“KBZPay Mini Apps မှာ စိတ်ကြိုက်ဝယ်လျှော့ဈေးကူပွန် ယူရင်း နှစ်ဆပျော်ရွှင်မယ်” အစီအစဉ်၏ စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ KBZPayမှ  “KBZPay Mini Apps မှာ စိတ်ကြိုက်ဝယ် လျှော့ဈေးကူပွန် ယူရင်း နှစ်ဆပျော်ရွှင်မယ်” အစီအစဉ်ကာလကို ၂၀၂၅ ခုနှစ် မတ်လ (၃၁)ရက် မှ ဧပြီလ (၃၀)ရက်ထိ သတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 1.5 ၊  KBZPay Level 2 နှင့် Youth Account အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 1.5 သို့မဟုတ် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ဤအစီအစဥ် တွင်ပါဝင်သူများအနေဖြင့် KBZPay Application Version အား ၅.၅.၀ နှင့် အထက် မြှင့်တင်ထားရန်လိုအပ်ပါသည်။

၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay Level 1.5၊ Level 2 နှင့် Youth Account အသုံးပြုသူများ အားလုံး ဤအစီအစဉ် ကာလအတွင်း သူငယ်ချင်းများဖိတ်ခေါ်ပြီး အဖွဲ့ဖွဲ့ကာ ဆုလက်ဆောင်များရယူ ရန်အတွက် KBZPay ပင်မစာမျက်နှာရှိ Mini Apps အောက် တွင် ပါဝင်သော မိမိကြိုက်နှစ်သက်ရာ Mini App တစ်ခုတွင် ဈေးဝယ်ပြီး ကူပွန်များနှင့် ပြန်အမ်းငွေများ ရရှိမည်ဖြစ်ပါသည်။ 

၄။ လုပ်ဆောင်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည် –

၁,၀၀၀ ကျပ် Welcome ကူပွန်

အစီအစဉ်ကာလအတွင်း KBZPay အက်ပလီကေးရှင်း ထဲရှိ Mini Apps သို့  Campaign Page Link (သို့မဟုတ်) QR Code မှတဆင့် ပထမဆုံး ဝင်ရောက်ပါက ၁,၀၀၀ ကျပ်  Welcome ကူပွန် အားရရှိပါမည်။ KBZPay Account တစ်ခုလျှင် အစီအစဉ်ကာလအတွင်း ဤကူပွန်အား (၁)ကြိမ်သာရယူခွင့်ရှိပါမည်။ ၎င်းကူပွန်အား အသုံးပြုရန်အတွက် အနည်းဆုံး စုစုပေါင်း ၅,၀၀၀ ကျပ် ပမာဏအား   ဝယ်ယူရန်လိုအပ်ပြီး ကူပွန်သက်တမ်းမှာ ကူပွန်ရယူပြီး (၁)ရက်အထိ ဖြစ်ပါသည်။ ကူပွန်များသည် သတ်မှတ်အရေအတွက်ရှိပါသည်။

အဖွဲ့ဖွဲ့စည်းခြင်း

(က) ယခုအစီအစဉ်တွင်ပါရန်အတွက် ပထမဦးစွာ သူငယ်ချင်းများအား ဖိတ်ခေါ်ပြီး အဖွဲ့ဝင် (၁)ဦးဖြင့်ဖွဲ့စည်းခြင်း  (သို့မဟုတ်) အဖွဲ့ဝင် (၂)ဦးဖြင့်ဖွဲ့စည်းခြင်း စသည်ဖြင့် အဖွဲ့ဖွဲ့စည်းရပါမည်။ 

(၁) အဖွဲ့ဝင်(၁)ဦးဖြင့်ဖွဲ့စည်းခြင်း- သတ်မှတ်ထားသော လုပ်ဆောင်ချက်များကို အဖွဲ့ဝင် (၁)ဦးတည်းကသာ ပြီးမြောက်အောင်မြင်အောင်လုပ်ဆောင်ပြီး ဆုလက်ဆောင်များ ရရှိပါမည်။

