“ ငွေသားဆုကြီးတွေကံထူးဖို့ QuickPay ထဲရှိ Finance မှတဆင့်လွယ်ကူစွာပေးသွင်းစို့” အစီအစဥ်၏ စည်းမျဉ်းစည်းကမ်း  သတ်မှတ်ချက်များ

၁။ KBZPay သည် “ငွေသားဆုကြီးတွေကံထူးဖို့ QuickPay ထဲရှိ Finance မှတဆင့်လွယ်ကူစွာပေးသွင်းစို့”အစီအစဥ်ကာလကို  ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၂) ရက်မှ ဇန်နဝါရီလ (၃၁) ရက် ၂၀၂၅ ရက်နေ့ အထိ      သတ်မှတ်ထား ပါသည်။

၂။ KBZPay Level 1.5၊ Level 2 နှင့်  Youth Account အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပါသည်။ KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မှာ ဖြစ်ပါသည်။

၃။ ဤအစီအစဥ် ၏ရည်ရွယ်ချက်မှာ KBZPay Level 1.5၊ Level 2 နှင့်  Youth Account အသုံးပြုသူများသည် အားလုံး ဤအစီအစဉ် ကာလအတွင်း  KBZPay Application ရှိ QuickPay သို့ဝင်ရောက်ပြီး ငွေကြေးနှင့်ဆိုင်သောလုပ်ငန်းများထဲမှ မိမိပေးချေလိုသည့် ငွေကြေးနှင့်ဆိုင်သော လုပ်ငန်း  ကို ရွေးချယ်ပြီးငွေကျပ် တစ်သိန်း (၁၀၀,၀၀၀) ကျပ် (သို့) ငွေကျပ် တစ်သိန်း (၁၀၀,၀၀၀) နှင့်အထက် အောင်မြင်စွာ ငွေပေးချေပြီးပါက ပြန်အမ်းငွေ တစ်သိန်း (၁၀၀,၀၀၀) ကျပ် ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ပါသည်။    ဤ အစီအစဥ် ကာလအတွင်း ရရှိနိုင်သော  ပြန်အမ်းငွေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

  • တစ်သိန်း (၁၀၀,၀၀၀) ကျပ်တန် ပြန်အမ်းငွေ
  • ကျေးဇူးတင်ပါသည်

၄။ ဤ အစီအစဥ် တွင်ပါဝင်လိုသူများသည်  ငွေပေးချေမှုတစ်ကြောင်းသည် စုစုပေါင်းငွေကျပ် တစ်သိန်း (၁၀၀,၀၀၀) ကျပ် (သို့) တစ်သိန်း (၁၀၀,၀၀၀) ကျပ် နှင့်အထက် KBZPayရှိ QuickPay မှတဆင့် မိမိပေးချေလိုသည့် ငွေကြေးနှင့်ဆိုင်သောလုပ်ငန်း  ကို ရွေးချယ်ပြီး  အောင်မြင်စွာ ငွေပေးချေပြီး မှသာ ဆုလက်ဆောင်သေတ္တာကိုဖွင့်ခွင့်ရရှိမည်ဖြစ်ပြီး အပိုဒ်(၃)တွင် ဖော်ပြထားသော      ပြန်အမ်းငွေများအား ၎င်းဆုလက်ဆောင်သေတ္တာကိုဖွင့်ကာ ရရှိခံစားနိုင်မည်ဖြစ်သည်။ 

၅။ ဤ အစီအစဥ် တွင်ပါဝင်သူများသည် KBZPay Account တစ်ခုဖြင့် အစီအစဥ် ကာလ အတွင်း တစ်ကြိမ်သာ ပါဝင်နိုင်ပါသည်။ KBZPay အသုံးပြုသူမှ ရရှိထားသော ပြန်အမ်းငွေများကို အသုံးပြုသူများ၏ KBZPay wallet များထဲသို့     တိုက်ရိုက် ထည့်သွင်းပေး သွားမည်ဖြစ်ပြီး အသုံးပြုသူများ၏ KBZPay ရှိ မှတ်တမ်းတွင် ပြန်လည်ကြည့်ရှုနိုင်မည်ဖြစ်သည်။ သတ်မှတ်ချက်နှင့် ပြည့်မှီသည့်ငွေပေးချေမှုများ အတွက် တစ်နေ့တာ ပြန်အမ်းငွေပေးမည့်  အကြိမ်အရေအတွက် ကန့်သတ်ချက်ရှိသောကြောင့် ကန့်သတ်ချက် ကျော်လွန်ပြီး နောက်      ငွေပေးချေမှုပြုလုပ်သည့် KBZPay အသုံးပြုသူများအနေဖြင့်  ပြန်အမ်းငွေအား ရရှိနိုင်မည် မဟုတ်ပါ။

၆။ ဤအစီအစဥ်မှ ရရှိသော ပြန်အမ်းငွေများအား KBZPay အသုံးပြုသူ၏ KBZPay wallet များထဲသို့ တိုက်ရိုက် ထည့်သွင်းပေးမည် ဖြစ်သော်လည်း KBZ ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေများ အား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။

၇။ ဤ အစီအစဥ် ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ အစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၈။ ဤအစီအစဥ် တွင်ပါဝင်ရန် KBZPay Application ရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၉။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၀။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ      က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၁။ ဤ အစီအစဥ် နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZ      တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ     ၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၂။ KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်     အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၃။ KBZ အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်း ကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက် တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၄။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ      အကျုံးဝင်စေရမည်။

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

“ဝါးတီးဆွဲတိုင်း KBZPay နဲ့ ရှင်းမယ်” အစီအစဉ်၏ စည်းမျဉ်းစည်းကမ်းနှင့်သတ်မှတ်ချက်များ

၁။ KBZPay မှ  ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၂၅)ရက် မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၃၁)ရက်ထိ ကို “ဝါးတီးဆွဲတိုင်း KBZPay နဲ့ ရှင်းမယ်” အစီအစဉ်ကာလအဖြစ် သတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 1.5 ၊  KBZPay Level 2 နှင့် Youth Account အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မှာ ဖြစ်ပါသည်။ 

၃။ ဤအစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay Level 1.5 ၊ KBZPay Level 2 နှင့် Youth Account အသုံးပြုသူများအားလုံးသည် အောက်ဖော်ပြပါ သတ်မှတ်ထားသော အရောင်းမိတ်ဖက်ဆိုင်များတွင် အစီအစဥ်ကာလအတွင်း ဈေးဝယ်ယူပြီး အရောင်းမိတ်ဖက်ဆိုင်များ၏ KBZPay QR (သို့ ) မိမိ၏ KBZPay QR ကို scan ဖတ်ပြီး (သို့) အ‌ရောင်းဆိုင်၏ ကုဒ်နံပါတ်ရိုက်ထည့်ပြီး (သို့) Own Scan (Micro Pay)အသုံးပြုကာ စုစုပေါင်းငွေကျပ် ၁၀၀,၀၀၀ကျပ်နှင့်အထက် KBZPay နှင့် အောင်မြင်စွာ ပေးချေခြင်းဖြင့် Spin Wheel လှည့်လည်ခွင့်များရရှိကာ ဆုလက်ဆောင်များဖြစ်သည့် ပြန်အမ်းငွေများ ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

၄။ ငွေပေးချေမှုတစ်ကြောင်းသည် စုစုပေါင်းငွေကျပ် ၁၀၀,၀၀၀ကျပ်နှင့်အထက် ဝယ်ယူရန်လိုအပ်ပြီး အောက်ဖော်ပြပါ သတ်မှတ်ထားသော အရောင်းမိတ်ဖက်ဆိုင်များ၏ KBZPay QR Code (သို့ ) မိမိ၏ KBZPay QR ကို scanဖတ်၍ ငွေပေးချေခြင်း (သို့) အ‌ရောင်းဆိုင်၏ ကုဒ်နံပါတ်ရိုက်ထည့်ခြင်း (သို့) Own Scan (Micro Pay)အသုံးပြုကာ  KBZPay နှင့် အောင်မြင်စွာ ငွေပေးချေပြီးပါက  Spin Wheel လှည့်လည်ခွင့်များရရှိကာ သတ်မှတ်ထားသော ပြန်အမ်းငွေများ ပြန်လည် ရရှိမည်ဖြစ်သည်။   ။  ဤ အစီအစဥ် တွင်ပါဝင်နိုင်ရန် အတွက် သတ်မှတ်ထားသော အရောင်းမိတ်ဖက်ဆိုင်များမှာ –

  1. Hot Pot City
  2. Hot Pot Country
  3. S&Y (Suki&Yakiniku) တို့ဖြစ်ပါသည်။

၅။ KBZPay အသုံးပြုသူများသည် ငွေပေးချေမှုတစ်ကြောင်း စုစုပေါင်းငွေကျပ် ၁၀၀,၀၀၀ကျပ်နှင့်အထက် ပေးချေပြီးသည့် အကြိမ်တိုင်းတွင် ထိုငွေပေးချေမှုတစ်ကြောင်းအတွက် Spin Wheel လှည့်လည်ခွင့် တစ်ကြိမ်ရရှိမည်ဖြစ်ပြီး KBZPay အကောင့်တစ်ခုလျှင် အစီစဉ်ကာလအတွင်း စုစုပေါင်း အများဆုံး(၁၀)ကြိမ်အထိ ပါဝင်နိုင်မည်ဖြစ်သည်။  ရရှိနိုင်သော ပြန်အမ်းငွေများမှာ –

  • ၃,၀၀၀ကျပ် ပြန်အမ်းငွေ
  • ၅,၀၀၀ကျပ် ပြန်အမ်းငွေ
  • ၈,၀၀၀ကျပ် ပြန်အမ်းငွေ
  • ၁၀,၀၀၀ကျပ် ပြန်အမ်းငွေ
  • ၅၀,၀၀၀ကျပ် ပြန်အမ်းငွေ
  • ကျေးဇူးတင်ပါတယ်။ တို့ဖြစ်ပါသည်။

       KBZPay အသုံးပြုသူမှ ရရှိထားသော ပြန်အမ်းငွေများကို ၎င်းတို့၏ KBZPay wallet များထဲသို့  တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်ပြီး ၎င်းတို့၏ KBZPayရှိ မှတ်တမ်းတွင် ပြန်လည် ကြည့်ရှုနိုင်မည်ဖြစ်သည်။       နေ့စဉ်အတွက် သတ်မှတ်ထားသော ပြန်အမ်းငွေပေးမည့် အကြိမ်အရေအတွက်ကန့်သတ်ချက် ရှိသဖြင့် ထိုကန့်သတ်အရေအတွက်ထက် ကျော်လွန်သော ဝယ်ယူငွေပေးချေမှုပြုလုပ်သည့် KBZPay အသုံးပြုသူများအနေဖြင့်   ပြန်အမ်းငွေ ရရှိနိုင်မည် မဟုတ်ပါ။

၆။ ဤအစီအစဥ်မှ ရရှိသော ပြန်အမ်းငွေများအား KBZPay အသုံးပြုသူများ၏  KBZPay wallet များထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်သော်လည်း KBZ ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေများအား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။

၇။ ဤအစီအစဥ်ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၈။ ဤအစီအစဥ် တွင်ပါဝင်ရန် KBZPay Application ရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၉။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၀။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ် ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၁။ ဤအစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZ တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၂။ KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၃။ KBZ အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်း ကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက် တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၄။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့် သက်ဆိုင်ရာ အရောင်းမိတ်ဖက် ဆိုင်များ၏ စည်းမျဥ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZ အနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

 “ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ သင့်ရဲ့ နှစ်သစ်ကံကြမ္မာ MinTheinKha Mini App မှာ ဗေဒင်မေးမြန်းရင်းအဖြေရှာပါ ” အစီအစဥ် စည်းမျဉ်းစည်းကမ်း  သတ်မှတ်ချက်များ

၁။  KBZPay သည် “ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ သင့်ရဲ့ နှစ်သစ်ကံကြမ္မာ Min Thein Kha Mini App မှာဗေဒင်မေးမြန်းရင်းအဖြေရှာပါ ” အစီအစဥ်ကာလကို  ဒီဇင်ဘာလ (၂၈) ရက် ၂၀၂၄ ခုနှစ်မှ ဇန်နဝါရီလ (၆) ရက် ၂၀၂၅ ခုနှစ်အထိ   သတ်မှတ်ထား ပါသည်။

