ATOM 100% Top Up Bill Bonus Campaign စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။ ATOM 100% Top Up Bill Bonus Campaign ကာလသည် အောက်တိုဘာလ ၆ရက်နေ့ ၂၀၂၂ခုနှစ် မှ အောက်တိုဘာလ ၁၀ရက်နေ့ ၂၀၂၂ခုနှစ်အထိဖြစ်ပါသည်။ 

၂။ KBZPay Level 1၊ Level 1.5 နှင့် Level 2 အသုံးပြုသူများအားလုံး ယခု အစီအစဉ်တွင် ပါဝင်နိုင်မည်ဖြစ်သည်။

၃။ Campaign ၏ရည်ရွယ်ချက်မှာ  KBZPay အသုံးပြုသူများမှATOMဖုန်းနံပါတ်အား KBZPayမှတဆင့်  (၂,၀၀၀)ကျပ်နှင့်အထက် ဖုန်းငွေဖြည့်လိုက်တိုင်း ဖြည့်သွင်းသော ပမာဏ၏ ၁၀၀%ကို    ATOM ဖုန်းဘေလ်ဘောနပ်စ်အဖြစ် ငွေဖြည့်သွင်းသည့် ဖုန်းနံပါတ် အတွက် ချက်ချင်းရယူနိုင်မည့်အပြင် iPhone 14 Pro Max ကိုကံထူးနိုင်မယ့် ကံထူးရှင် (၅)ဦးထဲက တစ်ဦးလည်းဖြစ်ခွင့်အတွက်လည်း ပါဝင်ကံစမ်းနိုင်ရန်ရည်ရွယ်ပါသည်။

၄။ ATOM ၏ Prepaid Customer များဖြစ်ရန်လိုအပ်ပြီး အနည်းဆုံး (၂,၀၀၀)ကျပ်နှင့်အထက် ဖုန်းဘေလ်ဖြည့်မှသာ ဖြည့်သွင်းသော ပမာဏ၏ ၁၀၀%ဖုန်းဘေလ်ဘောနပ်စ်အား ချက်ချင်း ရရှိနိုင်မည် ဖြစ်သည်။

၅။ ရရှိလာသော ဖုန်းဘေလ်ဘောနပ်စ်အား voice/ data package ဝယ်ယူခြင်း၊ ဖုန်းခေါ်ဆိုရန်နှင့် စာတိုပေးပို့ရန်အတွက် (၅)ရက်အတွင်း အသုံးပြုနိုင်ပါသည်။

၆။ ရရှိလာသော ဖုန်းဘေလ်ဘောနပ်စ်အား ATOM store app တွင်သော်လည်းကောင်း USSD : *124*1# (Bonus) သို့ *124# ( Main Balance) ကိုခေါ်ဆိုပြီး စစ်ဆေးနိုင်ပါသည်။

၇။ Customer များမှ ရရှိထားသော ဖုန်းဘေလ်ဘောနပ်စ်များနှင့် Winner များမှ ရရှိသော ဆုလက်ဆောင်များအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေး အဖြစ်ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။ ဆုလက်ဆောင်ပစ္စည်းများနှင့်ပတ်သက်၍ ဖြစ်စေ သို့မဟုတ် ဖုန်းဘေလ်ဘောနပ်စ်နှင့်ပတ်သက်၍ဖြစ်စေ Customerမှ သိရှိလိုသည်များအား ATOMသို့တိုက်ရိုက်ဆက်သွယ်မေးမြန်းရမည်ဖြစ်ပြီး ATOM နှင့် Customer တို့ကြား တစ်စုံတစ်ရာ ကိစ္စရပ်များပေါ်ပေါက်ပါက ATOM နှင့် Customer တို့နှင့်သာသက်ဆိုင်မည်ဖြစ်သည်။ Customer မှ ထုတ်ယူပြီးသော ဆုလက်ဆောင်များနှင့်ပတ်သက်၍ ချို့ယွင်းမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက KBZ သို့မဟုတ် ATOM မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

၈။ အစီအစဉ်အား ပိုမိုအသေးစိတ်သိရှိလိုလျှင် (သို့) မေးမြန်းလိုလျှင် ATOM Call Center အားခေါ်ဆို မေးမြန်းနိုင်ပါသည်။

၉။ ဤ Campaign ကာလအတွင်းသာလျှင် အသုံးပြုသူများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ 

၁၀။ KBZ  ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။

၁၁။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး  ကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ့ကိုမဆို KBZPayက ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၂။ ဤ Campaign နှင့်ပတ်သက်၍ KBZPay Customer များ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ Customer ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၃။ KBZPay အနေဖြင့် တစ်စုံတစ်ရာ သောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား  ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်းကြောင့် KBZPay အသုံးပြုသူအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၄။ KBZPay သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့်  Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့်  သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၁၅။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၆။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီ အဓိပ္ပါယ်ဖွင့်ဆိုရမည်။ 

၁၇။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၈။  ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာ နှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှု ရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားခြင်း ဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိပါက မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။