(၂) အဖွဲ့ဝင်(၂)ဦးဖြင့်ဖွဲ့စည်းခြင်း – သတ်မှတ်ထားသော လုပ်ဆောင်ချက်များကို အဖွဲ့ဝင် (၂)ဦးဖြင့် ပြီးမြောက်အောင်မြင်အောင်လုပ်ဆောင်ပြီး ဆုလက်ဆောင်မျာအား ပါဝင်သူ အဖွဲ့ဝင်များက အသီးသီး ရရှိပါမည်။

(ခ) အဖွဲ့ဖွဲ့စည်းရန်အတွက် ဦးဆောင်ခြင်း၊ အဖွဲ့ဝင်အဖြစ် ပါဝင်ထားခြင်း ပြုလုပ်ထားပါက အဖွဲ့ထပ်မံ ဖွဲ့စည်း၊ အဖွဲ့ဝင်အဖြစ် ထပ်မံပါဝင်ခြင်းများ မရနိုင်ပါ။ KBZPay အကောင့်တစ်ခုလျှင် အဖွဲ့တစ်ဖွဲ့အတွင်း၌သာ သတ်မှတ်ရက်အတွင်း ပါဝင်နိုင်ပါသည်။

(ဂ) အဖွဲ့ဖွဲ့ထားပြီးပါက အဖွဲ့စတင်ဖွဲ့စည်းသည့် ရက်မှစတင်ပြီး ရက်သတ္တပါတ် (၇)ရက်အတွင်း သတ်မှတ်ထားသော လုပ်ဆောင်ချက်များအား အဆင့်လိုက် ပြီးမြောက်အောင်မြင်အောင် လုပ်ဆောင်ပြီး အပိုဒ်-(ဇ)တွင်ဖော်ပြထားသည့် ဆုလက်ဆောင်များ အသီးသီးရှိပါမည်။ 

(ဃ) အကယ်၍ ရက်သတ္တပါတ် (၇) ရက် အတွင်း လုပ်ဆောင်ချက်များအား မပြီးမြောက်ပါက အဖွဲ့သည် အလိုအလျောက်ပျက်ပြယ်သည့်အပြင် လုပ်ဆောင်ချက်များအားလုံးသည်လည်း ပျက်ပြယ်ကာ သူငယ်ချင်းများအား ဖိတ်ခေါ်ပြီး အဖွဲ့အသစ်ကို စတင်ပြန်လည်ဖွဲ့စည်းကာ အစီအစဉ်တွင် ပြန်လည်ပါဝင်နိုင်ပါမည်။ 

(င) ထို့နောက် သတ်မှတ်လုပ်ဆောင်ချက်များအား ရက်သတ္တပါတ် (၇)ရက် အတွင်း ပြီး‌မြောက်အောင်မြင်ပါက အပိုဒ်-(ဇ)တွင်ဖော်ပြထားသည့် ဆုလက်ဆောင်များ အသီးသီးရရှိမည်ဖြစ်ပြီး ထို့နောက် သူငယ်ချင်းများကို ပြန်လည်ဖိတ်ခေါ်ကာ အဖွဲ့အသစ်ကို ပြန်လည်ဖွဲ့စည်း၍ ဤအစီအစဉ်တွင် ပြန်လည်ပါဝင်နိုင်ပါမည်။

(စ) အဖွဲ့ဝင်(၁)ဦးဖြင့်ဖွဲ့စည်းခြင်းဖြင့် ဖွဲ့စည်းထားပါက မည်သည့်အဆင့်တွင်မဆို အဖွဲ့ဝင် (၂)ဦးဖြင့်ဖွဲ့စည်းခြင်း အမျိုးအစားသို့ ပြောင်းလဲကာ ဖွဲ့စည်းနိုင်ပါသည်။ ထို့နောက် အဖွဲ့ဝင် (၂)ဦးဖြင့် စတင်ပြောင်းလဲ ဖွဲ့စည်းထားသော အဆင့်မှစတင်ပြီး အဖွဲ့ဝင် (၂)ဦးလုံးမှ လုပ်ဆောင်ချက်များ ပြီး‌‌မြောက်အောင်မြင်အောင်လုပ်ဆောင်ပြီး ဆုလက်‌ဆောင်များ အသီးသီး ရရှိနိုင်ပါမည်။ ယခင် အဖွဲ့ဝင် (၁)ဦးဖြင့် ပြီး‌မြောက်အောင်မြင် လုပ်ဆောင်ခဲ့သော အဆင့်များမှ ဆုလက်ဆောင်များသည် ယခု ပြောင်းလဲဖွဲ့စည်းလိုက်သော အဖွဲ့ဝင် (၂)ဦးတွင် အကျုံးမဝင်ပါ။