 ၂။ KBZPay Level 1.5 ၊ Level 2 နှင့် Youth Account အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး  KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မှာ ဖြစ်ပါသည်။ ဤ Campaign တွင် ပါဝင်လိုသည့် KBZPay Customerများအနေဖြင့် ၎င်းတို့၏ KBZPay အပ်ပလီကေး ရှင်းအား 5.1 နှင့် အထက် ဗားရှင်းသို့ အဆင့်မြှင့်ထားရန်လိုအပ်ပါသည်။ 

 ၃။ ဤအစီအစဥ် ၏ရည်ရွယ်ချက်မှာ Level 1.5 ၊ Level 2 နှင့် Youth Account အသုံးပြုသူများအားလုံးသည် KBZPay တွင် အခမဲ့တစ်ကြိမ် မိမိ၏နှစ်သစ်ကံကြမ္မာအား အဖြေရှာနိုင်မည့်အပြင်       Min Thein Kha Mini App  ၌ မင်းသိင်္ခဗေဒင်၏ ဝန်ဆောင်မှုများအား ဝယ်ယူရာတွင်လည်း spin wheelလှည့်ခွင့်ရရှိမည်ဖြစ်ကာ ပြန်အမ်းငွေများ၊ Min Thein Kha Mini App မှ တစ်ဆင့် မင်းသိင်္ခဗေဒင်မှဆရာ၊ဆရာမကြီးများနှင့်အခမဲ့ဗေဒင်မေးမြန်းခွင့်များရရှိကံစမ်းနိုင်ရန်    ရည်ရွယ်ပြုလုပ်ခြင်းဖြစ်ပါသည်။

 ၄။ ဤအစီအစဥ်ကာလအတွင်း KBZPay Blue Application မှတစ်ဆင့် KBZPay အသုံးပြုသူတစ်ဦးလျှင်      မိမိ၏နှစ်သစ်ကံကြမ္မာအား အခမဲ့တစ်ကြိမ်အဖြေရှာနိုင်မည်ဖြစ်ပြီး      Min Thein Kha Mini App မှ တစ်ဆင့် မင်းသိင်္ခဗေဒင်၏ ဝန်ဆောင်မှုများအားတစ်ကြိမ် ဝယ်ယူပြီးသည့်အခါတိုင်း      spin wheel လှည့်ခွင့်တစ်ကြိမ်ကံစမ်းနိုင်မည်ဖြစ်ပြီးအစီအစဉ်ကာလအတွင်းတွင်စုစုပေါင်းနှစ်ကြိမ်သာရရှိကံစမ်းနိုင်မည်ဖြစ်သည်။

 ၅။ Min Thein Kha Mini Appတွင်မင်းသိင်္ခဗေဒင်၏ ဝန်ဆောင်မှုများဝယ်ယူပြီးနောက် spin wheel လှည့်ပြီး ရရှိနိုင်မည့် ပြန်အမ်းငွေများနှင့်ကူပွန်များမှာ- 

  • ဆရာဦးဝင်းဇော်နှင့် အခမဲ့တစ်ကြိမ်တားရော့မေးမြန်းခွင့်ကူပွန်
  • ဆရာဦးဟိန်းထက်ဇော်နှင့် အခမဲ့တစ်ကြိမ်တားရော့မေးမြန်းခွင့်ကူပွန်
  • ဆရာမယမင်းအောင်နှင့် အခမဲ့တစ်ကြိမ်တားရော့မေးမြန်းခွင့်ကူပွန်
  • ဆရာမဆုလဲ့ရတနာနှင့် အခမဲ့တစ်ကြိမ်တားရော့မေးမြန်းခွင့်ကူပွန်
  • ၁,၀၀၀ ကျပ်တန်ပြန်အမ်းငွေ နှင့်
  • ကျေးဇူးတင်ပါသည် တို့ဖြစ်ပါသည်။

 ၆။ KBZPay အသုံးပြုသူများအနေဖြင့် ကူပွန်ရရှိပါက ယင်း ကူပွန်ပေါ်ရှိ ယခုပဲမေးမည်ကိုနှိပ်သည့်အခါ ဗေဒင်အခမဲ့မေးမြန်းခွင့်စာမျက်နှာကိုတွေ့ရမည်ဖြစ်ပြီးဗေဒင်မေးမြန်းရန်လိုအပ်သောအချက်အလက်များကို

ပြည့်ပြည့်စုံစုံဖြည့်၍ အခမဲ့ မေးမြန်းနိုင်မည်ဖြစ်ပါသည်။ KBZPay ရှိကျွန်ုပ်၏ဆုများ နေရာတွင်လည်း မိမိရရှိထားသော ကူပွန်ကိုသွားရောက်ကြည့်ရှုနိုင်ပြီး ဗေဒင်မေးမြန်းနိုင်မည်ဖြစ်ပါသည်။

၇။ KBZPayအသုံးပြုသူများအနေဖြင့် ဤအစီအစဥ်တွင် ရရှိလာသောကူပွန်များကို ဤအစီအစဥ် ကာလအတွင်းသာအသုံးပြုနိုင်မည်ဖြစ်ပြီးဤအစီအစဥ်ကာလကုန်ဆုံးသည်နှင့်တပြိုင်နက် ကူပွန်များ၏သက်တမ်းသည်လည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။

၈။ ဤ အစီအစဥ် တွင်ပါဝင်သူများသည် KBZPay Account တစ်ခုဖြင့် အစီအစဥ် ကာလ အတွင်း နှစ်ကြိမ်သာ ပါဝင်နိုင်ပါသည်။ KBZPay အသုံးပြုသူမှ ရရှိထားသော ပြန်အမ်းငွေများကို ၎င်းတို့၏ KBZPay wallet များထဲသို့     တိုက်ရိုက် ထည့်သွင်းပေး သွားမည်ဖြစ်ပြီး ၎င်းတို့၏ KBZPay ရှိ မှတ်တမ်းတွင် ပြန်လည်ကြည့်ရှုနိုင်မည်ဖြစ်သည်။ တစ်နေ့တာအတွက် ပြန်အမ်းငွေပေးမည့်  အကြိမ်အရေအတွက်သည် Random အလိုက် ကန့်သတ်ချက်ရှိသောကြောင့် ကန့်သတ်ချက် ကျော်လွန်ပြီး နောက်     ပေးချေမှုပြုလုပ်သည့် KBZPay အသုံးပြုသူများအနေဖြင့်  ပြန်အမ်းငွေ ရရှိနိုင်မည် မဟုတ်ပါ။

၉။ ဤအစီအစဥ်မှ ရရှိသော ပြန်အမ်းငွေများအား KBZPay အသုံးပြုသူ၏ KBZPay wallet များထဲသို့ တိုက်ရိုက် ထည့်သွင်းပေးမည် ဖြစ်သော်လည်း KBZ ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေများ အား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။

၁၀။ ဤ အစီအစဥ် ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ အစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၁၁။    ဤအစီအစဥ် တွင်ပါဝင်ရန် KBZPay Application ရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၁၂။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၃။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ      က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၄။ ဤ အစီအစဥ် နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZ      တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ     ၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၅။ KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်     အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၆။ KBZ အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်း ကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက် တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၇။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ      အကျုံးဝင်စေရမည်။

၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၉။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၂၀။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

“အသုံးပြုသူအသစ်များဖိတ်ခေါ်ကာဆုလက်ဆောင်များရယူပါ” အစီအစဉ် ၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ

၁။ KBZPayသည် “အသုံးပြုသူအသစ်များဖိတ်ခေါ်ကာဆုလက်ဆောင်များရယူပါ” အစီအစဉ်ကာလ ကို ဒီဇင်ဘာလ ၃၀  ရက်နေ့ ၂၀၂၄ ခုနှစ် မှ ဖေဖော်ဝါရီလ ၂၈ ရက်နေ့၊ ၂၀၂၅ ခုနှစ်အထိသတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 1.5 , Level 2 အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပြီး KBZPay Level 1 အသုံးပြုသူများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ ဤအစီအစဥ် တွင်ပါဝင်လိုသည့် KBZPay အသုံးပြုသူများအနေဖြင့် KBZPay အပ်ပလီကေး ရှင်းအား ၅.၅.၀ နှင့် အထက် ဗားရှင်းသို့ မြှင့်တင်ထားရန်လိုအပ်ပါသည်။

၃။ ဤ အစီအစဉ်၏  ရည်ရွယ်ချက်မှာ လက်ရှိ KBZPay အသုံးပြုသူများမှ မိမိ နှင့် ချစ်ခင်ရင်းနှီးသော မိတ်ဆွေ၊ သူငယ်ချင်းများအား KBZPay အကောင့်အသစ်ဖွင့်ရန် ဖိတ်ခေါ်ရမည်ဖြစ်ပြီး ဖိတ်ခေါ်ခြင်းခံရသူမှ KBZPay Level 2 သို့ အောင်မြင်စွာဖွင့်လှစ် အဆင့်မြှင့်တင်ပြီးပါက ဖိတ်ခေါ်သူ နှင့် ဖိတ်ခေါ်ခြင်းခံရသူ (၂)ဦးစလုံးသည် ပြန်အမ်းငွေ  ၁,၀၀၀ ကျပ်စီ အခွင့်အရေးရရှိမည့် အပြင် KBZPay အသုံးပြုသူအသစ်များအား အများဆုံးဖိတ်ခေါ်နိုင်သူ (၅)ဦး သည် အောက်ဖော်ပြပါ အထူးဆုများကိုထပ်ဆောင်းခံစားခွင့်ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ပါသည်။

           ထပ်ဆောင်းရရှိနိုင်သောအထူးဆုများ

  • ပထမဆု  – (၁၀) သိန်းကျပ်
  • ဒုတိယဆု – (၅) သိန်းကျပ်
  • တတိယဆု- (၃) သိန်းကျပ်
  • စတုတ္ထဆု -(၂)သိန်းကျပ်
  • ပဉ္စမဆု ဆု -(၁) သိန်းကျပ်

၄။ ဤအစီအစဉ်ကာလအတွင်း KBZPay အသုံးပြုသူ (၁) ဦးမှ  မှ အခြားသော အသုံးပြုသူအသစ်များကို အရေအတွက်အကန့်အသတ်မရှိ ဖိတ်ခေါ်နိုင်မည်  ဖြစ်ပြီး ဖိတ်ခေါ်ခြင်းခံရသည့် သူမှာ ဖိတ်ခေါ်သူ၏ Referral ကုဒ်နံပါတ်ကိုထည့်သွင်း၍ KBZPay Level 2 သို့ အောင်မြင်စွာအဆင့်မြှင့်တင်ပြီးပါကဖိတ်ခေါ်သူ နှင့် ဖိတ်ခေါ်ခြင်းခံရသူ (၂)ဦးစလုံး ပြန်အမ်းငွေ ၁,၀၀၀  ကျပ်စီ ရယူနိုင်မှာ ဖြစ်ပါသည်။ သိူ့သော် ဤအစီအစဉ်ကာလအတွင်း KBZPay Level 2 အသုံးပြုအသစ် ဖိတ်ခေါ်ခြင်း အတွက် အများဆုံးအရေအတွက် (၂၀၀) ဦးအထိသာ ပြန်အမ်းငွေ ရရှိနိုင်မည်ဖြစ်သည်။

၅။   ထပ်ဆောင်းအထူးဆုများကို ဤအစီအစဉ်ပြီးဆုံးပြီးနောက်  တွင် KBZ မှ စစ်ဆေးအတည်ပြုပြီးပါက KBZPay အသုံးပြုသူအသစ်အများဆုံးဖိတ်ခေါ်သူနိုင်သူ (၅) ဦးထံသို့ အထူးဆုများကို (၁)လ အတွင်းထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ အထူးဆုရရှိသူများ ထံသို့ KBZPay မှ SMS ပေးပို့အကြောင်းကြားမည်ဖြစ်သည်။

၆။ ဤအစီအစဥ်တွင် ပါဝင်လိုသူများသည် အောင်မြင်သည့် KBZPay Level 2 အသုံးပြုသူအသစ်ဖိတ်ခေါ်မှု တစ်ခု ဖြစ်ဖို့ အဆင့်မြှင့်တင်သူသည် KBZPay Application မှ တစ်ဆင့် စာရင်းပေးသွင်းသူ ဖြစ်ရပါမယ်။ Web မှ စာရင်းပေးသွင်းသူများမှ အကျုံးဝင်ခြင်းမရှိပါ။ 

၇။ ဤ အစီအစဥ် ကာလအတွင်း KBZPayအကောင့်ရှိပြီးသူမှ ၎င်း၏ အကောင့်အားပိတ်ပြီး ပြန်ဖွင့်လျှင် အကောင့်အသစ်ဟု မသတ်မှတ်ပါ။ ထိုသို့ အကောင့်များသည် ဤ အစီအစဉ်တွင် အကျုံးဝင်ခြင်းမရှိပါ။ 

၈။ ဤအစီအစဥ်မှ ရရှိသော ပြန်အမ်းငွေနှင့် အထူးဆုများကို KBZPay wallet များထဲသို့ တိုက်ရိုက် ထည့်သွင်းပေးမည် ဖြစ်သော်လည်း KBZ ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေများ အား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။

၉။ ဤ အစီအစဥ် ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ အစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၁၀။ ဤအစီအစဉ်တွင်ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင်ပါသည်။  

၁၁။ KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၂။ KBZ မှချမှတ်ထားသော စည်းမျဉ်း စည်းကမ်းများကို ချိုးဖောက်မှုကြောင့် ဆိုင်းငံ့၊ ရပ်ထား၊ ပိတ်ပင်တားမြစ်ခြင်းခံရသော KBZPay အသုံးပြုသူများသည် ဤအစီအစဉ်အား ပါဝင်ခွင့်ရရှိမည်မဟုတ်သည့်အပြင် ဆုလက်ဆောင်များလည်း ရရှိခံစားခွင့်ရနို င်မည်မဟုတ်ပါ။.

