KBZPay အသုံးပြုသူ အကောင့် အဆင့်ကို မြှင့်တင်ပြီး Data Package ကူပွန်တွေ ရယူလိုက်ပါ

ပိုမိုကောင်းမွန်ပြီး လုံခြုံစိတ်ချရတဲ့ လုပ်ဆောင်ချက်တွေရရှိဖို့ KBZPay အကောင့် Level အဆင့်ကို မြှင့်တင်ပြီး Data Package ကူပွန်လက်ဆောင်တွေကိုပါ ရရှိနိုင်မှာဖြစ်ပါတယ်။ အစီအစဉ် ကာလကတော့ ၂၀၂၁ ခုနစ် စက်တင်ဘာလ (၁) ရက်နေ့မှ စက်တင်ဘာလ (၃၀) ရက်နေ့ထိဖြစ်ပါတယ်။

ဒီအစီအစဉ်ကို KBZPay ကို အသုံးပြုသူ မည်သူမဆို ပါဝင်နိုင်ပါတယ်။ မိမိရဲ့ KBZPay အကောင့်ကို အဆင့် ၁.၅ (သို့မဟုတ်) အဆင့် ၂ ကို မြှင့်တင်ပြီး ၄၀၀ ကျပ်တန် Data Package တွေကို ရယူနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် မိမိရဲ့ သူငယ်ချင်းတွေကို KBZPay အကောင့် အဆင့်မြှင့်တင်ဖို့ ဖိတ်ခေါ်ပေးလျှင်လည်း Data Package ကူပွန် လက်ဆောင်တွေ ထပ်မံရရှိမှာဖြစ်ပါတယ်။

ပိုပြီးကောင်းမွန်တဲ့ လုပ်ဆောင်ချက်အသစ်တွေကို အသုံးပြုနိုင်ဖို့ KBZPay အကောင့်ကို အခုပဲ အဆင့်မြှင့်တင်ပြီး အသုံးပြုလိုက်ပါ။

အစီအစဉ်ရဲ့ အသေးစိတ်အချက်အလက်များကို ကြည့်ရှုရန်

KBZPay App ကို ရယူရန် –
Android Version: http://bit.ly/2RP3U0N
iOS Version: https://apple.co/31igRU9