KFC Cashback Campaign ၏စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KFC Cashback Campaign – KBZPay App ထဲရှိ KFC Mini Appမှတစ်ဆင့် KFC Menu များ မှာယူပြီး ပြန်အမ်းငွေများရယူပါ Campaign အစီအစဉ် ကို စက်တင်ဘာလ ၁ ရက်နေ့ ၂၀၂၂ခုနှစ်မှ အောက်တိုဘာလ ၁ ရက်နေ့၊ ၂၀၂၂ ခုနှစ်အထိ  ပြုလုပ်သွားမည် ဖြစ်ပါသည်။ 

၂။ KBZPay Level 1.5 နှင့် 2 များအသုံးပြုသူများသာ ယခု အစီအစဉ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး  KBZPay Level 1 အသုံးပြုသူများသည် KBZPay Level 1.5 သို့မဟုတ် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ  ပါဝင်နိုင်မှာ ဖြစ်ပါသည်။ ထို့အပြင် KBZPay Application Version အား 5.1 နှင့် အထက် မြှင့်တင်ထားရန် လိုအပ်ပါသည်။

၃။ ဤ Campaign အစီအစဉ်အရ ပြန်အမ်းငွေရရှိသူတိုင်း၏ KBZPay wallet များထဲသို့ ပြန်အမ်းငွေများအား တိုက်ရိုက်ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ 

၄။ ရရှိနိုင်သော ပြန်အမ်းငွေများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ 

  • ငွေပေးချမှု တစ်ကြောင်းလျှင် စုစုပေါင်း ငွေပမာဏ ၃,၀၀၀ကျပ် – ၅,၅၀၀ကျပ်အတွင်း ဝယ်ယူသူတွေအတွက် ၁၀၀ ကျပ် ပြန်အမ်းငွေ
  • ငွေပေးချမှု တစ်ကြောင်းလျှင် စုစုပေါင်း ငွေပမာဏ ၅,၅၀၁ကျပ် – ၈,၀၀၀ကျပ်အတွင်း ဝယ်ယူသူတွေအတွက် ၃၀၀ ကျပ် ပြန်အမ်းငွေ
  • ငွေပေးချမှု တစ်ကြောင်းလျှင် စုစုပေါင်း ငွေပမာဏ ၈,၀၀၁ကျပ် – ၁၀,၀၀၀ကျပ်နှင့် အထက်တွင်း ဝယ်ယူသူတွေအတွက် ၅၀၀ ကျပ် ပြန်အမ်းငွေ

၅။ ဤ Campaign တွင်ပါဝင်သူများအနေဖြင့် transaction တစ်ကြောင်းလျှင် စုစုပေါင်းငွေကျပ် ၃၀၀၀ အောက် ဝယ်ယူပေးချေမှုများအတွက် မည်သည့် ပြန်အမ်းငွေ ကိုမျှ ရရှိနိုင်မည်မဟုတ်ပါ။

၆။ KFC Menuဝယ်ယူခြင်းအတွက် ပြန်အမ်းငွေအား ဤCampaign ကာလအတွင်း KBZPay အကောင့် တစ်ခုလျှင် အကြိမ်ရေ အကန့်အသတ်မရှိ ရယူနိုင်မည်ဖြစ်သည်။ သို့ရာတွင် KBZPay Application ရှိ KFC Mini Appမှတဆင့်  ကိုယ်တိုင်ယူစနစ်ဖြင့် ကြိုတင်မှာယူသော Customer များသာလျှင် ဤ Campaign ပါ ခံစားခွင့်များအား ရရှိနိုင်မည်ဖြစ်သည်။

၇။ ယခု အစီအစဉ်၏ အဓိက ရည်ရွယ်ချက်မှာ KBZPay App ထဲရှိKFC Mini Appမှတစ်ဆင့်  KFC Menu ဝယ်ယူသော KBZPay အသုံးပြုသူ များအား ပြန်အမ်းငွေ ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်။ Customer များမှ ငွေပေးချေပြီးသော သို့မဟုတ်  မှာယူပြီးသော သို့မဟုတ် ဝယ်ယူပြီးသော menuများအား ပြောင်းလဲခြင်း သို့မဟုတ် ပယ်ဖျက်ခြင်း သို့မဟုတ် ပြန်အမ်းငွေတောင်းခံခြင်းများ လုပ်ဆောင်၍မရပါ။ 

၈။ ဤ Campaignကာလအတွင်း KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး အစီအစဉ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။

၉။ Campaign တွင်ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊        အသိပေးချက်များ၊ KBZPay Official Account မှတဆင့် ပါဝင်နိုင်ပါသည်။  

၁၀။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၁။ ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၂။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၃။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၄။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၅။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များနှင့် KFC Mini App  စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၇။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဆက်လက်ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ သို့မဟုတ် KFC မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ သို့မဟုတ် KFC အနေဖြင့် Customerအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။