သည့်စာရင်းအင်း အရာရှိမဆို တာဝန်ယူ ထိမ်းသိမ်းသူ၏ ပိုင်ဆိုင်မှုတစ်ခုလုံး သို့မဟုတ် တစ်စိတ် တစ်ပိုင်းနှင့်စပ်လျဉ်း၍ ခန့်အပ်ခံရလျှင် သို့မဟုတ် တာဝန်ယူထိမ်းသိမ်းသူ၏ ပိုင်ဆိုင်မှု တစ်ခုလုံး သို့မဟုတ် တစ်စိတ် တစ်ပိုင်း နှင့်စပ်လျဉ်း၍ တွဲကပ်ခြင်း၊ အကြွေးသိမ်းခြင်း၊ ပစ္စည်းသိမ်းခြင်း သို့မဟုတ် ဆောင်ရွက်ခြင်း (သို့မဟုတ် စာရင်း လုပ်ငန်းစဉ်) သိမ်းယူခံရလျှင် သို့မဟုတ် ဆောင်ရွက်ခံရလျှင် သို့မဟုတ် ကြေငြာခံရ လျှင် သို့မဟုတ် စာရင်းရှင်းဖျက်သိမ်းခြင်း သို့မဟုတ် ပြိုကွဲခြင်း သို့မဟုတ် တူညီသည့်ပြန်လည် ဖွဲ့စည်းခြင်းအား တာဝန်ယူထိန်းသိမ်းသူကိုဆောင်ရွက်လျှင်

၂၀.၂.၂.၈ တာဝန်ယူထိန်းသိမ်းသူအား စာရင်းရှင်းဖျက်သိမ်းသူ သို့မဟုတ် ဒေသအလိုက် စာရင်းရှင်းဖျက်သိမ်းသူခန့်အပ်ခံရလျှင် သို့မဟုတ် လက်ခံရရှိသူ၊ လက်ခံရရှိသူနှင့် မန်နေဂျာ၊ ယုံကြည်အပ်နှံခံရသူ သို့မဟုတ် တူညီသည့်အရာရှိအား တာဝန်ယူ ထိန်းသိမ်းသူသို့မဟုတ် ၎င်း၏မည် သည့်ပိုင်ဆိုင်မှုမဆိုအား ခန့်အပ်ခံရလျှင် သို့မဟုတ် စာရင်းရှင်းဖြစ်စဉ်

၂၀.၃ တာဝန်ယူထိန်းသိမ်းသူမှ ဝန်ဆောင်မှုဖျက်သိမ်းခြင်းနောက်ဆက်တွဲများ

၂၀.၃.၁ သင်သည် သင့်ပလက်ဖောင်းနှင့်ဝန်ဆောင်မှုများ အသုံးပြုနိုင်မှု ဖျက်သိမ်းခြင်းသည် ကြိုတင်အသိ ပေးခြင်း မရှိပဲဖြစ်ပေါ်နိုင်ကြောင်းနှင့် ရွှေအကောင့်နှင့် ဆက်စပ်အချက်အလက်များသည် ရုတ်တရက် ရပ်သွားနိုင် ကြောင်း သို့မဟုတ် ပျက်သွားနိုင်ကြောင်း နှင့် ရွှေအကောင့် သို့မဟုတ် ပလက်ဖောင်း သို့မဟုတ် ဝန်ဆောင်မှု များအား ဆက်လက်အသုံးပြု၍မရမည်ဖြစ်ကြောင်း အသိအမှတ် ပြုပါသည်။ ဆက်လက်၍ သင်သည် ပလက်ဖောင်းထောက်ပံ့သူ နှင့်/သို့မဟုတ် တာဝန်ယူ ထိန်းသိမ်းသူသည် အခြားတစ်ဦးဦး၏ ဝန်ဆောင်မှုများ ဆက်မယူခြင်း သို့မဟုတ် ဖျက်သိမ်းခြင်းများ အတွက် တာဝန်မရှိကြောင်း သဘော တူညီပါသည်။ 