၁၃။ ဤ အစီအစဉ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၄။ ဤအစီအစဉ် နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၅။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဉ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၆။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဉ် အား ပယ်ဖျက်ခွင့် နှင့် အစီအစဉ်နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၇။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၈။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၉။ KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။
၂၀။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည်ဖြစ်သည်။

“Christmas နှင့် New Year မုန့်ဖိုးများစွာ KBZPay မှာ ရယူမျှဝေပါ” အစီအစဥ်စည်းမျဉ်းစည်းကမ်းနှင့်သတ်မှတ်ချက်များ

၁။ KBZPayသည်  “Christmas နှင့် New Year မုန့်ဖိုးများစွာ KBZPay မှာ ရယူမျှဝေပါ” အစီအစဥ်ကာလကို ၂၀၂၄ ခုနှစ်  ဒီဇင်ဘာလ (၂၁) ရက်နေ့မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့ အထိ      သတ်မှတ်ထား ပါသည်။

၂။ ဤ အစီအစဥ်တွင်KBZPay အဆင့် ၁.၅၊ အဆင့် ၂နှင့် Youth Account အသုံးပြုသူများသာ       ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay  အဆင့် ၁      အသုံးပြုသူများသည် KBZPay အဆင့် ၂ သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်သည်။ဤ Campaign တွင် ပါဝင်လိုသော KBZPay အသုံးပြုသူများအနေဖြင့်       ခရစ်စမတ်နှင့် နှစ်သစ်ကူးမုန့်ဖိုးအား ရယူရန် နှင်းပွင့် များအား KBZPay Pocket Money အား ဖွင့်ဖောက်မည့်  နေ့ရက် မတိုင်မီ ကြိုတင်စုဆောင်းထားရန်      လိုအပ်ပါသည်။ 

၃။ ဤ အစီအစဥ်၏ ရည်ရွယ်ချက်မှာ KBZPay အသုံးပြုများသည် သတ်မှတ်ထားသော လုပ်ဆောင်ချက်များအား လုပ်ဆောင်ပြီး နှင်းပွင့်များကိုကြိုတင် စုဆောင်းကာ မိမိစုဆောင်းထားသော နှင်းပွင့်များ၏အရေအတွက်ပေါ်မူတည်၍ KBZPay Pocket Money အား ဖွင့်ဖောက်မည့်  နေ့ရက်တွင် နှင်းလူ၊ သမင်၊ ဆန်တာကလော့ တို့ကိုနှိပ်၍ ခရစ်စမတ်နှင့် နှစ်သစ်ကူးမုန့်ဖိုးများရယူနိုင်မည့် အခွင့်အရေးအပြင် စုဆောင်းထားသော နှင်းပွင့်များဖြင့် ကူပွန်များလဲလှယ်ခြင်း နှင့် လျှို့ဝှက်သေတ္တာဖွင့်၍ ဆုလက်ဆောင်ကြီးများ ကံစမ်းနိုင်မည့် အခွင့်အရေးပါရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်ပါသည်။

 ၄။ ဤ အစီအစဥ်တွင်ပါဝင်လိုသော KBZPay အသုံးပြုသူ များအနေဖြင့် နှင်းပွင့်များ စုဆောင်းရန်အတွက် အောက်ပါ လုပ်ဆောင်ချက်များအား      လုပ်ဆောင်ရမည်      ဖြစ်ပါသည်။

 ၄၊၁။ KBZPay အသုံးပြုသူ အသစ်များ   အားဖိတ်ခေါ်ခြင်း

    ထိုကဲ့သို့ဖိတ်ခေါ်ခြင်း အတွက် ဖိတ်ခေါ်မည့် အရေအတွက် အားကန့်သတ်ထားခြင်းမရှိသော်လည်း အများဆုံး အသုံးပြုသူအသစ် ဖိတ်ခေါ်မှု (၈)ဦး အထိသာ သတ်မှတ် ထားသောပြန်အမ်းငွေအရေအတွက် နှင့်  နှင်းပွင့်များအရေအတွက်များ ကို ရယူနိုင်မည်ဖြစ်သည်။  ဖိတ်ခေါ်ခံရသူသည် KBZPay အဆင့် (၂) သို့အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးနောက် ဖိတ်ခေါ်သူအတွက် သတ်မှတ်ထားသော ပြန်အမ်းငွေအရေအတွက်နှင့် နှင်းပွင့်များ၊ ဖိတ်ခေါ်ခံရသူ (၂) အတွက် သတ်မှတ်ထားသော ပြန်အမ်းငွေအရေအတွက်နှင့် ကူပွန်များရယူနိုင်မည်ဖြစ်သည်။

၄၊၂။ အစီအစဉ်တွင်ပါဝင်သူအချင်းချင်း အကူညီပေးခြင်း

အစီအစဉ်တွင်ပါဝင်သူများအနေဖြင့် အချင်းချင်း ဆိုရှယ်မီဒီယာများမှ တစ်ဆင့် သူငယ်ချင်းများ ၊ မိတ်ဆွေများကြား  အချင်းချင်း ကူညီဖေးမခြင်းဖြင့် KBZPay သတ်မှတ်ထားသော Link အား မျှဝေခြင်း နှင့် ထို Link အား ဝင်ရောက်ခြင်းဖြင့်  နှင်းပွင့်များ ရယူနိုင်မည် ဖြစ်သည်။ ပါဝင်သူတစ်ဦးသည် ၁ ရက် လျှင်  သုံးကြိမ် အကူညီတောင်းခံခြင်း (သို့မဟုတ်) အကူညီပေးခြင်းလုပ်ဆောင်နိုင်ပါသည်။ သို့သော် တစ်ရက် လျှင် (၁)ကြိမ်သာ တူညီသော သူငယ်ချင်းများ၊ မိတ်ဆွေများမှ ကူညီခြင်း သို့ အကူညီတောင်းခံခြင်းပြုလုပ်နိုင်ပါသည်။

၄၊၃။ KBZPay QR Code Payment ဖြင့် ၃၀,၀၀၀ ကျပ်နှင့်အထက် Merchant ဆိုင်များတွင် Merchant ဆိုင်များ၏ KBZPay QR Code ကို Scan ဖတ်၍ငွေပေးချေခြင်း။            

၄၊၄။ ၃၀,၀၀၀ ကျပ်နှင့်အထက် KBZPay ဖြင့်  ဘေလ်ဆောင်ခြင်း (သို့မဟုတ်) Quick Pay ဖြင့်ငွေပေးချေခြင်း။

၄၊၅။ Gift Card အား ၁၀,၀၀၀ကျပ်နှင့်အထက် KBZPay ဖြင့် ငွေဖြည့်ခြင်း။      

၄၊၆။      ၁၀,၀၀၀ ကျပ်ဖိုး နှင့် အထက် KBZPay Wallet အားငွေဖြည့်သွင်းမှု  

           ၄၊၇။       KBZPay Market ထဲသို့ဝင်ရောက်လေ့လာခြင်း။      

           ၄၊၈။       Campaign စာမျက်နှာရှိ Official Account မှတဆင့် ဆောင်းပါးများကိုဖတ်ရှုပြီး Like လုပ်ခြင်း။  

၄၊၉။    My Medicine ထဲသို့ဝင်ရောက်လေ့လာခြင်း။

၄၊၁၀။     မည်သည့်  Mini App ထဲသို့ မဆိုဝင်ရောက် ကြည့်ရှုလေ့လာခြင်း။   

၅။ လုပ်ဆောင်ချက် တစ်ခုအတွက်(၁) ရက်လျှင် အများဆုံးပြုလုပ်နိုင်မည့်အကြိမ်အရေအတွက် နှင့် ရရှိနိုင်သော နှင်းပွင့် အရေအတွက်များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

စဉ်လုပ်ဆောင်ချက်(၁)ရက်လျှင်အများဆုံး ပြုလုပ်နိုင်သည့်အကြိမ်အရေအတွက်(၁)ကြိမ်လျှင် နှင်းပွင့်အများဆုံးရရှိနိုင်သည့်အရေအတွက်
အသုံးပြုသူအသစ်ဖိတ်ခေါ် ခြင်းအကန့်အသတ်မရှိ (အများဆုံးဖိတ်ခေါ်မှု (၈) ဦး/ (၈)ကြိမ်အထိသာ ဆုလက်ဆောင်ရရှိနိုင်မည်)—— မှ အများဆုံး ——-
အသုံးပြုုသူမှ ကူညီခြင်း/ အကူညီတောင်းခံခြင်း(၃) ကြိမ်
၁၀,၀၀၀ ကျပ်ဖိုး နှင့် အထက် ငွေဖြည့်သွင်းမှု(၃)ကြိမ်၁၃
KBZPay QR Code Payment ဖြင့် ၃၀,၀၀၀ ကျပ်နှင့်အထက် Merchant ဆိုင်များတွင် ငွေပေးချေခြင်း။(၃)ကြိမ်၁၃
၃၀,၀၀၀ ကျပ်နှင့်အထက် ဘေလ်ဆောင်ခြင်း သို့ Quick Pay ဖြင့်ငွေပေးချေခြင်း(၃)ကြိမ်၁၃
Gift Card အား KBZPay ဖြင့် ၁၀,၀၀၀ကျပ်နှင့်အထက်ငွေဖြည့်ခြင်း။(၃)ကြိမ်၁၃
KBZPay Market ထဲသို့ဝင်ရောက်လေ့လာခြင်း။(၁)ကြိမ်
Campaign စာမျက်နှာရှိ Official Account မှတဆင့် ဆောင်းပါးများကိုဖတ်ရှုပြီး Like လုပ်ခြင်း။(၁)ကြိမ်
My Medicine ထဲသို့ဝင်ရောက်လေ့လာခြင်း။(၁)ကြိမ်
၁၀မည်သည့် Mini App ထဲသို့ မဆိုဝင်ရောက် ကြည့်ရှုလေ့လာခြင်း(၁)ကြိမ်

၆။ KBZPay အသုံးပြုများအနေဖြင့် စုဆောင်းပြီး နှင်းပွင့်များဖြင့် အောက်ဖော်ပြပါ ကူပွန်များ ကို KBZPay ရှိ ကူပွန်လဲလှယ်ရန်နေရာတွင် အစီအစဉ်ကာလအတွင်း နေ့စဉ် သွားရောက်လဲလှယ်အသုံးပြုနိုင်ပါသည်။ အသုံးပြုသူတစ်ဦးသည် တစ်ရက်လျှင်  အများဆုံး ကူပွန် ၅ ခု အထိသာလဲလှယ်၍ ပြန်လည်အသုံးပြုနိုင်မည်ဖြစ်ပါသည်။

