“KBZPay နဲ့ MPT ဖုန်းဘေလ်များများဖြည့်ပြီး ဆုလက်ဆောင်များများ  ကံစမ်းပါ”အစီအစဉ် စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ လေးစားတန်ဖိုးထားအပ်သော KBZPay အသုံးပြုသူများကို ကျေးဇူးတုံ့ပြန်သောအနေနဲ့ KBZPayမှတစ်ဆင့် ၅,၀၀၀ ကျပ်နှင့်အထက် MPT ဖုန်းဘေလ်ဖြည့်ပါက ဆုလက်ဆောင်များ ကံစမ်းရယူနိုင်မည့် အစီအစဥ်အား ပြုလုပ်သွားမည် ဖြစ်ပါသည်။

၂။ အစီအစဉ်ကာလ မှာ ၂၀၂၂ခုနှစ်၊ စက်တင်ဘာလ (၂၃) ရက်နေ့ မှ စက်တင်ဘာလ (၃၀) ရက် အထိဖြစ်ပါသည်။

၃။      MPT GSM/ WCDMA prepaid (ဆွေသဟာ/ ရှယ်ပြော/ ရွှေစကား) လက်ရှိအသုံးပြုနေသူများသည် KBZPay Blue Appမှတစ်ဆင့် ဖုန်းဘေလ်ဖြည့်သွင်းခြင်းဖြင့်ပါဝင်နိုင်ပါသည်။ Postpaid, CDMA, Base Tariff သုံးစွဲသူများနှင့် လက်ရှိ အသုံးမပြုနေသူများ ပါဝင်နိုင်မည်မဟုတ်ပါ။ သတ်မှတ်ထားသော အစီအစဉ် ကာလအတွင်း KBZPay မှ မဟုတ်ဘဲ တစ်ခြားသောနည်းဖြင့် ငွေဖြည့်ခြင်း (Physical TopUp Card ၊ Eload ဖြည့်ခြင်းဖြင့်လဲ) ပါဝင်နိုင်မည်မဟုတ်ပါ။ အခြားသူသို့ ငွေလွှဲပြောင်း၍ (Balance Transfer) ဖုန်းငွေဖြည့်သွင်းခြင်းဖြင့် ကံထူးနိုင်မည်မဟုတ်ပါ။ သို့သော် KBZPay မှ အခြားသူသို့ ဖုန်းငွေဖြည့်သွင်းပါက ဖုန်းဘေလ်လက်ခံရရှိသော ဖုန်းနံပါတ်သာ ကံစမ်းနိုင်ပါသည်။    အသုံးပြုသူ၏ KBZPay မှတစ်ဆင့် ၅,၀၀၀ ကျပ်အောက် MPT ဖုန်းဘေလ်ဖြည့်သွင်းခြင်းများအတွက် ယခု အစီအစဉ်အတွက် အကျုံးမဝင်ပါ။

၄။ KBZPay မှတစ်ဆင့် MPTဖုန်းဘေလ် ၅,၀၀၀ ကျပ်နှင့်အထက် ဖြည့်သွင်းပါက ကံထူးရှင်ပေါင်း (၄)သောင်းကျော်အား ရွေးချယ်ပြီး ဖုန်းဘေလ်ဆုလက်ဆောင်များ ဖြည့်သွင်းပေးမည်ဖြစ်ပါသည်။ ကံထူးရှင်များကို အစီအစဉ်ပြီးဆုံးပြီး အောက်တိုဘာလ (၁၀) ရက်နေ့နောက်ဆုံးထား၍ ရွေးချယ်ပေးမည် ဖြစ်ပြီး အဆိုပါ အောက်တိုဘာလ (၁၀) ရက်နေ့အတွင်း ဖုန်းဘေလ်များ ပြန်လည်ဖြည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ ဆုလက်ဆောင်ရရှိသည့် ကံထူးရှင်ကို social media နှင့်  websitesတို့မှတဆင့် ကြေညာရန်အလို့ငှာ အသုံးပြုသူ၏ အမည်နှင့် ဖုန်းနံပါတ် (ဖုန်းနံပါတ်အပြည့်အစုံမဟုတ်ပါ)တို့အား KBZ နှင့် MPTတို့မှ အသုံးပြုနိုင်သည်ကို အသုံးပြုသူမှ သိရှိပြီး သဘောတူပါသည်။

၅။ KBZ နှင့်/သို့မဟုတ် MPT မှ ထိန်းချုပ်၍မရနိုင်သော အခြေအနေမျိုးတွင် ကံထူးရှင်များကို ရွေးချယ်မည့် နေ့ရက်နှင့် ကံထူးရှင်များအား ဖုန်းဘေလ်များထည့်သွင်းပေးမည့်နေ့ရက်သည် အပြောင်းအလဲ ရှိနိုင်ပါသည်။

၆။ “ဆုလက်ဆောင်” ကို voice/ data package ဝယ်ယူခြင်း၊ ဖုန်းခေါ်ဆိုရန်နှင့် စာတိုပေးပို့ရန်အတွက် တစ်နှစ်အတွင်း (ဆုလက်ဆောင်လွှဲပေးသည့်နေ့မှ စတင်၍) အသုံးပြုနိုင်ပါသည်။

၇။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများအား ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ 

၈။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၉။  ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၀။ ဤ Campaign နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွား မှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ KBZPay အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။ 

၁၁။ KBZPay သည် မည်သည့်အချိန်တွင်မဆို စည်းမျဥ်းနှင့် စည်းကမ်းသတ်မှတ်ချက် နှင့် မလျော်ညီသည့်ပြုလုပ်မှု တစ်စုံတစ်ရာတွေ့ရှိပါက မည်သည့်အချိန်တွင်မဆို ပယ်ဖျက်ခွင့်နှင့် ရုပ်သိမ်းပိုင်ခွင့်ရှိသည်။

၁၂။  KBZPay သည်မည်သည့်အချိန်တွင်မဆို၊ မည်သည့်ကြိုတင် အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ ရပ်စဲခွင့်နှင့်/ သို့မဟုတ် ဆုလက်ဆောင်ကိုရုပ်သိမ်းခွင့် နှင့်/သို့မဟုတ်ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ်အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင် လက္ခဏာများအား ပြောင်းလဲခွင့် နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၁၃။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaignအား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။

၁၄။   KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၅။ KBZPay သည် COVID- 19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPay အနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့်မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့် ရှိသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဉီးဉီးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၆။ ဤစည်းမျဥ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၇။   ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

၁၈။ ဤအစီအစဥ်နှင့် ပတ်သတ်၍ ထပ်မံသိရှိလိုသည့်အချက်များရှိပါက KBZ Bank Customer Service ဖုန်းနံပါတ် ၀၉-၉၅၁၀၁၈၅၅ သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။

ဤအစီအစဉ်တွင် ပါဝင်မည့်သူများသည် အောက်ဖော်ပြပါ စည်းမျဉ်း၊စည်းကမ်းများကို သဘောတူလိုက်နာရန် လိုအပ်ပါသည်။