“မိုခါ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက်အတူတကွ ဖေးကူလို့ ထူမကြမယ်” Campaign ၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ

၁။ ယခု “မိုခါ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက်အတူတကွ ဖေးကူလို့ ထူမကြမယ်” Campaign သည် ၂၀၂၃ ခုနှစ် မေလ ၁၇ ရက်နေ့ မှ ၂၀၂၃ ခုနှစ် မေလ ၂၄ ရက်နေ့ အထိဖြစ်ပါသည်။ ဤ Campaign တွင် KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ Customer များသာ ပါဝင်နိုင်မှာဖြစ်ပြီး KBZPay Market ရှိ ‘မိုခါ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက်အတူတကွ ဖေးကူလို့ ထူမကြမယ်’ Campaign စာမျက်နှာ အောက်တွင်ရှိသော ကုန်ပစ္စည်းများအား မိုခါ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အများပြည်သူမှ ဝယ်ယူ လှူဒါန်းနိုင်ရန် ရည်ရွယ်ပါသည်။ 

၂။ KBZPay အဆင့် ၁ Customer များသည် အဆင့် ၁.၅ (သို့) အဆင့် ၂ သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည်ဖြစ်ပြီး   Customer အသစ်များသည်လည်း KBZPay အဆင့် ၁.၅ (သို့) အဆင့် ၂ Customer အဖြစ် အောင်မြင်စွာ KBZPay Account ဖွင့်လှစ်ပြီးမှသာ ဤ Campaign တွင် ပါဝင်နိုင်မည်ဖြစ်သည်။ 

၃။ Campaign ကာလအတွင်း Customer များသည် KBZPay Market ရှိ “ မိုခါ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက်အတူတကွ ဖေးကူလို့ ထူမကြမယ်” Campaign စာမျက်နှာသို့ဝင်ရောက်ကာ မိမိလှူဒါန်းလိုသော care package နှင့် အခြားကုန်ပစ္စည်းများ အား ရွေးချယ်လှူဒါန်းနိုင်မည်ဖြစ်ပါသည်။ 

၄။ Customer သည် လှူဒါန်းမှုအားပြုလုပ်နိုင်ရန် မိမိလှူဒါန်းလိုသော care package  နှင့် အခြားပစ္စည်းများကိုရွေးချယ်ပြီး ပို့ဆောင်ရမည့် လိပ်စာနေရာ၌ မိမိတို့ လိပ်စာအစား တိုင်းဒေသကြီးနေရာတွင် ရန်ကုန်တိုင်း၊ လိပ်စာနေရာတွင် Red Cross ဟု ထည့်သွင်းရေးသားရန် လိုပါသည်။ 

၅။ Red Cross သို့ လိပ်မူထားသော ကုန်ပစ္စည်းအမှာစာများကို မုန်တိုင်းဒဏ်သင့်ပြည်သူများထံ အမြန်ဆုံးရောက်ရှိနိုင်ရေးအတွက် ဦးစားပေး ပို့ဆောင်သွားမည် ဖြစ်ပြီး၊ လိပ်စာမထည့်သွင်းထားသော (သို့) Red Cross သို့ လိပ်မူထားခြင်းမရှိသော ပုံမှန် အမှာစာများအတွက် ကုန်ပစ္စည်းလက်ကျန်ရှိမှု‌ပေါ် မူတည်ပြီး KBZPay Market မှ ဆက်သွယ်ဆောင်ရွက်သွား ပါမည်။ 

၆။ Customer များအနေဖြင့် လှူဒါန်းမှုအတွက် Red Cross သို့ လိပ်မူထားသော ကုန်ပစ္စည်းအမှာစာများကို ငွေပေးချေရာတွင် ပို့ဆောင်ခကို ကနဦး ပေးသွင်းရမည်ဖြစ်ပြီး အဆိုပါ ပို့ဆောင်ခအား (၄၈) နာရီအတွင်း customer များ၏ KBZPay ပိုက်ဆံအိတ်ထံသို့ ပြန်အမ်းငွေအဖြစ် ပြန်လည် ထည့်သွင်းပေးသွားမည်ဖြစ်ပါသည်။ 

၇။ Campaign တွင် ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင်ပါသည်။  

၈။ ဤ Campaign ကာလအတွင်းသာ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အချက်အလက်များသည် လှူဒါန်းမှုများအတွက် အကျုံးဝင်မည် ဖြစ်ပါသည်။ 

၉။ KBZ ဝန်ထမ်းများသည် Campaign တွင် ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Account နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၀။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၁။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များနှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၂။ KBZPay အနေဖြင့် တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customer များအနေဖြင့် လျော်ကြေးတစ်စုံတရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၃။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်းနှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၄။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZPay မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZPay အနေဖြင့် KBZPay အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။