“လွယ်ကူထုတ်ချေးငွေယူရင်း ပြန်အမ်းငွေများရနိုင်မယ့်အခွင့်အရေး” အစီအစဉ်အတွက် မေးလေ့မေးထရှိသော မေးခွန်းများ

ယခုအစီအစဥ်သည် ၂၀၂၄ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂) ရက်နေ့မှ  ၂၀၂၄ခုနှစ်၊ မတ်လ (၁၁) ရက်နေ့  အထိ သတ်မှတ်ထားသော ကာလအတွင်း လွယ်ကူထုတ်ချေးငွေကို ချေးငွေအသစ်များရယူခြင်း သို့မဟုတ် လက်ရှိ လွယ်ကူထုတ်ချေးငွေများကို သက်တမ်းတိုးသော Agent များအတွက် အလိုအလျှောက် ပါဝင်ခွင့်ရရှိ မည်ဖြစ်ပါသည်။

ဤအစီအစဥ်တွင် ပါဝင်သော ကံထူးသူများအား တစ်ပတ်လျှင် (၁၅) ဦးနှင့် (၄) ပတ်တိတိ -စုစုပေါင်း KBZPay Agent/Super Agent Retailer (၆၀) ဦးအထိ ပြန်အမ်းငွေများ ပေးအပ်သွားပါမည်။ ပြန်အမ်းငွေရရှိသည့် ကံထူးသူများကိုလဲ အပတ်စဥ်ကြေညာပေးသွားမည်ဖြစ်ပါသည်။

ကံထူးရှင်များကို KBZPay မှ ကွန်ပျူတာစနစ်အသုံးပြု၍   ကျပန်းရွေးချယ်သွားမည်ဖြစ်သည်။

ကံထူးသူများကို  KBZPay Facebook Official Page (အပြာရောင်အမှတ်ခြစ်ပါသော) နှင့် Offical Website တို့တွင် အပတ်စဥ်ကြေညာပေးမည်ဖြစ်ပါသည်။ ထို့နောက် ဆုရရှိသော ကံထူးသူများအား ပြန်အမ်းငွေ (၂၀,၀၀၀) ကျပ် ဆုရရှိကြောင်း KBZPay အမည်ဖြင့် SMS ပေးပို့ အသိပေးအကြောင်းကြားသွားမည် ဖြစ်ပါသည်။ လူကြီးမင်းတို့အနေဖြင့်လည်း OTP နှင့် PIN အား မည်သူ့ကိုမှ မျှဝေခြင်းမပြုရန် အသိပေးလိုပါတယ်။

ဆုများကို ကံထူးသူမှသွားရောက်ထုတ်ယူရန်မလိုပါ။ ပြန်အမ်းငွေများကို ပြန်အမ်းငွေများကို ဆုရရှိကြောင်းကြေငြာပြီး (၃) ရက်အတွင်း ကံထူးသူ KBZPay Agent ရဲ့ အကောင့်ထဲကို တိုက်ရိုက်ထည့်သွင်းပေးမှာဖြစ်ပါတယ်။

Campaign ကာလအတွင်း ကံထူးရှင်တစ်ယောက်လျှင် တစ်ကြိမ်စီသာ ကံစမ်းနိုင်ပါသည်။