စဉ်ကူပွန်အမျိုးအစားပမာဏ (ကျပ်)ပြန်လည်အသုံးပြုနိုင်မည့် အခြေအနေလဲလှယ်ရန်အတွက် လိုအပ်သော နှင်းပွင့်
ဖုန်းဘေလ်ဖြည့်ခြင်း ကူပွန်၂၀၀၂၀၀၀ ကျပ် နှင့်အထက်
ဖုန်းဘေလ်ဖြည့်ခြင်း ကူပွန်၅၀၀၃၀၀၀ ကျပ် နှင့်အထက်
ဖုန်းဘေလ်ဖြည့်ခြင်း ကူပွန်၁၅၀၀၁၀,၀၀၀ ကျပ် နှင့်အထက်
ဘေလ်ဆောင်ခြင်း ကူပွန်၅၀၀၃၀၀၀ ကျပ် နှင့်အထက်
ဘေလ်ဆောင်ခြင်း ကူပွန်၁၅၀၀၁၀,၀၀၀ ကျပ် နှင့်အထက်
လက်ဆောင်ကတ်ကူပွန်၄၀၀၂၅၀၀ ကျပ် နှင့်အထက်
လက်ဆောင်ကတ်ကူပွန်၂၅၀၀၁၅,၀၀၀ ကျပ် နှင့်အထက်
KBZPay Market ကူပွန်၄၀၀၀၂၀,၀၀၀ ကျပ် နှင့်အထက်

အသုံးပြုသူ မှ ရရှိလာသော ကူပွန်များကို KBZPay တွင် “My Profile” အောက်ရှိ  “My Coupons” တွင်ပြန်လှည်ကြည့်ရှုနိုင်မည်ဖြစ်ပါသည်။  ကူပွန် တစ်ခု ၏ သက်တမ်း မှာ (၂၄) နာရီ ဖြစ်ပြီး ယင်း (၂၄) နာရီသက်တမ်း ကုန်ဆုံးသွားသည့်အခါ ကူပွန်အား အသုံးပြုနိုင်တော့မည်မဟုတ်ပါ။

၇။  KBZPay အသုံးပြုများအနေဖြင့် စုဆောင်းထားသော နှင်းပွင့်များဖြင့် ဆုလက်ဆောင်ကြီးများ ကံစမ်းရန်အတွက် လျှို့ဝှက်သေတ္တာ ကိုဖွင့်လှစ်၍ အောက်ဖော်ပြပါ အထူးဆုများဖြစ်သော Samsung Galaxy A 55 အပါအဝင် အခြားဆုလက်ဆောင်များကို ကံထူးနိုင်မည်ဖြစ်သည်။ KBZPay အသုံးပြုသူများသည် လျှို့ဝှက်သေတ္တာကို နေ့စဉ် ကံစမ်းနိုင်မည်ဖြစ်ပြီး တစ်ကြိမ် ဖွင့်တိုင်း နှင်းပွင့် ၂၀ ကို အသုံးပြုရမည်ဖြစ်သည်။ ကံစမ်းနိုင်မည့် ဆုလက်ဆောင်များမှာ-

၁။ ၃၀၀ ကျပ်ပြန်အမ်းငွေ 

၂။ ၅၀၀ ကျပ်ပြန်အမ်းငွေ

၃။ ၁၂၀၀ ကျပ်ပြန်အမ်းငွေ

၄။ ၃၀၀၀ ကျပ်ပြန်အမ်းငွေ

၅။ ၅၀၀၀ ကျပ်ပြန်အမ်းငွေ

၆။ ၁၀,၀၀၀ ကျပ်ပြန်အမ်းငွေ

၇။ Samsung Galaxy A55 ပါဝင်သော KBZPay Advent Calendar (၄ ခု) နှင့်

၈။ ကျေးဇူးတင်ပါသည် တို့ ဖြစ်ပါသည်။

၈။ အထူးဆုဖြစ်သော Samsung Galaxy A 55 ဖုန်း ဆုလက်ဆောင်များကို ကံထူးရှင်များထံသို့ တိုက်ရိုက်ပို့ဆောင်ပေးမည်ဖြစ်ပါသည်။ သို့သော် ပို့ဆောင်ရန်ခက်ခဲသော‌ နေရာများဖြစ်ပါက KBZPay မှသတ်မှတ်ထားသောနေရာတွင် အထူးဆုကံထူးသူများသည် လာရောက်ထုတ်ယူရမည်ဖြစ်သည်။ အထူးဆုကံထူးသူများ ထံသို့ KBZPay မှ SMS ပေးပို့အကြောင်းကြားမည်ဖြစ်သည်။ ဆုရရှိသူများသည် query@kbzpay.com သို့ မိမိ၏ ကိုယ်ရေးအချက်အလက်များဖြစ်သည့် အမည်၊ မှတ်ပုံတင်အမှတ်၊ ဖုန်းနံပါတ် နှင့် လက်ရှိနေရပ်လိပ်စာတို့အပြင် ရရှိထားသော အတည်ပြု SMS Screenshot နှင့်အတူ အီးမေးလ်ပေးပို့၍ ဆက်သွယ်ရပါမည်။ KBZPay မှ အချက်အလက်များစုံလင်စွာရရှိပါက ဆုရရှိသူထံ ဆုလက်ဆောင် လာရောက်ထုတ်ယူနိုင်မည့်လိပ်စာအား အကြောင်းကြားပေးသွားမည်ဖြစ်ပါသည်။ 

၉။ ဆုရရှိသူသည် ဆုလက်ဆောင်အား ကမ္ဘောဇဘဏ်မှ (၃၀)ရက်အတွင်း သတ်မှတ်ထားသည့် လိပ်စာတွင် ဆုရရှိသူကိုယ်တိုင် လာရောက်ထုတ်ယူရမည်ဖြစ်ပြီး သတ်မှတ်ရက်အတွင်း လာရောက်ထုတ်ယူနိုင်ခြင်းမရှိပါက ဆုလက်ဆောင်အား KBZPay မှ ပြန်လည်ရုပ်သိမ်းသွားမည်ဖြစ်သည်။ ဆုရရှိသူမှ ဆုအားထုတ်ယူစဉ်တွင် စစ်ဆေးပြီးမှသာ လက်ခံရယူရမည်ဖြစ်ပြီး ဆုရရှိသူမှ ထုတ်ယူပြီးသောဆုများနှင့်ပတ်သက်၍ ချို့ယွင်းမှုတစ်စုံတစ်ရာ ပေါ်ပေါက်လာပါက KBZ မှ တာဝန်ယူဖြေရှင်းပေးမည်မဟုတ်ပါ။

၁၀။       KBZPay ခရစ်စမတ် နှင့် နှစ်သစ်ကူးမုန့်ဖိုး

       KBZPay အသုံးပြုများအနေဖြင့် စုဆောင်းပြီး နှင်းပွင့်များဖြင့် အစီအစဉ် စာမျက်နှာရှိ “ဖွင့်မည်” ကို နှိပ်၍ ခရစ်စမတ် နှင့် နှစ်သစ်ကူးမုန့်ဖိုးများရယူနိုင်ပါသည်။ မုန့်ဖိုးရယူနိုင်ရန်အတွက်systemမှအလိုအလျောက် မိမိတို့စုဆောင်းရရှိထားသော နှင်းပွင့်များအပေါ်မူတည်၍ နှင်းလူ၊ သမင်၊ ဆန်တာကလော့ တို့ကို ၂၀၂၄ ခုနှစ်  ဒီဇင်ဘာလ (၂၄၊၂၅၊၃၁) ရက်နေ့များ နှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁)ရက်နေ့ ည (၈) နာရီတွင် ဖွင့်လှစ်ပေးမည်ဖြစ်ပါသည်။KBZPay အသုံးပြုသူများအနေဖြင့်တစ်နေ့လျှင်တစ်ကြိမ်သာ နှင်းလူ၊ သမင်၊ ဆန်တာကလော့ တို့ကိုနှိပ်၍မုန့်ဖိုးအားရယူနိုင်မည်ဖြစ်သည်။ နှင်းလူ၊ သမင်၊ ဆန်တာကလော့ တို့ကိုနှိပ်ရန် လိုအပ်သော နှင်းပွင့်အရေအတွက်များသည် သတ်မှတ်ထားသော နေ့ရက် တစ်ရက်စီတိုင်းတွင် တူညီနိုင်မည်မဟုတ်ပါ။

၁၁။  ဉီးရာလူစနစ်ဖြစ်သောကြောင့် အသုံးပြုများသည် အစီအစဉ်မစခင် KBZPay အကောင့်ထဲသို့ ကြိုတင်ဝင်ရောက်၍ မုန့်ဖိုးများကို အချိန်ကိုက်ရယူနိုင်ရန် တိုက်တွန်းအပ်ပါသည်။ 

၁၂။ KBZPay အသုံးပြုများသည် KBZPay မှ သတ်မှတ်ထားသော လုပ်ဆောင်ချက်များအားလုပ်ဆောင်ပြီးနောက်ရရှိထားသော နှင်းပွင့်များဖြင့် မုန့်ဖိုးဖွင့်ဖောက်ရန်/ ကူပွန်လဲလှယ်ရန်/ လျှို့ဝှက်သေတ္တာဖွင့်လှစ်ရန် လိုအပ်ပြီး တစ်ကြိမ်အသုံးပြုပြီးပါက နောက်ထပ်တစ်ကြိမ်အသုံးပြုရန် အတွက် လိုအပ်သော နှင်းပွင့်များကို ထပ်မံစုဆောင်းရန်လိုပါသည်။

၁၃။ ရရှိလာသော  ပြန်အမ်းငွေများအား KBZPay Wallet သို့ တိုက်ရိုက် ထည့်သွင်းပေးသွားမည် ဖြစ်ပြီး ကူပွန်များကို “ကျွန်ုပ်၏ ပရိုဖိုင်” အောက်ရှိ “ကူပွန်များ“ တွင်ပြန်လည်ကြည့်ရှုနိုင်ပါသည်။ ကူပွန် တစ်ခု ၏ သက်တမ်း မှာ (၂၄) နာရီ ဖြစ်ပြီး ၎င်းရက်ကုန်ဆုံးသွားသည့်အခါ ကူပွန်အား အသုံးပြုနိုင် တော့မည်မဟုတ်ပါ။ ကူပွန်များ နှင့် ပြန်အမ်းငွေများအား တိုက်ရိုက်ထည့်သွင်းပေးမည်ဟု ဖော်ပြထားသော်လည်း KBZဘဏ်၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့်ကူပွန်များနှင့် ပြန်အမ်းငွေများအား ထည့်သွင်းချိန် ပြောင်းလဲမှု ရှိနိုင်ပါသည်။

၁၄။ ဤ အစီအစဥ်အရ ဆုလက်ဆောင်ရရှိသူများနှင့် ကူပွန် ရရှိသူများသည် ၎င်းတို့ရရှိသော ဆုလက်ဆောင်/ ကူပွန် အား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့်မပြုပါ။

၁၅။ ဤ အစီအစဥ်တွင်ပါဝင်ဆင်နွှဲရန် KBZPay အက်ပလီကေးရှင်းအား နောက်ဆုံးဗားရှင်းသို့ မြှင့်တင် ထားရန် လိုအပ်ပါသည်။

၁၆။ အစီအစဥ်တွင်ပါဝင်ရန်အတွက် KBZPay အက်ပလီကေးရှင်းရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account နှင့် ဖိတ်ခေါ်ခြင်းခံရသော လူမှုကွန်ရက်များမှတဆင့် ဝင်ရောက်ပါဝင်နိုင် ပါသည်။  

၁၇။ ဤ အစီအစဥ်ကာလအတွင်း KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး Campaign ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ ဤအပိုဒ်တွင်မည်သို့ပင်ဖော်ပြစေကာမူ KBZPay Customer များသည် အစီအစဥ် ကာလ၏ နောက်ဆုံးရက်တွင် ကူပွန်များအား ရရှိခဲ့ပါက အစီအစဥ် ကာလပြီးဆုံးသော်လည်း အပိုဒ် ၁၂  တွင် ဖော်ပြချက်နှင့်အညီ ဆက်လက်အသုံးပြုနိုင်မည်ဖြစ်သည်။     