(ဆ) အဖွဲ့ဝင်(၂)ဦးဖြင့်ဖွဲ့စည်းခြင်း ဖွဲ့စည်းထားပါက အဖွဲ့ဝင်အဟောင်းအား ပယ်ဖျက်ခြင်း၊ အဖွဲ့ဝင်အသစ်လဲလှယ်ခြင်း စသည်ကိုပြုလုပ်၍ မရပါ။ အဖွဲ့ အလိုအလျောက်ပျက်ပြယ်ခြင်း၊ သတ်မှတ်လုပ်ဆောင်ချက်များ ပြီး‌မြောက်အောင်မြင်သွားခြင်း စသည်တို့ ပြုလုပ်ပြီးမှသာ အဖွဲ့အသစ်ကို ပြန်လည်စတင် ဖွဲ့စည်းနိုင်ပါမည်။

လုပ်ဆောင်ချက်များနှင့် ဆုလက်ဆောင်များ

(ဇ) အဖွဲ့ဖွဲ့ပြီး အော်ဒါ (၁)ကြောင်းလျှင် ၁၀,၀၀၀ ကျပ်နှင့် ထက်  ဝယ်ယူရမည်ဖြစ်ပြီး သတ်မှတ်ထားသော လုပ်ဆောင်ချက်များအားလုံးကို (၇)ရက်အတွင်း  ပြီးမြောက်အောင် လုပ်ဆောင်ပြီး လျှော့စျေးကူပွန်နှင့် ပြန်အမ်းငွေများရယူပါ။ 

လုပ်ဆောင်ချက် (၁) အော်ဒါ (၂) ခု ပြုလုပ်ပြီး အဖွဲ့ဝင်တိုင်း ၂,၅၀၀ ကျပ်တန် ကူပွန် (၂)စောင်စီ ရယူပါ

လုပ်ဆောင်ချက် (၂) အော်ဒါ (၄) ခု ပြုလုပ်ပြီး အဖွဲ့ဝင်တိုင်း ၃,၅၀၀ ကျပ်တန် ကူပွန် (၂)စောင်စီ ရယူပါ

လုပ်ဆောင်ချက် (၃) အော်ဒါ (၆) ခု ပြုလုပ်ပြီး အဖွဲ့ဝင်တိုင်း ၅,၀၀၀ ကျပ်တန် ကူပွန် (၂)စောင်စီ ရယူပါ

လုပ်ဆောင်ချက် (၄) အော်ဒါ (၁၀) ခု ပြုလုပ်ပြီး အဖွဲ့ဝင်တိုင်း ၂၀,၀၀၀ ကျပ် ပြန်အမ်းငွေနှင့် KFC, Watchbay by Cherry Oo နှင့် Padesar Mini App ဆိုင်များ၏ ၂၀,၀၀၀ ကျပ် အထိ လျှော့စျေး ကူပွန်များကို ရယူပါ။

