မိုခါ (MOCHA) မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် KBZ Bank ၊ KBZPay နှင့် KBZPay Market တို့မှ ဆောင်ရွက်ချက်များ (မေလ ၂၀၂၃) 

“မိုခါ (MOCHA) မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အတူတကွ ဖေးကူလို့ ထူမကြမယ်” ကမ်ပိန်း 
မြန်မာနိုင်ငံအတွင်း အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဝင်ရောက်တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ် ခံစားခဲ့ရသော ဒေသများ၊ အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ ကျောက်တော်၊ ဂွ နှင့် အခြားမြို့နယ်များတွင် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အများပြည်သူ စုပေါင်းပါဝင်ကူညီနိုင်ရန် KBZPay Market နှင့် မြန်မာနိုင်ငံ ကြက်‌ခြေနီအသင်း (MRCS) တို့ ပူးပေါင်း၍ စီစဥ် ဆောင်ရွက်ထားရှိပါသည်။

မြန်မာနိုင်ငံအတွင်း အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဝင်ရောက်တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ် ခံစားခဲ့ရသော ဒေသများ၊ အထူးသဖြင့် ရခိုင်ပြည်နယ်ရှိ စစ်တွေ၊ မြောက်ဦး၊ ကျောက်ဖြူ၊ ကျောက်တော်၊ ဂွ နှင့် အခြားမြို့နယ်များတွင် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အများပြည်သူ စုပေါင်းပါဝင်ကူညီနိုင်ရန် KBZPay Market နှင့် မြန်မာနိုင်ငံ ကြက်‌ခြေနီအသင်း (MRCS) တို့ ပူးပေါင်း၍ စီစဥ် ဆောင်ရွက်ထားရှိပါသည်။

မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အရေးပေါ်လိုအပ်မည့် အစားအသောက်၊ ဆေးဝါးနှင့် အသုံးအဆောင် ပစ္စည်းများကို KBZPay Market ပေါ်ရှိ “မိုခါ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အတူတကွ ဖေးကူလို့ ထူမကြမယ်” Campaign စာမျက်နှာတွင် MOCHA Cyclone Relief Care Packages များနှင့် မုန်တိုင်းဒဏ်သင့် ပြည်သူများ လိုအပ်နိုင်မည့် အခြားသော ကုန်ပစ္စည်းများကို ကိုယ်တိုင်ရွေးချယ် ဝယ်ယူလှူဒါန်းနိုင်ပြီး အဆိုပါ လှူဒါန်းပစ္စည်းများကို မုန်တိုင်းသင့်ပြည်သူများထံ KBZPay Market နှင့် Myanmar Red Cross Society (MRCS) တို့ ပူးပေါင်းစီစဥ် ပို့ဆောင်ပေးမည် ဖြစ်ပါသည်။

လှူဒါန်းပစ္စည်းများ ပို့ဆောင်ရမည့် လိပ်စာနေရာ၌ မိမိတို့ လိပ်စာအစား တိုင်းဒေသကြီးနေရာတွင် ရန်ကုန်တိုင်း၊ လိပ်စာနေရာတွင် Red Cross ဟု ထည့်သွင်းရေးသားရန် လိုပါသည်။ Red Cross သို့ လိပ်မူထားသော ကုန်ပစ္စည်းအမှာစာများကို မုန်တိုင်းဒဏ်သင့်ပြည်သူများထံ အမြန်ဆုံးရောက်ရှိနိုင်ရေးအတွက် ဦးစားပေး ပို့ဆောင်သွားမည် ဖြစ်ပြီး၊ ပုံမှန် အမှာစာများအတွက် ကုန်ပစ္စည်းလက်ကျန်ရှိမှု‌ပေါ် မူတည်ပြီး ဆက်သွယ်ဆောင်ရွက်သွားပါမည်။ 

ကျသင့်သည့် ပို့ဆောင်ခ ကိုလည်း ပါဝင်လှူဒါန်းသည့် Customer များ၏ KBZPay wallet သို့ ၄၈ နာရီအတွင်း ပြန်လည် ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။

MOCHA Relief Care Packages နှင့် မုန်တိုင်းဒဏ်သင့်ပြည်သူများ လိုအပ်နိုင်မည့် အခြားကုန်ပစ္စည်းများကို အောက်ဖော်ပြပါ လင့်ခ် တွင် ဝင်ရောက်ကြည့်ရှုပြီး မိုခါ မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် အတူတကွ ဖေးကူလို့ ထူမကြပါစို့။

ကမ်ပိန်းကာလ >> ၁၇ – ၃၁ ၊ မေလ ၂၀၂၃
လှူဒါန်းရန် =>  https://bit.ly/3ogq3bj
စည်းမျဥ်းစည်းကမ်းနှင့်သတ်မှတ်ချက်များ ကြည့်ရှုရန် ဒီနေရာကို နှိပ်ပါ

မိုခါ (MOCHA) မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် အတူတကွ ဖေးကူလို့ ထူမကြမယ် အစီအစဥ်တွင် ပါဝင်လှူဒါန်းရန် ဆောင်ရွက်ပုံအဆင့်ဆင့်

လှူဒါန်းပစ္စည်းများ ဝယ်ယူရန် အောက်တွင်ဖော်ပြထားသည့် အဆင့်များအတိုင်း အလွယ်တကူပြုလုပ်နိုင်ပါသည်။

သတိပြုရန် – လှူဒါန်းပစ္စည်းများ ပို့ဆောင်ရမည့် လိပ်စာနေရာ၌ မိမိတို့ လိပ်စာအစား တိုင်းဒေသကြီးနေရာတွင် ရန်ကုန်တိုင်း၊ လိပ်စာနေရာတွင် Red Cross ဟု ထည့်သွင်းရေးသားရန် လိုပါသည်။ (ပုံအမှတ် ၅ တွင် အသေးစိတ် ကြည့်ရှုနိုင်ပါသည်။) 

Red Cross သို့ လိပ်မူထားသော ကုန်ပစ္စည်းအမှာစာများကို မုန်တိုင်းဒဏ်သင့်ပြည်သူများထံ အမြန်ဆုံး ရောက်ရှိနိုင်ရေးအတွက် ဦးစားပေး ပို့ဆောင်သွားမည် ဖြစ်ပြီး၊ ပုံမှန် အမှာစာများအတွက် ကုန်ပစ္စည်းလက်ကျန်ရှိမှု‌ပေါ် မူတည်ပြီး ဆက်သွယ်ဆောင်ရွက်သွားပါမည်။ 


မိုခါ (MOCHA) မုန်တိုင်းဒဏ်သင့်ပြည်သူများအတွက် 
ငွေကြေးအားဖြင့် ပါဝင်လှူဒါန်းနိုင်သည့် KBZPay QR 

ဆိုင်ကလုန်းမုန်တိုင်း မိုခါ (MOCHA) ဝင်ရောက်တိုက်ခတ်မှုကြောင့် မုန်တိုင်းဒဏ် ခံစားခဲ့ရသည့် နေရာဒေသများနှင့်  လူမှုအဖွဲ့အစည်းများကို  ငွေကြေးအားဖြင့် ပါဝင်ကူညီလိုသူများအနေဖြင့် အောက်ဖော်ပြပါ KBZPay QR များမှတစ်ဆင့် ပါဝင်လှူဒါန်းနိုင်ပါသည်။ 

Natural Disaster Management Fund KBZPay QR

လှူဒါန်းရန် ဆောင်ရွက်ပုံအဆင့်ဆင့်

၁) KBZPay အက်ပလီကေးရှင်းကိုဖွင့်၍ မိမိ အကောင့်ထဲသို့ဝင်ပါ။ 
၂) ‘Scan’ကို နှိပ်ပါ။
၃) မိမိလှူဒါန်းလိုသော အဖွဲ့အစည်း၏ QR Code ကို Scan ဖတ်ပါ။
၄) မိမိလှူဒါန်းလိုသော ငွေသားပမာဏကို ထည့်သွင်းပါ။ 
၅) ငွေလွှဲမည်ကိုနှိပ်ပြီး လှူဒါန်းနိုင်ပါသည်။ 