၁၈။ KBZ ဝန်ထမ်းများသည် အစီအစဥ်တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Accountနှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၉။ ဤ အစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၂၀။ ဤ အစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူ များနှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်းဉပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၂၁။ KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၂၂။ KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ်နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၂၃။ KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၂၄။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၅။   KBZPay သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZPayအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay အသုံးပြုသူအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

 ၂၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

KBZPay QR Week Campaign Terms and Conditions mm

၁။ KBZPayမှ  “KBZPay QR Week” အစီအစဉ်ကာလကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၁၅)ရက်      မှ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၁၁)ရက်ထိ  (KBZPay QR Day) သတ်မှတ်ထားပါသည်။ ဤအစီအစဉ်ကာလတွင်း  ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်၊ (၂၈)ရက်နှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၄)ရက်၊ (၁၁)ရက်  (စုစုပေါင်း စနေနေ့ရက် လေးရက်) အား KBZPay QR Week အစီအစဉ်နေ့အဖြစ် သတ်မှတ်ထားပါသည်။ 

၂။ KBZPay Level 1.5 ၊  KBZPay Level 2 နှင့် Youth Account အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 1.5 သို့မဟုတ် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မှာ ဖြစ်ပါသည်။

၃။ ဤအစီအစဥ်  ၏ရည်ရွယ်ချက်မှာ KBZPay Level 1.5 ၊      KBZPay Level 2 နှင့် Youth Account အသုံးပြုသူများ အားလုံး အရောင်းမိတ်ဖက်ဆိုင်များတွင်   အစီအစဥ်ကာလအတွင်း ဈေးဝယ်ယူပြီး အရောင်းမိတ်ဖက်ဆိုင်၏ KBZPay QR (သို့) မိမိ၏ KBZPay QR ကို scan ဖတ်ပြီး (သို့) အ‌ရောင်းမိတ်ဖက်ဆိုင်၏ ကုဒ်နံပါတ်ရိုက်ထည့်ပြီး (သို့) Own Scan (Micro Pay)အသုံးပြုကာ  စုစုပေါင်းငွေကျပ်  ၃၀,၀၀၀ကျပ်နှင့်အထက် KBZPay နှင့် အောင်မြင်စွာ ပေးချေခြင်းဖြင့် ပြန်အမ်းငွေများ ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

၄။ ငွေပေးချေမှုတစ်ကြောင်းသည် စုစုပေါင်းငွေကျပ် ၃၀,၀၀၀ကျပ်နှင့်အထက် ဖြစ်ရန်လိုအပ်ပြီး အရောင်းမိတ်ဖက်ဆိုင်၏ KBZPay QR Code (သို့ ) မိမိ၏ KBZPay  QR ကို scanဖတ်၍ ငွေပေးချေခြင်း (သို့) အ‌ရောင်းဆိုင်၏ ကုဒ်နံပါတ်ရိုက်ထည့်ခြင်း (သို့) Own Scan (Micro Pay)အသုံးပြုကာ  KBZPay နှင့် အောင်မြင်စွာငွေပေးချေပါက  သတ်မှတ်ထားသော ပြန်အမ်းငွေများကို KBZPay အသုံးပြုသူများသည် KBZPay အကောင့်တစ်ခုတွင် တစ်ပတ်လျှင် (၁၄)ကြိမ် ရရှိနိုင်မည်ဖြစ်သည်။ သတ်မှတ်ချက်နှင့် ပြည့်မှီသည့်ဝယ်ယူပေးချေမှုများအတွက် ပြန်အမ်းငွေပေးမည့် အကြိမ်အရေအတွက် ကန့်သတ်ချက်ရှိသောကြောင့် ကန့်သတ်ချက် ကျော်လွန်ပြီးနောက် ပေးချေမှုပြုလုပ်သည့် KBZPay အသုံးပြုသူများအနေဖြင့်  ပြန်အမ်းငွေ ရရှိနိုင်မည်မဟုတ်ပါ။

၅။ ဤ အစီအစဥ် တွင်ပါဝင်သူများသည်  KBZPay Account တစ်ခုဖြင့်  အစီအစဥ် ကာလ အတွင်း တစ်ပတ်လျှင် (၁၄)ကြိမ်သာ ပါဝင်နိုင်ပါသည်။ ပြန်အမ်းငွေများမှာ –

  • ၅၀၀ကျပ် ပြန်အမ်းငွေ
  • ၈၀၀ကျပ် ပြန်အမ်းငွေ
  • ၁,၀၀၀ကျပ် ပြန်အမ်းငွေ
  • ၃,၀၀၀ကျပ် ပြန်အမ်းငွေ
  • ကျေးဇူးတင်ပါတယ်။ တို့ဖြစ်ပါသည်။

       ထို့အပြင် ဤအစီအစဥ်ကာလအတွင်း   KBZPay QR Week အစီအစဉ်နေ့ဖြစ်သော (အပါတ်စဉ် စနေနေ့တိုင်း)  ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ (၂၁)ရက်၊ (၂၈)ရက် နှင့် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၄)ရက် ၊ (၁၁)ရက်နေ့တွင် KBZPay အသုံးပြုသူများသည် တစ်ပတ်တွင်း KBZPay ဖြင့် ၃၀,၀၀၀ ကျပ်နှင့်အထက်ငွေပေးချေခြင်း   (၇)ကြိမ် ပြည့်ပါက ၄၀၀ ကျပ် (သို့မဟုတ်) ၄၀၀,၀၀၀ ကျပ် ပြန်အမ်းငွေ ကံစမ်းခွင့် လက်ဆောင်ဘူး တစ်ကြိမ် ထပ်မံရရှိမည်ဖြစ်သည်။ ၄၀၀ ကျပ် (သို့မဟုတ်) ၄၀၀,၀၀၀ ကျပ် ပြန်အမ်းငွေ လက်ဆောင်ဘူး ကံစမ်းခွင့်ကို သတ်မှတ်ချက်များနှင့်အညီ အပတ်စဉ် တစ်ကြိမ်စီ ကံစမ်းခွင့်ရှိမည် ဖြစ်သည်။  KBZPay အသုံးပြုသူမှ ရရှိထားသော ပြန်အမ်းငွေများကို ၎င်းတို့၏ KBZPay wallet များထဲသို့  တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်ပြီး မှတ်တမ်းတွင် ပြန်လည် ကြည့်ရှုနိုင်မည်ဖြစ်သည်။      ပြန်အမ်းငွေအရေအတွက် ကန့်သတ်ချက်များ ရှိပါသည်။  နေ့စဉ်အတွက် သတ်မှတ်ထားသော ပြန်အမ်းငွေ အရေအတွက်ရှိသဖြင့် ထိုကန့်သတ် အရေအတွက် ကျော်လွန်သော ငွေပေးချေမှုများ အတွက် ပြန်အမ်းငွေ ရရှိနိုင်မည် မဟုတ်ပါ။

၆။ ဤအစီအစဥ်မှ ရရှိသော ပြန်အမ်းငွေများအား KBZPay အသုံးပြုသူများ၏  KBZPay wallet များထဲသို့ တိုက်ရိုက်ထည့်သွင်းပေးသွားမည် ဖြစ်ပါသည်။ ပြန်အမ်းငွေများအား ထည့်သွင်းပေးမည့် အချိန်သည် KBZ ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေများအား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။

၇။ ဤအစီအစဥ်ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤအစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၈။ ဤအစီအစဥ် တွင်ပါဝင်ရန် KBZPay Application ရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၉။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၀။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၁။ ဤအစီအစဥ်နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၂။ KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၃။ KBZ အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်း ကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက် တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၄။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့် အရောင်းမိတ်ဖက် ဆိုင်များ၏ စည်းမျဥ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZ အနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ်ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

“ကျန်းမာဖို့အတွက်ရွှေအိုးမှာဆေးဝယ် KBZPay နဲ့ရှင်းပြီး၃,၀၀၀ကျပ်လျှော့စျေးယူမယ်” အစီအစဥ်စည်းမျဉ်းစည်းကမ်းသတ်မှတ်ချက်များ

၁။  “ကျန်းမာဖို့အတွက် ရွှေအိုးမှာဆေးဝယ် KBZPay နဲ့ရှင်းပြီး ၃,၀၀၀  ကျပ်လျှော့စျေးယူမယ်” အစီအစဥ်ကာလကို ၂၀၂၄ ခုနှစ်  ဒီဇင်ဘာ ၁၂ ရက်       (၁ ရက်ထဲသာ) သတ်မှတ်ထား ပါသည်။

၂။ KBZPay Level 1.5 ၊ Level 2  နှင့် Youth Account အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည်ဖြစ်ပြီး KBZPay Level 1 အသုံးပြုသူများသည် Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မည် ဖြစ်ပါသည်။ 

၃။ ဤအစီအစဥ် ၏ရည်ရွယ်ချက်မှာ KBZPay Level 1.5 ၊       Level 2 အသုံးပြုသူများ နှင့် Youth Account အသုံးပြုသူများ အားလုံး        ရွှေအိုး ဆိုင်များတွင်အစီအစဥ်ကာလအတွင်း ဝယ်ယူပြီး ရွှေအိုးအရောင်းဆိုင်၏ KBZPay QR ကို scan ဖတ်ပြီး စုစုပေါင်းငွေကျပ်      ၅၀,၀၀၀ ကျပ်ဖိုးနှင့်အထက် KBZPay နှင့် အောင်မြင်စွာ ပေးချေခြင်းဖြင့် လက်ငင်းလျှော့စျေး   ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။

၄။ ငွေပေးချေမှုတစ်ကြောင်းသည် စုစုပေါင်းငွေ      ၅၀,၀၀၀ ကျပ်ဖိုးနှင့်အထက်       ဝယ်ယူရန်လိုအပ်ပြီး ရွှေအိုး အရောင်းဆိုင်များ     ၏ KBZPay QR Code ကို scanဖတ်၍ 

            ငွေပေးချေပါက  ၃,၀၀၀  ကျပ် လျှော့စျေးအား   ချက်ချင်း ရရှိမည်ဖြစ် ပြီး ပေးချေရမည့်ငွေပမာဏမှ ထိုလျှော့စျေး ၃,၀၀၀ ကျပ်အား နှုတ်ယူ၍ ကျန်ရှိသော ငွေပမာဏကိုသာပေးချေရမည်ဖြစ်သည်။

၅။ ဤ အစီအစဥ် တွင်ပါဝင်သူများသည် KBZPay Account တစ်ခုဖြင့် အစီအစဥ် ကာလ အတွင်း တစ်ကြိမ်သာ ပါဝင်နိုင်ပါသည်။ သတ်မှတ်ချက်နှင့် ပြည့်မှီသည့်ဝယ်ယူပေးချေမှုများ အတွက်  အစီအစဥ် ကာလ အတွင်း လျှော့စျေးပေးမည့်      အကြိမ် အရေအတွက်သည် (၁၆၆၆) အကြိမ် အထိ သတ်မှတ်ထားပါသည်။      အစီအစဥ် ကာလအတွက် ပြန်အမ်းငွေပေးမည့်  အကြိမ်အရေအတွက် ကန့်သတ်ချက်ရှိသောကြောင့် ကန့်သတ်ချက် ကျော်လွန်ပြီးနောက် ဝယ်ယူပေးချေမှုပြုလုပ်သည့် KBZPay အသုံးပြုသူများအနေဖြင့်  လျှော့စျေး  ပမာဏရရှိနိုင်မည်မဟုတ်ပါ။

၆။ ဤ အစီအစဥ် ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ အစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၇။           ဤအစီအစဥ် တွင်ပါဝင်ရန် KBZPay Application ရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၈။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၉။  ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZPay က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၀။ ဤ အစီအစဥ် နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZPay တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၁။ KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ် အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၂။     KBZ အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်း ကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက် တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၃။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များနှင့်      ရွှေအိုးအရောင်း ဆိုင်များ၏ စည်းမျဥ်းနှင့်စည်းကမ်းသတ်မှတ်ချက်များလည်း အကျုံးဝင်စေရမည်။

၁၄။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၅။  KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၆။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