ကူပွန်ပြန်လည်သုံးစွဲရန် ပမဏ

  • ၂,၅၀၀ ကျပ်အတွက် အနည်းဆုံးဝယ်ယူရမည့် ပမာဏမှာ ၁၀,၀၀၀ ကျပ်
  • ၃,၅၀၀ ကျပ်အတွက် အနည်းဆုံးဝယ်ယူရမည့် ပမာဏမှာ ၁၂,၀၀၀ ကျပ်
  • ၅,၀၀၀ ကျပ်အတွက် အနည်းဆုံးဝယ်ယူရမည့် ပမာဏမှာ ၁၅,၀၀၀ ကျပ်
  • ကူပွန်သက်တမ်းမှာ ကူပွန်စတင်ရရှိပြီးနေ့မှ (၃)ရက်အထိ ဖြစ်ပါသည်။
  • လုပ်ဆောင်ချက် (၄) အောင်မြင်ပြီး ၂၀,၀၀၀ ကျပ်ပြန်အမ်းငွေအပြင် သက်မှတ်ထားသောဆိုင်များ၏ ၂၀,၀၀၀ ကျပ်အထိလျော့စျေးကူပွန်များမှာ
    • ၅,၀၀၀ ကျပ်လျော့စျေး KFC ကူပွန် (အနည်းဆုံးဝယ်ယူရမည့် ပမာဏမှာ ၂၀,၀၀၀ ကျပ်)
    • ၇,၅၀၀ ကျပ်လျော့စျေး Padesar ကူပွန် (အနည်းဆုံးဝယ်ယူရမည့် ပမာဏမှာ ၃၅,၀၀၀ ကျပ်)
    • ၂၀,၀၀၀ ကျပ်လျော့စျေး Watchbay by Cherry Oo ကူပွန် (အနည်းဆုံးဝယ်ယူရမည့် ပမာဏမှာ ၃၀၀,၀၀၀ ကျပ်)
    • အထက်ဖော်ပြပါ ကူပွန်သက်တမ်းမှာ ကူပွန်စတင်ရရှိပြီးနေ့မှ (၁၄)ရက်အထိ ဖြစ်ပါသည်။
  • ကူပွန်များနှင့် ပြန်အမ်းငွေများသည် သတ်မှတ်အရေအတွက်ရှိပြီး ပထမဦးစွာ ရယူရမည့်စနစ် ဖြစ်ပါသည်။
  • ယခုကူပွန်များကို KBZPay ပင်မစာမျက်နှာရှိ Mini Apps အောက်တွင်သာ ပါဝင်သော Mini App များ၌သာ ဈေးဝယ်ပြီးပြန်လည်အသုံးပြုနိုင်ပါသည်။

၄။     KBZPay အသုံးပြုသူမှ ရရှိထားသော ကူပွန်များကိုလည်း ၎င်းတို့၏ KBZPay Account ထဲရှိ “ကူပွန်”၊ “ကျွန်ုပ်၏ ကူပွန်များ” အောက်တွင် ကြည်ရှု့နိုင်ပြီး သတ်မှတ်ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ ထို့ပြင် ရရှိထားသော ပြန်အမ်းငွေများကိုလည်း ၎င်းတို့၏ KBZPay wallet များထဲသို့  တိုက်ရိုက်ထည့်သွင်း ပေးသွားမည်ဖြစ်ပြီး မှတ်တမ်းတွင် ပြန်လည်ကြည့်ရှုနိုင်မည်ဖြစ်သည်။ ကူပွန်များနှင့်      ပြန်အမ်းငွေများသည် အရေအတွက် ကန့်သတ်ချက်များရှိပါသည်။  နေ့စဉ်အတွက် သတ်မှတ်ထားသော ကူပွန်များ၊ ပြန်အမ်းငွေ အရေအတွက်ကန့်သတ်ချက်ရှိသောကြောင့် ထိုကန့်သတ်အရေအတွက် ကျော်လွန်သော ငွေပေးချေမှုပြုလုပ်သည့် KBZPay အသုံးပြုသူများ အနေဖြင့် ကူပွန်များ၊ ပြန်အမ်းငွေများ ရရှိနိုင်မည် မဟုတ်ပါ။

၅။ ဤအစီအစဥ်မှ ရရှိသော ပြန်အမ်းငွေများအား KBZPay အသုံးပြုသူများ၏  KBZPay wallet များထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်သော်လည်း KBZ ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေများအား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။

၆။ ဤအစီအစဥ်ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအစီအစဥ်ကာလ ကုန်ဆုံးပြီးနောက်တွင် ဤစည်းကမ်းသတ်မှတ်ချက်ပါ ကူပွန်များကို KBZPay အသုံးပြုသူများ အနေဖြင့် ကူပွန်သက်တမ်းကျန်ရှိသည့်အတိုင်းအသုံးပြုနိုင်မည်ဖြစ်ပါသည်။

၇။ ဤအစီအစဥ် တွင်ပါဝင်ရန် KBZPay Application ရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၈။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၉။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၀။ ဤအစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၁။ KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၂။ KBZ အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်း ကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက် တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၃။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့် အရောင်းမိတ်ဖက် ဆိုင်များ၏ စည်းမျဥ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၄။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၅။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZ အနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။