“စိန်ဂေဟာမှာဈေးဝယ် KBZPayနဲ့ရှင်းမယ်”  Campaign၏ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ ၂၀၂၄ခုနှစ် မေလ ၂၂ရက်နေ့ မှ ၂၀၂၄ခုနှစ် ဇွန်လ ၃ ရက်နေ့ အထိကို “စိန်ဂေဟာမှာဈေးဝယ် KBZPayနဲ့ရှင်းမယ်” Campaignကာလအဖြစ် သတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 2 အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1  (သို့) KBZPay Level 1.5 အသုံးပြုသူများသည်  KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ 

၃။ ဤ Campaign ၏ရည်ရွယ်ချက်မှာ KBZPay Level 2 အသုံးပြုသူများအားလုံး Campaign ကာလအတွင်း KBZPayဖြင့် စိန်ဂေဟာ ဆိုင်ခွဲများတွင် အရောင်းဆိုင်၏ KBZPay QR Codeကို Scan ဖတ်ပြီး ၁၀၀,၀၀၀ကျပ်နှင့် အထက် ဈေးဝယ်ကာ သုံးသောင်းကျပ်အထိ ဆုကြေးများအား ကံထူးနိုင်ရန် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်းဖြစ်သည်။

၄။ Campaign ကာလအတွင်း KBZPayဖြင့် ဝယ်ယူငွေပေးချေထားခြင်း မဟုတ်ဘဲ အခြားသော ငွေပေးချေးမှုနည်းလမ်းဖြင့်  ဝယ်ယူ၍ ငွေပေးချေထားလျှင် ပါဝင်နိုင်မည်မ ဟုတ်ပါ။ 

၅။ ဤ Campaign မှ  ကံထူးရရှိသည့် KBZPay အသုံးပြုသူ ကံထူးရှင်များကို  Campaign အပြီး ဇွန်လ (၇) ရက်နေ့တွင် ရွေးချယ်ပေးမည်ဖြစ်ပြီး  အပြာရောင် အမှန်ခြစ်ပါသော KBZPay Official Facebook Page တွင်လည်းကောင်း၊ KBZPayမှ ကံထူးရှင်များ၏ ဖုန်းနံပါတ်များသို့ တိုက်ရိုက် SMSဖြင့် သော်လည်းကောင်း ကြေညာပေးသွားမည်။ 

၆။ ဆုငွေများမှာ အောက်ပါအတိုင်းဖြစ်သည်။

  • ၃၀,၀၀၀ကျပ် ဆုကြေး  x ၅ ယောက်
  • ၂၀,၀၀၀ကျပ် ဆုကြေး x ၁၀ ယောက်

၇။ ကြေညာပြီး (၁၀) ရက်အတွင်း (အစိုးရရုံးပိတ်ရက်များ မပါ) ကံထူးသူများ၏ KBZPay Wallet အတွင်းသို့ ဆုငွေများကို တိုက်ရိုက်ဖြည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ ဆုကြေးများအား ထည့်သွင်း ပေးမည့် အချိန်သည် KBZဘဏ်၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များ ကြောင့် ဆုကြေးများအား  ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။

၈။ KBZPay အသုံးပြုသူ ကံထူးရှင်များအား တရားဝင် ကြေညာမည့် အပြာရောင် အမှန်ခြစ်ပါသော KBZPay Official Facebook Page နှင့် KBZPay မှ တရားဝင်ပို့သော SMSမှ လွဲ၍ အသုံးပြုသူ ကံထူးရှင်များအား အခြား နည်းလမ်းများဖြင့် သော်လည်းကောင်း၊ အခြားဖုန်းနံပါတ်များနှင့် အခြားနည်းလမ်းများဖြင့် ဆက်သွယ်ခြင်းကြောင့် သော်လည်းကောင်း ဖြစ်ပေါ်လာသော မည်သည့်ကိစ္စရပ်များ ကိုမဆို KBZPayထံတွင် တာဝန်မရှိပါ။

၉။ KBZPay နှင့်/သို့မဟုတ် သတ်မှတ် အရောင်းမိတ်ဖက်ဆိုင်များမှ ထိန်းချုပ်၍မရနိုင်သော အခြေအနေ များတွင် ကံထူးရှင်များကို ရွေးချယ်မည့်နေ့ရက်နှင့် ကံထူးရှင်များအား ဆုငွေ ပေးင်မည့် အချိန်သည် အပြောင်းအလဲ ရှိနိုင်ပါသည်။

၁၀။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaignကာလ ကုန်ဆုံးသည်နှင့် တစ်ပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။

၁၁။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၂။ ဤ Campaign ကာလအတွင်း KBZPay အသုံးပြုသူများအနေဖြင့် မည်သည့်လိမ်လည်လှ ည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့် မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၃။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေ အရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၄။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၅။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိ သဘောတူပါသည်။ 

၁၆။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့် စိန်ဂေဟာ၏ စည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၈။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပေါ် နေစဉ် ကာလအတွင်း ဤစည်းမျဉ်း စည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦး အပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၉။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။