KBZPay Market တွင် “12.12 Grand Sale” Campaign၏ စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ

၁) KBZPay Market တွင် “12.12 Grand Sale” Campaign သည် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၂ရက်နေ့ မှ  ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၁ရက်နေ့ အထိ ဖြစ်ပါသည်။ “12.12 Grand Sale” Campaign တွင် ဝယ်ယူမှုတိုင်းအတွက် မြန်မာနိုင်ငံအနှံ့အပြားကို  ပို့ဆောင်ပေးသွားမည် ဖြစ်ပါသည်။

၂) KBZPay Level 2 Customer များသာ ယခု Campaign တွင် ပါဝင်၍ ဝယ်ယူမှုများပြုလုပ်နိုင်မည် ဖြစ်ပြီး  KBZPay Level 1 (သို့) Level 1.5 Customerများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ  ဤ Campaign တွင်ပါဝင်၍ဝယ်ယူနိုင်မည်ဖြစ်ပါသည်။

၃) ဤ Campaign ၏ ရည်ရွယ်ချက်မှာ KBZPay Application version 5.1 နှင့်အထက် အသုံးပြုသည့် KBZPay Level 2 Customer များသည် KBZPay Marketမှတဆင့် Merchant များထံတွင် ဝယ်ယူမှုများပြုလုပ်ပြီး KBZPay ဖြင့် ငွေပေးချေခြင်းအတွက် အထူး လျှော့စျေးများရရှိစေရန်နှင့် ပို့ဆောင်ခအခမဲ့ ခံစားခွင့်ရရှိစေရန်အတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်သည်။ ဤ Campaign တွင် ပါဝင်လိုသည့် KBZPay Customerများအနေဖြင့် ၎င်းတို့၏ KBZPay Application အား 5.1 နှင့် အထက် versionသို့ အဆင့်မြှင့်ထားရန် လိုအပ်ပါသည်။

၄) ဤ “12.12 Grand Sale” Campaign တွင် ပါဝင်သော အစီအစဉ်များမှာ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၆ရက်နေ့ နှင့် ဒီဇင်ဘာ ၂၁ ရက်နေ့  များတွင် ၃၀,၀၀၀ ကျပ်နှင့် အထက် ပထမဆုံးဝယ်ယူမှု ၁၅၀ အတွက်  ပို့ဆောင်ခလျှော့ဈေးအစီအစဥ် အပြင် ဒီဇင်ဘာ ၁၈ ရက်နေ့ တွင် ပထမဆုံးဝယ်ယူမှု ၁၅၀ အတွက် အခမဲ့ ပို့ဆောင်ခ ကဲ့သို့သော အထူးအစီအစဉ်များ ပေးထားသည်။ပို့ဆောင်ခလျှော့ဈေး အစီအစဥ်အတွက် အများဆုံလျော့ပေးမည့် ပို့ဆောင်ခမှာ ၂,၀၀၀ ကျပ် (နှစ်ထောင်ကျပ်) အထိ သတ်မှတ်ထားပြီး ပို့ဆောင်ခ ၂,၀၀၀ ကျပ်အထက်ကို  ကျော်လွန်ပါက ကျော်လွန်နေသော ပို့ဆောင်ခပမာဏအား Customer ဘက်မှ ကျခံပေးချေရမည် ဖြစ်ပါသည်။ 

၅) KBZPay Market ၏ 12.12 Grand Sale တွင် Hottest Deals in Town အစီအစဉ်ကို ၂ ကြိမ်ပြုလုပ်ပါမည်။ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၂ရက်နေ့ ည ၈:၃၀နာရီ တွင် တစ်ကြိမ်၊၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၇ရက်နေ့ည ၈:၃၀နာရီ တွင် တစ်ကြိမ် ပြုလုပ်ပါမည်။  ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၂ရက်နေ့ Hottest Deals in Town အစီအစဉ်ရှိ လျှော့စျေးဖြင့်ရောင်းချမည့်ပစ္စည်းများကို ဒီဇင်ဘာ ၁၂ရက်နေ့  ည ၈:၃၀ နာရီမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၃ရက်နေ့   ည ၈:၃၀ နာရီအထိသာ ဝယ်ယူနိုင်မည်ဖြစ်ပြီး  ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၇ရက်နေ့ Hottest Deals in Town အစီအစဉ်ရှိ လျှော့စျေးဖြင့်ရောင်းချမည့်ပစ္စည်းများကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၇ရက်နေ့  ၈:၃၀ နာရီမှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၈ ရက်နေ့ည ၈:၃၀ နာရီ အထိသာ ဝယ်ယူနိုင်မည်ဖြစ်ပါသည်။

၆) Customer မှ ရရှိသည့်ကူပွန်အား KBZPay Market ရှိ Merchant များထံမှ ဝယ်ယူပေးချေခြင်းတွင် ပြန်လည် အသုံးပြုနိုင်ပြီး ဝယ်ယူပေးချေသည့်ပမာဏသည် ကူပွန်ပမာဏထက်ပိုများရန် လိုအပ်ပါ သည်။

၇) “ Flash Sale” အစီအစဉ်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၃ရက်နေ့၊ ဒီဇင်ဘာ ၁၄ရက်နေ့ နှင့် ဒီဇင်ဘာ ၁၅ရက်နေ့         များတွင်(၃) ကြိမ်ကျင်းပမည်ဖြစ်ပါသည်။ အထူး Flash Sale အစီအစဉ်တွင်၊ ရွေးချယ်ထားသောပစ္စည်းများကို အထူးလျှော့စျေးဖြင့် ဝယ်ယူနိုင်ပါသည်။

၈) Customer များသည် KBZPay Application mini icon၊ KBZPay Home page banner၊ Facebook၊ Viber၊ KBZPay Market Official Account (5.1 version နှင့်အထက် အသုံးပြုသည့် KBZPay Customer များအတွက်) တို့မှတဆင့် “12.12 Grand Sale” Campaign တွင် Merchant များ၏ဆိုင်များမှ ကုန်ပစ္စည်းများကို ဝယ်ယူနိုင်မည်ဖြစ်သည်။

၉) ဤ “12.12 Grand Sale” Campaignတွင် ပါဝင်သော Merchant ဆိုင်များရှိ ကုန်ပစ္စည်းအရေအတွက် ရရှိနိုင်မှုသည် ကန့်သတ်ချက်များရှိနိုင်ပါသဖြင့် Customer များမှ အမြန်ဝယ်ယူရန်လိုအပ်ပါသည်။ KBZPay မှ Customer ထံသို့ order အတည်ပြုချက် ပေးပို့ထားခြင်းမရှိသော Customer ၏ order များကို အောင်မြင်စွာ ဝယ်ယူထားသော order အဖြစ် သတ်မှတ်မည်မဟုတ်ဘဲ ထို order များကို Merchant ဘက်မှ အချိန်မရွေး Cancel ခြင်းပြုလုပ်နိုင်မည်ဖြစ်သည်။ ထို order များကို KBZPay မှလည်း Customer ထံသို့ ပို့ဆောင်ပေးရန် တာဝန်ရှိမည်မဟုတ်ပါ။

၁၀) KBZPay Market သည် Merchant များမှ ၎င်းတို့၏ ကိုယ်ပိုင်စတိုးဆိုင်များကဲ့သို့ စီမံခန့်ခွဲနိုင်သည့်  Marketplace ဖြစ်သည့်အတွက် Merchant များဘက်မှ Cancel သည့် ပစ္စည်းများကို KBZမှ တာဝန်ယူမည်မဟုတ်ပါ။ သို့သော် Merchant ဘက်မှ Cancel ခြင်းသည် ကျိုးကြောင်းဆီလျော်သော သို့မဟုတ် ယုံကြည်ရလောက်သော အကြောင်းပြချက်မရှိသည့် Cancel ခြင်းမျိုးဖြစ်ပါက ထို Merchant များကို Cancel ခြင်းနှင့်အခြား စည်ကမ်းချိုးဖောက်မှုများအတွကအတွက် KBZPay Market ရဲ့ စည်းမျဉ်းစည်းကမ်းများအတိုင်း အရေးယူသွားမည်ဖြစ်သည်။

၁၁) ဤ Campaignအရ Customer များအား ပေးသော ဝန်ဆောင်မှု အဆက်ပြတ်ခြင်း၊ နည်းပညာ ချို့ယွင်းမှုဖြစ်ပေါ်ခြင်း သို့မဟုတ် မဝင်ရောက်နိုင်ခြင်းတစ်ခုခုအတွက် KBZသည် Customer အပေါ် သို့မဟုတ် မည်သည့်တတိယပုဂ္ဂိုလ်များအပေါ်မဆို တာဝန်ရှိမည် မဟုတ်သည်ကို Customerအနေဖြင့် သိရှိသဘောတူပါသည်။

၁၂)  Merchant ဆိုင်များရှိ “12.12 Grand Sale” Campaignတွင် ပါဝင်သော ကုန်ပစ္စည်းအား သတ်မှတ်မြို့နယ်များမှ ဝယ်ယူသော Customer များ၏ ဝယ်ယူမှုများအတွက် သက်ဆိုင်ရာ နေရာသို့ပို့ဆောင်ရာတွင် သတ်မှတ်ထားသည့်ရက်အတွင်းပေးပို့နိုင်ရန်အတွက် KBZPay နှင့် Merchant များသည် အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်သွားမည် ဖြစ်သော်လည်း KBZPay နှင့် Merchant များအနေဖြင့် ထိန်းချုပ်၍မရသော မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့် သတ်မှတ်ရက် အတွင်းမပေးပို့နိုင်ခဲ့ပါက KBZ နှင့် Merchant များတွင် မည်သည့်တာဝန်မျှမရှိပါ။

၁၃) KBZ နှင့် Merchantများအနေဖြင့် ထိန်းချုပ်၍မရသော မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့် အချိန်မှီပေးပို့နိုင်ခြင်းမရှိခဲ့သည့် ကုန်ပစ္စည်းများအား KBZPay နှင့် Merchant များသည် သင့်လျော်သည့် အချိန်တစ်ခုတွင် ဝယ်ယူထားသည့် Customer များထံသို့ ပြန်လည်ပို့ဆောင်ပိုင်ခွင့် သို့မဟုတ် ထိုပစ္စည်းအတွက် Customer အား ငွေပြန်အမ်းခြင်းတို့အား KBZ နှင့် Merchantများ၏ ဆုံးဖြတ်ချက်တို့ဖြင့် ပြုလုပ်ဆောင်ရွက်ခွင့်ရှိမည်ဖြစ်သည်။

၁၄) Customer မှ ဝယ်ယူထားသော ကုန်ပစ္စည်းအား Cancel ပြုလုပ်ခြင်း၊ Merchant ထံသို့ ကုန်ပစ္စည်းအား ပြန်လည်ပေးပို့ခြင်း၊ လိမ်လည်မှုကိစ္စနှင့် အရည်အချင်းမပြည့်မီသော ထုတ်ကုန်များနှင့် ပတ်သက်သည့် ပြဿနာများရှိပါက Customer မှ ပစ္စည်းများအား လက်ခံရရှိပြီးချိန်မှစ၍ ၄၈ နာရီအတွင်း KBZPay Market မှ တဆင့် Merchant များသို့တင်ပြရမည်ဖြစ်သည်။ Merchant သည် အမှန်တကယ် ပြန်လည်လဲလှယ်ပေးရန် လိုအပ်သော ကုန်ပစ္စည်းများ လဲလှယ်ခြင်း သို့မဟုတ် ငွေပြန်အမ်းရန်ခြင်းများအားဆောင်ရွက်ပေးရမည်ဖြစ်ပြီး အငြင်းပွားမှုများဖြစ်ပေါ်လာပါက KBZ၏  ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

၁၅) ဤ Campaign ကာလအတွင်းသာလျှင် KBZPay အပ်ပလီကေးရှင်း 5.1 version နှင့်အထက် အသုံးပြုသော KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ရပ်စဲသည် သို့မဟုတ် ပြီးဆုံးသွားသည် နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။ 

၁၆) KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကိုမျှတောင်းခံမည် မဟုတ်ပါ။

၁၇) ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်း ပြုလုပ် ပိုင်ခွင့်ရှိသည်။

၁၈) ဤ Campaign နှင့်ပတ်သက်၍ KBZPay Customerများ နှင့် KBZ တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေ အရ KBZPay Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