၂၀.၃.၂ ဖျက်သိမ်းပြီးသည့်နောက်တွင်သင်၏မည်သည့်အချက်အလက်မှပလက်ဖောင်းတွင်ရရှိနေတော့မည် မဟုတ်ပါ။ ဤအချက်အလက်သည် အကောင့်ဖျက်သိမ်းပြီးသည့်နောက်တွင် သင်ပြန်လည်ရရှိနိုင်မည် မဟုတ်ပါ။

၂၀.၃.၃ ဤစည်းမျဉ်းစည်းကမ်းများဖျက်သိမ်းခဲ့လျှင် အာမခံချက်များ တာဝန်မှ ကင်းလွတ်ကြောင်း ကြေညာချက်၊ တာဝန်ဝတ္တရားကန့်သတ်ခြင်း နှင့် လွှမ်းမိုးသည့်ဥပဒေဆိုင်ရာ အပိုဒ်များသည် ဆက်လက် တည်ရှိနေ မည်ဖြစ်သည်။

၂၁။ ပြင်ဆင်ခြင်း

၂၁.၁ ဤစည်းကမ်းချက်များပါ မည်သည့်ပြဋ္ဌာန်းချက် သို့မဟုတ် ဝန်ဆောင်မှု နှင့်/သို့မဟုတ် အဖိုးအခကိုမဆို မည်သည့် အချိန်တွင်မဆို၊ မည်သည့်အကြောင်းပြချက်အတွက်မဆို၊ ၎င်း၏သဘောဆန္ဒတစ်ခုတည်းဖြင့် အကြောင်းကြား စာကြို တင်ပေးပို့ခြင်းမပြုဘဲ ပြင်ဆင်ခွင့်၊ မွမ်းမံခွင့် သို့မဟုတ် အစားထိုးပိုင်ခွင့်သည် KBZ ဘဏ်၏လက်ဝယ်တွင် ရှိကြောင်းကို ဖောက်သည်က အသိအမှတ်ပြုပေးရမည်။ ဝဘ်ဆိုက်တွင် တင်ထားနိုင်သည့် ပြင်ဆင်ချက်များ အပါအဝင် ဤစည်းကမ်း ချက်များကို ပုံမှန်သုံးသပ်သွားရန် ဖောက်သည်တွင် တာဝန်ရှိပါသည်။

၂၁.၂ ပလက်ဖောင်းအား ရယူအသုံးပြုခြင်း၊ ရှာဖွေခြင်း၊ သုံးစွဲခြင်းတို့သည် ဤစည်းကမ်းချက်များတွင် ဖော်ပြထားသော စည်းမျဉ်းစည်းကမ်းများနှင့်စပ်လျဉ်း၍ သင်၏သဘောတူညီမှုကို ဖော်ညွှန်းပါသည်။ ဆက်လက်အသုံးပြုခြင်းမပြုမီ စည်းကမ်းချက်များအား သေချာစွာဖတ်ရှုရန်အကြံပြုပါသည်။ ဤစည်းကမ်းချက်များအား သွယ်ဝိုက်၍ သော်လည်း ကောင်း၊ အတိအလင်းသော်လည်းကောင်း လက်ခံမှုပြုခြင်းသည် သင်သည် ပလက်ဖောင်းထောက်ပံ့သူ နှင့်  တာဝန်ယူ ထိန်းသိမ်းသူတို့၏ အခါအားလျော်စွာပြင်ဆင်သော ပုဂ္ဂိုလ်ရေးအချက် အလက်ထိန်းသိမ်းမှု ဆိုင်ရာမူဝါဒ များအပါအဝင်မူဝါဒ အားလုံးအားလည်း သဘောတူလက်ခံခြင်းဖြစ်ပါသည်။(“ပုဂ္ဂိုလ် ရေးအချက်အလက် ထိန်းသိမ်းမှုဆိုင်ရာ မူဝါဒ”)