QR ကုတ်မှတစ်ဆင့် ငွေလွှဲသည့်အခါတွင် ဝန်ဆောင်ခတစ်စုံတရာ ပေးရန်လိုအပ်မည်မဟုတ်ပါ။ 


မိုခါ (MOCHA) မုန်တိုင်းသင့်ဒေသများအတွက် 
ကမ္ဘောဇဘဏ်၏ ငွေလွှဲဝန်ဆောင်ခ အခမဲ့ အစီအစဥ်

ကမ္ဘောဇဘဏ်အနေဖြင့် ရခိုင်ပြည်နယ်မှ မုန်တိုင်းဒဏ်သင့် ဒေသများရှိပြည်သူများ အဆင်ပြေစေရန် ရည်ရွယ်၍ “ငွေလွှဲခ အခမဲ့” အစီအစဉ်ဖြင့် အကူအညီပေးလျက်ရှိပါသည်။

မေလ ၁၇ ရက်နေ့ မှ ဇွန်လ ၃၀ ရက်နေ့အတွင်း ရခိုင်ပြည်နယ်ရှိ အောက်ပါဘဏ်ခွဲများမှ  အခြားဘဏ်ခွဲများသို့ မှတ်ပုံတင်ဖြင့် ငွေလွှဲသည့်အခါဖြစ်စေ အခြားဘဏ်များမှ ရခိုင်ပြည်နယ်အတွင်းရှိ ဘဏ်ခွဲများသို့ မှတ်ပုံတင်ဖြင့် ငွေလွှဲသည့်အခါဖြစ်စေ ငွေလွှဲသူနှင့် ငွေလွှဲလက်ခံသူများ အနေဖြင့် မည်သည့် ဝန်ဆောင်ခ‌မျှပေးအပ်ရန်မလိုဘဲ အခမဲ့ ဝန်ဆောင်မှုရယူနိုင်ပြီဖြစ်ပါသည်။ 

ထို့အပြင် customer များအနေဖြင့် မေလ ၁၇ ရက်နေ့ မှ ဇွန်လ ၃၀ ရက်နေ့အတွင်း ရခိုင်ပြည်နယ်ရှိ ကမ္ဘောဇ ဘဏ်ခွဲများတွင် ဖွင့်လှစ်ထားသည့် ဘဏ်စာရင်းတစ်ခု သို့ဖြစ်စေ၊ ဘဏ်စာရင်းတစ်ခုမှဖြစ်စေ ဘဏ်စာရင်း ဖွင့်လှစ်ထားသည့် မည်သည့်ဘဏ်ခွဲထံသို့ဖြစ်စေ၊ မည်သည့်ဘဏ်ခွဲထံမှဖြစ်စေ အောက်တွင်ဖော်ပြထားသည့်  transaction များကို ပြုလုပ်ရာတွင် ဝန်ဆောင်ခ ကင်းလွတ်ခွင့် ‌ရရှိမည်ဖြစ်ပါသည်။ 

(၁) Cash Deposit – ငွေသွင်းခြင်း

(၂) Cash Withdrawal – ငွေထုတ်ခြင်း

(၃) Inhouse Cheque Deposit (Debit Account အနေဖြင့်ဖြစ်စေ၊ Credit Account အနေဖြင့်ဖြစ်စေ ချက်လက်မှတ်ဖြင့် ငွေသွင်း/ငွေထုတ်ခြင်း)

(၄) Account to Account Transfer (Debit Account အနေဖြင့်ဖြစ်စေ၊ Credit Account အနေဖြင့်ဖြစ်စေ account အချင်းချင်း ငွေလွှဲခြင်း)


မိုခါ မုန်တိုင်းဒဏ်သင့်ဒေသတွင်းရှိ ကမ္ဘောဇဘဏ်ခွဲများတွင်
KBZPay ၏ ဝန်ဆောင်ခများ အခမဲ့ပေးခြင်းအစီအစဉ်

မေလ ၁၈ ရက်နေ့ မှ ဇွန်လ ၃၀ ရက်နေ့အတွင်း ရခိုင်ပြည်နယ်ရှိ ဝန်ဆောင်မှု ပြန်လည််   ပေးအပ်နေသော ဘဏ်ခွဲများတွင် KBZPay ၏ဝန်ဆောင်မှုများဖြစ်သော

၁) KBZPay မှတဆင့် ငွေလွှဲခြင်း
၂) KBZPay မှတဆင့် ငွေထုတ်ခြင်း
၃) Quick Pay ဝန်ဆောင်မှုများအသုံးပြုခြင်း စသည့်ဝန်ဆောင်မှုများကို အသုံးပြုသူများအနေဖြင့် မည်သည့် ဝန်ဆောင်ခ‌မျှပေးအပ်ရန်မလိုဘဲ အခမဲ့ ဝန်ဆောင်မှုရယူနိုင်ပါသည်။ 


ကမ္ဘောဇဘဏ် ဝန်ထမ်းများအတွက်
MOCHA Helpdesk Hotline များ

MOCHA ဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် အင်တာနက်လိုင်း ဖုန်းလိုင်း ပြတ်တောက်မှုများ ဖြစ်ပွားခဲ့ရာ အဆိုပါဒေသများရှိ ဝန်ထမ်းများနှင့် အဆက်အသွယ် ပြတ်တောက်မှုအချို့ ကြုံတွေ့ခဲ့ရပါသည်။ သို့ဖြစ်၍ အဆိုပါ မုန်တိုင်းဒဏ်သင့် ဒေသများရှိ ဘဏ်ခွဲများ၊ ဝန်ထမ်းများနှင့် ဝန်ထမ်းမိသားစုများအတွက် လိုအပ်သည့် အကူအညီများ အမြန်ဆုံး ပေးအပ်နိုင်ရန် ကမ္ဘောဇဘဏ်ရုံးချုပ်မှ အစွမ်းကုန် ကြိုးပမ်းဆောင်ရွက်ခဲ့ပါသည်။ 

ဘဏ်ခွဲ နှင့် ဝန်ထမ်းများသာမက ဝန်ထမ်းမိသားစုများ မုန်တိုင်းဒဏ်ကြောင့် ရင်ဆိုင်ကြုံတွေ့ရသော အခက်အခဲ စိန်ခေါ်မှုများနှင့် ပတ်သက်၍ အဆိုပါဒေသရှိ ဝန်ထမ်းများမှ ဖြစ်စေ၊ ထိုဒေသများရှိ ဝန်ထမ်းများနှင့် အဆက်အသွယ်ရရှိသော ဝန်ထမ်းများမှတဆင့်ဖြစ်စေ သတင်းပေးပို့ အကြောင်းကြား အကူအညီ တောင်းခံနိုင်ရန် Internal Helpdesk Hotline များထားရှိပြီး အချိန်နှင့် တပြေးညီ အကူအညီပေးနိုင်ရန် ဆောင်ရွက်ထားရှိပါသည်။ 

မုန်တိုင်းဒဏ်ကြောင့် သက်ရောက်ထိခိုက်မှုရှိသော ဘဏ်ခွဲများအတွက် လိုအပ်သလို သန့်ရှင်းရေးပြုလုပ်ခြင်း ၊ ပိုးသတ်ခြင်း၊ လုံခြုံရေး ကိစ္စရပ်များ ၊ ပြန်လည်ပြုပြင်ဆောက်လုပ်ရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း ၊ စက်ပစ္စည်းများ ထိန်းသိမ်းပြုပြင်ခြင်း ကိစ္စရပ်များအတွက်လည်း ကမ္ဘောဇဘဏ်၏ Admin/ DPS ( Digital Professional Services) Team များမှ လိုအပ်သည့်အကူအညီများ ပေးအပ်ခဲ့ပါသည်။

“ ချိတ်ဆက်” နှင့် KBZPay တို့မှ KBZPay Integration ဆိုင်ရာ နားလည်မှု စာချွန်လွှာတွင် လက်မှတ်ရေးထိုး