၁၉) KBZသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့်နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။

၂၀) KBZ အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customerများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိ သဘောတူပါသည်။

၂၁) KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များနှင့် Merchant များ၏ စည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၂၂) ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ် ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၂၃)  KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်း ရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay Customer များအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မှတ်ယူခြင်း မရှိစေရပါ။

၂၄) ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

“KBZPay Market Year End Mega Giveaway” Campaign  ၏စည်းမျဉ်းစည်းကမ်း နှင့် သတ်မှတ်ချက်များ

၁) KBZPay Market တွင် ဝယ်ယူသူများအတွက် KBZPay Market Year End Mega Giveaway Campaignကို နိုဝင်ဘာလ ၁၁ ရက်နေ့ ၂၀၂၄ ခုနှစ်မှ ဒီဇင်ဘာလ ၃၁ ရက်နေ့ ၂၀၂၄ ခုနှစ်အထိ ပြုလုပ်ပေးသွားမှာဖြစ်ပါသည်။

၂) KBZPay Level 2 Customer များသာ ယခု Campaign တွင် ပါဝင်၍ ဝယ်ယူမှုများပြုလုပ်နိုင်မည် ဖြစ်ပြီး  KBZPay Level 1 (သို့) Level 1.5 Customerများသည် KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ  ဤ Campaign တွင်ပါဝင်၍ဝယ်ယူနိုင်မည်ဖြစ်ပါသည်။

၃) ဤ Campaign ၏ ရည်ရွယ်ချက်မှာ KBZPay Application version 5.1 နှင့်အထက် အသုံးပြုသည့် KBZPay Customer များသည် KBZPay Marketမှတဆင့် Merchant များထံတွင် ဝယ်ယူမှုများပြုလုပ်ပြီး KBZPay Market တွင် ဝယ်ယူအားပေးကြသော ဝယ်ယူသူများကို ကျေးဇူးတုံ့ပြန်သောအားဖြင့် ကံစမ်းရန် အခွင့်အရေးအား ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့်ပြုလုပ်ခြင်း ဖြစ်သည်။ ဤ Campaign တွင် ပါဝင်လိုသည့် KBZPay Customerများအနေဖြင့် ၎င်းတို့၏ KBZPay Application အား 5.1 နှင့် အထက် versionသို့ အဆင့်မြှင့်ထားရန် လိုအပ်ပါသည်။ 

၄) ဤ အစီအစဉ်တွင် ၂၀၂၄ ခုနှစ် နိုဝင်ဘာလ(၁၁)ရက်နေ့မှ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့အတွင်း KBZPay Market မှာ ကျပ်၅သောင်းဖိုးနဲ့အထက်ဝယ်ယူသူတိုင်းပါဝင်ကံစမ်းနိုင်မှာဖြစ်ပါသည်။ ကံစမ်းနိုင်မည့် ပစ္စည်းများမှာ iPhone 16 Pro, Samsung Crystal UHD TV 55 in, Alpha Rechargeable Air Cooler တို့ဖြစ်ပါသည်။ KBZPay Market မှာ ကျပ်၅သောင်းဖိုးနဲ့အထက်ဝယ်ယူပြီးချိန်တွင်ဝယ်ယူသူသည် spin wheel လှည့်ရန်တစ်ကြိမ် ကံစမ်းခွင့်ရရှိမည် ဖြစ်သည်။ 

၅) ကံထူးရှင်သည် ကံစမ်းမဲပေါက်သည့် ပစ္စည်းအား တစ်ပတ်အတွင်း လာရောက်ထုတ်ယူရမည်ဖြစ်သည်။ KBZPay Market Hotline Phone No. 3211 ext:6 သို့ ဆက်သွယ်၍ သော်လည်းကောင်း၊ အပြာရောင် အမှန်ခြစ်ပါသော KBZPay Market Facebook Page Messenger (သို့) info.kbzpaymarket@kbzbank.com  သို့ လာရောက်ထုတ်ယူရန် ဆက်သွယ် နိုင်ပါသည်။

၅) ဤCampaign မှ ရရှိသော ကံစမ်းနိုင်သည့်ပစ္စည်းများအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်ခွင့် ရရှိမည် မဟုတ်ပါ။ 

၆) KBZPay Market သည် Merchant များမှ ၎င်းတို့၏ ကိုယ်ပိုင်စတိုးဆိုင်များကဲ့သို့ စီမံခန့်ခွဲနိုင်သည့်  Marketplace ဖြစ်သည့်အတွက် Merchant များဘက်မှ Cancel သည့် ပစ္စည်းများကို KBZမှ တာဝန်ယူမည်မဟုတ်ပါ။ သို့သော် Merchant ဘက်မှ Cancel ခြင်းသည် ကျိုးကြောင်းဆီလျော်သော သို့မဟုတ် ယုံကြည်ရလောက်သော အကြောင်းပြချက်မရှိသည့် Cancel ခြင်းမျိုးဖြစ်ပါက ထို Merchant များကို KBZPay Market ရဲ့ စည်းမျဉ်းစည်းကမ်းများအတိုင်း Cancel ခြင်းနှင့်အခြား စည်ကမ်းချိုးဖောက်မှုများကို အရေးယူသွားမည်ဖြစ်သည်။

၇) ဤ Campaignအရ Customer များအား ပေးသော ဝန်ဆောင်မှု အဆက်ပြတ်ခြင်း၊ နည်းပညာ ချို့ယွင်းမှုဖြစ်ပေါ်ခြင်း သို့မဟုတ် မဝင်ရောက်နိုင်ခြင်းတစ်ခုခုအတွက် KBZသည် Customer အပေါ် သို့မဟုတ် မည်သည့်တတိယပုဂ္ဂိုလ်များအပေါ်မဆို တာဝန်ရှိမည် မဟုတ်သည်ကို Customerအနေဖြင့် သိရှိသဘောတူပါသည်။

၈) Merchant ဆိုင်များရှိ ဝယ်ယူထားသော ကုန်ပစ္စည်းအား သတ်မှတ်မြို့နယ်များမှ ဝယ်ယူသော Customerများ၏ ဝယ်ယူမှုများအတွက် သက်ဆိုင်ရာနေရာသို့ပို့ဆောင်ရာတွင် သတ်မှတ်ထားသည့် ရက်အတွင်း ပေးပို့နိုင်ရန်အတွက် KBZPay နှင့် Merchant များသည် အတတ်နိုင်ဆုံးကြိုးစား ဆောင်ရွက်သွားမည် ဖြစ်သော်လည်း KBZPay နှင့် Merchant များအနေဖြင့် ထိန်းချုပ်၍မရသော မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့် သတ်မှတ်ရက် အတွင်းမပေးပို့နိုင်ခဲ့ပါက KBZPay နှင့် Merchant များတွင် မည်သည့်တာဝန်မျှမရှိပါ။ 

၉) KBZPay နှင့် Merchantများအနေဖြင့် ထိန်းချုပ်၍မရသော မမျှော်မှန်းနိုင်သော ဖြစ်ရပ်များကြောင့် အချိန်မှီပေးပို့နိုင်ခြင်းမရှိခဲ့သည့် ကုန်ပစ္စည်းများအား KBZPay နှင့် Merchant များသည် သင့်လျော်သည့် အချိန်တစ်ခုတွင် ဝယ်ယူထားသည့် Customer များထံသို့ ပြန်လည်ပို့ဆောင်ပိုင်ခွင့် သို့မဟုတ် ထိုပစ္စည်းအတွက် Customer အား ငွေပြန်အမ်းခြင်းတို့အား KBZPay နှင့် Merchantများ၏ ဆုံးဖြတ်ချက်တို့ဖြင့် ပြုလုပ်ဆောင်ရွက်ခွင့်ရှိမည်ဖြစ်သည်။

၁၀) Customer မှ ဝယ်ယူထားသော ကုန်ပစ္စည်းအား Cancel ပြုလုပ်ခြင်း၊ Merchant ထံသို့ ကုန်ပစ္စည်းအား ပြန်လည်ပေးပို့ခြင်း၊ လိမ်လည်မှုကိစ္စနှင့် အရည်အချင်းမပြည့်မီသော ထုတ်ကုန်များနှင့် ပတ်သက်သည့် ပြဿနာများရှိပါက Customer မှ ပစ္စည်းများအား လက်ခံရရှိပြီးချိန်မှစ၍ ၄၈ နာရီအတွင်း KBZPay Market မှ တဆင့် Merchant များသို့တင်ပြရမည်ဖြစ်သည်။ Merchant သည် အမှန်တကယ် ပြန်လည်လဲလှယ်ပေးရန် လိုအပ်သော ကုန်ပစ္စည်းများ လဲလှယ်ခြင်း သို့မဟုတ် ငွေပြန်အမ်းရန်ခြင်းများအားဆောင်ရွက်ပေးရမည်ဖြစ်ပြီး အငြင်းပွားမှုများဖြစ်ပေါ်လာပါက KBZPay Market၏  ဆုံးဖြတ်ချက်သာ အတည်ဖြစ်သည်။

၁၁) ဤ Campaign ကာလအတွင်းသာလျှင် KBZPay အပ်ပလီကေးရှင်း 5.1 version နှင့်အထက် အသုံးပြုသော KBZPay Customer များအနေဖြင့် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်ပါ အခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ Campaign ရပ်စဲသည် သို့မဟုတ် ပြီးဆုံးသွားသည် နှင့်တပြိုင်နက် အဆိုပါအခွင့်အရေးများသည်လည်း ကုန်ဆုံးသွားမည် ဖြစ်ပါသည်။  

၁၂) KBZ ဝန်ထမ်းများသည် Campaign တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay Accountနှင့်ပတ်သက်သည့်မည်သည့်သတင်းအချက်အလက်ကိုမျှတောင်းခံမည် မဟုတ်ပါ။

၁၃) ဤ Campaign ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်းမပြုရန် တားမြစ်ပါသည်။ လိမ်လည်မှုအားမည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူကိုမဆို KBZPay အသုံးပြုခြင်းကိုပယ်ဖျက်ခြင်းနှင့်/သို့မဟုတ် ပိတ်ပင်ခြင်း ပြုလုပ် ပိုင်ခွင့်ရှိသည်။

၁၄) ဤ Campaign နှင့်ပတ်သက်၍ KBZPay Customerများ နှင့် KBZPay တို့အကြား အငြင်းပွားမှု တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZPay ၏ တာဝန်ရှိသူများမှ ပြဌာန်းဥပဒေ အရ KBZPay Customerများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည်ဖြစ်သည်။

၁၅) KBZPayသည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်း ကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင်ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် Campaign အား ပယ်ဖျက်ခွင့် နှင့် Campaign နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့်နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့်တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၆) KBZPay အနေဖြင့် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်းကြားနိုင်ခြင်း မရှိဘဲ ဤ Campaign အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက်တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay Customerများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိ သဘောတူပါသည်။ 

၁၇) KBZPay ဆိုင်ရာပုံမှန်စည်းမျဉ်းနှင့်စည်းကမ်း သတ်မှတ်ချက်များနှင့် Merchant များ၏ စည်းမျဉ်းနှင့် စည်းကမ်း သတ်မှတ်ချက်များလည်းအကျုံးဝင်စေရမည်။

၁၈) ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများ က လွှမ်းမိုးမည်ဖြစ် ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၉) KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့်  ထိန်းချုပ်၍မရသော အခြေအနေနှင့် မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့် လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေအရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ မမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း KBZ မှ ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်း ရန်၊ ထမ်းဆောင်ရန် ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် KBZPay Customer များအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များအား ချိုးဖောက်ခြင်း ဖြစ်သည် ဟု မှတ်ယူခြင်း မရှိစေရပါ။၂၀) ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသော အဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။

“Auston College ရဲ့ (၆)နှစ်ပြည့်မှာ QuickPay မှတဆင့် ကျောင်းလခသွင်းပါ” အစီအစဥ် စည်းမျဉ်းစည်းကမ်း  သတ်မှတ်ချက်များ