၂၁.၃ ဤစည်းကမ်းချက်များအား လိုက်နာနိုင်မှုမရှိခြင်း သို့မဟုတ် လက်ခံမှုမပြုပါက ပလက်ဖောင်း အားအသုံးပြုခြင်း သို့မဟုတ် ဝန်ဆောင်မှုအားရယူခြင်းပြုနိုင်မည်မဟုတ်ပါ။ ပလက်ဖောင်း သို့မဟုတ် ဖော်ပြထားသော ဝန်ဆောင်မှု အားရယူအသုံးပြုရန် နှင့် သုံးစွဲနိုင်ရန် သတ်မှတ်ချက်တစ်ခုအနေဖြင့် ပလက်ဖောင်းအသုံးပြုနေသည့်အချိန်တွင် မြန်မာနိုင်ငံ အတွင်းရှိ သက်ဆိုင်ရာဥပဒေများနှင့် နည်းဥပဒေများအား သဘောတူရပါမည်။ သင်အသုံးပြု လျက်ရှိသော ရွှေအကောင့်သည် ဥပဒေနှင့်မကိုက်ညီသော ရည်ရွယ်ချက်ဖြင့်အသုံးပြုသည်ဟု ထင်မြင်ပါက ပလက် ဖောင်းမှ ဝန်ဆောင်မှုအား ရယူခြင်းမှ အမည်ပျက်စာရင်း၊ ပိတ်ဆို့ခြင်း အရေးယူခြင်းခံရမည် သို့မဟုတ် ၎င်းဥပဒေ နှင့်မကိုက်ညီသော ဆောင်ရွက် မှုများအတွက် သက်ဆိုင်ရာ အခွင့်အာဏာရှိသူထံတွင် တိုင်ကြားမည်ဖြစ်သည်။

၂၂အချက်အလက်ကာကွယ်ခြင်းနှင့် အချက်အလက်ဖွင့်ချခြင်း

၂၂.၁ KBZ ဘဏ်သည် ထုတ်ကုန် နှင့်/သို့မဟုတ် ဝန်ဆောင်မှုဆိုင်ရာ အချက်အလက်ကို ရယူရာတွင် ဖောက်သည်အတွက် အကျိုးရှိမည်ဟု မှတ်ယူရသည့် သို့မဟုတ် ဖောက်သည်နှင့်စပ်လျဥ်းပြီး လိုအပ်ပြီး လျော်ကန်သင့်မြတ်သည်ဟု မှတ်ယူရသည့် မည်သည့်အချက်အလက်ကိုမဆို သို့မဟုတ် အချက်အလက်အားလုံးကို အဆက်အသွယ်ပြုလုပ်ခြင်း၊ စုံစမ်းမေးမြန်းခြင်း၊ ထိန်းသိမ်းခြင်း၊ ရယူခြင်း၊ ထုတ်ဖော်ခြင်းနှင့် အသုံးပြုခြင်းများပြုလုပ်နိုင်သည်ကို ဖောက်သည် က သဘောတူပေးရမည်။ KBZ ဘဏ်သည် မည်သည့် တရားရုံး သို့မဟုတ် အစိုးရအာဏာပိုင်မဆိုအား သတင်း အချက်အလက်များပေးအပ်ခြင်းကို ဖောက်သည်ဘက်က အတည်ပြုလက်ခံပေးရပါမည်။

၂၂.၂ ပုဂ္ဂိုလ်ရေးအချက်အလက်ထိန်းသိမ်းမှုဆိုင်ရာမူဝါဒအရ, ပလက်ဖောင်းထောက်ပံ့သူ နှင့် တာဝန်ယူထိန်းသိမ်းသူတို့ သည် သင်၏ ကိုယ်ရေးအချက်အလက်များအပါအဝင် လျှို့ဝှက်အပ်သော သတင်းအချက်အလက်များအား လျှို့ဝှက် ထိန်းသိမ်းထားမည်ဖြစ်ပြီး မြန်မာနိုင်ငံရှိ သက်ဆိုင်ရာဥပဒေနှင့် နည်းဥပဒေများ၏ လိုအပ်မှုမှအပ မည်သူ့ကိုမျှ ထုတ် ဖော်ပြသမည်မဟုတ်ပါ။ ၎င်းလျှို့ဝှက်ထိန်းသိမ်း အပ်သော သတင်းအချက်အလက်များအား အထူးဂရုပြု၍ လုံခြုံစွာထိန်းသိမ်းသွားမည်ဖြစ်ပါသည်။ ပလက်ဖောင်းထောက်ပံ့သူ နှင့် တာဝန်ယူထိန်း သိမ်းသူတို့၏ ဝန်ထမ်းများ၊ ဒါရိုက်တာ များ၊ ကိုယ်စားလှယ်များ၊ စာချုပ်ချုပ်ဆိုသူများသည် ဖော်ပြထားသော ရည်ရွယ်ချက်များအတွက်သာ အသုံးပြု သွားမည်ဖြစ်ပါသည်။ ပလက်ဖောင်းထောက်ပံ့သူနှင့် တာဝန်ယူထိန်းသိမ်း သူတို့သည် ၎င်းတို့၏ ဝန်ထမ်းများ၊ ဒါရိုက်တာ များ၊ ကိုယ်စားလှယ်များ၊ စာချုပ်ချုပ်ဆိုသူများ လျှို့ဝှက်ထိန်းသိမ်းမှု ဆိုင်ရာ စည်းကမ်း ချက်များအား မိမိပါဝင်လိုက်နာ သကဲ့သို့ သိရှိသဘောတူလိုက်နာမှုရှိစေရန် အကောင်းဆုံး ကြိုးစားသွား မည်ဖြစ် သည်။ 