ရန်ကုန်၊ ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်နေ့ − ‘ချိတ်ဆက်’ Freelancing Platform နှင့် KBZPay တို့မှ KBZPay Integration  ဆိုင်ရာ အတူတကွ ပူးပေါင်းဆောင်ရွက်ခြင်း နားလည်မှု စာချွန်လွှာကို လက်မှတ်ရေးထိုးလိုက်ကြောင်း ကြေညာလိုက်ပါသည်။ 

နားလည်မှု စာချွန်လွှာ၏ ရည်ရွယ်ချက်မှာ မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းများအနေဖြင့် ဒီဂျစ်တယ် ရောင်းဝယ်ဖောက်ကားမှုများဆောင်ရွက်ရာတွင် ဒီဂျစ်တယ် ငွေကြေးပေးချေမှုစနစ်ကို ပိုမိုအသုံးပြုလာနိုင်ရန်အတွက် KBZPay ၏ လိုအပ်သော နည်းပညာဆိုင်ရာ ထောက်ပံ့မှုများကို လွယ်ကူစွာ ရရှိနိုင်ရန်နှင့် Freelance Developer များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်းကောင်းများ ပိုမိုရရှိလာစေရန် ဖြစ်ပါသည်။

ယခုပူးပေါင်းဆောင်ရွက်မှုသည် ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁၄ ရက်နေ့တွင် စတင်မည်ဖြစ်ပြီး ‘ချိတ်ဆက်’တွင် မှတ်ပုံတင်ထားသော အလွတ်တန်းပညာရှင် Developer များကို KBZPay Integration နှင့် သက်ဆိုင်သော သင်တန်းများအား KBZPay ဘက်မှ မျှဝေပေးသွားမည် ဖြစ်ပါသည်။ ထို့အပြင် သင်တန်းများ တက်ရောက်ပြီးဆုံး၍ ကျွမ်းကျင်မှုဆိုင်ရာ လက်တွေ့ပြုလုပ်ချက်နှင့် စစ်ဆေးချက်များ အောင်မြင်ပါက KBZPay Integration Certified Developer အဖြစ် လက်မှတ် ရရှိမည်ဖြစ်ပါသည်။ 

သင်တန်းဆင်းလက်မှတ်ရရှိပြီးသူများအား ‘ချိတ်ဆက်’ Freelancing Platform ဝက်ဘ်ဆိုက်တွင် ထင်ရှားသော အမှတ်အသား ပြုလုပ်ပေးထားပြီး Certificate ကို ပြသနိုင်ထားနိုင်သောကြောင့် လုပ်ငန်းရှင်များ လာရောက်ရှာဖွေသည့်အခါ အလွယ်တကူ တွေ့မြင်နိုင်ရန် ကူညီပေးနိုင်ပါသည်။

‘ချိတ်ဆက်’ Freelancing Platform ၏ Chief Executive Officer ဒေါ်ဟန်နီမြဝင်း ပြောကြားသည်မှာ − “ကျွန်မတို့ ‘ချိတ်ဆက်’ အနေနဲ့ မြန်မာနိုင်ငံရဲ့ ထိပ်တန်း မိုဘိုင်းပိုက်ဆံအိတ် တစ်ခုဖြစ်တဲ့ KBZPay နဲ့ လက်တွဲပြီး အသေးစားနဲ့ အလတ်စား စီးပွားရေးလုပ်ငန်းတွေကို ဒီဂျစ်တယ် အသွင်ကူးပြောင်းခြင်းမှာ ပိုမိုကူညီနိုင်မယ်လို့ ယုံကြည်ပါတယ်။ အခုလို ကမ္ဘာလုံးဆိုင်ရာ ကပ်ရောဂါဖြစ်ပွားနေတဲ့ ကာလမှာလည်း အွန်လိုင်းငွေပေးချေမှု နည်းလမ်းတွေကို လုပ်ငန်းရှင်တွေအနေနဲ့ ပိုမိုအသုံးပြုလာတာကြောင့် အလွတ်တန်းပညာရှင် developer များကိုလည်း KBZPay နဲ့ ပတ်သက်တဲ့ အကြောင်းအရာတွေ၊ Payment Integration နည်းပညာတွေကို ယခုပူးပေါင်းဆောင်ရွက်မှုကနေ မျှဝေပေးသွားမှာပါ။” 

KBZPay ၏ Head of Product and Service Development ဦးဇေယျာဝေဖြိုး ပြောကြားသည်မှာ − “

မြန်မာနိုုင်ငံမှာ e-commerce တိုးတက်လာတာနဲ့အမျှ KBZPay လိုမျိုး လုံခြုံစိတ်ချရပြီး မိုဘိုင်းဖုန်းနဲ့တင် အသုံးပြုနိုင်တဲ့ မိုဘိုင်းပိုက်ဆံအိတ် mobile wallet တွေရဲ့ အရေးပါမှုဟာလဲ အလွန်ပဲ မြင့်တက်လာတာ တွေ့ရမှာဖြစ်ပါတယ်။ အခုလို global pandamic ကာလမှာ မရှိမဖြစ်လို့ပြောရလောက်အောင် အရေးပါလာတာ တွေ့ရမှာဖြစ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ လုပ်ငန်းအတွက် လိုအပ်လာတဲ့ KBZPay payment တွေကို ရေးပေးနိုင်တဲ့ စိတ်ချယုံကြည်ရတဲ့ နည်းပညာရှင်တွေ ချိတ်ဆက် လုပ်ဆောင်နိုင်လာအောင် ပူးပေါင်းဆောင်ရွက်ရတာဖြစ်ပါတယ်။ KBZPay အနေနဲ့ developer တွေကို KBZPay payment နည်းပညာပလပ်ဖောင်းအတွက် လိုအပ်တဲ့ နည်းပညာတွေကို ‘ချိတ်ဆက်’နဲ့ ပူးပေါင်းပြီး မျှဝေပေးနိုင်တဲ့အတွက်လည်း များစွာဂုဏ်ယူမိပါတယ်။”

စိတ်ပါဝင်စားသော ချိတ်ဆက်’ရှိ freelancer များအနေဖြင့် ‘ချိတ်ဆက်’မှ ပို့လွှတ်လိုက်သော email ရှိ Link ကို သော်လည်းကောင်း၊ ‘ချိတ်ဆက်’  Customer Experience သို့ ဖုန်းဖြင့် ဖြစ်စေ၊ Facebook Page သို့ ဖြစ်စေ တိုက်ရိုက်ဆက်သွယ်ခြင်းဖြင့်လည်းကောင်း ပထမ အကြိမ် Training အတွက် စာရင်းပေးသွင်းနိုင်နေပြီ ဖြစ်ပါသည်။

KBZPay မှ Mobile Legends ပရော်ဖက်ရှင်နယ်လိဂ် Season 3 ဂိမ်းပြိုင်ပွဲ ဗိုလ်လုပွဲတက်ရောက်သည့် အသင်းများအား ဆုကြေးငွေများ

ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ ၂၉ ရက်နေ့ – မြန်မာနိုင်ငံ၏ ဦးဆောင်မိုဘိုင်းပိုင်ဆံအိတ် KBZPay သည် Moonton ဂိမ်းကုမ္ပဏီမှ ကြီးမှူးကျင်းပသည့် နိုင်ငံအတွင်း အကြီးဆုံး Mobile Legends ဂိမ်းပြိုင်ပွဲကြီး Mobile Legends Professional League (MPL) Season 3 တွင် အနိုင်ရရှိသူများအား ဆုကြေးငွေများ ပေးအပ်ချီးမြှင့်ခဲ့ပါသည်။ ပြိုင်ပွဲဝင်အသင်းရာကျော်တို့၏ ပွဲစဉ်များစွာဖြင့် သုံးလကြာ ကျင်းပလာခဲ့သည့် ဂိမ်းပြိုင်ပွဲကြီး၏ နောက်ဆုံးအဆင့် ဗိုလ်လုပွဲကြီးအား Yangon Convention Centre တွင် ၂၀၁၉ အောက်တိုဘာလ ၂၇ရက် တွင် ကျင်းပပြုလုပ်ခဲ့သည်။ ဗိုလ်လုပွဲသို့ တက်ရောက်နိုင်ခဲ့သည့် အဖွဲ့ (၆) ဖွဲ့သည် ပရိတ်သတ်ပေါင်း ထောင်သောင်းများစွာတို့၏ ရှေ့မှောက်တွင် ဆုကြေးငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ (၅၀,၀၀၀) တန်ဖိုးရှိ ဆုငွေများ ပိုင်ဆိုင်နိုင်ရန်အတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြ

