“KBZPay အကောင့်လုံခြုံရေးအတွက် သင်ဘာတွေသိထားပြီးပြီလဲ?” အစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁။ “KBZPay အကောင့်လုံခြုံရေးအတွက် သင်ဘာတွေသိထားပြီးပြီလဲ?” Campaign ကာလသည် ၂၀၂၂ ခုနှစ် မတ်လ ၄ရက်နေ့ မှ ၁၇ရက်နေ့ အထိဖြစ်ပါသည်။ 

၂။ “KBZPay အကောင့်လုံခြုံရေးအတွက် သင်ဘာတွေသိထားပြီးပြီလဲ?” Campaign ၏ရည်ရွယ်ချက်မှာ KBZPay အပ်ပလီကေးရှင်း 5.0 version နှင့်အထက် အသုံးပြုနေသည့် KBZPay Customerများ အတွက် KBZPay အကောင့်လုံခြုံရေးနှင့် ပတ်သက်သော မေးခွန်းများဖြေဆိုပြီး လျှော့စျေးကူပွန်များ ရယူနိုင်ရန်ဖြစ်ပါသည်။

၃။ Customer များသည် အစီအစဉ်တွင် ပါဝင်နိုင်ရန် Campaign page (သို့) KBZPay အပ်ပလီကေးရှင်း၏ ပင်မ စာမျက်နှာမှ Campaign Banner မှတစ်ဆင့်လည်းကောင်း ဝင်ရောက်နိုင်မည်ဖြစ်ပါသည်။ 

၄။ Customer များသည် KBZPay အပ်ပလီကေးရှင်းရှိ Campaign Page မှတဆင့် သို့မဟုတ် အခြားသူများ၏ ရလဒ်များကိုနှိပ်၍ မေးခွန်း ၅ခုအား ဖြေဆိုရမည်ဖြစ်ပြီး ရလဒ်ကို KBZPay အပ်ပလီကေးရှင်း တွင် ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ ဖြေဆိုသူများသည် ရလဒ်များကို ကြည့်ရှုရန် မိမိမိုဘိုင်းဖုန်းတွင် KBZPay အပ်ပလီကေးရှင်း ရှိရမည်ဖြစ်ပါသည်။

၅။ Customer များသည် မေးခွန်းအားလုံးအား မှန်အောင်ဖြေဆိုနိုင်မှသာ လျှော့စျေးကူပွန်အား ရရှိနိုင်မည်ဖြစ်ပြီး အဖြေအားလုံးမမှန်မချင်း အကြိမ်ရေအကန့်အသတ်မရှိ ဖြေဆိုနိုင်ပါသည်။

၆။ Customer များသည်  မေးခွန်းအားလုံးအား မှန်ကန်အောင် ဖြေဆိုနိုင်ပြီး လျှော့စျေးကူပွန်အား တစ်ကြိမ်ရရှိပြီးပါက ထပ်မံရရှိတော့မည် မဟုတ်ပါ။ ကူပွန်သက်တမ်းမှာ ၇ရက်ဖြစ်ပါသည်။

၇။ ဤ Campaign ကာလအတွင်းသာလျှင် KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ်ကာလ ကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ ဤအပိုဒ်တွင် မည်သို့ပင်ဖော်ပြစေကာမူ KBZPay Customer များသည် Campaign ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်အား ရရှိခဲ့ပါက Campaign ကာလပြီးဆုံးသော်လည်း အပိုဒ် ၆ တွင် ဖော်ပြချက်နှင့်အညီ လက်ခံရရှိပြီး ၇ ရက်အတွင်း ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။ 

၈။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကိုမျှတောင်းခံမည်မဟုတ်ပါ။

၉။ ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၀။ KBZPay Customer များနှင့် KBZPay တို့အကြားပေါ်ပေါက်သည့် မည်သည့်အငြင်းပွားမှုမဆို ရှိခဲ့လျှင် KBZတစ်ဦးတည်း၏အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။

၁၁။ တစ်ဖက်သတ်ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊ ဤစည်းကမ်းသတ်မှတ်ချက်များ အရ လည်းကောင်း Customer များအနေဖြင့် မည်သည့်လျော်ကြေးကိုမျှခံစားပိုင်ခွင့်မရှိပါ။

၁၂။ KBZPay သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မည်သည့်ကြိုတင်အ ကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် အစီအစဉ်အား ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအားပြောင်းလဲခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။

၁၃။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၄။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်  ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၅။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။

၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူ မည်ဖြစ်သည်။