“ဘယ်လိုအားကစားမျိုးက သင်နဲ့အကိုက်ညီဆုံးလဲဆိုတာ မေးခွန်းလေးတွေဖြေပြီး ခန့်မှန်းကြည့်ရအောင်” အစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁။ “ဘယ်လိုအားကစားမျိုးက သင်နဲ့အကိုက်ညီဆုံးလဲဆိုတာ မေးခွန်းလေးတွေဖြေပြီး ခန့်မှန်းကြည့်ရအောင်။” Campaign ကာလသည် နိုဝင်ဘာလ ၁၂ ရက်နေ့ မှ ၂၁ ရက်နေ့ အထိဖြစ်ပါသည်။ 

၂။ “ဘယ်လိုအားကစားမျိုးက သင်နဲ့အကိုက်ညီဆုံးလဲဆိုတာ မေးခွန်းလေးတွေဖြေပြီး ခန့်မှန်းကြည့်ရအောင်။” Campaign ၏ရည်ရွယ်ချက်မှာ KBZPay အပ်ပလီကေးရှင်း 5.0 version နှင့်အထက် အသုံးပြုသူများအတွက် အပျော်မေးခွန်းများဖြေပြီး  မည်သည့်အားကစားနှင့် မိမိကိုက်ညီသည်ကို အပျော်တမ်းခန့်မှန်းနိုင်ကြရန်ဖြစ်ပါသည်။ 

၃။ Customer များသည် Campaign page (သို့) KBZPay application ပင်မ စာမျက်နှာမှ Campaign Banner မှတစ်ဆင့်လည်းကောင်း Sports Official Account (5.0 version နှင့်အထက် အသုံးပြုသူများအတွက်) မှလည်းကောင်း ဝင်ရောက်နိုင်မည်ဖြစ်ပါသည်။ 

၄။ Customer များသည် KBZPay အပ်ပလီကေးရှင်း ရှိ Sports Official Account မှတဆင့် သို့မဟုတ် အခြားသူများ၏ အဖြေများကိုနှိပ်၍ မေးခွန်း ၅ခုအား ဖြေဆိုရမည်ဖြစ်ပြီး အဖြေကို KBZPay အပ်ပလီကေးရှင်း တွေ ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ ဖြေဆိုသူများသည် အဖြေများကို ကြည့်ရှုရန် မိမိမိုဘိုင်းဖုန်းတွင် KBZPay အပ်ပလီကေးရှင်း ရှိရမည်ဖြစ်ပါသည်။

၅။ ဤ campaign မှရရှိသော အဖြေများသည် ကျပန်းအဖြေများဖြစ်ပြီး Customer များအနေဖြင့် အပျော်တမ်း ပါဝင်နိုင်ရန်သာ ရည်ရွယ်ပါသည်။

၆။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကိုမျှတောင်းခံမည်မဟုတ်ပါ။

၇။ ဤ Campaignကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၈။ KBZPay Customer များနှင့် KBZPay တို့အကြားပေါ်ပေါက်သည့် မည်သည့်အငြင်းပွားမှုမဆို ရှိခဲ့လျှင် KBZတစ်ဦးတည်း၏အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။

၉။ တစ်ဖက်သတ်ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊   ဤစည်းကမ်းသတ်မှတ်ချက်များ အရလည်းကောင်း Customer များအနေဖြင့် မည်သည့်လျော်ကြေးကိုမျှခံစားပိုင်ခွင့်မရှိပါ။

၁၀။ KBZPay သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မည်သည့်ကြိုတင်အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအားပြောင်းလဲခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၁၁။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၂။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၃။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၁၄။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။