KBZPayသည် မြန်မာနိုင်ငံ၏ ဂိမ်းအားကစားကဏ္ဍ ပိုမိုထွန်းကားလာရေး ပံ့ပိုးကူညီပေးနိုင်ရန် MPL Season 3 ပြိုင်ပွဲတွင် Epic Sponsorစပွန်ဆာအဖြစ် Moonton နှင့်အတူဆက်လက် ပူးပေါင်းဆောင်ရွက်ခဲ့သည်။ KBZPay အနေဖြင့် Mobile Legends အက်ပလီကေးရှင်းအတွင်း စိန်များဝယ်ယူရာတွင် လွယ်ကူရိုးရှင်းသော အဆင့်များဖြင့် ဝယ်ယူနိုင်ရန် စီစဉ်ပေးထားသောကြောင့် ဂိမ်းကစားသူများ အနှောင့်အယှက် အနည်းဆုံးဖြင့် အဆင်ပြေလွယ်ကူစွာ ဂိမ်းဆက်လက် ကစားနိုင်မည် ဖြစ်ပါသည်။ MPL Season 3 နောက်ဆုံးအဆင့် ဗိုလ်လုပွဲကြီးတွင် KBZPay အဖွဲ့သား များက ပွဲလာပရိသတ်များနှင့် တွေ့ဆုံပြီး KBZPay အသုံးပြုခြင်းဖြင့် ရရှိနိုင်သော အကျိုးကျေးဇူးများကို ရှင်းလင်းပြသ ပေးခဲ့ကြသည်

ပြိုင်ဆိုင်မှုပြင်းထန်ခဲ့သည့် Mobile Legends ပွဲစဉ်ပေါင်းများစွာ ယှဉ်ပြိုင်ကစားပြီးနောက် MPL Season 3 ချန်ပီယံဆုကြီးကို သိမ်းပိုက်နိုင်ရန် Burmese Ghouls နှင့် Team Cyanide တို့က နောက်ဆုံး ဗိုလ်လုပွဲစဉ်ကို အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့ကြသည်။ နောက်ဆုံးပွဲစဉ်အပြီးတွင် Burmese Ghouls က အနိုင်ရဗိုလ်စွဲခဲ့ပြီး ပြိုင်ပွဲ၏ အမြင့်ဆုံးဆုကြေးငွေ အမေရိကန်ဒေါ်လာ ၁၃,၀၀၀ ကို ဆွတ်ခူးရရှိ ခဲ့ပါသည်။ ကမ္ဘောဇဘဏ်၊ Transaction Banking ဌာန၏ Deputy Head ဖြစ်သူ ဦးဇေယျာဝေဖြိုးက ဗိုလ်လုပွဲတက်ရောက်သည့် အသင်းများအား ဆုကြေးငွေများ အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ပါသည်။

MPL Season 3 နောက်ဆုံးအဆင့် ဗိုလ်လုပွဲစဉ်များမှ ဆုရရှိသူများစာရင်းမှာ အောက်ပါအတိုင်းဖြစ်သည် –

အဆင့်အသင်းအမဆုကြေးငွေ (USD
ChampionBurmese Ghouls၁၃,၀၀၀
1st Runner UpTeam Cyanide၆,၀၀၀
2nd Runner UpClaw Esports၃,၀၀၀
3rd Runner UpYangon Galacticos၂,၀၀၀
4th/5th Runner UpMega Myanmar၁,၀၀၀
4th/5th Runner UpOut World၁,၀၀၀

ပြီး –

KBZPay အကြောင်း

KBZPay သည် ပြည်သူလူထုအား တစ်ချိန်က လူအများစု လက်လှမ်းမမီခဲ့သည့် ဒစ်ဂျစ်တယ် စီပွားရေးစနစ် တစ်ခုနှင့် ချိတ်ဆက်ပေးလျက်ရှိသည့် မိုဘိုင်းပိုက်ဆံအိတ်ဖြစ်သည်။ မြန်မာနိုင်ငံ၏ တိုးတက်ဖွံ့ဖြိုးရေး ရည်မှန်းချက်များနှင့် လိုအပ်ချက်များအား ထောက်ပံ့ကူညီပေးရန်အတွက် အားလုံးအသုံးပြုနိုင်သော ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများ ပေးအပ်နိုင်ရန်ဆိုသည့် ကမ္ဘောဇဘဏ်၏ ရည်မှန်းချက်နှင့်အညီ ၂၀၁၈ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့ ပြီး KBZPay သည် ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုများကို ဘဏ်ခွဲပြင်ပရှိ အသုံးပြုသူများ၏ လက်ဖဝါးပေါ်တွင် ရယူ အသုံးပြုနိုင်ရန် ဝန်ဆောင်မှုပေးလျက်ရှိနေပြီ ဖြစ်သည်။

သန်းပေါင်းများစွာသော ဝန်ဆောင်မှု အသုံးပြုသူများသည် ယခုအခါ KBZPay ဖြင့် ၎င်းတို့၏ ငွေကြေးများကို စီမံခန့်ခွဲနိုင်ခြင်း၊ ဈေးဝယ်ရာတွင်နှင့် ဝန်ဆောင်မှုရယူရာတွင် ငွေပေးချေခြင်း၊ ငွေလက်ခံနိုင်ခြင်း၊ ချစ်ခင်ရသူများ အတွက် ငွေလွှဲနိုင်ခြင်းနှင့် ယခင်က အချိန်ကုန်လူပင်ပန်းစွာ နေ့စဉ်လုပ်ဆောင်ရသည့် ငွေကြေးဆိုင်ရာ အလုပ်များ အား အလွယ်တကူ ဆောင်ရွက်နိုင်ခြင်းစသည့် ဘဏ်ဝန်ဆောင်မှု အတွေ့အကြုံသစ်တစ်ခုကို ရယူ အသုံးပြုနေကြပြီ ဖြစ်ပါသည်။ KBZPay သည် အကောင်းဆုံးနှင့် အလုံခြုံဆုံး နည်းပညာအား အသုံးပြုထားပြီး ကမ္ဘောဇဘဏ်မှ ဝန်ထမ်း (၁၈,၀၀၀) တို့၏ တက်ကြွစွာ လုပ်ဆောင်မှုဖြင့် မြန်မာနိုင်ငံ၏ ထိပ်တန်း မိုဘိုင်းပိုက်ဆံအိတ်အဖြစ် ရပ်တည် လျက်ရှိပြီး နေ့စဉ် မြန်မာနိုင်ငံ တစ်ဝန်းရှိ အသုံးပြုသူများကို ထောင်ပေါင်းများစွာသော KBZPay အရောင်းဆိုင်ပိုင်ရှင် များနှင့် ကိုယ်စားလှယ်များဖြင့် ချိတ်ဆက်ပေးလျက် ရှိပါသည်။ အသေးစိတ်ပိုမိုသိရှိလိုပါက www.kbzpay.com နှင့် http://www.facebook.com/KBZPay တွင်ဝင်ရောက် လေ့လာနိုင်ပါသည်။

ထပ်မံမေးမြန်းစုံစမ်းလိုပါကဆက်သွယ်ရန် – 

Chilli Agency

မနှင်းနုလွင်

ဖုန်း- ၀၉ ၄၅၂၂၃ ၃၃၀၅

မေးလ်- hninnulwin@chilli.agency

မမေလွင်ဦး

ဖုန်း- ၀၉ ၇၆၈၀၈၃၅၁၁

မေးလ်- maylwinoo@chilli.agenc

KBZPay မှ ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး အစီအစဉ်များကို တက္ကသိုလ်ကျောင်းများတွင် အထူးအလေးပေး လှုပ်ရှားဆောင်ရွက်နေ