၁။ KBZPay သည် “Auston College ရဲ့ ()နှစ်ပြည့်မှာ QuickPay မှတဆင့် ကျောင်းလခသွင်းပါအစီအစဥ်ကာလကို ၂၀၂၄ ခုနှစ်  နိုဝင်ဘာလ (၁၉) ရက်နေ့မှ ၂၀၂၄ ခုနှစ်  နိုဝင်ဘာလ ( ၃၀)ရက်နေ့ အထိ      သတ်မှတ်ထား ပါသည်။

၂။ KBZPay Level 1.5 နှင့် Level 2  အသုံးပြုသူများသာ ယခု အစီအစဥ်တွင် ပါဝင်နိုင်မည် ဖြစ်ပါသည်။ KBZPay Level 1  အသုံးပြုသူများသည်  KBZPay Level 2 သို့ အောင်မြင်စွာ အဆင့်မြှင့်တင်ပြီးမှသာ ပါဝင်နိုင်မှာ ဖြစ်ပါသည်။

၃။ ဤအစီအစဥ် ၏ရည်ရွယ်ချက်မှာ KBZPay Level 1.5 နှင့် Level 2  အသုံးပြုသူများ အားလုံး ဤအစီအစဉ် ကာလအတွင်း  KBZPay application မှ QuickPay သို့ဝင်ရောက်ပြီး Auston School of Engineering and Technology ကိုရွေးချယ်ကာကျောင်းလခသွင်းပါက ပြန်အမ်းငွေ ၆၀၀,၀၀၀ ကျပ်အထိ အများဆုံး ရရှိစေလိုသည့် ရည်ရွယ်ချက်ဖြင့် ပြုလုပ်ခြင်း ဖြစ်သည်။    ဤ အစီအစဥ် ကာလအတွင်း ရရှိနိုင်သော  ပြန်အမ်းငွေများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။ 

  • ၆၀၀,၀၀၀ ကျပ်တန် ပြန်အမ်းငွေ
  • ၄၀၀,၀၀၀  ကျပ်တန် ပြန်အမ်းငွေ
  • ၃၀၀,၀၀၀ ကျပ်တန် ပြန်အမ်းငွေ
  • ၂၀၀,၀၀၀ ကျပ်တန် ပြန်အမ်းငွေ
  • ၁၀၀,၀၀၀ ကျပ်တန် ပြန်အမ်းငွေ
  • ၅၀,၀၀၀ ကျပ်တန် ပြန်အမ်းငွေ
  • ၂၀,၀၀၀ ကျပ်တန် ပြန်အမ်းငွေ
  • ၁၀,၀၀၀ကျပ်တန် ပြန်အမ်းငွေ
  • ကျေးဇူးတင်ပါသည်

၄။ ဤ အစီအစဥ် တွင်ပါဝင်လိုသူများသည်  အနည်းဆုံး       ၃,၀၀၀,၀၀၀ ကျပ် (သို့) ၃,၀၀၀,၀၀၀ ကျပ် နှင့်အထက် KBZPay QuickPay မှတဆင့် ငွေသွင်း မှသာ Spin wheel လှည့်ရန်အခွင့်အရေးတစ်ကြိမ်ရရှိမည်ဖြစ်ပြီး အပိုဒ်(၃)တွင် ဖော်ပြထားသော      ပြန်အမ်းငွေများ ပြန်လည် ရရှိခံစားနိုင်မည်ဖြစ်သည်။ 

၅။ ဤ အစီအစဥ် တွင်ပါဝင်သူများသည် KBZPay Account တစ်ခုဖြင့် အစီအစဥ် ကာလ အတွင်း တစ်ကြိမ်သာ ပါဝင်နိုင်ပါသည်။ KBZPay အသုံးပြုသူမှ ရရှိထားသော ပြန်အမ်းငွေများကို ၎င်းတို့၏ KBZPay wallet များထဲသို့     တိုက်ရိုက် ထည့်သွင်းပေး သွားမည်ဖြစ်ပြီး ၎င်းတို့၏ KBZPay ရှိ မှတ်တမ်းတွင် ပြန်လည်ကြည့်ရှုနိုင်မည်ဖြစ်သည်။ တစ်နေ့တာအတွက် ပြန်အမ်းငွေပေးမည့်  အကြိမ်အရေအတွက် Random အလိုက် ကန့်သတ်ချက်ရှိသောကြောင့် ကန့်သတ်ချက် ကျော်လွန်ပြီး နောက်      ပေးချေမှုပြုလုပ်သည့် KBZPay အသုံးပြုသူများအနေဖြင့်  ပြန်အမ်းငွေ ရရှိနိုင်မည် မဟုတ်ပါ။

၆။ ဤအစီအစဥ်မှ ရရှိသော ပြန်အမ်းငွေများအား KBZPay အသုံးပြုသူ၏ KBZPay wallet များထဲသို့ တိုက်ရိုက် ထည့်သွင်းပေးမည် ဖြစ်သော်လည်း KBZ ၏ ထိန်းချုပ်နိုင်စွမ်းထက် ကျော်လွန်သည့် ကိစ္စရပ်များကြောင့် ပြန်အမ်းငွေများ အား ထည့်သွင်းချိန် ပြောင်းလဲမှုရှိနိုင်ပါသည်။

၇။ ဤ အစီအစဥ် ကာလအတွင်းသာလျှင် KBZPay အသုံးပြုသူများအနေဖြင့် ဤစည်းမျဥ်းစည်းကမ်း သတ်မှတ်ချက်ပါအခွင့်အရေးများကို ရရှိနိုင်မည်ဖြစ်ပြီး ဤ အစီအစဥ်ကာလ ကုန်ဆုံးသည်နှင့် တပြိုင်နက် အဆိုပါအခွင့်အရေးများလည်း ကုန်ဆုံးသွားမည်ဖြစ်ပါသည်။ 

၈။ ဤအစီအစဥ် တွင်ပါဝင်ရန် KBZPay Application ရှိ Banner များ၊ အသိပေးချက်များ၊ KBZPay Official Account မှတစ်ဆင့်ပါဝင်နိုင်ပါသည်။

၉။ KBZ ဝန်ထမ်းများသည် အစီအစဥ် တွင်ပါဝင်သူများအားဆက်သွယ်ပြီး ၎င်းတို့၏ OTP, PIN သို့မဟုတ် KBZPay အကောင့်နှင့်ပတ်သက်သည့် မည်သည့်သတင်းအချက်အလက်ကိုမျှ တောင်းခံမည် မဟုတ်ပါ။

၁၀။ ဤအစီအစဥ်ကာလအတွင်း မည်သည့်လိမ်လည်လှည့်ဖြားမှုမျိုးကိုမျှ ဆောင်ရွက်ခြင်း မပြုရန် တားမြစ်ထားပါသည်။ လိမ်လည်မှုအား မည်သည့်ပုံစံမျိုးဖြင့်မဆို ကျူးလွန်သည်ဟု သံသယဖြစ်ခြင်း ခံရသည့် မည်သူ့ကိုမဆို KBZ      က ပယ်ဖျက်ခြင်း နှင့်/သို့မဟုတ် ပိတ်ပင်ခြင်းပြုလုပ်ပိုင်ခွင့်ရှိသည်။

၁၁။ ဤ အစီအစဥ် နှင့်ပတ်သက်၍ KBZPay အသုံးပြုသူများ နှင့် KBZ      တို့အကြား အငြင်းပွားမှုတစ်စုံတစ်ရာပေါ်ပေါက်လာပါက ထိုအငြင်းပွားမှုအား KBZ     ၏ တာဝန်ရှိသူများမှ ပြဌာန်း ဥပဒေအရ အသုံးပြုသူများ၏ ရထိုက်ခွင့်ရှိသည့် အခွင့်အရေးအား ထိခိုက်နစ်နာမှုမရှိစေရန် သေချာစွာ စိစစ်၍ဖြေရှင်းဆောင်ရွက်ပေးသွားမည် ဖြစ်သည်။

၁၂။ KBZ သည် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသော အကြောင်းကြောင့် အသိပေး အကြောင်းကြားနိုင်ခြင်းမရှိဘဲ သတ်မှတ်ထားသော စည်းမျဉ်း နှင့် စည်းကမ်းများကို ပြင်ဆင် ပြောင်းလဲခြင်း၊ ရပ်စဲခြင်း နှင့်၊ သို့မဟုတ် အစီအစဥ်     အား ပယ်ဖျက်ခွင့် နှင့် အစီအစဥ် နှင့်ပတ်သက်သော အကျိုးခံစားခွင့် သို့မဟုတ် သွင်ပြင်လက္ခဏာများအား ပြောင်းလဲခွင့် နှင့်၊ သို့မဟုတ် ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက်ပိုင်ခွင့် တို့အား အခြေအနေအရ ပြုလုပ်ဆောင်ရွက်နိုင်သည်။ 

၁၃။ KBZ အနေဖြင့် မည်သည့်အချိန်တွင်မဆို တစ်စုံတစ်ရာသောအကြောင်းကြောင့် အသိပေးအကြောင်း ကြားနိုင်ခြင်း မရှိဘဲ ဤ အစီအစဥ်အား ပယ်ဖျက်ခြင်း၊ ရပ်စဲခြင်း (သို့မဟုတ်) စည်းကမ်းချက် တစ်စုံတစ်ရာ ပြောင်းလဲခြင်း ကြောင့် KBZPay အသုံးပြုသူများအနေဖြင့် လျော်ကြေးတစ်စုံတစ်ရာ ရပိုင်ခွင့်မရှိသည်ကို သိရှိသဘောတူပါသည်။ 

၁၄။ KBZPay ဆိုင်ရာ ပုံမှန်စည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များ      အကျုံးဝင်စေရမည်။

၁၅။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ဥပဒေများက လွှမ်းမိုးမည်ဖြစ်ပြီး ယင်းဥပဒေများနှင့်အညီအဓိပ္ပါယ်ဖွင့်ဆိုရမည်။

၁၆။ KBZ သည် COVID-19 ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ သို့မဟုတ် KBZအနေဖြင့် ထိန်းချုပ်၍မရသော အခြေအနေနှင့်မမျှော်မှန်းနိုင်သော သဘာဝဘေးအန္တရာယ် ဖြစ်ရပ်များ ဖြစ်ပေါ်မှုကြောင့်ဖြစ်စေ ဆောင်ရွက်ထားသည့် မည်သည့်လုပ်ဆောင်မှုမျိုးကိုမဆို အခြေအနေ အရပ်ရပ်ပေါ်မူတည်၍ ပြောင်းလဲခွင့်ရှိပါသည်။ ထိုမမျှော်မှန်းနိုင်သော ဖြစ်ရပ်များ ဖြစ်ပျက်နေစဉ် ကာလအတွင်း ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များတွင် ဖော်ပြထားသော တာဝန်ဝတ္တရားများကို ဖြည့်ဆည်းရန်၊ ထမ်းဆောင်ရန် KBZ မှ ပျက်ကွက်ခြင်း သို့မဟုတ် နှောင့်နှေးခြင်းများအတွက် KBZ အနေဖြင့် အသုံးပြုသူများအပေါ်တွင်ဖြစ်စေ သို့မဟုတ် အခြားမည်သည့် လူပုဂ္ဂိုလ်တစ်ဦးဦးအပေါ်တွင် ဖြစ်စေ တာဝန်ရှိစေခြင်း သို့မဟုတ် ဤစည်းမျဉ်းစည်းကမ်း သတ်မှတ်ချက်များ အား ချိုးဖောက်ခြင်းဖြစ်သည်ဟု မှတ်ယူခြင်းမရှိစေရပါ။

၁၇။ ဤစည်းမျဉ်းနှင့်စည်းကမ်းသတ်မှတ်ချက်များအား အင်္ဂလိပ်ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့် ရေးသားထားပြီး နှစ်မျိုးစလုံးသည် တူညီသောအဓိပ္ပာယ် သက်ရောက်မှုရှိမည်ဖြစ်သည်။ အင်္ဂလိပ် ဘာသာနှင့် မြန်မာဘာသာနှစ်မျိုးဖြင့်ရေးသားထားခြင်းဖြစ်သောကြောင့် ကွဲလွဲမှု တစ်စုံတစ်ရာ ရှိလျှင် မြန်မာဘာသာဖြင့် ရေးသားထားသည့် စည်းကမ်းသတ်မှတ်ချက်များကိုသာလျှင် အမှန်ယူမည် ဖြစ်သည်။