KBZPay QR Week အစီအစဉ် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPay မှ ၂၀၂၃ခုနှစ် စက်တင်ဘာလ (၆)ရက်နေ့မှ (၁၂) ရက် အထိကို KBZPay QR Week အစီအစဉ်နေ့အဖြစ် သတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 1.5 နှင့် 2  အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိင်မည်ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မှာ ဖြစ်ပါသည်။ ထို့အပြင် KBZPay Application Version အား 5.1 နှင့် အထက် မြှင့်တင်ထားရန်လိုအပ်ပါသည်။

၃။ ဤ အစီအစဥ်  ၏ရည်ရွယ်ချက်မှာ KBZPay Level 1.5 နှင့် Level 2 အသုံးပြုသူများအားလုံး အရောင်းမိတ်ဖက်ဆိုင်များတွင်  ဈေးဝယ်ယူပြီး အရောင်းဆိုင် QR (သို့ ) မိမိ၏ QR ကို scan ဖတ်ပြီး (သို့) အ‌ရောင်းဆိုင်၏ ကုဒ်နံပါတ်ရိုက်ထည့်ပြီး (သို့) Own Scan (Micro Pay)အသုံးပြုကာ  KBZPay နှင့်ပေးချေခြင်းဖြင့် ကူပွန်များ ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

၄။ ပထမဆုံး ငွေပေးချေမှုတစ်ကြောင်းသည် စုစုပေါင်းငွေကျပ် ၅,၀၀၀ကျပ်နှင့် အထက်ဖြစ်ရန်လိုအပ်ပြီး အရောင်းမိတ်ဖက်ဆိုင်၏ KBZPay QR Code (သို့ ) မိမိ၏ QR ကို scanဖတ်၍ ငွေပေးချေခြင်း (သို့) အ‌ရောင်းဆိုင်၏ ကုဒ်နံပါတ်ရိုက်ထည့်ခြင်း (သို့) Own Scan (Micro Pay)အသုံးပြုကာ  KBZPay နှင့်ပေးချေပါက  သတ်မှတ်ထားသော ကူပွန်အရေအတွက် ကျန်ရှိသည် အထိ KBZPay အကောင့်တစ်ခုလျှင် တစ်နေ့တွင် တစ်ကြိမ် ရရှိနိုင်မည်ဖြစ်သည်။ 

၅။ လျှော့ဈေးကူပွန်များအား “ကျွန်ုပ်၏ ပရိုဖိုင်” အောက်ရှိ “ကူပွန်များ“ တွင်ပြန်လည်ကြည့်ရှုနိုင်ပါသည်။ ရရှိသည့် ကူပွန်များအား ကူပွန် တန်ဖိုး၏ ၁ ကျပ် ထက်ပိုသော ဝန်ဆောင်မှုများ ရယူတိုင်း အသုံးပြုနိုင်မှာ ဖြစ်ပါသည်။ 

၆။ ဖုန်းဘေလ်ဖြည့်ကူပွန်တစ်ခု၏ သက်တမ်းမှာ (၃)ရက်၊ KBZPay Market ကူပွန်တစ်ခု၏ သက်တမ်းမှာ (၇)ရက်၊ ဘေလ်ပေးဆောင်ခြင်းကူပွန်တစ်ခု၏ သက်တမ်းမှာ (၁၄)ရက်ဖြစ်သည်။ သက်ဆိုင်ရာ သတ်မှတ်ရက်ကျော်သွားပါက အသုံးပြုနိုင် တော့မည် မဟုတ်ပါ။

၇။ ဤအစီအစဥ်အရ ကူပွန် ရရှိထားသူများသည် ၎င်းတို့ရရှိသောကူပွန်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့် ရရှိမည် မဟုတ်ပါ။

၈။ ဤ အစီအစဥ် ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ အစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၉။ ဤအစီအစဥ် တွင်ပါဝင်ရန် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၁၀။ ဤ အစီအစဥ် ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ အစီအစဥ် ကာလ ကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင် ဖော်ပြစေကာမူ အစီအစဥ် ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များရရှိသော KBZPay အသုံးပြုသူများအနေဖြင့် အစီအစဥ်ကာလပြီးဆုံးသော်လည်း အပိုဒ် (၆) တွင် ဖော်ပြချက်နှင့်အညီ   ဆက်လက်အသုံးပြုနိုင်မည် ဖြစ်သည်။

၁၁။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၂။ ဤ အစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၃။ ဤ အစီအစဥ် နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၄။ KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ် အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ ၁၅။ KBZ အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၆။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့် အရောင်းမိတ်ဖက် ဆိုင်များ၏ စည်းမျဥ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ လည်း အကျုံးဝင်စေရမည်။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၈။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။