ရန်ကုန်၊ မြန်မာ၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၆ ရက် – မြန်မာနိုင်ငံရှိ လူငယ်လူရွယ်များအတွက် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာများ ပို့ချပေးနိုင်ရန် KBZPay နှင့် တက္ကသိုလ်ကျောင်းများ၏ စုပေါင်းအင်အားတစ်ရပ် ဖြင့်ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး ဆွေနွေးဟောပြောပွဲများစွာ ကျင်းပပြုလုပ်ခဲ့ရာ မြန်မာနိုင်ငံတစ်ဝန်းရှိ ကျောင်းသား၊ ကျောင်သူ (၁၀,၀၀၀) ကျော် တက်ရောက်ခဲ့ပြီးဖြစ်ပါသည်။ ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလမှ စတင်၍ အသိပညာပေး ဆွေးနွေးဟောပြောပွဲများကို ဧရာဝတီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကယယားပြည်နယ်၊ မန္တ္တ္တ္တလေးတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးတို့ရှိ တက္ကသိုလ်ကျောင်းပေါင်း (၂၉) ကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ပြီး ဖြစ်ပါသည်။


ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေးဆွေးနွေဟောပြောပွဲများသည် တက်ရောက်သူများအတွက် မိမိတို့ တစ်ကိုယ်ရည်သုံး ငွေကြေးဆိုင်ရာ စီမံခန့်ခွဲမှု စွမ်းရည်နှင့် အသိပညာများ ရရှိစေနိုင်မည် ဖြစ်သည်။ အဆိုပါ အသိပညာပေး အခမ်းအနားများတွင် ငွေစုရန် အရေးကြီးပုံနှင့် မိမိဝင်ငွေကို ကောင်းစွာ စီမံခန့်ခွဲနည်း၊ လူအများ၏ နေ့စဉ် ဘဝအတွက် ငွေကြေးဆိုင်ရာအသုံးချ နည်းပညာများမှ ဖန်တီးပေးနိုင်သည့် အကျိုးကျေးဇူးများ၊ ဘေးကင်း လုံခြုံစွာ အွန်လိုင်းအသုံးပြုနည်းများ အပါအဝင် မြန်မာနိုင်ငံ၏ တိုးတက်မှုအမြန်ဆုံး မိုဘိုင်းပိုက်ဆံအိတ်တစ်ခုဖြစ်သည့် KBZPay အသုံးပြုနည်းလမ်းညွှန် စသည့် အကြောင်းအရာများကို ဆွေးနွေးပြောကြားခဲ့ပါသည်။

“လွန်ခဲ့တဲ့နှစ်အနည်းငယ်လေးအတွင်း ထူးထူးခြားခြား ပြောင်းလဲလာတာတစ်ခုက အခုခေတ်မှာ တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူတွေဟာ အင်တာနက်အသုံးပြုနိုင်တဲ့ မိုဘိုင်းဖုန်းတွေရှိလာပြီး အရမ်းငယ်သေးတဲ့ အရွယ်မှာတင် ဒစ်ဂျစ်တယ်နဲ့ ငွေကြေးဝန်ဆောင်မှုတွေကို ရယူအသုံးပြုနိုင်လာကြတာ တွေ့ရပါတယ်။ ကျောင်းသားတွေ ကို ငွေကြေးစီမံခန့်ခွဲမှုဆိုင်တဲ့ အခြေခံအချက်တွေ သင်ကြားပေးပြီး ငွေရေးကြေးရေး လုပ်ငန်းတွေအကြောင်း သတိပြုမိလာအောင် လုပ်ပေးထားတဲ့အတွက် သူတို့အနေနဲ့ နေ့စဉ် ငွေရေးကြေးရေး လုပ်ဆောင်ချက်တွေ လုပ်တဲ့ အချိန်ကျ အခြေခံ အသိပညာ၊ ဗဟုသုတတွေ ရှိသွားတာပေါ့။ အခုလို ကျွန်တော်တို့ ကျောင်းက ကျောင်းသာတွေ အတွက် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲတွေ ကျင်းပပြုလုပ်ပေးတဲ့ ကမ္ဘောဇဘဏ်နဲ့ KBZPay ကို ကျေးဇူးအထူးတင်ရှိကြောင်းပြောချင်ပါတယ်” ဟု ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်က ပြောသည်။

အသိပညာပေး ဆွေးနွေးပွဲများတွင် စိတ်ဝင်စားဖွယ်ရာ ဝေမျှဆွေးနွေးခြင်၊ အပြန်အလှန် အမေး၊ အဖြေပြုလုပ်ခြင်းနှင့် live polling အစီအစဉ်များ အပါအဝင် ကျောင်းသားများ၏ ကိုယ်ပိုင်အတွေ့အကြုံများကို မျှဝေခြင်နှင့် သူငယ်ချင်းများနှင့် အတွေး၊ အမြင် ဖလှယ်ခြင်း စသည့် အစီအစဉ်များ ထည့်သွင်းပြုလုပ်ခဲ့ပါသည်။


ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ကျင်းပပြုလုပ်ခဲ့သည့် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြော ပွဲတွင် တက်ရောက်ခဲ့သော ကိုစည်သူခန့်မင်း က “ ကျောင်းသားဆိုတော့ တစ်ကိုယ်ရည်သုံး ငွေကြေးစီမံခန့်ခွဲမှုအကြောင်း သိပ်ပြီး မစဉ်းစားမိသလို တစ်ချို့ဆိုရင် ဒီဗဟုသုတတွေက ဘယ်လောက်အရေးကြီးလဲဆိုတာကိုတောင် နားမလည် ကြပါဘူး။ KBZPay က လုပ်ပေးတဲ့ ဆွေးနွေးဟောပြောပွဲက ကျွန်တော်တို့ကို ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ စွမ်းရည်တွေ ရှိလာအောင် ကူညီပေးပြီး စာသင်ခန်းပြင်ပက နေ့စဉ်ဘဝမှာ အသုံချနိုင်အောင် ပြင်ဆင်ပေးလိုက်တာ ဖြစ်ပါတယ်၊ အခုလို အသိပညာတွေ ရရှိခဲ့တဲ့အတွက် အရမ်းကို ကျေးဇူးတင်ပါတယ်။ နောင်ကိုလည်း ဒီလိုမျိုး ဆွေနွေးဟောပြောပွဲတွေ တက်ပြီး လေ့လာချင်ပါတယ်” ဟု ပြောသည်။


ယခုကဲ့သို့ ဆွေးနွေးဟောပြောပွဲများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိရာတွင် KBZPay က လာမည့်လများအတွင်း ပဲခူးတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် အပါအဝင် တက္ကသိုလ်ကျောင်း (၄၄) ခုတွင် ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာပေး ဆွေးနွေးဟောပြောပွဲများ ဆက်လက် ကျင်းပပြုလုပ်သွားမည် ဖြစ်ပါသည်။


“ ကမ္ဘောဇဘဏ်က မြန်မာနိုင်ငံက ပြည်သူအများကြီးရဲ့ ဘဝတွေကို တိုးတက်ပြောင်းလဲပေးနိုင်တဲ့ ကြီးမားလှတဲ့ အခွင့်အလမ်းတစ်ခုအဖြစ် မိုဘိုင်းဖုန်းကနေ ငွေကြေးဝန်ဆောင်မှုတွေ အများကြီးကို ရယူအသုံးပြုနိုင်ပြီး အခမဲ့ ငွေအသွင်း၊ အထုတ်လုပ်လို့ရတဲ့ အကောင့်ကနေစလို့ အားလုံး ပါဝင်အသုံးပြုနိုင်တဲ့ ဘဏ္ဍာရေးစနစ်တစ်ခု ပေါ်ပေါက်လာရေးကို အလေးပေး လုပ်ဆောင်ခဲ့တာပါ။ အဲ့ဒီ ပန်းတိုင်ဆီကို ရောက်ဖို့ ကျွန်တော်တို့ ကြိုးပမ်းနေချိန်မှာ ကျွန်တော်တို့ အဖွဲ့တွေကို ကျောင်းသားတွေအတွက် ငွေကြေးဆိုင်ရာ အသိပညာတွေ မျှဝေနိုင်ဖို့ ခွင့်ပြုပေးခဲ့ကြတဲ့ မြန်မာနိုင်ငံ အနှံ့အပြားက တက္ကသိုလ်ကျောင်းတွေနဲ့ သက်ဆိုင်ရာပါမောက္ခကြီးများကို သူတို့ရဲ့ပူးပေါင်းပါဝင်မှုအတွက် အထူးကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။ ကျွန်တော်တို့ဘက်ကလည်း ဘဏ်ခွဲပြင်ပအထိ သွားရောက်ပြီး အသုံးပြုသူတွေအတွက် အကောင်းဆုံးဘဏ်ဝန်ဆောင်မှု အတွေ့အကြုံတွေပေးနိုင်အောင် ဆက်လက် ဆောင်ရွက် သွားမှာဖြစ်ပြီး လူငယ်တွေနဲ့ ပိုပြီး ကျယ်ပြန့်တဲ့ လူမှုအသိုင်းအဝိုင်းတွေအထိ ပိုကောင်းတဲ့ ဘဝနေထိုင်မှုပုံစံတွေ ရရှိလာအောင် ဖန်တီးခေါ်ဆောင်ပေးသွားဦးမှာပါ” ဟု ကမ္ဘောဇဘဏ်၏ Chief Executive Officer ဖြစ်သူ Mike DeNoma က ပြောသည်။


