မိတ်ဖက်လုပ်ငန်းများ
Official Account

Content Account
Content provider များအတွက် ရည်ရွယ်ထားခြင်းဖြစ်၍ မိမိရဲ့ Target category နှင့်အညီ ပညာပေးစာများ၊ သုတ/ရသစာပေ စတဲ့ အကြောင်းအရာများကို စာဖတ်သူများထံသို့ မျှဝေပေးနိုင်ပါသည်။

Commercial Account
ကုန်ပစ္စည်း၊ ထုတ်ကုန်နှင့် ၀န်ဆောင်မှုလုပ်ငန်းများအတွက် မိမိရဲ့ လုပ်ငန်းနှင့်ပတ်သက်သော အကြောင်းအရာ၊ ပရိုမိုးရှင်းများနှင့် ကမ်ပိန်းများအကြောင်းကို ရေးသားဖော်ပြနိုင်ပါသည်။
Best Practices For Your Business

- Publish မလုပ်မီ စာလုံးပေါင်း သဒ္ဒါ စစ်ဆေးပါ။
- Emoji များကို လိုအပ်သည်ထက် ပိုမသုံးပါနှင့်။

- Content များကို ဖတ်ရလွယ်ကူစေရန် ရှင်းလင်းသော format သုံးပါ။
- လူစိတ်ဝင်စားမှုများစေရန် ဆောင်းပါးအရှည်ကို သင့်လျော်သလို ထားရှိပါ။

- အရေးအသားပုံစံကို တသတ်မှတ်တည်း ထားရှိပါ။
- အခြားသူများ၏ ဆောင်းပါးများနှင့် အရေးအသားပုံစံကို တုပခြင်း မပြုလုပ်ပါနှင့်။

- အကြောင်းအရာခေါင်းစဉ်ကို ဖတ်ချင်စရာကောင်းသော ဆွဲဆောင်ရှိမှုရှိသည့် တိုတိုနှင့်လိုရင်းပုံစံရေးပါ။
အမျိုးအစားများ
အသုံးပြုနိုင်သော ဆောင်းပါး၊ ဆိုရှယ်မီဒီယာပို့စ်အမျိုးအစားများစွာ ရှိပါသည်။အောက်ပါတို့အနက် သင့်လျော်မည့် အကြောင်းအရာပုံစံကို ကျေးဇူးပြုပြီး ရွေးချယ်ပါ –

- စီးပွားဖြစ်ဆောင်းပါးများ (ကမ်ပိန်း၊ ထုတ်ကုန်နှင့် ဝန်ဆောင်မှုအကြောင်း)
- သတင်းနှင့်ခေတ်စားနေသောအကြောင်းအရာ

- Infographics ပို့စ်များ
- Engagement ပိုစ့်များ (ပဟေဠိ၊ မေးခွန်းများ)
- ဓာတ်ပုံနှင့် ဗီဒီယိုများ
Visuals ရုပ်ပုံများ
- ဖုန်းအတွက် ဒီဇိုင်း – ကြည်လင်ပြတ်သားသော resolution နှင့် 4:5 အချိုးရှိရမည်။
- ကာဗာဓါတ်ပုံ အရွယ်အစား – 85:32
- ပရိုဖိုင်ဓါတ်ပုံ အရွယ်အစား – 180:180 / 1:1
- Official Account တွင် တင်ခွင့်မရှိသော ဓါတ်ပုံအမျိုးအစားများကို သိရှိရန် မိတ်ဖက်မူဝါဒတွင် အသေးစိတ်ဖတ်ရှုပါ။
- မိမိကိုယ်ပိုင်မဟုတ်သော ဓါတ်ပုံများကို ယူသုံးပါက သေချာ credit ပေးပါ။