၂၃။ ဘာသာစကား

၂၃.၁ ဤစည်းကမ်းချက်များကို အင်္ဂလိပ်၊ မြန်မာနှစ်ဘာသာဖြင့် ပြုစုထားပြီး ဗားရှင်းနှစ်ခုစလုံးသည် ညီတူညီမျှ စစ်မှန်ထိ ရောက်သည်။ အင်္ဂလိပ်၊ မြန်မာဗားရှင်းနှစ်ရပ်တွင် ကွဲလွဲစရာများရှိပါက မြန်မာဗားရှင်းကိုသာ အမှန်ယူရမည်။

၂၄။ လွှမ်းမိုးသော ဥပဒေနှင့် အငြင်းပွားမှုဖြေရှင်းခြင်း

၂၄.၁ ဤစည်းကမ်းချက်များကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးပြီး အဆိုပါဥပဒေများ နှင့်အညီ အဓိပ္ပာယ်ကောက်ယူရမည်ဖြစ်ကာ ဤစည်းကမ်းချက်များမှ သို့မဟုတ် ဤစည်းကမ်းချက်များအရ ပေါ်ပေါက်လာသော မည်သည့်အငြင်းပွားမှုကိုမဆို စီရင်ဖြေရှင်းပိုင်ခွင့်အာဏာသည် မြန်မာနိုင်ငံရှိတရားရုံးများ တွင်သာ ရှိစေရမည်။

၂၅။ ငွေကြေးခဝါချမှု တိုက်ဖျက်ရေးနှင့် စီးပွားရေးအရေးယူမှုများ

၂၅.၁  ကမ္ဘောဇဘဏ်သည် အချို့လူပုဂ္ဂိုလ်များ (သို့မဟုတ်) အဖွဲ့များနှင့်လုပ်ငန်းဆောင်ရွက်မှုကို တားမြစ်ထားသည့် ပြည် ထောင်စုသမ္မတမြန်မာနိုင်ငံနှင့် အချို့နိုင်ငံများ၏ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးဥပဒေများကို လိုက်နာရ မည်ဖြစ်သည်။

၂၅.၂  ငွေကြေးခဝါချမှုတိုက်ဖျက်ရေးလုပ်ငန်း (သို့မဟုတ်) အကြမ်းဖက်သမားငွေကြေးထောက်ပံ့မှု ဆန့် ကျင်ရေးနှင့် စီးပွားကုန်သွယ်ရေးအရေးယူမှုအန္တရာယ်များကို စီမံရန် (သို့မဟုတ်) ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံ၏ အခြားဥပဒေ၊ စည်းမျဉ်းစည်းကမ်းများကို လိုက်နာရန်အလို့ငှာ ကမ္ဘောဇဘဏ်က တောင်းဆိုသည့် သတင်းအချက် အလက်အားလုံးကို ငွေအပ်နှံသူက ပေးရမည်။