ရေရှည်ဖွံ့ဖြိုးတိုးတက်သည့် လူ့အဖွဲ့အစည်းတစ်ခု ဖြစ်ပေါ်လာရေးအတွက်ငွေကြေးစီမံခန့်ခွဲမှုဆိုင်ရာ အသိပညာ လေ့လာထားသူ နည်းပါးနေခြင်းသည် မြန်မာနိုင်ငံ၏ အဓိက စိန်ခေါ်မှုတစ်ရပ်ဖြစ်နေပါသည်။
အဆိုပါ စိန်ခေါ်မှုကိုဖြေရှင်းနိုင်ရန် ကမ္ဘောဇဘဏ်အနေဖြင့် မကြာသေးမီက “ငွေကြေးကဏ္ဍသိသင့်သမျှ” အမည်ရ အများပြည်သူ အသိပညာပေးကမ်ပိန်းတစ်ခုကို သတင်းဂျာနယ်၊ အွန်လိုင်းနှင့် အသံလွှင့် မီဒီယာများအပြင် မြန်မာနိုင်ငံ၏ထိပ်တန်း လူမှုကွန်ယက်ပေါ်တွင် လူသိများထင်ရှားသော အသိပညာပေး မျှဝေသူများဖြစ်သည့် ဒီးဒီး၊ မေသင်္ကြန်ဟိန်း၊ ဖြိုးဖြိုးအောင်တို့နှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ အဆိုပါ ကမ်းပိန်းမှတစ်ဆင့် ငွေရေးကြေးရေး စီမံခန့်ခွဲမှုနှင့် ဒစ်ဂျစ်တယ် သတိဝီရိယရှိမှုဆိုင်ရာ ခေါင်းစဉ်များဖြစ်သော မိမိအကောင့်၏ လျှို့ဝှက်ကုဒ် လုံခြုံစိတ်ချမှုရှိရေးနှင့် ကိုယ်ရေးအချက်အလက်များကို ရယူရန်ကြိုးပမ်းသည့် လိမ်လည်မှုများ စသည့် ပညာပေး အကြောင်းအရာများကို အများပြည်သူ ပိုမို သိရှိလာစေရန် မျှဝေသွားမည် ဖြစ်ပါသည်။

ကမ္ဘောဇဘဏ် အကြောင်:

ကမ္ဘောဇဘဏ်သည် ဘဏ်ခွဲပေါင်း (၅၀၀) ကျော်ရှိသည့် မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိက ပိုင်ဘဏ် ဖြစ်ပါသည်။ ရန်ကုန်မြို့တွင် အခြေစိုက်သည့် ကမ္ဘောဇဘဏ်၏ ရည်မှန်းချက်သည် မြန်မာနိုင်ငံ၏ လူမှုဘ၀ အရည်အသွေးကို ဘဏ်လုပ်ငန်းမှတစ်ဆင့် တိုးမြှင့်ရန်ဟူ၍ ဖြစ်သည်။


ကမ္ဘောဇဘဏ်သည် လက်ရှိတွင် မြန်မာနိုင်ငံ၏ retail နှင့် commercial ဘဏ်လုပ်ငန်းတွင် ဈေးကွက်၏ ၄၀ % ကို ရယူထားပါသည်။ ကမ္ဘောဇဘဏ်သည် တီထွင်ဆန်းသစ်မှုဆိုင်ရာ အခွင့်အလမ်းများ၊ မြန်မာပြည်သူလူထု၏ လိုအပ်ချက်နှင့် နိုင်ငံ၏ တမူထူးခြားသည့် စီးပွားရေးပုံစံ အခင်းအကျင်းကို ကောင်းစွာ သဘောပေါက် နားလည့်သည့်အားလျော်စွာ အလျင်အမြန် ဖွံ့ဖြိုးတိုးတက်လာနေသည့် မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဝန်ဆောင်မှု ကဏ္ဍကို၊ အထူးသဖြင့် ဒစ်ဂျစ်တယ်နှင့် နည်းပညာ ကဏ္ဍများတွင် ရှေ့ပြေးဦးဆောင်လျက်ရှိပါသည်။


မြန်မာနိုင်ငံ၏ စီးပွားရေးကဏ္ဍ ပိုမိုလွတ်လပ်ကျယ်ပြန့်လာသည်နှင့်အမျှ နိုင်ငံတကာရင်းနှီးမြှပ်နှံသူများနှင့် ပူးပေါင်းလုပ်ဆောင်နိုင်မည့် စိတ်လှုပ်ရှားဖွယ်ရာ အခွင့်အလမ်းများ ရှိလာမည့်အတွက် ကမ္ဘောဇဘဏ်အနေဖြင့် မြန်မာနိုင်ငံ၏ အရှိန်အဟုန်နှင့် တိုးတက်ဖြစ်ထွန်းနေသည့် မြို့ကြီးများ၊ စွန့်ဦးတီထွင်သူများ၊ ဒေသတွင်း လူမှု အသိုက်အဝန်းများကို အရေးပါ၍ အချက်အချာကျသည့် ပေါင်းကူးတံတားအဖြစ် ပံ့ပိုးပေးလျက်ရှိပါသည်။

ထပ်မံစုံစမ်းမေးမြန်းလိုပါက ဆက်သွယ်ရန်

Chilli Agency

မနှင်းနုလွင်

ဖုန်း – ၀၉၄၅၂၂၃၃၃၀၅

မေးလ် – hninnulwin@chilli.agency

မမေလွင်ဦး

ဖုန်း – ၀၉၇၆၈၀၈၃၅၁၁

မေးလ် – maylwinoo@chilli.agency

မြန်မာနိုင်ငံ၏ တိုးတက်မှု အမြန်ဆန်ဆုံး မိုဘိုင်းပိုက်ဆံအိတ် အသုံးပြုသူ အရေအတွက် သန်း (၃၀) အထိ ရှိလာစေရန် ရည်မှန်းထား

နေ့စဉ် ထောင်ပေါင်းများစွာသော ပြည်သူများကို မိုဘိုင်းဦးစားပေး စီးပွားရေးစနစ်ဆီသို့ ခေါ်ဆောင်ပေးလျက်ရှိသည့် မြန်မာနိုင်ငံတစ်ဝန်းမှ ကမ္ဘောဇဘဏ်ဝန်ထမ်းများ၏ ကြိုးပမ်းအားထုတ်မှုဖြင့် (၆) လခန့် အချိန်တိုအတွင်း အသုံးပြုသူ အရေအတွက် တစ်သန်း ကျော်လွန်ခဲ့ပြီ ဖြစ်ပါသည်။

