Customer များအား Top Up ပြုလုပ်ပေးပြီး ပြန်အမ်းငွေနှင့် အထူးဆုများစွာရယူလိုက်ပါ အစီအစဉ်၏ စည်းကမ်းသတ်မှတ်ချက်များ

၁။ Customer များအား Top Up ပြုလုပ်ပေးပြီး ပြန်အမ်းငွေနှင့် အထူးဆုများစွာရယူလိုက်ပါ Campaign ကာလသည် ၂၀၂၂ ခုနှစ် မတ်လ ၁၆ ရက်နေ့မှ မတ်လ ၂၉ ရက်နေ့ထိဖြစ်ပါသည်။ 

၂။  သက်ဆိုင်ရာ Merchants/ Agents များသည် KBZPay Red App မှတဆင့် Customers များအား အနည်းဆုံး ၃၀၀၀ ကျပ် မှ အများဆုံး ၃၀၀၀၀ ကျပ်အတွင်း ဖုန်းငွေဖြည့်ပေးပြီး မူလ ပြန်အမ်းငွေအပြင် ထပ်ဆောင်းပြန်အမ်းငွေ ၀.၅ % ကို ချက်ချင်းလက်ခံရရှိမည်ဖြစ်ပါသည်။ 

၃။   ဤ Campaign တွင်ပါဝင်နိုင်သော Merchants/Agents များမှာ Super Agent Retailer၊ Agent owners ၊ Agent Teller, Merchant Owner၊ Merchant Teller၊ Super Agent Retailer Owner၊ Super Agent Retailer Teller တို့ဖြစ်ပါသည်။ 

၄။ Customers အား Top Up ပြုလုပ်ပေးရာတွင် Campaign ကာလအတွင်း ငွေပမာဏအများဆုံး Top Up ပြုလုပ်ပေးခဲ့သော Merchants /Agents သုံးဦးအား Campaign ပြီးဆုံးသည့်နေ့ တွင် KBZPay Red App၏ Campaign pageတွင် ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။ 

၅။ ဆုရရှိသည့် Merchants /Agents သုံးဦးသည် KBZPay ၏ အထူးဆုလက်ဆောင်များ ဖြစ်သော ၅၅ လက်မ Samsung TV (ပထမဆု)၊ IPhone 12 Pro Max (ဒုတိယဆု) နှင့် Samsung Tablet (တတိယဆု) တို့အား အသီးသီးရရှိမည်ဖြစ်ပြီး ဆုရရှိသူများအား  KBZPay မှ SMS ပေးပို့ဆက်သွယ်ပါမည်။ 

ဆုရရှိသူများသည် KBZPay Call Center Number 3211 သို့ဆက်သွယ်ကာ [email protected] သို့ မိမိ၏ ကိုယ်ရေးအချက်အလက်များဖြစ်သည့် အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ် နှင့် လက်ရှိနေရပ်လိပ်စာတို့အပြင် အဆိုပါ ရရှိထားသော SMS Screenshotနှင့်အတူ အီးမေးလ်ပေးပို့၍ ဆက်သွယ်ထုတ်ယူနိုင်ပါသည်။ KBZPay မှ အချက်အလက်များစုံလင်စွာရရှိပါက ဆုရရှိသူများထံ ဆုအား ရုံးဖွင့်ရက် ၁၀ ရက်အတွင်း ပေးပို့သွားမည်ဖြစ်ပါသည်။ 

၆။ ဆုရရှိသူများမှ ထုတ်ယူပြီးသော ဆုများနှင့်ပတ်သတ်၍ ချို့ယွင်းမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက KBZ မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

၇။ ဆုရရှိသူများသည် ၎င်းတို့ရရှိသာဆုများအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေး အဖြစ်ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။

၈။ ဤ Campaign ကာလအတွင်းသာလျှင် Super Agent Retailer၊ Agent Owners ၊ Agent Teller, Merchant Owner၊ Merchant Teller ၊ Super Agent Retailer Owner၊ Super Agent Retailer Teller များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဉ် ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။

၉။ KBZဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး OTP, PIN သို့မဟုတ် Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကို မျှတောင်းခံမည်မဟုတ်ပါ။ 

၁၀။  Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုး  ကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်းခံရသည့် မည်သူ ကိုမဆို KBZPay ကပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။ 

 ၁၁။  Agents/ Merchants နှင့် KBZPay တို့အကြားပေါ်ပေါက်သည့် မည်သည့်အငြင်းပွားမှုမဆို ရှိခဲ့လျှင် KBZPay တစ်ဦးတည်း၏အဆုံးအဖြတ်သည်သာလျှင် အတည်ဖြစ်သည်။ 

၁၂။ တစ်ဖက်သတ်ပယ်ဖျက်ခြင်းကြောင့်လည်းကောင်း၊   ဤစည်းကမ်းသတ်မှတ်ချက်များ အရလည်းကောင်း Merchants/Agents များအနေဖြင့် မည်သည့်လျော်ကြေးကိုမျှခံစားပိုင်ခွင့်မရှိပါ။ 

၁၃။  KBZ သည် မည်သည့်အချိန်တွင်မဆို၊ မည်သည့်အကြောင်းကြောင့်ဖြစ်စေ မည်သည့်ကြိုတင်အကြောင်းကြားမှုမျိုးကိုမျှမလုပ်ဘဲ၊ မည်သည့်စည်းမျဉ်းနှင့်စည်းကမ်းကိုမဆို ရပ်စဲခွင့် နှင့်/သို့မဟုတ် ဆုကြေးကိုရုပ်သိမ်းခွင့် နှင့်/သို့မဟုတ် ပယ်ဖျက်ခွင့် နှင့်/သို့မဟုတ် အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအားပြောင်းလဲခွင့်နှင့်/သို့မဟုတ် ပြောင်းလဲ၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်ရှိသည်။ 

၁၄။   KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၅။ ဤစည်းမျဉ်းနှင့် စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ဥပဒေများ ကအစိုးရပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ KBZ ဘဏ်သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။