၂၅.၃ ကမ္ဘောဇဘဏ်မှ ငွေကြေးလုပ်ငန်းဆောင်ရွက်ပေးရသည့် လုပ်ငန်းစဉ်သည် မြန်မာ (သို့မဟုတ်) အခြားနိုင်ငံ များ၏ ဥပဒေကိုမချိုးဖောက်ကြောင်း ငွေအပ်နှံသူကကြေညာပြီး အာမခံသည်။

၂၆။ လွှဲအပ်ခြင်း

၂၆.၁ ဤစည်းကမ်းချက်များအရ ဖောက်သည်သည် KBZ ဘဏ်၏ စာဖြင့်ရေးသားထားသော သဘောတူညီချက်မပါရှိဘဲ ၎င်း၏အခွင့်အရေး သို့မဟုတ် တာဝန်အားလုံးကိုဖြစ်စေ တစ်စိတ်တစ်ဒေသကိုဖြစ်စေ လွှဲပြောင်းခြင်းမပြုရသလို ဤစည်းကမ်းချက်များပါ ကဏ္ဍတစ်ရပ်ရပ်ကို ဖော်ဆောင်ရန် တစ်ဆင့်ခံကန်ထရိုက်ချပေးခြင်းများလည်း မပြုလုပ် ရပါ။

၂၇။ စွန့်လွှတ်ခြင်း

၂၇.၁ ဤစည်းကမ်းချက်များပါ မည်သည့်ပြဋ္ဌာန်းချက် (များ) ကိုမဆို မည်သည့်အချိန်တွင်မဆို အကျိုးသက်ရောက်မှု ရှိအောင် ဆောင်ရွက်ရန် စာချုပ်ပါအဖွဲ့ဝင်တစ်ဘက်ဘက်က ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းကို ဤ စည်းကမ်းချက်များပါ ပြဋ္ဌာန်းချက်တစ်ခုစီတိုင်းနှင့် ပြဋ္ဌာန်းချက်အရပ်ရပ်ကို အာဏာသက်ရောက်အောင် လုပ်ဆောင်ပိုင်ခွင့်အား စွန့်လွှတ်ခြင်းဖြစ်သည်ဟု အဓိပ္ပာယ်ကောက်ယူခြင်းမရှိစေရ။

၂၈။ ဆက်နွှယ်ပတ်သက်ခြင်းမရှိစေရ

၂၈.၁ ဤစည်းကမ်းချက်များပါ မည်သည့်အချက်ကမှ ဤပဋိညာဥ်ပါ အဖွဲ့ဝင်များကြားတွင် အလုပ်ရှင်-အလုပ်သမား၊ မိတ်ဘက်၊ ပူးပေါင်းဆောင်ရွက်မှု၊ ဖက်စပ် သို့မဟုတ် ကိုယ်စားဆောင်ရွက်ပေးသူ-ကုန်သည်ဆက်ဆံရေးမျိုးကို ဖန်တီး သည်ဟု အဓိပ္ပာယ်ကောက်ယူခြင်းမရှိစေရ။ ပဋိညာဥ်ပါ အဖွဲ့ဝင်များသည် လွတ်လပ်သော ပဋိညာဥ်ချုပ်ဆို သူ များဖြစ်ပြီး တစ်ဘက်လူ၏ပြုလုပ်မှု၊ လုပ်ရပ် သို့မဟုတ် ပျက်ကွက်မှုများနှင့်မှ အခြားသူအပေါ် စည်းနှောင်ခြင်း မရှိစေရ။

၂၉။ ကျွန်ုပ်တို့ကို ဆက်သွယ်ရန် 
၂၉.၁ ကျွန်ုပ်တို့၏အသုံးပြုမှုအခြေအနေများ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာမူဝါဒ သို့မဟုတ် အခြားမူဝါဒနှင့်ဆိုင်သော အကြောင်း အရာများ နှင့်ပတ်သက်သောမေးခွန်းများသည်ကျွန်ုပ်တို့၏ကူညီထောက်ပံ့ပေးမည့် ဝန်ထမ်းထံသို့“ကျွန်ုပ်တို့ကို ဆက်သွယ်ပါ” link ကိုနှိပ်၍ သုံးစွဲသူများသည်ကျွန်ုပ်တို့အား အီးမေးလ်ပို့နိုင်သည်။