ရန်ကုန်၊ မြန်မာ၊ ဇန်နဝါရီလ ၂၈ ရက်နေ့၊ ၂၀၁၉ ခုနှစ် – မြန်မာနိုင်ငံ၏ အကြီးဆုံး ပုဂ္ဂလိကဘဏ်ဖြစ်သည့် ကမ္ဘောဇဘဏ်သည် ယခု ရက်သတ္တပတ်အတွင်း တစ်သန်းမြောက်သော KBZPay အသုံးပြုသူ အရေအတွက်ကို ကျော်လွန်ခဲ့သောကြောင့် မြန်မာနိုင်ငံ၏ တိုးတက်မှု အမြန်ဆုံး မိုဘိုင်းပိုက်ဆံအိတ်အဖြစ် ခိုင်မာစွာ ရပ်တည်နိုင်ခဲ့ပြီး ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုမှတ်တိုင်တစ်ခု စိုက်ထူနိုင်ခဲ့ပြီ ဖြစ်ပါသည်။ KBZPay စတင် စမ်းသပ်မိတ်ဆက်ခဲ့သည့် လွန်ခဲ့သော ခြောက်လမှစတင်၍ မြန်မာနိုင်ငံတစ်ဝန်း အင်အား (၁၈,၀၀၀) ရှိ ကမ္ဘောဇဘဏ် အဖွဲ့သားများက နေ့စဉ် ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုများ ရယူအသုံးမပြုနိုင်သေးသည့် ထောင်ပေါင်းများစွာသော ပြည်သူများကို ပထမဦးဆုံး အကြိမ်အဖြစ် စတင် လက်လှမ်းမီလာနိုင်စေရန် ကူညီပေးခဲ့ပါသည်။

ကာင့်မရှိသေးသည့် သန်းပေါင်းများစွာသော ပြည်သူများကို ဘဏ်ဝန်ဆောင်မှုများ ပိုမို ချိတ်ဆက်ရယူပေးရန်အတွက် ဘဏ်ခွဲအပြင်ဘက်အထိ သွားရောက်ထိတွေ့ခဲ့ခြင်းကြောင့်သာ ယခုကဲ့သို့ ကမ္ဘောဇဘဏ်၏ ဂုဏ်ယူဖွယ်ရာ အောင်မြင်မှုမှတ်တိုင်ကို စိုက်ထူနိုင်ခဲ့ခြင်း ဖြစ်ပါသည်။ ကမ္ဘောဇဘဏ်ဝန်ထမ်းများ အနေဖြင့် ပြည်နယ်နှင့်တိုင်း အသီးသီးရှိ မြို့နယ်တစ်ခုချင်းစီမှ လူနေရပ်ကွက်များ၊ လူစည်ကားသည့် နေရာဒေသများ အထိ သွားရောက်ခဲ့ပါသည်။ ထိုသို့ သွားရောက်ရာတွင် အသုံးပြုသူများနှင့် ကိုယ်တိုင်ကိုယ်ကျ တိုက်ရိုက်တွေ့ဆုံကာ ၎င်းတို့၏ မိုဘိုင်းဖုန်းများဖြင့် အကောင့်ဖွင့်လှစ်ပေးခြင်း၊ အသုံးပြုသူ၏ ကိုယ်ပိုင်အထောက်အထားကို ဒစ်ဂျစ်တယ် နည်းပညာဖြင့် ရယူ၍ KYC အတည်ပြုပေးခြင်းတို့ကို နာရီပေါင်း (၃၂၅,၀၀၀) ကြာ ထူးချွန်ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့ကြပါသည်။ ထို့အပြင် ဈေးဆိုင်ပိုင်ရှင်ပေါင်း (၃၉,၀၀၀) ကျော်ကိုလည်း KBZPay အသုံးပြု၍ ငွေလက်ခံ နိုင်ရန် ကမ္ဘောဇဘဏ် အဖွဲ့သားများက ချိတ်ဆက်ပေးခဲ့သည်။

နိုင်ငံအတွင်း မိုဘိုင်းဦးစားပေး လူဦးရေ တိုးတက်လာသည်နှင့်အညီ နောင်လာမည့် ဆယ်နှစ်တာ ကာလအတွင်း KBZPay အသုံးပြုသူ သန်း (၃၀) အထိ ရှိလာစေရန် ကမ္ဘောဇဘဏ်မှ မျှော်မှန်းဦးတည်ထားပါသည်။

ကမ္ဘောဇဘဏ်၏ အမှုဆောင်အရာရှိချုပ် Mike DeNoma က “KBZPay ကိုအသုံးပြုပြီး စနစ်ကျတဲ့ စီးပွားရေး လုပ်ငန်းပုံစံနဲ့ နေ့စဉ်သုံး ငွေကြေးဝန်ဆောင်မှုတွေကို မြန်မာနိုင်ငံက ပြည်သူတွေ ပိုပြီးလက်လှမ်းမီလာကြဖို့ ကူညီ ပံ့ပိုးပေးရာမှာ ကျွန်တော်တို့ တာထွက်ကောင်းခဲ့ပါတယ်။ လူတိုင်းအသုံးပြုနိုင်တဲ့ ငွေကြေးဝန်ဆောင်မှုတွေပေးနိုင်ဖို့ ကျွန်တော်တို့ အဖွဲ့သားတွေဟာ ထူးချွန်ပြောင်မြောက်တဲ့ အင်အားတစ်ရပ်ဖြစ်သလို ရှေ့ဆောင်လမ်းပြကောင်းလည်း ဖြစ်တဲ့အတွက် သူတို့ရဲ့ အောင်မြင်မှုအတွက် အထူး ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ ဒီ အောင်မြင်မှုမှတ်တိုင်ကို ရရှိဖို့ ဘဏ်ခွဲပြင်ပက လူတွေအထိ ရဲရဲဝင့်ဝင့် သွားရောက်တွေ့ဆုံပြီး KBZPay ရယူအသုံးပြုနိုင်အောင် ချိတ်ဆက်ပေးခဲ့တဲ့ ဝန်ထမ်း တစ်ဦးချင်း၊ တစ်ယောက်ချင်းစီကို ကျေးဇူးတင်ပါတယ်။ ရှေ့ဆက်ပြီး မြန်မာနိုင်ငံမှာ အားလုံး အသုံးပြုနိုင်တဲ့ ဘဏ္ဍာရေးဆိုင်ရာ ဝန်ဆောင်မှုတွေ ပေးအပ်သွားဖို့နဲ့ ဘဏ်လုပ်ငန်း ဝန်ဆောင်မှုတွေကနေတစ်ဆင့် ပြည်သူတွေရဲ့ လူနေမှုအဆင့်အတန်း ပိုပြီး တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ပေးဖို့ဆိုရင် ကျန်ရှိနေသေးတဲ့ သန်းပေါင်း များစွာသော ပြည်သူတွေနဲ့ ထိတွေ့ရဦးမှာဖြစ်လို့ ဆက်လျှောက်ရမယ့် ခရီးလမ်းအတွက် ကျွန်တော်တို့အားလုံး စိတ်လှုပ်ရှားနေကြပါတယ်” ဟု ပြောသည်။

KBZPay ဆိုသည်မှာ မိုဘိုင်းဖုန်းအတွင်း အက်ပလီကေးရှင်းတစ်ခု ပုံစံဖြင့် ထည့်သွင်းထားနိုင်သော မိုဘိုင်း ပိုက်ဆံအိတ်တစ်ခု ဖြစ်ပါသည်။ KBZPay အက်ပလီကေးရှင်း အသုံးပြုသူများသည် အရေးအကြီးဆုံးသော ငွေကြေး ဆိုင်ရာ ဝန်ဆောင်မှုများကို နေ့၊ ည အချိန်မရွေး မိမိတို့၏ လက်ဖဝါးပေါ်တွင် ရယူအသုံးပြုနိုင်ပြီ ဖြစ်ပါသည်။ အသုံးပြုသူများမှာ ငွေသားမလိုဘဲ ဒစ်ဂျစ်တယ်စနစ်ဖြင့် ငွေရှင်း၊ ငွေလွှဲ၊ ငွေသွင်း၊ ငွေထုတ် ပြုလုပ်နိုင်ပြီး တရားဝင် ကိုယ်စားလှယ်များမှတစ်ဆင့် ငွေသားပြန်လည် ထုတ်ယူနိုင်မည် ဖြစ်ပါသည်။ နိုင်ငံတစ်ဝန်းရှိ မည်သည့်နေရာ မှမဆို ဒေါင်းလုဒ်ပြုလုပ် ထည့်သွင်းနိုင်ပြီဖြစ်သော KBZPay သည် ငွေကြေးဆိုင်ရာ လုပ်ဆောင်ချက်များကို ပိုမို လုံခြုံရိုးရှင်းလွယ်ကူစွာဖြင့် ဝန်ဆောင်မှုပေးနိုင်မည့် နည်းလမ်းတစ်ခု ဖြစ်ပါသည်။

