၁။ “NEC FANS’ MVP” Campaign သည် ၂၀၂၅ ခုနှစ် ဩဂုတ်လ ၁၈ ရက်နေ့ မှ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့ အထိဖြစ်ပါသည်။
၂။ ဤ Campaign တွင် KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ Customer များသာ ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay အဆင့် ၁ Customer များသည် အဆင့် ၂ သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်ပြီး Customer အသစ်များသည်လည်း KBZPay အဆင့် ၂ Customer အဖြစ် အောင်မြင်စွာ KBZPay Account ဖွင့်လှစ်ပြီးမှသာ ဤ Campaign တွင် ပါဝင်နိုင်မည်ဖြစ်သည်။
၃။ ဤ Campaign ၏ ရည်ရွယ်ချက်မှာ Esport နယ်ပယ်ရှိ KBZPay အသုံးပြုသူ များအနေဖြင့် National Esports Championship ပွဲစဉ်များအတွင်း မိမိအကြိုက်ဆုံးအသင်းအတွက် အမှတ်ပေးကာ ဆုလက်ဆောင်များ ရရှိစေရန်ရည်ရွယ်ပါသည်။
၄။ ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၃ ရက်၊ ၂၄ ရက်များတွင် ကျင်းပပြုလုပ်သွားမည့် National Esports Championship ပွဲကြီးတွင် အမှတ်အများဆုံး ရရှိသောအသင်းအား KBZPay မှ ဆု ချီးမြှင့်မည် ဖြစ်ပါသည်။
၅။ KBZPay Customer များအနက်မှ ဤ Campaign မှတဆင့် “ NEC Fans’ MVP” ဆုရရှိသောအသင်းအား ပထမဆုံး အမှတ်အများဆုံးပေးထားသည့် KBZPay Customer (၁၀)ဦးသည် ဆုလက်ဆောင်အဖြစ် တစ်ဦးလျှင် အနိုင်ရရှိသော အသင်းနဲ့အတူ ညစာစားခွင့်နှင့် အသင်း Jerseyတစ်ထည် လက်ဆောင်ရရှိနိုင်မည် ဖြစ်ပါသည်။
၆။ Campaign ကာလအတွင်း Customer များသည် မိမိနှစ်သက်ရာ အသင်းအား အမှတ်ပေးရန် ပွိုင့်များစုဆောင်းရမည်ဖြစ်ပြီး ၂၀၂၅ ခုနှစ် ဩဂုတ်လ ၂၄ ရက် နေ့လည် ၁၂ နာရီတိတိ မတိုင်မီ စုဆောင်းထားသောပွိုင့်များဖြင့် ကြိုက်နှစ်သက်ရာအသင်းကို အမှတ်ပေးရမည် ဖြစ်ပါသည်။
၇။ ဆုလက်ဆောင် အခွင့်အရေးအတွက် အမှတ်အများဆုံးပေးထားသည့် KBZPay Customerများကို ရွေးချယ်ရာတွင် အချိန်တိုအတွင်း အမှတ်အများဆုံး ပေးထားသူများသည် Rank ပိုမြင့်နိုင်မည်ဖြစ်ပါသည်။
၈။ KBZPay Customer များအနေဖြင့် နေ့စဉ်လုပ်ဆောင်ချက်များအား အောင်မြင်စွာလုပ်ဆောင်၍ တစ်နေ့တာအတွက် သတ်မှတ်ထားသော အကြိမ်အရေအတွက် အလိုက် ပွိုင့် ရယူစုဆောင်းနိုင်မည် ဖြစ်ပါသည်။
၉။ ပွိုင့် တစ်ခုလျှင် မိမိ ကြိုက်နှစ်သက်ရာအသင်းအား တစ်ကြိမ်အမှတ်ပေးနိုင်မည် ဖြစ်ပြီး အမှတ်ပေးပြီးတိုင်း ပွိုင့်များကို နှုတ်ယူမည်ဖြစ်သည်။
အကြိုက်ဆုံးအသင်းအား အမှတ်ပေးရန် ပွိုင့်များ စုဆောင်းခြင်း
- Campaignကြောင်းကို ဆိုရှယ်မီဒီယာတွင် မျှဝေပါ။(အစီအစဉ်ကာလအတွင်း တစ်ကြိမ်သာ)
- Arcade တွင် နှစ်သက်ရာကစားနည်းကို ရွေးချယ်ပြီး အနည်းဆုံး level တစ်ခုပြီးမြောက်အောင် ကစားပါ။(တစ်ရက်လျှင် ၂ ကြိမ်)
- ဖုန်းဘေလ်အနည်းဆုံး 1,000 Ks နှင့်အထက် ဖြည့်သွင်းပါ။(အကြိမ်အရေအတွက် အကန့်အသတ်မရှိပါ။)
- နှစ်သက်ရာ Short Dramas ကို အနည်းဆုံး 150 Ks နှင့်အထက် ဝယ်ယူပါ။(အကြိမ်အရေအတွက် အကန့်အသတ်မရှိပါ။)
- လက်ဆောင်ကတ်မှ ကြိုက်နှစ်သက်ရာကို အနည်းဆုံး 5,000 Ks နှင့်အထက် ဝယ်ယူပါ။(အကြိမ်အရေအတွက် အကန့်အသတ်မရှိပါ။)
၁၀။ အစီအစဉ်ပြီးဆုံးပါက ဆုလက်ဆောင်အတွက် ရွေးချယ်ခံရသူများကို KBZPay မှပြန်လည်ဆက်သွယ်ပေးမည် ဖြစ်ပြီး NEC Fans’ MVP ဆုရရှိမည့် အသင်းနဲ့ ညစာစားခွင့် အစီအစဉ်ကို KBZမှအစီအစဉ်ကာလပြီးဆုံးပြီး ရုံးဖွင့်ရက်(၁၀)ရက်အတွင်း ဆက်လက်ကြေငြာပေးသွားမည် ဖြစ်ပါသည်။
၁၁။ ဤ Campaign တွင် ညစာစားခွင့်နှင့် ဆုလက်ဆောင်ရရှိသူများသည် လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။ ဆုလက်ဆောင် ကြေညာမည့်အချိန်နှင့် ပေးအပ်မည့်အချိန်သည် KBZ ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် အချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။
၁၂။ Campaign တွင်ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင် ပါသည်။
၁၃။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။
၁၄။ ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။
၁၅။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များနှင့် KBZ တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။
၁၆။ KBZ အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customer များအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။
၁၇။ KBZသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းနှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။
၁၈။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များ နှင့် Merchant များ၏ စည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များ လည်းအကျုံးဝင်စေရမည်။
၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။
၂၀။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍ မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့် ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်း ဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။
၂၁။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။