KBZPay နဲ့ Gift Card ဝယ်ပြီး Spin Wheel လှည့်ကြမယ် 

KBZPay မှာ လက်ဆောင်ကဒ်အမျိုးမျိုး ဝယ်ယူအသုံးပြုနေတဲ့  KBZPay Users များအတွက် လက်ဆောင်ကဒ်တွေ ဝယ်ပြီး Spin Wheel လှည့်ကာ ဆုလက်ဆောင်များ ပြန်လည်ရယူနိုင်မယ့် အစီအစဉ်ကို စတင်လိုက်ပါပြီ။ 

အစီအစဉ်ကာလအတွင်း လက်ဆောင်ကဒ်ဝယ်ယူရာမှာ ၈၀၀ ကျပ်နဲ့အထက် ငွေပေးချေမှုတိုင်းအတွက် Spin Wheel တစ်ကြိမ်လှည့်ခွင့် ရရှိမှာဖြစ်ပြီး Spin Wheel ၅ ကြိမ်လှည့်ပြီးပါက Premium Spin Wheel တစ်ကြိမ်လှည့်ခွင့် ရရှိမှာဖြစ်ပါတယ်။  

Spin Wheel မှာ ပြန်အမ်းငွေများ နဲ့ လက်ဆောင်ကဒ်လျှော့ဈေးကူပွန်များကို ကံစမ်းခွင့်ရှိမှာဖြစ်ပြီး Premium Spin Wheel မှာတော့ Samsung Tablet အပါအဝင် ပြန်အမ်းငွေများ နဲ့ တန်ဖိုးမြင့် လက်ဆောင်ကဒ်ဈေးကူပွန်များကို ကံစမ်းခွင့်ရှိမှာဖြစ်ပါတယ်။  

စည်းမျဉ်းစည်းကမ်းများ သတ်မှတ်ထားပြီး အသေးစိတ်သိရှိလိုပါက ဤလင့် မှာ ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။  

Gift Card Spin Wheel အစီအစဉ်ကာလမှာ  ၂၀၂၂ ခုနှစ် မေလ ၂၀ ရက်နေ့မှ ၂၀၂၂ ခုနှစ် ဇွန်လ ၃ ရက်နေ့ အထိဖြစ်ပြီး ရရှိလာတဲ့ Spin Wheel လှည့်ခွင့်များကို အစီအစဉ်ကာလအတွင်း မည်သည့်အချိန်တွင်မဆို လှည့်ခွင့်ရှိပါတယ်။ 

Gift Card တွေဝယ်ပြီး Spin Wheel များများလှည့်နိုင်ဖို့ အခုပဲ ဒီလင့် ကို နှိပ်ပြီး ဝင်ရောက်နိုင်ပါပြီ။ 

မှတ်ချက် ။ ။ Gift Card ဝယ်ယူရာတွင် မိမိတွင်ရှိသော လျှော့ဈေးကူပွန်များအသုံးပြု၍ ငွေပေးချေပြီး ထိုငွေပေးချေမှုသည် ၈၀၀ ကျပ်နှင့်အောက် ဖြစ်ပါက Spin Wheel လှည့်ခွင့်ရရှိမည် မဟုတ်ပါ။ 

ပိုမိုလုံခြုံစိတ်ချရပြီး ပိုကောင်းတဲ့အတွေ့အကြုံအတွက် သင့် KBZPay ကိုနောက်ဆုံးအဆင့်သို့မြှင့်တင်လိုက်ပါ။
iOS: https://apple.co/31igRU9
Android : https://bit.ly/3rTwa2J