လက်ရှိအချိန်အထိ KBZPay အက်ပလီကေးရှင်းကို ဒေါင်းလုဒ်ပြုလုပ် ထည့်သွင်းထားသူပေါင်း (၁.၃) သန်းကျော် ရှိနေပြီး အသုံးပြုသူ တစ်သန်းမှာ မိမိတို့၏ အကောင့်များကို နိုင်ငံသားစိစစ်ရေးအမှတ်နှင့် ကိုယ်ပိုင် အမှတ်လက္ခဏာ မှတ်သားနိုင်ခြင်း နည်းပညာ (Biometric) တို့ဖြင့် ဒစ်ဂျစ်တယ်စနစ်အရ အတည်ပြုပြီး အသုံးပြုနေကြပြီ ဖြစ်ပါသည်။ အတည်ပြုပြီးအကောင့် အသုံးပြုသူများမှာ KBZPay ဖြင့် ငွေရှင်း၊ ငွေလွှဲ၊ ငွေသွင်း၊ ငွေထုတ်နှင့် ပြည်တွင်းရှိ အဓိက ဆက်သွယ်ရေးဝန်ဆောင်မှု ကုမ္ပဏီများ၏ ဖုန်းကတ်များကို ဖုန်းအတွင်း တိုက်ရိုက်ငွေဖြည့်သွင်းနိုင်ခြင်း စသည့် ဝန်ဆောင်မှုအားလုံးကို အပြည့်အဝ ရယူအသုံးပြုနိုင်မည် ဖြစ်ပါသည်။

ကမ္ဘောဇဘဏ်အနေဖြင့် KBZPay အသုံးပြုသူပေါင်း သန်း (၃၀) ကျော် ရရှိနိုင်ရန် မျှော်မှန်းထားသည့် ခရီးလမ်းကို စတင် အကောင်အထည်ဖော်ခဲ့ပုံ

၂၀၁၈ ခုနှစ်၊ သြဂုတ်လ –
KBZPay စမ်းသပ်မိတ်ဆက်ခြင်း စတင်ခဲ့

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ –
ရန်ကုန်နှင့် မန္တလေးမြို့များတွင် လူထုနှင့်တိုက်ရိုက်တွေ့ဆုံနိုင်ရန် KBZPay Day ပွဲများ ကျင်းပပြုလုပ်ခဲ့
စာရင်းသွင်း အကောင့်ဖွင့်ပြီး အသုံးပြုသူဦးရေ (၅၀၀,၀၀၀) ရှိခဲ့ရာတွင် တရားဝင် ကိုယ်စားလှယ်ပေါင်း (၁၀,၀၀၀) နှင့် ဆိုင်ပေါင်း (၁၇,၀၀၀) ရှိခဲ့

၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ –
၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၁၅ ရက်နှင့် ၁၆ ရက်၊ ပိတ်ရက် ၂ရက်အတွင်း ထပ်မံ စာရင်းပေးသွင်းသော အသုံးပြုသူအသစ်ပေါင်း (၁၂၃,၀၀၀) ကျော် ရှိခဲ့
ဤ ၂ ရက်အတွင်း လူထုနှင့် တိုက်ရိုက်တွေ့ဆုံ၍ အသုံးပြုသူများအတွက် ကိုယ်တိုင်ကိုယ်ကျ စာရင်းပေးသွင်းရန် ပူးပေါင်းပါဝင် သွားရောက်ခဲ့သော ကမ္ဘောဇဘဏ် ဝန်ထမ်းပေါင်း (၁၀,၀၀၀) ကျော်အထိ ရှိခဲ့
ဤ ၂ ရက်အတွင်း တစ်နာရီလျှင် စာရင်းသွင်း အကောင့်ဖွင့်သူ (၄,၀၀၀) နှင့် တစ်စက္ကန့်လျှင် ဝန်ဆောင်မှု အသုံးပြုမှု transaction (၂၀၀) ရှိခဲ့

၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ –
နေ့စဉ် အသုံးပြုသူအသစ် (၁၈,၀၀၀) ကျော် စာရင်းသွင်း အကောင့်ဖွင့်ခဲ့
၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ၊ ၂၅ ရက်နေ့တွင် အတည်ပြုပြီးအကောင့် အသုံးပြုသူ တစ်သန်းပြည့်မြောက်ခဲ့

KBZPay စာရင်းသွင်း အကောင့်ဖွင့်နည်း

လူတစ်ဦးတွင် ဘဏ်အကောင့်တစ်ခု ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ MPT ၊ Telenor ၊ Ooredoo နှင့် MyTel မိုဘိုင်းဖုန်းနံပါတ် အသုံးပြုထားသော စမတ်ဖုန်းတစ်လုံး ရှိရုံဖြင့် KBZPay အကောင့်ကို အခမဲ့ စာရင်းသွင်း ဖွင့်လှစ်နိုင်သည်။

အသုံးပြုသူများအနေဖြင့် KBZPay အကောင့်ဖွင့်ရန် အောက်ပါအတိုင်း ရိုးရှင်းလွယ်ကူစွာ ဆောင်ရွက်နိုင်သည်။

ပထမဦးစွာ KBZPay အက်ပလီကေးရှင်းကို Google Play Store သို့မဟုတ် Apple App Store သို့မဟုတ် www.kbzpay.com တွင် ဒေါင်းလုဒ်ပြုလုပ်ရမည် ဖြစ်သည်။
အခြေခံ ကိုယ်ရေးအချက်အလက်များဖြစ်သော မွေးနေ့၊ နိုင်ငံသားမှတ်ပုံတင်အမှတ်၊ ဖုန်းနံပတ်နှင့် အကောင့်အသုံးပြုရန် စကားဝှက်တစ်ခု ထည့်သွင်းပေးပြီး အကောင့်တစ်ခု စတင်ပြုလုပ်ရမည် ဖြစ်သည်။
မိမိတို့နှင့် အနီးဆုံး ကမ္ဘောဇဘဏ်၊ ဘဏ်ခွဲ သို့မဟုတ် တရားဝင်ကိုယ်စားလှယ်ထံသို့ သွားရောက်၍ နိုင်ငံသားမှတ်ပုံတင်ကတ်ဖြင့် သေချာစွာစစ်ဆေး စာရင်းပေးသွင်းပြီးပါက စတင်အသုံးပြုနိုင်ပြီ ဖြစ်ပါသည်။
ထို့နောက် KBZPay အက်ပလီကေးရှင်းအား မိမိ၏ ကမ္ဘောဇဘဏ်အကောင့်ဖြင့် ချိတ်ဆက်၍လည်းကောင်း၊ တရားဝင်ကိုယ်စားလှယ်၏ မိုဘိုင်းပိုက်ဆံအိတ်မှတစ်ဆင့်လည်းကောင်း အလွယ်တကူ ငွေသွင်း၊ ငွေထုတ် စတင်ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။

KBZPay ၏ တရားဝင်ကိုယ်စားလှယ် သို့မဟုတ် မိတ်ဖက်လုပ်ငန်းရှင်တစ်ဦးအဖြစ် စာရင်းပေးသွင်းရန် စိတ်ပါဝင်စား သူများအနေဖြင့် ကမ္ဘောဇဘဏ် အဖွဲ့သားများအား ၃၂၁၁ သို့မဟုတ် +၉၅ ၉၉ ၆၉၉၆ ၃၂၁၁ သို့မဟုတ် query.kbzpay@kbzbank.com မှတစ်ဆင့် ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်။

KBZPay အကြောင်း အသေးစိတ် ထပ်မံသိရှိလိုပါက https://www.kbzpay.com တွင် ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါသည်။