KBZPay Center များအား ခရစ်စမတ်နှင့်နှစ်သစ်ကူးရုံးပိတ်ရက်များအတွင်း ဖွင့်လှစ်မှာဖြစ်ပါတယ်

မြန်မာနိုင်ငံရှိ KBZPay အသုံးပြုသူ Customer များအတွက် KBZPay Center များအားလုံးကို ခရစ်စမတ်နှင့်နှစ်သစ်ကူးရုံးပိတ်ရက်များအပါအဝင် ပိတ်ရက်မရှိ မနက် ၉:၃၀ မှ ညနေ ၃:၃၀ ထိ ဝန်ဆောင်မှုများရယူနိုင်ပါတယ်။ ရယူနိုင်သောဝန်ဆောင်မှုများမှာ 

  • KBZPay သို့ ငွေသွင်းခြင်း
  • KBZPay အေးဂျင့် မှ ငွေထုတ်ခြင်း (တနင်္လာနေ့မှ စနေနေ့အထိသာ) (appointment အား KBZPay branch appointment မှ ကြိုတင်ယူရန် နှင့် ဝန်ဆောင်ခရှိပါမည်)
  • KBZPay အကောင့်ဖွင့်ခြင်း (ဘဏ်အကောင့်ဖြင့် ချိတ်ဆက်ခြင်း)
  • ကိုယ်ရေးအချက်အလက်များပြင်ဆင်ပေးခြင်း တို့ဖြစ်ပါသည်။

KBZPay အေးဂျင့်မှ ငွေထုတ်ခြင်း ဝန်ဆောင်မှုအားရယူနိုင်ရန် မိမိကိုယ်ပိုင် KBZPay account မှ ရယူထားသော Branch Appointment Booking အတည်ပြုချက်ဖြင့်သာသတ်မှတ်ထားသော ငွေသားပမာဏ (KBZPay အကောင့်တစ်ခုမှ ၂၀၀,၀၀၀ ကျပ်) အား ကိုယ်တိုင် ထုတ်ယူရမည်ဖြစ်ကြောင်း (ကိုယ်စားထုတ်ယူနိုင်မည်မဟုတ်ကြောင်း) ကိုလည်း ထပ်မံ အသိပေး အကြောင်းကြားအပ်ပါသည်။ထပ်မံတိုးချဲ့ထားသော KBZPay Center များနှင့် ရယူနိုင်သောဝန်ဆောင်မှုများကို အသေးစိတ်သိရှိလိုပါက ဤနေရာ ကိုနှိပ်ပါ။